ဓာတ်ဆီဆိုင်ကိစ္စ ပြောအုံးမယ်… သတိရသွားလို့….. ပုဂ္ဂလိကဖြစ်သွားတော့ ဆီသွားထည့်ဖြစ်တယ် အရင်က ဆီဂိတ်လေးကို ကြည့်ထားတယ်။ အလယ်အမှတ်မှာ သွားဖြည့်ရင် ကားက(၆)ဂါလံ ကွက်တိ အခု အပြင်ဆိုင်ဖြစ်တော့… ဒီလိုပဲသွားဖြည့်တာပေါ့ ။ အလယ် အမှတ်လေးနား ရောက်တော့ ၆ဂါလံဆိုပြီး… (၅)ဂါလံကျော်ကျော်လေးပဲ ရှိသေးတယ်။ ဆီတွေပြန်အန်ထွက်လို့ မျက်လုံးပြူးသွားတယ်။ အရင်က နအဖ ဆီဆိုင်တွေ ဘယ်လောက်ခိုးလဲဆိုတာ စဉ်းစားသာကြည့်ပေါ့…. ၆ဂါလံထည့်ရင် တစ်ဂါလံခိုးတယ်။ ဆိုင်မန်နေဂျာက မယားငယ် (၄)ယောက်လောက် ထားနိုင်တယ်။ ဆိုင်မှာပန့်ကိုင်တဲ့ကောင်က အနှိပ်ခန်းသွားနိင်တယ်။
ဓာတ်ဆီဆိုင်တွေ (၆)လပိုင်းကစပြီး တော်တော်များများ ပုဂ္ဂလိကဖြစ်ကုန်ပြီ ကောင်းတော့ကောင်းတယ်။ ဘယ်နေ့ေ-ာက်ကျင့်တွေ ပျက်အုံးမယ်မသိဘူး။ အခုတော့ ကောင်းနေသေးတယ်။ ဆီဆိုင်မန်နေဂျာတွေ ဒီလောက် ခိုးမယ်မထင်ဘူး။ ခိုးတော့ခိုးတယ်ပေါ့ဗျာ… ဒီလောက်လုပ်မယ် မထင်ထားဘူး ….တစ်ဂါလံကို တစ်ပုလင်းခိုးတယ်…။ ဆီဈေးက အိုကေပါတယ် အရင်ဈေးတွေပဲ… ။ လီတာနဲ့ ဆိုင်တွေကတော့ နည်းနည်းပြောင်းတယ်…။ ဈေးကတော့တူတူပါပဲ.. သိပ်မကွာပါဘူး။ ဒီဇယ် က၃၀၀၀ ၀န်းကျင်…. ဓာတ်ဆီက ၂၅၀၀.. ဆိုင်ဝန်ထမ်းတွေက အရင်ကောင်တွေတော့ မတွေ့တော့ဘူး…။ အသစ်တွေဗျ ဆိုင်တွေက ပိုကောင်းသွားလား။ မခိုးတတ်သေးတဲ့ ကောင်တွေထင်တာပဲ … ဆီပန့်တွေက ပိုကောင်းတယ်.. digital နဲ့ ဆီ အန်ရင် auto stop… ဆီကတော့.. open type… ၅ဂါလံကျော်ပဲ ဆန့်တော့…. ၆ ဂါလံဖိုးပေးထားရင် ငွေပြန်အမ်းတယ်…

ဆီစာအုပ်တွေတော့ရှိသေးတယ် အရင်က တစ်ရက် ၂ ဂါလံ ၃ ရက်တစ်ခါ ထည့်လို့ရတယ်။ အခုက ဘယ်ဆိုင်မှာထည့်ထည့် အရင်က ကိုယ့်ဆီစာအုပ်မှာပါတယ်လေ.. ဆိုင်ကသတ်မှတ်ထားပြီးသာ အဲမှာပဲထည့်လို့ရတာ အခုကတော့ လမ်းတွေ့တဲ့ဆိုင်ထည့် လောလောရေပွက်ပမာပါဗျာ… သိပ်မထင်ပါဘူး ဒါမျိုးကို…။ ၁၉၉၆ လောက်က လုပ်သေးတယ်…. ခဏပါပဲ သူကအဲဒီတုံးကတော့ ဘယ်လောက်ထည့်ထည့် တစ်လ ဂါလံ၆၀ ထဲက တစ်လ ဘယ်နှစ်ဂါလံ ဆိုတာရှိလား။ ကြိုက်သလောက်ထည့် ဘယ်ဆိုင် ထည့်ထည့်ဆိုပြီး လုပ်တာ အခုကဘယ်ရှိတော့မလဲ ဆိုလိုချင်တာက စာအုပ်တွေက ရှိသေးတယ်။ အဲဒီအတွက် စာအုပ်အရ(၆၀) စာအုပ်မပါပဲ အလွတ်ပြောရင်… ကြိုက်သလောက်ထည့်။ အဲဒီတော့ဗျာ အဆင်မပြေရင် စာအုပ်က ပြန်ဖြစ်အုံးမယ်ဆိုရင်.. ဒါပါပဲဗျာ…. အခုတော့ စာအုပ်လေးတွေက အလကားဖြစ်သွားပြီ ဒါပေမဲ့ ။ သူကလဲ လုံးဝကြီးလက်လွတ် လိုက်လို့မရပြန်ဘူး။

About cobra

oakar min maung has written 203 post in this Website..