ကဲ . ဒီ topic လေးကတော့ မြန်မာချစ်သူ အဖွဲ့ ဝင် မိန်းကလေးများ ဖြေဖို့ အတွက်ပါ ။ တစ်နေ့ က ရဲလေး သီချင်းကို နားထောင်မိပြီး ပြန်မေးရမဲ့ မိန်းကလေး သူငယ်ချင်းလည်း မရှိလေတော့ …. ဒီသူငယ်ချင်းတွေကိုပဲ အားကိုးရတော့တာပေါ့ ဗျာ … ။ ဟုတ်ဘူးလား …. ။

ခေါင်းစဉ်လေးမှာ ပေးထားတဲ့ အတိုင်း ကောင်လေး တစ်ယောက် က ကောင်မလေး တစ်ယောက်ကို ရည်းစားစကား လိုက်ပြောပြီဆိုပါတော့ … ။ အဲ့ဒါဆို အဲ့ကောင်မလေးရဲ့ စိတ်ထဲမှာ ဘယ်လိုမျိုး ခံစားနေရလဲ ဆိုတာ သိချင်တာပါ ။

ပျော်နေလား ဒါမှမဟုတ် စိတ်ညစ်နေတာလား … ။
ရင်ခုန်နေတာလား ….. ဒေါသထွက်နေတာလား … ။

အဲ့ဒါကြောင့် မိန်းကလေးတွေကို မေးကြည့်တာပါ .. ။ ဘယ်လိုမျိုးများ ခံစားနေရလဲလို့ …. ။ ပြီးတော့ တစ်လ စောင့်ပါဦး .. ။ စဉ်းစားပါရစေဦးတို့ ဆိုတာတွေကိုလည်း ဘာကြောင့် ပြောကြတာလဲ မသိဘူးနော်.. ။ ယောင်္ကျားလေး တစ်ယောက်က ကိုယ့်ကို ကြိုက်ပြီဆိုတာ မိန်းကလေးတွေရဲ့ စိတ်ထဲမှာ ပါတဲ့ မသိစိတ်က အလိုလို သိနေပြီးသားဖြစ်မှာပါ ။ အဲ့ဒါကြောင့် သူတို့ ဖွင့်ပြောပြီဆိုရင် ပြန်ဖြေဖို့ အဖြေ ရှိကို ရှိရမှာပါ ။ အဲ့ဒါကြောင့် စောင့်ပါဦး ဆိုတဲ့ စကား ကိုရော ဘာဖြစ်လို့ များ ပြောကြတာလဲ မသိဘူး နော်….. ။ အဲ့ဒါကို စဉ်းစားလို့ မရလို့ …. ။

မြန်မာချစ်သူက သူငယ်ချင်း မိန်းကလေးတွေကို မေးလိုက်ပြီနော်… ။ ကျန်တဲ့ ကျွန်တော့်သူငယ်ချင်းတွေလည်း သိချင်နေကြတော့မယ် ..။ စိတ်ထဲ ရှိတဲ့ အတိုင်းလေးကို ဖြေပေးကြပါဦး …. ။

ကောင်ကလေးက ကောင်မလေးကို ရည်းစားလုပ်ဖို့ ခွင့်တောင်းရင်
ကောင်မလေး ရဲ့ စိတ်မှာ ဘယ်လို ဖြစ်သွားလဲ
သူနဲ့ အဝေးကြီး ကျွန်တော်သိလည်း စိတ်ထဲရှိသလို ဖွင့်ပြောခဲ့တယ်
သူက .. နောက်သုံးလေး ငါးလ ကြာရင် ထူးခြားမယ်တဲ့ ….. ရဲလေး သီချင်းလေးပါ ….. ။

About moesatrain

Soe Lwin Htoo has written 48 post in this Website..

အိုင် က GTC တတ် နေ တဲ့ ကျောင်း သား လေး ပေါ့ 