သံတွဲရေကြီးနေပြီ

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး ချောင်းရေကြီးလျှက်ရှိပါသည်။ ယခုအခါ ရေမှာ သိသိသာသာတိုးလာခြင်းမရှိသော်လည်း ပြန်လည်ကျသွားခြင်းလည်းမရှိပါ။ သံတွဲမြို့ရှိ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်(ရတနာလမ်း) ၊ ညောင်ပင်ဈေးကျေးရွာ၊ ဓါးသွေးကျောက်ကျေးရွာ၊ သမုတ်ချောင်းကျေးရွာတို့တွင်ရေနစ်မြုပ်လျှက်ရှိပါသည်၊ အမှတ် ၁ ရပ်ကွက် (ဇီးကျွန်းကွက်သစ်) ဘက်တွင် ရေကြီးမှုမှာ ပိုမိုမြင့်မားနေပြီး ၅ ပေကျော်ခန့်ထိ ရေနစ်မြုပ်နေပါသည်။ လက်ရှိအချိန်တွင် မိုးမှာလည်း သည်းထန်စွာရွာလျှက်ရှိပါသည်။ ညောင်ပင်ဈေး၊ ဓါးသွေးကျောက်၊ သမုဒ်ချောင်းကျေးရွာများအတွက် ညောင်ပင်ဈေး ဓမ္မာရုံကြီးတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်လျက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ သန္ဓေမီးသတ်တပ်ဖွဲ့တို့မှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

5 comments

  • စောင့် ကြည့်သူ

    August 8, 2012 at 7:29 pm

    ဒါဆငပလီမှာကော်ရေတွေအပြည်ဘဲလား။ရေတွေတက်နေ့ပြီလား။မေးကြည်တာနော့်

    • အတိသဌ္ဇနာဂရ

      August 8, 2012 at 9:48 pm

      အင်း သဘာဝဘေးဒုက္ခတွေပေါ့ဗျာ။သို ့ပေမယ့် ကျနော်တို ့ဆီမယ်
      ကြိုတင်ကာကွယ်ဖို ့ရာနည်းပညာ အခက်အခဲတွေရှိနေအုံးမှာပါ။

  • အလင်းဆက်

    August 8, 2012 at 8:06 pm

    စိုးရိမ်နေပါ ရဲ ့လေ..။
    သဘာဝ ပတ်ဝန်းကျင်ရဲ ့…. ..ဘေးကတော့..စ နေပါပြီ..။

  • မမ အညာသူ

    August 9, 2012 at 9:49 am

    အော်အော်
    လူတွေရဲ့စိတ်ဓါတ်တွေကလဲ ဖောက်ပြားလာတာနှင့်အညီ
    သဘာဝဘေးအန္တရာယ်ဆိုးကျိုးတွေကလဲ ကျရောက်လာပါပေါ့လား

  • myanmarcitizen

    August 9, 2012 at 2:08 pm

    သံတွဲရေးကြီး တာကတော့အဆန်းတော့ဟုတ်လိမ့်မည်မထင်။ မိုးများများရွာတာနဲ့ရေကကြီးဖို့စပြီ။ နှစ်တိုင်း လိုလိုကြီးတယ်ထင်ပါတယ်။ မနှစ်ကလဲရေကြီးတယ်ထင်တယ်။ ရေကြီးတာပျော်စရာကောင်းသလို့ စိတ်ညစ်စရာလဲတော်တော်ကောင်းပါတယ်။ သွားရ လာရ စားရ သောက်ရ အခက်အခဲရှိသကိုးဗျ။ သံတွဲသူ သံတွဲသားတွေ ကိုစာနာပါတယ်ဗျာ။

Leave a Reply