ကော်ရည်ခေါက်ဆွဲ တစ်ပွဲ ၂၂၀၀

လင်းဝေJuly 7, 20101min682

မရေးဘူးလို့ စဉ်းစားပေမယ့် တစ်ယောက်က ရေးသင့်တယ် လူတွေရှောင်နိုင်တာပေါ့လို့ အကြံပေးလို့ ရေးလိုက်မယ်။ တကယ်လည်းဖတ်မိတဲ့သူတွေအတွက် သတိထားရှောင်သွားနိုင်မယ့်ဟာပါ။

စားသောက်ဆိုင်တွေမှာ ပေါက်ကရတွေ လာချပေးပြီး မဟုတ်မဟတ်ဈေးတွေ တောင်းတိုင်းပေးနေရတာ စိတ်တော်တော် တိုချင်စရာပါ။ သူတို့ ရဲ လောဘ နဲ့ အကုသိုလ် က ကိုယ့်မှာ ဒေါသထွက်ပြီး ခံလည်းခံရသေး ဒေါသဖြစ်နေတော့ ကိုယ်ပါပြန်ပြီး အကုသိုလ် ဖြစ်ရသေးတွေ မို့ ဒီအဖြစ်မျိုး လူအများမကြုံတွေ့ရလေအောင် ရေးလိုက်ပါတယ်။

ပုံမှန်အားဖြင့်တော့ အစားအသောက်ဆိုတာ သူ့ဈေးတန်းလေးတွေရှိပါတယ်။ နည်းတာများတာ ကွာပေမယ့် ၁၀၀၊၂၀ဝ ကနေ အများဆုံး ၅၀ဝ ပေါ့လေ။ ဥပမာ ကြေးအိုးတစ်ပွဲကို ၂၂၀ဝ ဆိုရင် သူ့ဈေးတန်းမှန်ပါလိမ့်မယ်။ ဒါတောင် ကျောက်မြောင်းက ရွှေနဂါးမှာ ကြေးအိုးတစ်ပွဲ ၁၅၀ဝနဲ့ရောင်းနေတုန်းပါ။ ကောင်းလဲကောင်းပါတယ်။ မုန့်ဟင်းခါးအလွတ်တစ်ပွဲ ၃၀၀၊၄၀ဝ ဆိုရင် ဈေးမှန်ပါတယ်။ ဒီမှာ လည်း မြောင်းမြ ဒေါ်ချိုက ၄၀ဝ ရောင်းပေမယ့် ရန်ကင်းက ကျော်ကြားတို့ ဘာတို့ က ၃၀ဝ ပါပဲ။ မုန့်ဟင်းခါးကို ငါးကျည်းနဲ့ ချက်တယ်ဆိုတဲ့ ဥယျာဉ်လမ်းဆိုင်ကတော့ ဘယ်လောက်ရောင်းနေမလဲမသိတော့ပါဘူး။ ပုံမှန်ဆိုင်တွေမှာ အလွတ် တစ်ပွဲ  ၆၀ဝ ဆိုရင်တောင် တော်တော် မိုက်ရိုင်းသွားပါပြီ။ တော်ဝင်နှင်းဆီမှာတော့ ၅၀ဝ ပါ။ ကော်ရည်တို့ ဆီချက်တို့ ဆိုရင်တော့ ၆၀၀၊၇၀ဝ ဝန်းကျင်ပါ။ သက်တမ်းရှည် နာမည်ကျော် တရုတ်တန်း လမ်းမတော် ထောင့်နားက နံရိုးပေါင်း ဆီချက် ကော်ရည်ကတော့ ဝက်နံရိုး အတုံးလိုက်ကြီးတွေ ထည့်ပေးရလို့ ၁၅၀ဝ ပါ။

အခုခံလိုက်ရတာကတော့ သုဝဏ္ဏ က “ပွင့်ဖြူ” ဆိုတဲ့ဆိုင်ပါ။ ဟိုတုန်းက ကြေးအိုး ရောင်းတယ် အရက်ရောင်းတယ်။ အခု စည်ဘီယာရောင်းတယ် ကြေးအိုး ဘဲကင် ဘာညာအစုံရောင်းတယ်။ တစ်ရက် အဲဒီဘက်ရောက်လို့ ဘီယာလေးဝင်သောက်တော့ ကျွန်တော်နဲ့အတူပါလာတစ်ယောက် က မသောက်တော့ ဘာစားမလဲဆိုတော့ သူလည်း အားနာပြီး ဈေးသက်သာမယ် ထင်တဲ့ ကော်ရည်လို့မှာလိုက်ပါတယ်။ ဆိုင်နံရံမှာလည်း ဆီချက်ကော်ရည်လို့ ရေးထားတော့ အလွယ်မှာလိုက်တာနေမှာပေါ့။တော်တော်ကြာမှ ကြေးအိုးပန်းကန် အရွယ်နဲ့ အောက်က ပန်းကန်ခံလို့ ရောက်လာပါတယ်။ ကျွန်တော်က အစားသမားဆိုတော့ လှမ်းကြည့်လိုက်တော့ ကော်ရည်ထဲမှာ ခေါက်ဆွဲတွေ ပါလာပေမယ့် ကော်ရည်မဟုတ်ပါဘူး။ ဘာတွေမှန်းမသိတဲ့ ကော်ရည်ပါ။ ကြက်ဥကိုဖေါက်ထည့်ထားပြီး ကော်ရည် ဖျော်လုပ်ကာ ဝက်သားတုံးတွေ ပါလေကာ လုပ်ထားတဲ့ ငတုံးချက် ကော်ရည်ပါ။ ကြုံလို့ပြောရရင် ကော်ရည် ခေါက်ဆွဲ ဆိုတာ တရုပ်မုန့်ဟင်းခါးလို့ ဘုန်းကြီးဝတ်တုန်း မနက် အာရုံ ၂ရက်တိတိ ကော်ရည်လာကပ်တော့ အဲဒီမှာပဲ ဝတ်နေတဲ့ တရုတ် ဒုလ္လဘ ကိုယ်တော် က နောက်တောက်တောက်ပြောသလိုပါပဲ။ သူက မုန့်ဖတ်ကို ကော်ရည်ဟင်းချက် ဆမ်းပေးလိုက်တာပါ။ အဲဒီတော့ အဆင့်ရှိတဲ့ ဆိုင်များက ကော်ရည်ရောင်းတယ်ဆိုရင် ကော်ရည်ဟင်းချက်ထားတာပါ။ ရောင်းမကောင်းတဲ့ ကပျစ်ကညစ်ဆိုင်တွေကတော့ ဝယ်သူလာမှ ကော်မှုန့်ကိုရေဖျော်ပြီး တွေ့ကရာကောက်ထည့်လို့ မုန့်ဖတ်ပေါ်ဆမ်းပေးလိုက်တာပါ။ ပြန်ဆက်ရရင် အဲဒီ ပွင့်ဖြူက ကော်ရည် ကတွေ့ကရာ ကပျစ်ကညစ်ကော်ရည်ပါ။ ဒါပေမယ့် ဆိုင်မှာ အတည်ပေါက်နဲ့ ကော်ရည် ရပြီးဆိုပြီး ရေးထားတယ်။ အဲဒါနဲ့ စားမကောင်းဖြစ်နေတော့ ကျွန်တော်လည်း ဘာမှန်းသိအောင် နည်းနည်းမြည်းကြည့်ပါတယ်။ ဘာမှ ကိုမကောင်းတာပါ အချိုမှုန့် အရသာပဲရတယ်။

ရှင်းမယ်လဲလုပ်ရော စာရွက်ပိုင်းသေးလေးကို ဘောက်ချာလုပ်လို့ ပေးတော့ ရှင်းလိုက်တယ်။ ဘီယာလည်းသောက်ထားတော့ အားလုံးပေါင်းအတွက်ပေးလိုက်တာ။ပိုက်ဆံအမ်းတာ စောင့်နေတုန်း ကြည့်လိုက်တော့ အာာ.. ကော်ရည် ၂၂၀ဝ ဆိုပါလား။ မေးလည်းမေးတော့ ဟုတ်တယ်တဲ့။ ဆိုင်ရှင် က မသိသလို ဟိုဘက်လှည့်သွားတယ်။ စားပွဲထိုးလေးတွေတော့ သနားတာနဲ့ မရစ်လိုက်ပါဘူး ဒင်းတို့လည်းဘာမှ ရတာမဟုတ်ဘူးလေဆိုပြီး။ ဆိုင်ရှင်ကို ကြားအောင် တော့ ငတ်နေရင် ဓားမြသာ တိုက်စားပေတော့ လို့ အော်ပြောပြီး ထွက်လာခဲ့ရတော့တယ်။

အဲဒါပါပဲ…. ဆိုင်တွေ က လုပ်ချင်ရာလုပ်ပြီး ရောင်းချင်သလိုရောင်းနေကြတာပါ။ ကြားဖူးတာပြောရရင် ဂျပန်မှာ ယာကူဇာ ဆိုင်တွေမှာ ဘီယာတစ်ခွက် ယန်းလေးရာ ဆိုပြီး ပုံမှန်ရောင်းတယ် နောက်မြေပဲစိ လေးတွေချပေးတယ်။ ရှင်းမယ်လဲ ဆိုရော ဘီယာတစ်ခွက်တည်းသောက်တာ ယန်း တစ်သောင်းကျတယ်တဲ့။ မြေပဲ ဖိုးက ယန်းကိုးထောင့်ခြောက်ရာတဲ့။ အေးတာပဲ မပေးရင် ယာကူဇာနဲ့ ရှင်းပေါ့။ မြန်မာပြည်မှာ အဲသလို လုပ်လာရင် ဒုက္ခ။

2 comments

  • etone

    July 7, 2010 at 8:37 am

    ကောင်းတယ် ဒီလို postမျိုးများများရေးပေးမှ ။လူတွေရှောင်လို့ရတာပေါ့ ။ Thank you ပါ။

  • intro

    July 7, 2010 at 9:49 am

    ဟုတ်တယ်အစ်ကိုရ၊ သိသင့်တယ်…. ဒါမှလည်း ရှောင်လို့ရတာပေါ့…

Leave a Reply