ဒီရက် အတွင်းကြားရတဲ့ သတင်းပါ။

အင်္ဂလန်ရဲ့ နန်းအရိုက်အရာခံ နံပါတ်(၃) နေရာက မင်သားလေး ဟာရီ ရဲ့ ကိုယ်လုံးတီးပုံ များ အင်တာနက်ပေါ်ပြန့်နေတာ သိသူများ သိကြမှာပါ။။
အမေရိကန်နိုင်ငံ ရဲ့ Las Vegas ဟိုတယ်ခန်းထဲ မှာ ကိုယ်လုံးတီး အမျိုးသမီးတစ်ယောက် နဲ့ ပူးရက် ရပ်နေတာလဲ ပါသတဲ့။
အဲဒါ သူ့ပုံ ဆိုတာ အမှန်ဆိုတာ နန်းတွင်းက သတင်းထုတ်ပြီး နိုင်ငံသတင်းစာတွေမှာ မဖော်ပြဖို့ မေတ္တာရပ်ခံခဲ့ ပါတယ်။
ဘယ်သတင်းစာကမှ မဖော်ပြခဲ့တာ ကို ဒီနေ့တော့ နိုင်ငံတွင်းထုတ် The Sun သတင်းစာကနေ မျက်နှာဖုံး မှာ တင်လိုက်ပါတယ်။

အဲဒီ The Sun သတင်းစာက ပြောတယ်။
သူတို့ ဟာ နိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် ဘယ်လောက် ရှိတယ် ဆိုတာ ကို အကဲစမ်းတာ ဆိုဘဲ။
နောက်ပြီး တစ်ည ဒေါ်လာ ၅၀၀၀ တန် ဟော်တယ်မှာ ကဲတဲ့ နိုင်ငံက အခွန်ပေးသူ တွေ ရဲ့ ပိုက်ဆံ ကို ဖြုန်းတာ ကို ဖော်ပြတာ ဆိုဘဲ။
(အမှန် က ဟာရီ ဟာ လေတပ် အရာရှိလစာရသူ လူလွတ် မို့ ရယ်၊ သူ့အမေ ရဲ့ အမွေတွေ နဲ့ရယ် သုံးနိုင်ဖြုန်းနိုင်ပါတယ်။ ဒါပေမဲ့ ပစလက်ခတ် သုံးနေတာ မကြားရပါဘူး။
ဒီလို အရွယ်နဲ့ အလေရိုက် မနေဘဲ နိုင်ငံ တာဝန် ထမ်းနေတာပါ။ တပ်ထဲမှာ တော်ဝင် တွေ ဆိုပြီး ခိုနေလို့ ရတယ် မထင်လေနဲ့။ ဒီလို သတင်း စောင့်နေတာကလား။)

ရီဖို့ကောင်းတာက အဲဒီသတင်းစာ က မဟုတ်တရုတ် သူများအတင်း သတင်းလုပ် ရှာထည့်နေတဲ့ သတင်းစာပါဘဲ။
နောက်ပြီး အဲဒီပုံတွေ ကလဲ အင်တာနက် သုံးသူတိုင်း ကြည့်ပြီးသား ပါဘဲ။
အဲဒါကို မစောင့်စည်းနိုင်လောက်အောင် ကို ထည့်တာကတော့  သူတို့ စိတ်ကူးပေါ့။
တကယ်ဆို သူများ နိုင်ငံက ဟားလွတ် လိုက်တဲ့ မင်းသားပုံတွေအတွက် ကိုယ်ကလဲ နိုင်ငံသားကောင်း တစ်ယောက် အနေနဲ့ နိုင်ငံနဲ့ အတူ တွဲမနေသင့်ဘူးလား။
ဒီလို အကြောင်းမဟုတ် ဘဲ တကယ်အရေးကြီး တဲ့ နိုင်ငံ အတွက် အကျိုးပြု သတင်းတွေ ကိုတော့ ကောင်းကောင်း မဖွ နိုင်/တတ်တဲ့ သတင်းစာ ရဲ့ သူတို့ ဘာ ဆိုတာ ပြတဲ့ပွဲ ပါဘဲ။
တကယ်တော့ သူတို့ ဂိုး သူတို့ ပြန်သွင်းမိနေတာလား၊ သူများ ကို ထိုးတဲ့ လက်ညိုး အတွက် ကျန်တဲ့ လက်ချောင်းတွေက ကိုယ့်ဘက်ကိုလဲ ပြန်ထိုးတတ်တာ လို့ တွေးလိုက်မိပါသေးတယ်။

ကျွန်မ အတွက် စိတ်ဝင်စားစရာက

ထုံးစံ အတိုင်း သတင်းတွေမှာ မှတ်ချက်တွေ တွဲလာတာပါဘဲ။

တော်ဝင်နန်းမျိုးအနွယ် သာမက လေတပ်က အရာရှိ တစ်ယောက်ဟာ ဒီလို လုပ်သင့်/မသင့်  ဆိုတာ ဝေဖန်တာတွေပါ။
ဟိုးအရင် သူ့အမေ ခေတ်က ဆိုရင်တော့ မသိဘူး။
အခုခေတ် ကတော့ ဒီလိုလုပ်လို့ အများစုက ရှုံ့ချတယ်ဆိုတာ မတွေ့ပါဘူး။

ဒီနေ့ လူအများစု ဟာ အရင်နေ့ လူတွေလောက် အတွေးမကျဉ်း တော့တာ သူတို့သတိပြုမိဖို့ကောင်းပါရဲ့။
ကွန်မန့် တိုင်းလိုလိုဟာ ဟာရီ ဘက်ကနေပြီး သတင်းစာ ကို ရှုံ့ချကြပါတယ်။
ရှက်ဖို့ကောင်း တာက ဟာရီလား။ ဓာတ်ပုံရိုက်ပြီး တင်တဲ့ သူလား။ ဆိုတာ အသိရှိသူတိုင်း နားလည်နေတတ်ပါပြီ။
တစ်ချို့ ကလဲ  The Sun ရဲ့ ဒီလို ဘယ်သူ့မျက်နှာမှ မထောက် ရဲရဲရင့်ရင့် Publish လုပ်တာကို အားပေးကြပါ၏။

ကျွန်မ လဲ ဝင်စဉ်းစားကြည့်ပါတယ်။
သူဘာအမှားလုပ်ခဲ့လဲ ဆိုတာကို။
လူလွတ် တစ်ယောက်လဲဖြစ်၊ လူငယ် တစ်ယောက်လဲဖြစ် တဲ့ သူတစ်ဦးဟာ သူ့ရဲ့ ကိုယ်ပိုင် အားလပ်ခွင့် ယူပြီး သူ့ဟာသူ အခန်းထဲ မှာ ကဲတာ ဘာဖြစ်သလဲ။
ဘယ်သူ့ကို ထိခိုက် စေလို့လဲ။

အများနဲ့ အရက်သောက်ပြီး အဝတ်ချွတ် game ကစားတာ ကစားနေကြတာဖြစ်နိုင်တယ် လို့ ထင်ကြေးပေးသူလဲ ရှိပါတယ်။

အချုပ်ပြောရရင်တော့

ဒီလို သတင်းဟာ အရင်က မျက်စိစပါးမွေးစူးရင်တောင် ခေါင်းဖြတ်ဆိုတဲ့ တော်ဝင်မင်း တွေ လက်ထက်မှာ လုပ်ရဲသလား။
ဒီမိုကရေစီ ရဲ့ အနှစ်သာရ မို့ ဒါဟာ ဖော်ပြတယ် လို့ ဆိုတာ မှန်ပေမဲ့ သူများရဲ့  Privacy ဆိုတာကို ထိတာပါဘဲ။
ဒါဟာ မှန်တယ်လို့ မပြောချင်ပါဘူး။
ဒီမိုကရေစီဆိုတဲ့စကား ကို တလွဲအသုံးချတာလို့ ထင်ပါတယ်။
နန်းတွင်းက ဘာပြော မလဲ ဆိုတာ စိတ်ဝင်စားစရာပါဘဲ။
မှန်းရရင်တော့ သူတို့ လစ်လျူရှု လိုက်ကြမယ် ထင်ပါတယ်။
ဟာရီ အတွက် တော့ သင်ခန်းစာ ဘဲယူမလား။သူ့ကို လူတွေက ချစ်ကြောင်းပြတာ တွေ့လို့ ဘဲ ပီတိဖြစ်နေမလား ဘဲ။

မြန်မာ ဂျာနယ်တွေမှာ ပါပြီး လောက်ရောပေါ့။ သိချင်သား။

မှတ်ချက်တစ်ချို့

get a life, who reads the sun anyway.

Da Sun Done it —to put in their words –what else do we expect from this bumba clot of a ‘paper’— what else does Rupert Murdoch peddle? Same old ,same old —- the sooner Murdoch dies a horrible death the bette

ah well surprise surprise.give Harry a break.
boys will be boys.am sure more important news to report.

First of all,  people need to stop this idea of shame in the Royal family, this guy is a young man having great fun,
he was picture naked in the hotel not on the street, he did not kill, rape, neither did he still from anyone.
He was in a private room (hotel), and that’s not different to most people being naked in their own houses.
May be the fool who took the photos and put them on the internet should be ashamed.
Do you mean to tell me that he shouldn’t  be a human being ?
Most people do outrageous things behind closed doors, fortunately no body take picture and put them on the internet for people to see.
Harry is a down to earth person, he feels that he is like any ordinary person so he acts like one.  Unlike the rest of those two faced you people love as royals.
I wish harry can be left a lone and live his life, in fact  i think his  mum would have been proud of him for being himself, not pretending to be what he is not to please the country.
For the sun, all you wanted was to sell paper, i hope you have sold enough by now, may be record breaking sale.
Go on Harry you’re the best, i wish i could invite you for my birthday.

he is a normal lad out to have fun – im sure there are more important stories to make front page!!!!

Who cares!! A complete non-story!!

This lad works hard and plays hard not unlike many other lads his age, it’s nice to see him let his hair down and just goes to show the Royal Family are not that different to everyone else.  Go Harry xxxx

About မြစပဲရိုး

Khin Latt has written 240 post in this Website..

   Send article as PDF