ဒီကနေ့ ကိုရင်ရှူံးတစ်ယောက် အတော်လေး လတ်လျား၊ လတ်လျားရှိနေသည်နှင့် ယခုတစ်လော အတော်လေးနာမည်ကြီးနေသော မြန်မာပြည်အနောက်ခြမ်းမှ အကယ်ဒမီဘာဘာတို့၏ ဇာတ်ဝင်ခန်းများကိုကြည့်ခြင်း၊ ငိုက်တော်အတွင်းမှ ထူးမခြားနားပါတ်ပျိုး၊ ဘုန်းတော်ဘွဲ့ချီးမွမ်းခန်းများ၊ အနုပညာရှင်များ၏ အဆိုလေးကြည့်လိုက်၊ အတီးလေးကြည့်လိုက်၊ ကမ္ဘာကျော် မုတ်ဆိတ်မွှေး မြန်မာအတင်းဌာနများ၏ ပြဇာတ်များကိုကြည့်လိုက်၊ တတိယအကြိမ်မြောက် ချစ်ခွင့်ပန်နေရခြင်းအစရှိသည်များနှင့် မအားမလပ်အောင် ရှိနေရာမှ ယနေ့တွင်မတော့ ဖွဘုတ်အတွင်းမှ ရှယ်ယာထားသည့် သတင်းတစ်ပုဒ်ကို ၀င်ဖတ်ရာမှ အတော်လေး မျက်လုံးပြူးသွားရလေသည်။ ရေးမည်၊ မရေးဘူး အကြိမ်ကြိမ်စဉ်းစားနေရာမှ နောက်ဆုံးတွင်မတော့ ကိုရင်ရှူံးအား သိရှိကြသူများမှ သို့လော သို့လော ထင်မည်လောဟု ထင်သည့်အတွက် ယခုရွာအတွင်းမှပင် ရှင်းပြလိုက်ရပါကြောင်း။

ပြောရလျင် လိုရင်းမရောက်သေးဟုထင်ပါသည်။ ယခုလို အိမ်သာပျက်ခေတ်ကြီးတွင် ကွန်ပျူတာသုံးတတ်သူတိုင်း အိမ်သာပျက်ထဲမှ မြင်မြင်သမျှ၊ တွေ့သမျှကို စိတ်ကြိုက်ဒေါင်းပြီး လုပ်ချင်ရာ လုပ်နိုင်ပါသော်ငြား ကျင့်ဝတ်လေးများတော့ စောင့်ထိန်းဖို့ လိုမည်ထင်ပါသည်။ ယခုဆိုက်တွင် ကိုရင်ရှူံးမှာ ကလောင်အမည်ရော၊ Profile Picture ပါ မပြောင်းပဲ အတည်အတန့်ရေးလာသည်မှာ ကြာပြီဖြစ်သည်။ ယနေ့မျက်လုံးပြူးရသည့်အကြောင်းရင်းမှာ ကိုရင်ရှူံးအသုံးပြုနေသော Profile ပုံနှင့် ဖွဘွတ်အကောင့်တစ်ခုကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ ထိုသူမှာ ပြင်ပမှ တစ်ခြားသူတစ်ဦးဖြစ်သည်ဆိုလျင် မည်သို့မျှ မနေပါ၊ သို့သော်ထိုသူမှာ ရွာထဲမှသူတစ်ယောက်ဖြစ်ကြောင်းကို သိလိုက်ရသည့်နောက်တစ်ကြောင်း၊ ၄င်း၏ နိုင်ငံရေးအာဘော်များကို မကြိုက်နှစ်သက်သည့်အတွက်တစ်ကြောင်း၊ ကိုရင်ရှူံးအား ကောင်းကောင်းမသိကြသူများမှ သို့လော၊ သို့လော ထင်မည်ကိုစိုးသည့်အတွက်ကြောင့်တစ်ကြောင်း၊ ယနေ့မှစပြီး Profile Picture ကို အောက်ပါအတိုင်း ပြောင်းလိုက်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည် အိုဘယ့်.. ရွာသူ၊ ရွာသားအပေါင်းတို့။

အမျှ… အမျှ… အမျှ

မူရင်း Profile ပုံ

ယခုပြောင်းသည့်ပုံ

ဒီလင့်ကလေးကတော့ ကိုရင်ရှူံးရည်ညွှန်းတဲ့သူ ဖြစ်ပါကြောင်း (http://www.facebook.com/min.khantkyaw)

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..