ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော်…

…ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (8 )…

 

ညောင်ရွှေ Remember Inn မှာ Breakfast စားအပြီး Checkout လုပ်ခဲ့ပြီး ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော်သို့

ထွက်ခွာလာခဲ့ကြပါတယ်…ညောင်ရွှေ အောင်ပန်း ပင်းတယ လမ်းတစ်လျှောက် လှပသော တောင်တန်းများ ထင်းရှုးပင်များ၊

ထွန်ယက်လက်စ မြေနီ မြေယာများ၊ စိုက်ခင်းများနဲ့ ကောင်းကင်ပြာ စသည်ဖြင့် မြင်မြင်သမျှ လှပနေပါတယ်…

အောင်ပန်း ပင်းတယ လမ်းမှာ ရွာစဉ်တန်းလေးကျော်တာနဲ့ သမီးက ရောက်ကာနီးပြီလား၊ မရောက်သေးဘူးလား ဆိုတဲ့

စကားကို ထပ်တလဲလဲ မေးပါ၊ပြောပါတော့တယ်…ရောက်တော့မယ် ၊ ရှေ့ဆိုရောက်ပြီ ပြောရင်း ကိုယ်တိုင်လဲ အရင်အခေါက်တွေက

ဒီလောက်မဝေးသလို ခံစားရပါတယ်…

တစ်ချို့ရွာတွေမှာ ဆိုင်းဘုတ်ထောင်လို့ ၈၈ ကျောင်းသားများကို ကြိုဆိုပါ၏ ရေးထားတယ်… ဒီနေ့လာကြမှာမို့ ကြိုဆိုကြတာတဲ့။

ဆိုင်ကယ်တွေမှာ အလံနီလေးတွေနဲ့ ပင်နီဝတ်စုံနဲ့ သေချာကိုကြိုကြတာဘဲ…သူတို့လဲ ကိုယ့်လူတွေပါလားလို့ အားတက်ဝမ်းသာ မိပါတယ်…

ကားသမားလေးက ကျနော်တို့ လမ်းသစ်ကနေ သွားကြမယ်…အပြန်မှ မြို့ထဲပို့ပေးမယ် ပြောပြီး မြေနီလမ်း ကိုချိုးကွေ့လိုက်ပါတယ်…

လမ်းကလေးရဲ့အဆုံးထိပ် အဝေးတောင်စောင်းမှာ မြင်နေရတာကတော့ ရောက်ချင်နေလှတဲ့ ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော်

ဖြစ်ပါတယ်…

1…တောင်ဖီလာ မှ သဘာဝလှိုဏ်ဂူတော်

 

2… ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော်

3…တောင်ခြေဘုရားများ နှင့် လမ်းကလေး

4…စောင်းတန်းလေး ၀ဲဘက်ခြမ်း

5…ပုန်းတလုပ်ကန် စောင်းတန်းလေး…

ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော် သည် အတွင်းတွင် ပေ ၄၉၀ ရှည်ပြီး အစပိုင်းတွင် ဘုရားအဆူဆူ နေရာမလပ် ပူဇော်ထားရှိပါတယ်…

အလယ်တွင် ဆင်ချည်တိုင်၊မြင်းချည်တိုင်၊ နတ်ရေကန်၊ အောင်မြေ၊ ကျောက်စည်၊ကျောက်မောင်း၊ နတ်သမီး ရက်ကန်းစင် စသည်ဖြင့်

ကျောက်စက်ပန်းဆွဲ၊ကျောက်စက်မိုးမျှော် များ ပုံသဏ္ဍာန်ထူးခြားစွာ တည်ရှိနေကြပါသည်။

လှိုဏ်ဂူတော်အတွင်း ထူးခြားသော ဆင်းတုတော်များကို ဓါတ်ပုံရိုက်လို့ မျှဝေပေးပါရစေနော်…

6…အ၀င်ဝရှိ ဆင်းတုတော်များ…

7…အ၀င်ဝရှိ စေတီတော်…

8…ဂူအတွင်း ၄၉၀ ပေအရှည်ရှိတယ်တဲ့

9…တခွန်တိုင်ဘုရား..

10…၀မ်းတော်ပြည့်ဘုရား…

11…ဂူလမ်းဆုံး…

12…ချွေးထွက်ကိုယ်စားတော်..

13…ကျောက်ကမ္ဘားယံ မှ စေတီလေး…

14… ကျောက်ကမ္ဘားယံ မှ စေတီလေး…

…တောင်ဖီလာ ကာဆီး… ၊ရှုမညီးစရာ သဘာဝအလှစုံစွာ… အဆင်းလှတဲ့ ပင်းတယမြို့သာယာ…..

ဟေး…းး…ရပ်ဝေးက မိတ်ဆွေများ တစ်ခေါက်လောက်တော့ အလည်ရောက်ကာ ရွှေဥမင် ဘုရားဖူးစေချင်တာ…

တောင်တန်းမြေပြန့် ချစ်ခင်စွာ အေးချမ်းလှပေတာ…လာဖြစ်အောင်လဲ လာခဲ့ပါ…အဆင်းလှတဲ့ ပင်းတယ မြို့တော်ပါ…

 

သီချင်းလေး မှတ်မိသလောက်ရေးလို့…ဖိတ်ခေါ်ကာ ရွှေဥမင် ဘုရားဖူးစေချင်ပါကြောင်း တင်ပြလိုက်ရပါတယ်…

ခင်တဲ့

မအိ

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..

   Send article as PDF