ပိုင်ဆိုင်ဖူးတဲ့ နေ့စွဲတစ်ချို့
အနာဂတ်မရှိခဲ့ကြပေမယ့်
သတိရတိုင်းပြန်တွေး
ရင်ထဲ တစိမ့်စိမ့်နွေးတယ်

အရာမထင်ခဲ့တဲ့ ပေးဆပ်မှုတွေအတွက်
မခံယူတတ်ခဲ့တဲ့ ချစ်သူမင်းလဲ
လိုအပ်ချက်တိုင်းပြည့်စုံပါစေ
ငါစေတနာထားတယ်

ဝတ်ကြေတမ်းကြေ အလှူခံထည့်ခဲ့သူကိုတောင်
ဆုတွေတစ်သီကြီးပေးတတ်ကြတာပဲ
ငါ့ဘဝထဲ ခဏလာပြီး
စိတ်မပါတပါ ပေးသွားခဲ့တဲ့ ချစ်ခြင်းတွေအတွက်လည်း
မင်းဘဝတစ်လျှောက် သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ……

About Win Paing Soe

Win Paing has written 7 post in this Website..

   Send article as PDF