ကျနော့် အလုပ်က နေ့ စဉ်မြို့ ထဲမှာ ဆိုတော့ နေ့ စဉ် မြို့ ထဲကို သွားရပါတယ် ..အိမ်က နေစထွက်တယ် ဆိုရင်ဘဲ စိတ်ထဲ သိပ်ပြီးတော့ အစဉ်မပြေလှပါဘူး ဗျာ ။ ကျနော်နေတာ က မြို့ အစွန် ကလို့ ပြောလို့ ရတဲ့ အင်းစိန်မြို့ ပြင်တနေရာမှာ ပေါ့ဗျာ
အဲ့ဒီ့ တော့ နေ့ စဉ်လိုလို မြို့ ထဲသွားရတဲ့ ဒုက္ခကလည်း မသေးလှပါဘူး ..ကိုယ့်လို လူတွေလည်း အများသားဆို တာ ဘတ်စကား
ပေါ်ရောက်ရင် သိရပါတယ် ..ကျနော်တို့ ရပ်ကွက်ကလေး က ချောင်တော်တော်ကျပါတယ် ကားဂိတ်ကနေ အိမ်ကိုရောက်တဲ့ အထိ
ကို ၁၅ မိနစ်လောက်လမ်းလျှောက်ရပါတယ်. မိုးတွင်းဆိုတော့ သိတဲ့ အတိုင်းဘဲ မိုးကရွာထားတော့ လမ်းတွေကလည်း ဆင်းရဲသား
များတဲ့ ရပ်ကွက်တွေ ထုံးစံအတိုင်း ဗွက်တွေ ထောင်းထောင်းထနေတဲ့ လမ်းပေါ်ကို ခြေစချရတာ တော်တော် ကို အဆင်မပြေလှပါဘူး..အဲ့ဒီအဆင်မပြေလှတဲ့ လမ်းပေါ်ကနေ ဆယ်မိနစ်လောက်လျှောက်တော့မှ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်း
လေးပေါ်ကိုရောက်တယ် ဗျာ အဲ့ဒိကနေ ဆက်လျှောက် ငါးမိနစ်လောက် လျှောက်တော့မှ ကားမှတ်တိုင်ကိုရောက်ပါတယ်..
ကားမှတ်တိုင်မှာ ကားကျပ်ကျပ်ကို အသတ်လု စီး ပြီးတော့ မြို့ ထဲကို လေးဆယ့်ငါးမိနစ် တစ်ခါတလေ တစ်နာရီလောက်စီးတော့မှ
အလုပ်နားက မှတ်တိုင်ကိုရောက်ပါတယ်..ခြေထောက်က ပေနေတာလေးကို လမ်းပေါ်လျံနေတဲ့ ရေလေးနဲ့ ဆေးပေါ့ဗျာ ..အဲ့လိုနဲ့ 
အလုပ်ကို ၀င်ရပါတယ် …အလုပ်ခွင်ဝင်ပြီးတော့ ညနေပြန်တော့လည်းထုံးစံအတိုင်းပါဘဲဗျာ …လမ်းကဝေးကားကကျပ် မောင်းတဲ့
သူက အသည်းအသန် မောင်း အသက်ကို ဘုရားမှာအပ်ထားပြီး စီးရတာပေါ့..ပြိးတော့လည်း ဗွက်တောလေးအတိုင်းပြန်..အိမ်ရောက်
တော့ ကွန်ပြုတာလေးဖွင့်မယ်ဆိုတော့ မီးအားကမမှန် ပေါ့ဗျာ ..အဲ့ဒါနဲ့ ခဏစောင့်..ကိုးနားရီကျော်တော့မှ မီးအားလေးက..မီးအားမြင့်စက် သုံးလို့ ရပါတော့တယ်….အဲ့ဒါ..မီးအားတစ်ရာကျော်လာမှ သုံးလို့ ရတာ လား…
ကွန်ပြုတာလေးကို ဖွင့် ဟမ်းဖုန်းလေးနဲ့ အင်တာနတ်ချိတ် ပြီးတော့ အင်း……သတင်းလေးတွေဖတ် ဖေ့ဘုတ်လေးကိုဖွင့် ပြီးတော့
စပ်စုတာ လေးတွေစတင်ပါတော့တယ်ဗျာ.. ကျနော့် ဘ၀ရဲ့ အနားယူချိန်လေးပေါ့ဗျာ…အမှန်ဆိုရင်.ကျနော်လည်း နိုင်ငံခြားမှာ အလုပ်
သွားလုပ်ဖူးပါတယ်။ အဲ့ဒီတော့ ကွာခြားတာလေးကို နိုင်းယှဉ်ကြည့်ချင်လို့ ပါ..
ကျနော် နိုင်ငံခြားမှာ အလုပ်လုပ်တော့ မနက်စောစောထ ချက်ပြုတ် (၀ယ်မစားချင်တဲ့ ရက်တွေ ) ပြီးတော့ ထမင်းဗူးထဲထည့် ဖယ်ရီ
လာကြိုမယ့်နေရာ( ကိုယ့်အိမ်ရာအောက်ကို ) ဆင်းပြီးတော့ လဖက်ရည်ဆိုင်ထဲ ၀င်ထိုင် (အမှန်က စက်ကနေလဖက်ရည်ဝယ်ပြီး)
လွတ်တဲ့ နေရာမှာ ၀င်ထိုင်ပြီးဖယ်ရီစောင့်တာပါ…ဖယ်ရီလာတာနဲ့ အလုပ်ထဲကိုသွား လေးဆယ့်ငါးမိနစ်လောက်စီးရပါတယ်..ကားပေါ်မှာ တစ်ရေးအိပ်လိုက်ပါသေးတယ်…အလုပ်ထဲရောက်တော့ မှကားပေါ်ကဆင်း ပဲနိ့ တစ်ဗူးလောက်စက်ကနေ၀ယ်သောက်..ပြီးတော့ အလုပ်ထဲဝင်…ညနေအလုပ်ဆင်းတော့လည်း အဲ့ဒီလို ဘဲ..အေးဆေးရေမိုးချိုးပြီး ကားပေါ်မှာ တရေးလောက်အိပ်ပြီးပြန်လိုက်လာတာဘဲ..ဟောက်ဆင်ရောက်တဲ့အထိပေါ့ ဗျာ..ဟောက်ဆင်ရောက်တော့ အခန်းထဲ
မှာ ကွန်ပြုတာလေး ဖွင့်ပြီး ယူကျု့ ကနေသီချင်းနားထောင် ထမင်းစားဖို့ ပြင်ဆင်၇င်း..အေးဆေးနားတာပေါ့ဗျာ…
အဲ့နှစ်ခုမှာ ကွာခြားတာ က အလုပ်နဲ့ သွားရေးလာရေး နေရေးထိုင်ရေး စားရေးသောက်ရေးပေါ့ဗျာ…ကျနော်ကတော့မကွာပါဘူး
ဒီလူချည်းဘဲဆိုတော့ ..အလုပ်ချိန်ကလည်း ၉ နာရီက နေ ၅ နာရီဆိုတော့ မကွာပါဘူး အလုပ်လုပ်ရတာခြင်း ရပိုင်ခွင့်တွေ ကတော့
ကွာခြားလွန်းတယ်ဗျာ..အဲ့ဒါတွေကတော့ရေးရလျှင်ဖြင့်မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်လိုပါဘဲ..
အခု သွားလာနေထိုင်စားသောက်တာကိုမှ တော်တော်ကွာခြားလို့ ပါ…နိုင်ငံခြားမှာက အလုပ်ကနေဖယ်ရီစီစဉ်ပေးတယ်ဗျာ
အိမ်တိုင်ရာရောက်လာခေါ်တယ်..ဒီမှာက ဘတ်စကားတိုးစီးရတယ်..တစ်ချို့ အလုပ်တွေကလည်းစီစဉ်ပေးပါတယ်..ဆယ်ခုမှာတစ်ခု
လောက်ပါဘဲ…နောက်တစ်ခုက ..အလုပ်သွားရင်ကားပေါ်မှာ တရေးအိပ်ပြီးလိုက်သွားလို့ ရတယ် ..နားချိန်ပေါ့ဗျာ..မနက်လေးဆယ့်ငါးမိနစ် ညနေလေးဆယ့်ငါးမိနစ်ဆိုတာ ကိုယ်ပိုင်ချိန်ထဲက ဘဲ..အဲ့ဒါလေးကို မြန်မာပြည်မှာ က
မနားရတဲ့အပြင် ကားသမားတွေရဲ့ လုမောင်းပြီးကြမ်းချင်တိုင်းကြမ်းနေတာတွေကို အသက်လုပြီးကျပ်သိပ်နေတဲ့ ကားကိုတိုးစီးရပါတယ်..နားချိန်မရလိုက်တော့ဘူးပေါ့ဗျာ…မနေ့ ကပြန်လာတော့လည်း လှည်းတန်းနားမှာ ကားတစ်စီးတိုက်တာတွေ့ 
ရတယ်…အင်းစိန်ဈေးနားမှာ သစ်လုံးကားက ဓာတ်တိုင်ကို ၀င်တိုက်ထားလို့ မီးတွေပျက်နေတာတွေ့ ရတယ်…ငါတို့ အလှည့်လည်း
ဘယ်တော့လည်းပေါ့..အဲ့ဒါလေးစဉ်းစားနေရတာပါဘဲ..ဆရာ ကံချွန်ရေးထားတဲ့ စားလေးတောင် သတိရလိုက်မိသေးကားသမားတွေရဲ့ စိတ် ကိုရေးထားတာ ( စိတ်အလို ခြေထောက်မလိုက်ပါနဲ့ -အန္တရာယ်ဆို တာ အမြန်မောင်းတဲ့ 
ကားရှေ့ မှာ -ပြေးအောင်နင်းဖို့ လွယ်ပေမယ့် ရပ်အောင်နင်းဖို့ ခက်ပါတယ်-နောင်တရချိန်မှာ ဘ၀ကဆုံးနေပြီ-စောရောက်မယ့်မိနစ်
ပိုင်းအတွက် အသက်ကို လောင်းကြေးမလုပ်ပါနဲ့ -ဆန္ဒကိုခြေထောက် နဲ့ မဆုံးဖြတ်ပါနဲ့ ခေါင်းနဲ့ ဆုံးဖြတ်ပါတဲ့ ) အစရှိတာလေး တွေ
ဖတ်မိတော့ အင်းငါတို့ အသက်ခန္တာတွေကို ကားသမားတွေရဲ့ လက်ထဲအပ်ထားရတာပါလားလို့ မဆီမဆိုင်တွေးမိသေးတယ်..ဟုတ်
ပါတယ် ကားစီးနေကြဆိုတော့ ကားသမားတွေရဲ့ အပြောအဆို မောင်းတာတွေ အပေါ်မှာ ထိပ်လန့်ခဲ့ရတာတွေ..ကားသမားအချင်းချင်း
ရိုက်ကြနှပ်ကြလုပ်လို့ ကားပြောင်းစီးခဲ့ရတာတွေ ကတော့များလှပါပြီ..ကျနော်တို့ ဘ၀တွေ ၇ဲ့ အဆင်မပြေမှု့ တွေကို တွေးမိတာပါ
ဒါတွေဟာ ငါညံ့လို့ လား လို့ တွေးမိပြန်ပါတယ်..တကယ်တမ်းကျပြန်တော့ ဒါတွေဟာ ကျနော်တစ်ယောက်ထဲခံနေရတဲ့ ကိစ္စမဟုတ်
ပါဘူး..နေ့ စဉ်နဲ့ အမျှ ၀န်ထကျနော့် အလုပ်က နေ့ စဉ်မြို့ ထဲမှာ ဆိုတော့ နေ့ စဉ် မြို့ ထဲကို သွားရပါတယ် ..အိမ်က နေစထွက်တယ် ဆိုရင်ဘဲ စိတ်ထဲ သိပ်ပြီးတော့ အစဉ်မပြေလှပါဘူး ဗျာ ။ ကျနော်နေတာ က မြို့ အစွန် ကလို့ ပြောလို့ ရတဲ့ အင်းစိန်မြို့ ပြင်တနေရာမှာ ပေါ့ဗျာ

ပါဘူး..နေ့ စဉ်နဲ့ အမျှ ၀န်ထမ်းတွေ ရော ခရီးသွားတွေပါ ကြုံတွေ့ နေရတဲ့ ဒုက္ခတွေပါ..အခုလိုမိုးတွင်းအချိန်မှာ ပိုဆိုးတာကတော့
မိုးရေတွေက နေ၇ာတိုင်းမှာ ပြည့်နေတာပါဘဲ…လမ်းတွေပေါ်မှာရေတွေလျှံနေတော့ ကားတွေကလည်းခရီးမတွင်ပါဘူး ခရီးတွင်တဲ့
နေရာရောက်ပြန်တော့ လည်း အမြန်နူန်းနဲ့ မောင်းတော့ ဘုရားတနေရတာပါဘဲဗျာ…အခုလွတ်တော်ထဲမှာ ကိစ္စတွေ တိုင်ပင်နေကြ
တဲ့ အထဲမှာတော့ အဲ့လို ကိစ္စတွေ တိုင်ပင်ကြမယ်မထင်ပါဘူး…ယာဉ်စီးကမ်းလမ်းစည်းကမ်းလည်း ထိမ်းမယ့်သူတွေက ပိုက်ဆံယူ
နေကြတာဘဲတွေ့ နေရတော့ ဒီကိစ္စချည်းက ဒီလိုဘဲသွားနေဦးမှာဘဲလို့ ခံစားမိပါတယ်။ မြန်မာပြည်မှာ ပြင်ရမယ့်နေရာတွေ ကိစ္စတွေကတော် တော်များများ ရှိနေပါတယ်..ဒါပေမယ့် လုပ်ဆောင်မှု့ ပြုပြင်မှု့ တွေကလည်းတော်တော်ကို အားနည်းနေတာကိုခံ
စားလို့ ရနေပါတယ် ..မြန်မြန်ပြင်ဆင်ချင်ပုံမရပါဘူး..ရသလောက်လုပ်ပိုင်ခွင့်လေးတွေကိုဆွဲဆန့် ထားပြီးခံစားစံစားချင်သေးတယ်
ဆိုတဲ့ သူတွေက များနေတုံးဘဲဆိုတာကို ကျနော့်စိတ်ထဲမှာ ခံစားနေရပါတယ်…လျှပ်စစ်မီး အားနည်းတာတို့ မရတာတို့ ကတော့
လမ်းတွေ ရေ၀င်တာတွေက ချက်ချင်းပြုပြင်ဖို့ မလွယ်လို့ အဆင်မပြေတာ ကြာနေဦးမှာ ဆိုတာကို နားလည်ပေးနိုင်ပေမယ့်
ကားစီးရင် ကားတွေက မတရားမောင်းနေတာ လူတွေ ပြည့်ကျပ်အောင်တင်နေတာ တွေကိုတော့ မြန်မြန်အရေးယူဆောင်၇ွက်
လို့ ရပါတယ်..ဥပဒေ ပြင်းပြင်ထန်ထန်ထုတ်ပြီးတော့ စည်းကမ်းထိန်းသိမ်းရေးမှုးတွေ နေရာတော်တော်များများချထားလိုက်မယ်
ဆိုရင်ဖြင့် အဆင်ပြေနိုင်ပါတယ်..အဲ့ဒီဒုက္ခက အမြန်ဆုံးလွတ်ချင်နေမိပါတယ်…သူငှေးလည်းမဖြစ်သေးခင်ကိုယ်ပိုင်ကားလည်းဝယ်
မစီးနိုင်ခင်လေးမှာ ဘတ်စကားကို သူများနိုင်ငံတွေမှာလို ပေါ့ဗျာ ကားပေါ်မှာတရေးလောက်အိပ်ပြီးနားနားနေနေလေး အလုပ်သွား
အလုပ်ပြန်ဖြစ်ချင်ပါတယ်…ကျေးဇူးတင်ပါတယ်ဗျာ….မ်းတွေ ရော ခရီးသွားတွေပါ ကြုံတွေ့ နေရတဲ့ ဒုက္ခတွေပါ..အခုလိုမိုးတွင်းအချိန်မှာ ပိုဆိုးတာကတော့
မိုးရေတွေက နေ၇ာတိုင်းမှာ ပြည့်နေတာပါဘဲ…လမ်းတွေပေါ်မှာရေတွေလျှံနေတော့ ကားတွေကလည်းခရီးမတွင်ပါဘူး ခရီးတွင်တဲ့
နေရာရောက်ပြန်တော့ လည်း အမြန်နူန်းနဲ့ မောင်းတော့ ဘုရားတနေရတာပါဘဲဗျာ…အခုလွတ်တော်ထဲမှာ ကိစ္စတွေ တိုင်ပင်နေကြ
တဲ့ အထဲမှာတော့ အဲ့လို ကိစ္စတွေ တိုင်ပင်ကြမယ်မထင်ပါဘူး…ယာဉ်စီးကမ်းလမ်းစည်းကမ်းလည်း ထိမ်းမယ့်သူတွေက ပိုက်ဆံယူ
နေကြတာဘဲတွေ့ နေရတော့ ဒီကိစ္စချည်းက ဒီလိုဘဲသွားနေဦးမှာဘဲလို့ ခံစားမိပါတယ်။ မြန်မာပြည်မှာ ပြင်ရမယ့်နေရာတွေ ကိစ္စတွေကတော် တော်များများ ရှိနေပါတယ်..ဒါပေမယ့် လုပ်ဆောင်မှု့ ပြုပြင်မှု့ တွေကလည်းတော်တော်ကို အားနည်းနေတာကိုခံ
စားလို့ ရနေပါတယ် ..မြန်မြန်ပြင်ဆင်ချင်ပုံမရပါဘူး..ရသလောက်လုပ်ပိုင်ခွင့်လေးတွေကိုဆွဲဆန့် ထားပြီးခံစားစံစားချင်သေးတယ်
ဆိုတဲ့ သူတွေက များနေတုံးဘဲဆိုတာကို ကျနော့်စိတ်ထဲမှာ ခံစားနေရပါတယ်…လျှပ်စစ်မီး အားနည်းတာတို့ မရတာတို့ ကတော့
လမ်းတွေ ရေ၀င်တာတွေက ချက်ချင်းပြုပြင်ဖို့ မလွယ်လို့ အဆင်မပြေတာ ကြာနေဦးမှာ ဆိုတာကို နားလည်ပေးနိုင်ပေမယ့်
ကားစီးရင် ကားတွေက မတရားမောင်းနေတာ လူတွေ ပြည့်ကျပ်အောင်တင်နေတာ တွေကိုတော့ မြန်မြန်အရေးယူဆောင်၇ွက်
လို့ ရပါတယ်..ဥပဒေ ပြင်းပြင်ထန်ထန်ထုတ်ပြီးတော့ စည်းကမ်းထိန်းသိမ်းရေးမှုးတွေ နေရာတော်တော်များများချထားလိုက်မယ်
ဆိုရင်ဖြင့် အဆင်ပြေနိုင်ပါတယ်..အဲ့ဒီဒုက္ခက အမြန်ဆုံးလွတ်ချင်နေမိပါတယ်…သူငှေးလည်းမဖြစ်သေးခင်ကိုယ်ပိုင်ကားလည်းဝယ်
မစီးနိုင်ခင်လေးမှာ ဘတ်စကားကို သူများနိုင်ငံတွေမှာလို ပေါ့ဗျာ ကားပေါ်မှာတရေးလောက်အိပ်ပြီးနားနားနေနေလေး အလုပ်သွား
အလုပ်ပြန်ဖြစ်ချင်ပါတယ်…ကျေးဇူးတင်ပါတယ်ဗျာ….

About သားငယ်

has written 20 post in this Website..

   Send article as PDF