ငဆန်နီရေဒီယို(သုံး)
မင်္ဂလာပါ။ သီတင်းလေးတစ်ပုဒ်။
ဒီနေ့ဂျာနယ်သီတင်းဖတ်လိုုက်ရတာ
သမ္မတကြီးအိုသိန်းစိန်က တာဝန်ကနားမယ်တဲ့ အော် စိတ်ထဲတွေးမိတာပေါ့
ကောင်းတာပေါ့။ ဝမ်းသာလိုက်တာ။
ကြီးလည်းကြီးရှာပြီသနားပါတယ် “တိုင်းပြည်အတွက်”အလုပ်တွေပင်ပန်းရှာရောမယ်ပေါ့။
ပြည်သူပြည်သားတွေကလည်းခိုင်းလိုက်တာ တနှစ်ခွဲလောက်ရှိပြီ။
ကို်ယ့်အဖိုးလောက်ရှိတယ်လေ။ နော….
အသက်ကကြီးကြီးနဲ့ပင်ပန်းရှာမယ်ပေါ့။ သူကလည်းပြောတယ်။
CNA နဲ့ အင်တာဗျူးထင်တယ်။ ကျန်းမာရေးကြောင့်တဲ့။
အင်းလေ တိုင်းပြည်အတွက်မေစု ရှိတာပဲလေ။ သူ ယုံကြည်စရာ ရှိပါတယ်လေ ပေါ့။
အမေစုလည်း အရည်အချင်း အပြည့်ရှိတာပဲလေ။
ဒါနဲပဲ ဟုတ်ရဲ့လားပေါ့ သေချာဖတ်ကြည့်မှ နောင် ၂၀၁၅ မှ ပါ။ ကန်းလိုုက်တဲ့မျက်လုံး။
ကျနော်သာဆို ငဆန်နီသာဆို အခုနားမှာ အသက်ကြီးပြီလေ တရားလေးဘာလေးလုုပ်ရအုံးမယ် ဘာဝနာလေးဘာလေးပွားရအုံးမယ်။ နော….အော် ၂၀၁၅
မှဆိုလည်း နေပါစေလေ………မနားလည်းရပါတယ်လေ…နားမှမနားချင်သေးတာ..
နားရင်တော့ကောင်းတာပေါ့ ကျန်းမာရေးအတွက်ပါ
ခင်ဗျားတို့ရော သမ္မတကြီး နားမှာတဲ့. သဘောတူလား။
အလကားငကန်း ငဆန်နီ
ချစ်ခြင်းအားဖြင့်…ကိုဆန်နီ

13 comments
ကြောင်ကြီး
August 20, 2012 at 6:30 am
ဆန်နီရေဒီယို
ပျံချီနေခြည်ပျို
မာန်ဖီခေမီကို
လှန်ပြီဗေထီဆို
သန်ဟီဖန်ညီအကို
ပွမ်မြည်အန်တီချို
ဟန်တည်ဖျံအီသလို
ငန်သည်ကြံစည်ပို..။
Sonny
August 20, 2012 at 7:06 am
ကိုကြောင်ကြီး ကိုကြောင်ကြီး
ကြွက်မခုတ်တဲ့ ကိုကြောင်ကြီး
ကိုကြောင်ကြီးကကဗျာရေး
ခေမီကိုအကြောင်းတွေး
မာန်ဖီအုံးဟဲ့ခေမီကို ကိုကြောင်းကြီးကဆို
နင့်ကိုနင်အဟုတ်မှတ်
အေးမြတ်သူကဖြတ်
မတ်တတ်လျောက်ရင်း တံဘက်ခွာ
နင်တိုု့ကျန်ခဲမှာ
များများသာဖေါ်ချွတ်ချပ်
ကိုကြောင်ကြီးရင်ကြပ်။
ချစ်ခြင်းအားဖြင့်ပါ…ညီလေး ငဆန်နီ
YE YINT HLAING
August 20, 2012 at 9:39 am
ကိုဆန်နီ ကိုဆန်နီ
ပို့ ( စ ) တွေရေးပါသည်
ကိုဆန်နီက ပို့ ( စ ) တွေရေး
ဟိုအကြောင်း သည်အကြောင်းလေး
သမ်မတကြီး အိုသိန်းစိန်
ဖတ်ဖတ် မောလို့ပိန်
CNA နဲ့ အင်တာဗျူး
ကျန်းမာရေးကြောင့် ဟူး—-
မထူးသေးတဲ့ ရွှေနိုင်ငံ
ရေတွေကြီးလို့ လျှံ
အမြောက်ဆံ တွေ တဝုန်းဝုန်း
ကချင်မြေမှာပုန်း ။ ။
YE YINT HLAING
August 20, 2012 at 12:03 pm
သတင်း ဆိုက်တွေ လိုက်ဖတ်ကြည့်ရင်း ကချင် စစ်ဘေး ဒုက်ခ သည်တွေ အတွက် ပြည်တွင်းစစ် ကို ရပ်စေချင်တယ်ဗျာ — သမ်မတ ကြီး လုပ်ဆောင်ချက်တွေ ပြောတာဆိုတာတွေ ကလည်း အများကြီး ကောင်းပါတယ် — အမေစု နဲ့ စပြီး တွဲပြီ ဆို ကတည်းက ကြိုက်ပြီးသားပါ — အမေ စု ကို ဒီထက် ပိုပြီး လုပ်ဆောင် နိုင်အောင် လမ်းဖွင့် ပေးလာလိမ့်ဦးမယ်လို့ မျော်လင့်မိပါတယ် ။ သမိုင်း က တောင်းဆိုလာတာဆိုတော့ အမေ စု ကော သမ်မတကြီး ကော အများကြီး အသက်ရှည်ဦးမှာပါ ။ သတင်း တခု ဖတ်ပြီး ပြန်လှည့်လာတာ ။ အမေစု နဲ့ သမ်မတကြီး ကျန်းမာပါစေဗျာ !
Sonny
August 21, 2012 at 9:53 am
ရဲရင့်လှိုင်ရေ
ကဗျာလေးကစိတ်ဝင်စားစရာပါ
ချစ်ခြင်းအားဖြင့်…ကိုဆန်နီ..
မောင်ပေ
August 20, 2012 at 9:42 am
ဘရာသာဆန်ရေ မိုးလေးကအေးတော့ နှာစေးချင်သလိုလိုကလား
Sonny
August 21, 2012 at 11:12 am
ညီပေ
နှာစေးမနေနှင့် မင်းတို့လူငယ်တွေဦးဆောင်ရမှာ။
ငါတို့က သေကာနီးပြီကွ။
ုယုန်ကလေးနှာစေးမနေနဲ့။
မကောင်းပြောတာမဟုတ်ဘူးအကောင်းပြောတာ။
သုဂတော လေ
ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….
kai
August 20, 2012 at 1:37 pm
နေရာဖယ်ပေး(ရဲ)တဲ့ ..သတ္တိကိို… အသိအမှတ်ပြုမိပါတယ်..
သမိုင်းကျန်ရစ်သွားမယ်ထင်ပါကြောင်း…..
Sonny
August 21, 2012 at 11:25 am
ကိုခိုင်ရေ
မင်္ဂလာပါနော်
စိတ်ပညာအရတော့ နေရာဆိုတာ ရပြီးရင် ဖယ်ပေးချင်ခဲလှတယ်။
ဒါပေမဲ့ သမိုင်းတော့တင်ကျန်မှာမှန်ပါတယ်(ဘဘဦးသိန်စိ်န်သာ ဆင်းသွားမယ်ဆိုရင်)
ကျနော်တော့ ဒါကိုသတ္တိလို့ မီးနင်းမဖွင့်ချင်ဘူး။ ဆရာဇော်ဇော်အောင် ( post modernist) ပြောသလိုပဲ Incorporation (ကြားဝင်အမှတ်ယူခြင်း) လို့ထင်ပါတယ်။ ဒီတစ်ပါတ်messenger ဂျာနယ်ထဲမှာထင်တယ် အဲဒီအဓ္ဓိပါယ်နဲ့ရေးထားတာ။ ဥပမာ ဆရာကပေးသေးတယ်. ကျောင်းမသွားချင်တဲ့ကလေးတစ်ယောက်ကို ကျောင်းသွားချင်အောင် သူလိုချင်တာလေးတစ်ခုခုလုပ်ပေးပြီး ကျောင်းသွားခိုင်းသလိုပဲတဲ့. သူကတော့စာစောင်တွေမီဒီယာတွေကို ပိတ်လိုက် ပြန်ဖွင့်ပေးလိုက်နဲ့မှို့မကျေနပ်တဲ့သဘောပါ။
ကျနော်တော့ သတ္တိလို့မထင်ဘူး။ ဦးသိန်းစိန်ရဲ့ဆုံးဖြတ်ချက်တွေကိုတော့ အသိမှတ်ပြုလေးစားပါတယ်။ တော်တော်ကွဲထွက်ခဲ့တဲ့ junta အဖွဲ့ဝင်ဟောင်းပါ။
မှားရင်ခွင့်လွှတ်နော်
ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…..
Foreign Resident
August 20, 2012 at 1:52 pm
သမ္မတကြီး ဦးသိန်းစိန် ကို ၂၀၁၅ ပြီးရင်တောင် ၊
နောက် ၄ နှစ် သက်တမ်း တစ်ခုလောက် ဆက်လုပ်စေချင်ပါတယ် ။
အမေစု ဟာ ပညာတတ် တရားမျှတပြီး တိုင်းပြည်ချစ်တဲ့ ၊
ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်တာ မှန်ပေမယ့် ၊
စစ်တပ်ကို ထိန်းချုပ်နိုင်ဖို့က သိပ် မသေချာဘူး ။
ဦးသိန်းစိန် မပါပဲ အမေစု တစ်ယောက်ထဲနှင့် ၊
တစ်ခုခု ဖြစ်ရင် နောက်ကြောင်းပြန်သွားနိုင်တယ် ။
ဦးသိန်းစိန် ကတော့ စစ်ဗိုလ်ချုပ် ကနေလာတာဆိုတော့ ၊
စစ်တပ် အပေါ် ဩဇာ ညောင်းတယ် ။
တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် တင်ပေးနေတာလဲ သေချာနေပြီ ။
အဲဒီတော့ ၊ အုပ်ချုပ်ရေး အသားသေသွားအောင် ၊
နောက် သက်တမ်း တစ်ခုလောက် ၊
အမေစု နှင့် ဦးသိန်းစိန် တွဲပြီး အုပ်ချုပ်ပြီး ၊
စစ်တပ် အပေါ် အမေစု ရဲ့ ဩဇာ ရှိလာအောင် ၊
အရင် တည်ဆောက်စေချင်တယ် ။
Sonny
August 21, 2012 at 9:51 am
ကိုဖေရိန်းရေ..
ကောင်းပါတယ်
နှလုံးရည်သမားအမေစုက စစ်တပ်ကိုမုန်းမှမမုန်းပဲ
အဆုံးမှာတော့ နှလုံးရည်သမား က ပန်းတိုင်ရောက်တာများပါတယ်
သမ္မတကြီးကိုလည်းတကယ်ကျန်းမာစေချင်ပါတယ
သူတကယ် flexible ဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ကျန်းမာရေးကြောင့်ဆိုနားပါစေလေ
အမေစုကိုသာ တပ်နယ်ထဲကို ဟောပြောခွင့်ပေးလိုက်ပါ
လန်ထွက်သွားအောင်နားလည်သွားကြမှာပါ။
တပ်မတော်ဆိုတာ obligatory မရှိမဖြစ်ပါ။
ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…
pooch
August 20, 2012 at 4:37 pm
ဒီတခါတော့ အဘဖောပြောသလိုပဲ ဦးသိန်းစိန်နဲ့ အမေစု တွဲအုပ်ချုပ်ပြီး ဟန်ချက်ညီညီနဲ့ စစ်တပ်အပေါ် အမေစု ဩဇာရှိ အသားကျလာအောင် တည်ဆောက်စေချင်ပါသေးတယ်။
နောက်ပြန်မသွားချင်တော့လို့ပါ။
Sonny
August 21, 2012 at 11:50 am
ပူူချ်ရေ..မင်္ဂလာပါနော်
ဦးသိန်းစိန်အစိုးရက
နောက်ပြန်မသွားပါဘူးတဲ့
ခေတ်နောက်ပြန်အတွေးရှိသူတွေကိုချန်ခဲ့မယ်တဲ့
ီGDP တက်အောင်လုပ်မယ်တဲ့
နိုင်ငံသားတစ်ဦးရဲ့ အခြေခံ လစာကိုတစ်နှစ် ဒေါ်လာ ၃၀၀ဝ ဝင်အောင်လုပ်တော့မှာတဲ့
လာဘ်စားမှု့ကင်းသော အစိုးရ clean governess ဖြစ်အောင်လုပ်မှာတဲ့
အင်း India အစိုးရကတော့ သန်း၈ရ ရှိတဲ့လူထုအတွက် တစ်ယောက်ဖုန်းတစ်လုံးနှုန်းကိုင်
နိုင်အောင်လုပ်နေပြီ။ တစ်လုံးဝယ် ရင် နာရီ ၂၀ဝ အလကားသုံးခွင့်ပါ ပေးမှာတဲ့။
မှန်ပါတယ် ဦးသိန်းစိန်နဲ့တွဲရင် လက်ရုံးရည် နဲ့ နှစ်လုံးရည်သမားတွေ ဆိုတော့ပိုမြိုင်ပါတယ်။
အိုမင်းမစွမ်းမဖြစ်ဖို့ပဲလိုပါတယ်။ အိုမင်းစွမ်းဖြစ်ရင်တော့ရေရှည်မှာ တိုင်းပြည်အတွက် အနာဂတ်ကောင်းတွေဖန်တီးနိုင်မှာပါ။
ချစ်ခြင်းအားဖြင့်..ကိုဆန်နီ….