မင်္ဂလာပါ။ သီတင်းလေးတစ်ပုဒ်။

ဒီနေ့ဂျာနယ်သီတင်းဖတ်လိုက်ရတာ

သမ္မတကြီးအိုသိန်းစိန်က တာဝန်ကနားမယ်တဲ့ အော် စိတ်ထဲတွေးမိတာပေါ့

ကောင်းတာပေါ့။ ၀မ်းသာလိုက်တာ။

ကြီးလည်းကြီးရှာပြီသနားပါတယ် “တိုင်းပြည်အတွက်”အလုပ်တွေပင်ပန်းရှာရောမယ်ပေါ့။

ပြည်သူပြည်သားတွေကလည်းခိုင်းလိုက်တာ တနှစ်ခွဲလောက်ရှိပြီ။

ကိုယ့်အဖိုးလောက်ရှိတယ်လေ။ နော….

အသက်ကကြီးကြီးနဲ့ပင်ပန်းရှာမယ်ပေါ့။ သူကလည်းပြောတယ်။

CNA နဲ့ အင်တာဗျူးထင်တယ်။ ကျန်းမာရေးကြောင့်တဲ့။

အင်းလေ တိုင်းပြည်အတွက်မေစု ရှိတာပဲလေ။ သူ ယုံကြည်စရာ ရှိပါတယ်လေ ပေါ့။

အမေစုလည်း အရည်အချင်း အပြည့်ရှိတာပဲလေ။

ဒါနဲပဲ ဟုတ်ရဲ့လားပေါ့ သေချာဖတ်ကြည့်မှ နောင် ၂၀၁၅ မှ ပါ။ ကန်းလိုက်တဲ့မျက်လုံး။

ကျနော်သာဆို ငဆန်နီသာဆို အခုနားမှာ အသက်ကြီးပြီလေ တရားလေးဘာလေးလုပ်ရအုံးမယ် ဘာဝနာလေးဘာလေးပွားရအုံးမယ်။ နော….အော် ၂၀၁၅

မှဆိုလည်း နေပါစေလေ………မနားလည်းရပါတယ်လေ…နားမှမနားချင်သေးတာ..

နားရင်တော့ကောင်းတာပေါ့  ကျန်းမာရေးအတွက်ပါ

ခင်ဗျားတို့ရော သမ္မတကြီး နားမှာတဲ့. သဘောတူလား။

 

 

အလကားငကန်း ငဆန်နီ

ချစ်ခြင်းအားဖြင့်…ကိုဆန်နီ

 

 

 

ဖတ်ကြည့်ပါ။အမြတ်ရှိပါတယ်။

About Sonny

Sonny Min Naing has written 42 post in this Website..

A freelance English Teacher, fond of reading and writing poems.

   Send article as PDF