“ဟုန်ဖ”ပလာဇာသို ့အလည်တစ်ခေါက်

aye.kkAugust 8, 20123min19118

မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ဖြစ်သော၊တာချီလိတ်-မယ်ဆိုင်ဖက်ခြမ်းရှိ။
မယ်ဆိုင်တံတားနှင့်(၃၅၀)မီတာအနီးရှိဟုန်ဖပလာဇာသို ့အလည်ရောက်ခဲ့စဉ်
အမှတ်တရရိုက်လာခဲ့သောပုံများဖြစ်ပါသည်။
ထိုင်း-မြန်မာ-တရုတ်၊ပစ္စည်းများရောင်းချနေသည့်အပြင်သုံးနိုင်ငံဈေးဟုလူသိများသဖြင့်စိတ်ဝင်စားဖွယ်ရာ
လည်ပတ်စရာကောင်းသည့်နေရာအဖြစ်စိတ်ထဲခံစားမိပါသည်။
ဂေဇက်ရွာစာချစ်သူများအတွက်၊အပျင်းပြေကြည့်ရှူရန်ပြန်လည်ဝေငှလိုက်ခြင်းသာဖြစ်ပါသည်။

ကုန်တိုက်ရှိရာလမ်းညွန်ဆိုင်းဘုတ်။

ကုန်တိုက်ထဲကအရုပ်။

ကုန်တိုက်ထဲကမြင်ကွင်းတခု။

ကုန်တိုက်ထဲမှာလူစည်ကား။

စိတ်တိုင်းကျ၊မျက်နှာအလှပြင်နေ။

ကိုယ့်ဖုန်းကိုယ်ပြန်ကြည့်ရင်းသဘောကျနေသူနှစ်ဦး။

မုန် ့ဆိုင်တန်းလေးလှမ်းမြင်ရ။

ကုန်တိုက်ဘူဖေးမျက်နှာစာအရှေ့ခြမ်း။

ဗိုက်ဆာလို ့ဘူဖေးမှာစား။

စားချင်စဖွယ်။

မိုးချုပ်ပြီမို ့နှုတ်ဆက်ခဲ့ပြီကုန်တိုက်ကို။

18 comments

  • မောင်ပေ

    August 8, 2012 at 7:31 pm

    အန်တီအေးကေ ကောင်းမှုနဲ ့ဟုန်ဖပလာဇာကို မန်းတလေးဂေဇက်ကနေ လေ့လာအပြီးမှာ
    ကျွန်တော့်ရဲ ့ ချစ်သောပေ ဇါတ်လမ်းကို အဲဒီ ဟုန်ဖ ပလာဇာ မှာ အစပြုပြီး ရေးမယ်ဗျို ့
    ဟီဟိ

  • aye.kk

    August 8, 2012 at 7:49 pm

    ကိုပေ…
    လွမ်းစရာဆိုရင်မခံစားနိုင်လို ့ပါ။
    လွမ်းစရာတွေကရင်မှာမဆန် ့တော့လို ့ပါ။
    ဇတ်လမ်းကိုအလှဆုံးလေးဖြစ်အောင်သိမ်းပေးနော်။

  • အလင်းဆက်

    August 8, 2012 at 9:09 pm

    မရောက်ဖူးတဲ ့နေရာလေးတစ်ခု..
    ရောက်ရှိသွားလို ့
    ကျေးဇူးပါပဲ..ဗျာ.။

  • အတိသဌ္ဇနာဂရ

    August 8, 2012 at 10:08 pm

    ကုန်တိုက်နဲ ့မလိုက်အောင် ဒိတ်အောက်နေတဲ့ cryptonဆိုင်ကယ်ကို
    ကုန်တိုက်ရှေ ့ရပ်ထားပါလိမ့်နော် အန်တီအေးရေ။

  • pooch

    August 8, 2012 at 10:48 pm

    ရေကျသွားပြီလား အန်တီအေး။ ဒီနေ့ အဒေါ်က လူကြုံနဲ့ ၄ တန်းပြောင်းဖူး ရယ်နေကြာစေ့တွေရယ်
    မုန့်တချို့ရယ် ပို့ပေးလိုုက်တယ်။ အဲ့ဒီဘက်ကထွက်တဲ့ ၄ တန်းပြောင်းဖူးကို အခုမှ စားဖူးတာ။ အိနေတာပဲ ။

  • padonmar

    August 8, 2012 at 10:54 pm

    ဘူဖေးကတော့ ရှယ်ပဲနော်။
    ရေတွေကြီးနေတယ်ဆို၊
    လှေစီးရသေးလား။

    • aye.kk

      August 9, 2012 at 7:49 am

      အလင်းဆက်ရေ…
      ဝမ်းသာမိရပါတယ်ကွယ်။
      —————————————————————————————————-
      နာဂရေ။
      ကုန်တိုက်အောက်ထပ်(မြေညီထပ်)မှာ၊ကားပါကင်ရပ်နားဘို ့အတွက်သီးသန် ့ရှိပြီး။
      ဆိုင်ကယ်အတွက်ကတော့နေရာမသတ်မှတ်ထားတော့၊
      ကုန်တိုက်ရှေ့ကဘေးမှာစီပြီးရပ်ထားကြတာတွေ ့ရပါတယ်။
      ကုန်တိုက်ရှေ ့တည့်တည့်မျက်နှာစာနဲ ့ကပ်ရက်နားမှာ၊ရပ်ထားတဲ့တစီးကိုမြင်လို ့၊
      အန်တီကစပ်စပ်စုစုမေးကြည့်တော့၊
      ကုန်တိုက်ထဲကအလုပ်သမားတယောက်ရဲ ့ဆိုင်ကယ်ခဏရပ်ထားတာပါတဲ့လေ။။
      —————————————————————————————————-
      Pooch,ရေ..
      ရေကကျသွားပါပြီ။
      မကြာမီကအသစ်ဖွင့်တဲ့ကုန်တိုက်ပါ။သုံးနိုင်ငံဈေးတဲ့။
      ကြော်ငှာလက်ကမ်းစာစောင်ထဲမှာဖတ်ရတာ။
      ကုန်တိုက်ထဲမှာတော့၊နာမည်ကြီး(Brand Name)လက်ဆွဲအိတ်များ၊ကွန်ပျူတာ၊ဖုန်းအမျိုးမျိုး၊
      လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊နာမည်ကြီးအစားစာများ၊ကိတ်မုန် ့၊အအေးမျိုးစုံ၊ပူဖေး။အားလုံးရတယ်။
      —————————————————————————————————-
      ိdr.padonmar,ရေ..
      ဘူဖေးကတကယ်ရှယ်ပါ။တယောက်ကို(300)ဘတ်ပါ။
      ရေကြီးတာကျသွားပါပြီ။

  • Hnin Hnin

    August 9, 2012 at 1:35 am

    pooch ပြောတဲ့ ၄တန်းပြောင်းဖူးဆိုတာနဲ့ စားချင်စိတ်တန်းပေါက်သွားတယ်။ ပြောင်းဖူးသရဲမို့ ထမင်းလွတ်တဲ့အထိပဲ။အန်တီ့အိမ်မှာတော့ ပြောင်းဖူးပြုတ်ပြီဆိုရင် သူ့အလုပ်သမားတွေအတွက်ပါ အလှူမှာလုပ်တဲ့ဒန်အိုးအကြီးကြီးနဲ့ပြုတ်ပြီးရင် သမီးရေ..အန်တီအေး ပြောင်းဖူးတွေပြုတ်ထားတယ်
    ဆိုရင်တော့ ညစာထမင်းလည်းလွတ် အိုးအနားမှာကို ထိုင်ပြီး လတ်ဆတ်ပြီး ချိုလှတဲ့ပြောင်းဖူးတွေကို တစ်ဖူးပြီးတစ်ဖူး စိမ်ပြေနပြေစားတော့တာ။ကြိုက်လွန်းလို့လားမသိ၊ရင်ပြည့်တာ၊အစာမကြေတာလည်း မရှိပါဘူး။အန်တီကလည်း အိုးဘေးနားမှာထိုင်ပြီး အိုးဖွင့်ဖွင့်ပြီး စိတ်ကြိုက်ရွေးစားနေတာကြည့်ပြီး သဘောကျလို့ပေါ့။ ဒါကြောင့် နှစ်တိုင်း ပြောင်းဖူးပေါ်တဲ့အချိန်ဆို နယ်ဘက် လမ်းဘေးစိုက်ခင်းက လတ်လတ်ဆတ်ဆတ်အခိုင်လိုက်ချိုးပြီး စည်းထားတဲ့ပြောင်းဖူးစိမ်းစိမ်းတွေ အများကြီးပဲ ဒီထိသယ်ပြီး လာလာပေးတယ်။ အိမ်နီးချင်းတွေပါ ပြန်ဝေရတယ်။

  • aye.kk

    August 9, 2012 at 8:01 am

    ့Hnin Hnin,…ရေ
    ပြောင်းဖူးပြုတ်၊ပြောင်းဖူးကျော်၊ပြောင်းဖူးချက်..
    နှစ်နှစ်သက်သက်ကိုကြိုက်လွန်းလှပါတယ်။
    အန်တီယောင်းမကတောင်ပေါ်သူလားဟူဆိုတော့..
    ပြောင်းစိုက်တာသူကိုယ်တိုင်စိုက်တယ်။
    ပြီးရင်သူ ့ခြံထဲကထွက်တဲ့ပြောင်းဖူးတွေစားဖို ့အတွက်လာပေးရင်
    အန်တီကတော့ပြောင်းဖူးတွေအခွံနွာရေစင်အောင်ဆေး၊ပြီးရင်ဒါးပြားပါးပါးနဲ ့ပြောင်းဖူးစေ့တွေကို
    လှီး၊ကြက်သွန်နီနွမ်းလာတဲ့အထိကိုဆီသတ်ပြီး၊လှီးထားတဲ့ပြောင်းဖူးစေ့တွေကို
    သကြားနဲ ့ဆားအနည်းငယ်ထဲ့ပြီးကြော်စားတယ်။။(ဟင်းအဖြစ်သုံးဆောင်တယ်)
    သက်သက်လွတ်ဟင်းလျာတခွက်ပါဘဲ။။ချက်စားကြည့်ပါဦးနော်။။

    • Hnin Hnin

      August 9, 2012 at 1:29 pm

      အကြိုက်တူရင် ရန်သူ တဲ့နော် း)
      ဟုတ်တယ်နော်..အန်တီကေပြောမှပဲ..ပြောင်းဖူးကြော်ကို သတိရတော့တယ်။
      မစားဖြစ်တာ အတော်ကြာပြီ။နှစ်တွေတောင် ချီနေပြီ။ကိုယ့်တစ်ဗိုက်ပဲဆိုတော့ အန်တီကေပြောသလို သက်သတ်လွတ် ပြန်ကြော်စားကြည့်မယ်။ ဟိုးတစ်နှစ်ကနဲ့
      တူတယ်။ ဝါဆိုမှာ ဘုန်းကြီးငါးပါး စုပေါင်းစပ်ပေါင်း ဆွမ်းကပ်တုန်းက ပြောင်းဖူးအစေးကို စမ်းသပ်ပြီး နို့ပါထည့်ကြော်ပြီး ကပ်ခဲ့တာ။ အစေးပြောင်းနဲ့ဆိုတော့ ပြောင်းဖူးကြော်က
      စေးကပ်နေလို့ စားရတာ အိန္ဒြေပျက်၊အာခေါင်ကပ်လို့လား၊ ဟင်းပွဲတွေကများလွန်း
      လို့လား၊ ဘုန်းကြီးတွေက သိပ်ဘုန်းမပေးဘူး။ သေချာ သဒ္ဒါတရားအပြည့်နဲ့ အပင်ပန်းခံလုပ်ထားတဲ့ဟင်းပွဲ ဘုန်းဘုန်းတွေ ဘုန်းမပေးလို့ စိတ်မကောင်း
      ဖြစ်ခဲ့ပေမယ့် ဘုန်းကြီးကျကို လူတွေက အားပေးလို့ စိတ်သက်သာရာရသွားတယ်။ တစ်နှစ်ကလည်း အချိန်မရှိလို့ ငါးသေတ္တာချက်သွားတုန်းက ဟင်းပွဲက Ready Made
      ရိုးလွန်းနေလို့ လုံးဝဘုန်းပေးကြမှာမဟုတ်ဘူးလို့ထင်ခဲ့တာ ဘုန်းတစ်ပါးက အားရပါးရ ထည့်ထည့်ဘုန်းပေးလို့ ဝမ်းသာခဲ့ရတယ်..း)..။ ပြောင်းဖူးချက်နည်းလေးလည်း နှင်းနှင်းကို
      ပြောပြပေးပါဦး။ တခါမှ မကြားဖူးဘူး။

  • aye.kk

    August 9, 2012 at 6:18 pm

    အန်တီတို ့ခုနေထိုင်နေတဲ့။ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသကထွက်တဲ့ရှမ်းပြောင်းတွေ
    ကအင်မတန်နှူးညံ့လွန်းတယ်။
    မွန်ပြည်နယ်ဒေသကထွက်တဲ့ပြောင်းတွေလိုအစေးမထွက်ဘူး။
    အန်တီတို ့မွန်ပြည်နယ်ဘက်ကထွက်တာတွေကပြောင်းဖူးစေ့ကအလုံးကြီးတယ်။အရမ်းစီးတယ်။
    အမေကပြောင်းဘူးစေ့တွေကိုဒါးပါးပြားနဲ ့နှစ်ထပ်လှီးခိုင်းတယ်၊ပထမကအပေါ်ယံရှပ်ပြီးလှီးယူတာပေါ့။
    နောက်ကျန်တဲ့ပြောင်းဖူးအသားကိုအရင်းနားကပ်ပြီးအသားကုန်အောင်လှီးတယ်။
    ကြက်သွန်နီကိုခပ်ထူထူလှီးပြီးနွမ်းအောင်ကြော်။
    ပြောင်းဖူးလှီးထားတာတွေကိုဆီသတ်ပြီးမှရေထဲ့ပြီးနှပ်ချက်တာ။
    အမေတို ့ကတော့ရေထဲ့ပြီး။နှပ်ပြီးချက်တဲ့အတွက်ပြောင်းဖူးဟင်းချက်တယ်ဆိုပြီးသုံးနှုံးပြောဆိုတယ်။
    ဒီဒေသကထွက်တဲ့ပြောင်းဖူးတွေကရေထဲ့စရာမလိုဘူး။ပြောင်းဖူးနှူးညံ့လွန်းပြီးအလုံးသေးတယ်၊
    ဒါးပါးပြားနဲ ့တခါခြစ်ရင်ကုန်ပြီ။အစေးထွက်တာနည်းလွန်းတယ်။
    ကြက်သွန်ဆီသတ်ပြီး၊ပြောင်းဖူးစေ့လှီးထားတာထဲ့ပြီးကြော်ယုံဘဲ။အဲလိုကွာတာပါ။
    ဒေသထွက်တဲ့အလိုက်၊ပြောင်းမျိုးကွဲပြား၊ခြားနားသွားတာလို ့ပဲပြောရမှာပါဘဲ။။

    • Hnin Hnin

      August 10, 2012 at 12:58 am

      ငယ်ငယ်တုန်းက လားရှိုးမှာ နေဖူးသေးတယ်။ အဲဒီတုန်းက ခြံအနောက်ဖက်က အကျယ်ကြီး
      ဆိုတော့ ပြောင်းဖူးတွေစိုက်တယ်။ ရောင်းလည်း ရောင်းရတယ်။ အရသာတော့ မမှတ်မိတော့ဘူး။
      လားရှိုးဆိုတော့ ရှမ်းပြောင်းပဲနဲ့တူတယ်။ အန်တီလာလာပို့ပေးတဲ့ပြောင်းက ပြည်ဘက်က
      နတ်ပြည်မွှေးတဲ့။ ဖြူဖွေးပြီး အတော်စေးတယ်။ အဲဒါကို ရေနည်းနည်းထည့်ပြီးကြော်တာဆိုတော့
      ပြောင်းဖူးချက်ပဲပေါ့နော်။ ကလေးဘဝကလည်း သံဖြူဇရပ်မှာ နေဖူးသေးတယ်။ ဒါပေမယ့်
      မွန်ပြောင်းဖူးဆိုတာ ဘာမှန်းတောင် ပုံဖော်လို့ မရပါဘူး း)။ အန်တီကေပြောမှပဲ ပြောင်းဖူးမျိုး
      တွေက တနိုင်ငံလုံး အတော်များပုံရတယ်နော်။

  • Foreign Resident

    August 10, 2012 at 7:33 am

    ဘူဖေးလေးက စားချင်စရာလေး ။

  • aye.kk

    August 10, 2012 at 8:53 am

    ဖိုးထောင်,….
    ကျေးဇူးစကား၊ကြားရတာဝမ်းသာမိပါတယ်လို ့ပြောလိုက်ပါရစေနော်။။
    ——————————————————————————————————————
    အဘဖော….ရေ
    ဟုတ်ပါတယ်။
    သန် ့ရှင်းလတ်ဆတ်မှုလည်းရှိ။
    စားလို ့ကလည်းအရမ်းကောင်းပါတယ်။

  • ကြောင်ကြီး

    August 10, 2012 at 10:40 am

    ဟော့ပေါ့စားချင်တယ်ဗျာ…။ အန်တီအေးတူမဂလေးက ဘေးမှာထိုင်၊ ကြောင်ကြီးကို ခွံ့ကျွေး.. ပြီးတော့ ပိုက်ဆံရှင်းပေး၊ အိမ်အပြန် ပါဆယ်ထုပ်နဲ့ ကားခလည်းပေး… ကောင်းမှကောင်း…။

    • ဆူး

      August 10, 2012 at 11:52 am

      ဘေးမှာ ထိုင်ယုံတင် မဟုတ်ဘူး ပေါင်ပေါ်တောင် တင်ထားအုန်းမှာတဲ့..
      အပြန် ကို စီးတော်ယာဉ် တခုခုနဲ့ ကိုယ်တိုင် ချီပိုးသွားမယ်တဲ့..
      မှတ်ချက်။ ။ စီးတော်ယာဉ် = ခြင်းတောင်း

      ဟောင်ကောင် ဘဲဟင်တွေ ခြံထဲမှာ အစားကို အမုန်းစားရသလိုပေါ့.. ကွိကွိ.. 😀

    • aye.kk

      August 10, 2012 at 6:22 pm

      ကြောင်ကြီး..
      ကြီးကျယ်..
      ပါဆယ်..
      ပေးမယ်..
      ရှင်းဟယ်..
      နာတယ်..
      လာကွယ်..
      ကုမယ်…
      ဇင်းမယ်..
      နီးတယ်။။

Leave a Reply