အဟာရပြည့်ဝ လှပ စားစရာ.…

Ma EiAugust 21, 20121min27321

ပေါင်မုန့် ပူတင်း လေးပါ…

 

မိသားစု မနက်စာ အတွက်

ပူတင်းချည်းသက်သက် ဆို် အချိုအဆိမ့်တွေများ၊ကြက်ဥ ပေါင်မုန့်ကြော်လည်း ဆီကြော်စာ ဖြစ်နေလို့

ပေါင်မုန့်ကို မကြော်တော့ဘဲ နွားနို့၊ ကြက်ဥတို့နဲ့ ပေါင်မုန့်ပူတင်း လုပ်ဖို့ စီစဉ်လိုက်ပါတော့တယ်…

အဟာရလည်းပြည့်ဝ အရသာလည်းရှိလှတဲ့ ပေါင်မုန့် ပူတင်းလေး စားကြရအောင်နော်…

 

ပါဝင်ပစ္စည်းတွေမှာ…

1…ပေါင်မုန့်   6 ချပ်

2…နွားနို့      25 ကျပ်သား

3…သကြား   6 ဇွန်း

4…ဂျုံမှုန့်      2 ဇွန်း

5…ကြက်ဥ    3 လုံး

6…ထောပတ်  3 ဇွန်း

7…ဆား၊စပျစ်သီးခြောက်၊ချောကလက် ဆန်စေ့ အနည်းငယ်စီ ဖြစ်ပါတယ်…

 

1…ပါဝင်ပစ္စည်းတွေပါ…
2…ပြင်ဆင်နေတာလေး…

ပြုလုပ်နည်းလေး ကလည်းလွယ်ကူပါတယ်…

**ပန်းကန်လုံးတစ်ခုတွင် ကြက်ဥ၊သကြား ၊ နွားနို့၊ ဂျုံမှုန့် နှင့် ထောပတ် 2 ဇွန်း တို့ကို ဆားအနည်းငယ်ထည့်၍ ကြေညက်အောင်ခေါက်ထားလိုက်ပါတယ်…

**မုန့်ဖုတ်ဗန်းတွင် ထောပတ် 1 ဇွန်း ဆမ်းပြီး ၊ ပေါင်မုန့် 4 ချပ်ကို စီထည့်လိုက်ပါတယ်…

**မုန့်နှစ်ရည် 2/3 ကို ပေါင်မုန့် များအပေါ်သို့ ဆမ်းပါ၊နောက်ထပ်ပေါင်မုန့် 2 ချပ်ကို အလည်မှာ ထပ်တင်လိုက်ပြီး၊ချန်ထားသော မုန့်နှစ်ရည်ကို

လောင်းထည့် လိုက်ပါတယ်…

** စပျစ်သီးခြောက်၊ချောကလက် ဆန်စေ့ အနည်းငယ်စီ နှင့် အလှဆင်ထာလိုက်ပါတယ်…

3…ဒီလိုပြင်ဆင်ထားတာပါ…

အဆင်သင့်ဖြစ်ရင်အပေါ်မီး 170  ံC Oven မှာ 15 မိနစ်ဖုတ်လိုက်ရင်ဖြင့်

လှလည်းလှ၊ အရသာလည်း ရှိတဲ့ ပေါင်မုန့် ပူတင်း လေးကို အဆင်သင့် သုံးဆောင်နိုင်ပါပြီ…

4…အဟာရပြည့်ဝ လှပ စားစရာ ပေါင်မုန့် ပူတင်းလေးပါ…

 

ပေါင်မုန့် နေရာတွင် ပြုတ်ချေ ထားသော အာလူး ၊ကန်ဇွန်းဥ ၊ ရွှေဖရုံသီးများကိုလည်း ကြိုက်နှစ်သက်သလို ထည့်သွင်း ပြုလုပ်နိုင်ပါတယ်…

မိသားစု မနက်စာ အတွက် အဟာရပြည့်ဝ အရသာလည်းရှိလှတဲ့ ပေါင်မုန့် ပူတင်းလေး စားကြရအောင်နော်…

 

ခင်တဲ့

မအိ

21 comments

  • ရွှေ ကြည်

    August 21, 2012 at 3:34 pm

    မအိရေ မီးဖုတ်စရာမီးဖိုမရှိဘူး။ စားချင်လိုက်တာသွားရည်တောင်ကျတော့မယ်။
    ပေါင်မုန့်ကြက်ဥကြော်အရမ်းကြိုက်တယ် နောက်ပြီးနွားနို့ပူတင်းအရမ်းကြိုက်တယ်။
    အခုမအိပေါင်မုန့်ပူတင်းကိုမြင်တော့ ရောဂါသဲသွားပြီ။ ဘယ်လိုလုပ်ရမလဲ အဟင့်။

  • Ma Ei

    August 21, 2012 at 3:44 pm

    ရွှေကြည်လေးရေ…
    မုန့်နှစ်ကိုစတီးဇလုံနဲ့ဖျော်ပေါင်မုန့်ထည့်
    ဒန်အိုးထဲကိုထည့် အဖုံးပေါ်မှာ မီးသွေးမီးခဲတင်ပြီးဖုတ်လိုက်ပါ…
    15 မိနစ်လောက်ကျရင်ဖွင့် ဓားဦးချွန်လေးနဲ့ ထိုးကြည့်ပါ၊
    မုန့်နှစ် ကပ်ပါမလာရင် ကျက်ပြီ..စားလို့ရပြီပေါ့နော်…

    • ရွှေ ကြည်

      August 21, 2012 at 3:49 pm

      အောင်မလေး ဝမ်းသာလိုက်တာ အန်တီအိရယ်။
      စမ်းသပ်ကြည့်ရမယ်။ ကျေးဇူးအထူးတင်ပါတယ်ရှင့် 🙂

  • ma me kyaw

    August 21, 2012 at 3:48 pm

    မအိရေစားချင်စဖွယ်ပြင်ဆင်ထားတာကော်ဖီခါးခါးနဲ့ဆိုok ဘဲနော်

    • Ma Ei

      August 21, 2012 at 4:05 pm

      ကော်ဖီခါးခါး၊ ချိုပေါ့ကျ လက်ဘက်ရည်
      အားလုံး အကြိုက်နဲ့ ကိုက်ညီတဲ့
      စားစရာလေးပေါ့နော်…

  • Moe Z

    August 21, 2012 at 4:29 pm

    အန်တီအိရေ စားပြီးတော့ .. ဟုတ်ဘူး ကြည့်ပြီးတော့ နည်းနည်းအီသွားပြီ ကော်ဖီခါးခါးလေးသွားဖျော်လိုက်ဦးမယ် 😀

    • Ma Ei

      August 21, 2012 at 4:40 pm

      မိုးစက်လေး..
      မတွေ့ရတာ ကြာနေပြီလားလို့…
      ဟုတ်သားနော်…ကော်ဖီလေးပါထည့်ပေးထားရမှာ…
      အဲ့လို အလိုက်မသိတာရယ်…
      အားနာလိုက်တာ…

  • မဟာရာဇာ အံစာတုံး

    August 21, 2012 at 4:40 pm

    လာစားသွား ..
    အဲ .. လာကြည့်သွား၊ မှတ်သွားပါဒယ် ခည ..
    စကားမစပ် ..
    အဲ့ပေါင်မုန့်ပူတင်းကို ..
    အနော်ဂလေ တအားဂျီး ကြိုက်တာဂျ ..

    • Ma Ei

      August 21, 2012 at 4:42 pm

      ဟုတ်ရဲ့လားဟယ်…

      • မဟာရာဇာ အံစာတုံး

        August 21, 2012 at 4:46 pm

        ဂယ်ပါဂျာ …
        မယုံရင် ပါဆယ် ပို့လိုက်ပါလား …
        အကုန်ပြောင်အောင် ဆွဲပစ်လိုက်မှာ ..
        ခုတောင် မြင်ပြီး စားချင်လာတယ် ..
        ရေက အခြေအနေ မဟုတ်လို့
        ကိုယ့်တံတွေးဘဲ ကိုယ်မြိုနေရဒယ် .. အဟင့် .. 🙁

        • မဟာရာဇာ အံစာတုံး

          August 21, 2012 at 4:47 pm

          မဟုတ် နေရာတွင် ..
          မဟန် ဟူ၍ ပြောင်းလဲဖတ်ရှုပါရန် ..
          ဒန် .. တန့် .. တန် ..

  • etone

    August 21, 2012 at 4:45 pm

    အဟီး .. မိုက်တယ် ။ 😀 အန်တီအိရေ ….. လုပ်နည်းလေးတင်ပေးတဲ့အတွက်ကျေးဇူးပါ …… ။
    ဒီတပတ်ချက်ချင်း လက်ငင်းကို အကောင်ထည်ဖော်ပါမယ် …… နောက်ထပ်သိချင်တာရှိလျှင် ပြန်လာမေးပါဦးမယ် … ။

  • marblecommet

    August 21, 2012 at 8:39 pm

    ဗိုက်ဆာနေတဲ့အချိန်
    ဒီပို့(စ်)လေး ဖတ်မိတယ်.
    ဟင့်….

  • pooch

    August 21, 2012 at 10:07 pm

    မစားရအညှော်ခံသွားတယ် မအိရေ။ 😀

  • မောင်ပေ

    August 22, 2012 at 10:01 am

    ဒီနေ့ မနက် ဂေဇက်ဝင်ဝင်ချင်း မအိရဲ့ ပေါင်မုန့် ပူတင်းပုံတွေ မြင်ရတော့ ဝမ်းဆာပါ၏
    မုန့်လုပ်နည်းမှတ်သွားပါပြီဗျ

  • Crystalline

    August 22, 2012 at 11:46 am

    မမအိရှင့်..စားကောင်းမယ့်ပုံလေးနော်..အခုတော့ဝိတ်လျော့နေလို့လက်တွေ့မစမ်းသပ်သေးပဲ.. နည်းလေးပဲကူးသွားတယ်နော့..Thanks.

  • ကို ခင်ခ

    August 22, 2012 at 3:03 pm

    မအိ ပုံလေးတွေကို မနေ့ကတွေ့တယ်၊ စားချင်စဖွယ်လေးပေမယ့်
    မနေ့က ကျွန်တော်ပြာယာခပ်နေလို့ အခုမှပြန်ဖွင့်ပြီး ဖတ်လိုက်တာ။
    နည်းလေးကိုတော့ မှတ်သွားပြီဗျာ။

  • si tone

    August 22, 2012 at 5:04 pm

    ဒီအတိုင်ကြည့်နေရင်တောင်….. စားချင်လာပြီး…..

  • Ma Ei

    August 24, 2012 at 3:52 pm

    etone says: …
    မုန့်လုပ်မဲ့နေ့ ပြောနော်…
    အလည်လာမလို့…

    marblecommet says:
    တစ်ချို့ဆေးတွေလို အစာစားပြီးမှ ဖတ်ရန်လို့ ရေးထားမယ်နော်…

    pooch says:
    စားမရတာမို့ အညှော်လည်းမပေးတော့ပါဘူးနော်…

    မောင်ပေ says:
    ဝမ်းဆာတယ်တဲ့ ပြောတတ်ပုံများ…

    အတိသဉ္ဖာ နာဂရချစ်သူ says:
    Crystalline says:
    ကို ခင်ခ says:
    si tone says:
    အဟာရပြည့်ဝ အရသာလည်းရှိလှတဲ့ ပေါင်မုန့် ပူတင်းလေးကို…
    စားကောင်းပုံလေးလို့ ပြောပေးသူ၊ Comment ပေးသူများကိုကျေးဇူးတင်ပါတယ်…
    နောက်ထပ် စားစရာလေးများလည်း ဆက်လက်တင်ပြပါဦးမယ်နော်…

  • casper

    August 24, 2012 at 4:23 pm

    တနေ့လောက်တော့ လုပ်စားလိုက်ဦးမယ်။ စားကောင်းတာလေးတွေရှိရင် ဝေမျှပေးပါဦး။

Leave a Reply