. . . ကျနော် တို့ မြန်မာနိုင်ငံတော် တွင် မြန်မာပြည်မြေပုံ ရှိပါသည် ။ ပြည်နယ် နှင့် တိုင်း မြေပုံလည်း ရှိသည် ။ ဆည်မြောင်း တာတမံ တည်နေရာ ၊ သယံဇာတ ၊ ကားလမ်း ၊ ရထားလမ်း ၊ တည်နေရာ ပြမြေပုံ တို့သည် သက်ဆိုင်ရာ ဆိုင်ရာ အလိုက်ရှိ ကြသည့် ။ ….. သို့သော်လည်း ကျန်နေတာ တစ်ခုရှိသည်။ မျက်တောင်မွှေး ကဲ့သို့ နီးကပ်လွန်းရ်ျ ပဲ မမြင်တာလား မပြောတတ်ပါ ။ ထိုအရာတည်ကား တစ်ခြားမဟုတ်ပါ ၊ မြန်မာနိုင်ငံရှိ ဘုရားစေတီ ပုထိုးများ ၊ သာသနာ့ ကမ္မဌာန်း ရိပ်သာများ ၊ စာသင်တိုက် ဘုန်းကြီးကျောင်းများ တည်နေရာ ပြမြေပုံ များ လမ်းညွှန်များ အထူးလိုအပ်သည် ဟုထင်ပါသည်။ စာရင်းဇယား ပိုင်းတွင် သာသနာရေးဝန်ကြီး ဌာန (သို့) မြို့နယ် သံယာအစည်းအရုံးတို့မှာ ရှိကောင်း ရှိသည်။  မိမိသည် ထိုကဲ့သို့ သော တည်နေရာ အထောက်အထား များ ကို online ရော offline မှာ ပါရှာဖွေနေပါသည်။ မတွေ့ပါ ကျနော်ရှာ တာညံ့ရ်ျများလား မပြောတတ်၊ ကျနော်တို့နိုင်ငံသည် ဗုဒ္ဒဘာသာ နိုင်ငံ မဟုတ်ပါလော ?

က်ျကဲ့သို့ အတွေးပေါ်လာသည် မှာ တစ်ခြား မဟုတ် . ကျနော် ရှာဖွေ စုဆောင်း သိချင် သော မန္တလေးမြို့  ရန်ကင်းတောင် ဝန်းကျင် တွင် ရှိသော ဓမ္မစရိယ ဦးဌေးလိုင် ၏ မြေဇင်း ကမ္မဌာန်း ဌာနအကြောင်း ဖြစ်ပါသည်။ Information အစအန ကို လိုက်ရှာသည် မတွေ့ပါ။ ဖုန်းနံပါတ် သာတွေ့သည်။ … ဆိုတော့ တချို့က က်ျကဲ့သို့ ဆိုချင် ဆိုကြလိမ့်မည်၊ ဒါလေးများ မန္တလေး ကို ကားစီး ပီးတော့ ရန်ကင်းတောင် ကိုသွား ပြီးတော့ အဲ့ဒီမှ နယ်ခံ တစ်ယောက်ယောက် ကို မေး .. ခက်တာမှတ်လို့ ။ ဟုတ်ပါသည် မခက်ပါ၊ ဒါပေမယ့် တစ်ခြားဒေသမှာ နေသူ တစ်ယောက်အဖို့ ၊ ခေတ်လူငယ် တစ်ယောက်အဖို့ google မှာ သာသနာ့ မြေပုံ ဟု ရိုက်ထဲ့လိုက်လျှင် လိုအပ်သော အချက်အလက် များ အလွယ်တစ်ကူ ရရှိလိုပါသည် ၊ ရရှိစေချင်ပါသည် ၊ စာရင်းဇယား နှင့် အတိအကျ လိုချင်ပါသည်။

မိမိတို့သည် ယနေ့လူငယ် ၊ နက်ဖြန်တွင် သက်ကြီးပိုင်းသို့ ရောက်မည်မှာ မလွဲပါ၊ ထို့ကြောင့် နီးစပ်ရာ ကမ္မဌာန်း ရိပ်သာ များသို့သာ သွားကြမည်လော? ကျနော်တို့ပြည်မှာ ဘယ်နေရာမှာတော့ ဖြင့် ဘယ်ဝိပဿနာ ဘယ်သို့ဘယ်ပုံထွန်းကားနေသည် .. ထိုကဲ့သို့ သော အသေးစိတ် အချက်အလက်များ သည် public area တွင် မလိုအပ် လို့ပဲလား ၊ ?

online ရှာဖွေမှုတွင် များသောအားဖြင့် ဆရာတော် ဘုရားကြီးများ၏ ဘွဲ့တော်များ နှင့်သာ  ဖော်ပြထားသည်ကိုသာတွေ့ရသည်။

 

ကျနော် ၏ အိမ်မက်များ အကောင်အထည် ပေါ်ချင်ပါသည်။

 

လေးစားစွာဖြင့်

ကိုမော့

About Ko Malt

Ko Malt has written 1 post in this Website..

   Send article as PDF