aung moe thu ကျတော် အောင်မိုးသူ ရဲ့ မိတ်ဆက်စာ
အဟမ်း…….အဟမ်…။ ဟုတ်ကဲ့ မိတ်ဆက်ဖို့ပေးသွားတဲ့အတွက် ဒီနေ့မှပဲ မိတ်ဆက်လိုက်တော့မယ်ဗျာ။း)
ကျွန်တော်နာမည်အောင်မိုးသူပါခင်ဗျ။ ကျွန်တော် ဂျီမေးလ်လေးကတော့ aung.moethu1@gmail.com ပါ ခင်ဗျာ။
ကျွန်တော် ဖေ့ဘွတ်(ဖွဘုတ်)း) ကတော့ http://www.facebook.com/suushaaungmoethu ပါ ခင်ဗျာ။
ကျွန်တော် စာရေးသူ (စာရေးဆရာ မဖြစ်သေးပါ) တစ်ယောက်ပါ။း)
ကျွန်တော် professional အလုပ်ကတော့ Graphic Designer လုပ်ပါတယ်။း)
ကျွန်တော့်ရဲ့ ဘလော့လေးကတော့ http://www.aungmoethu.blogspot.com ပါခင်ဗျာ။း)
ကျွန်တော် ကဗျာတွေရေးပါတယ် ရသ၀တ္တုတွေရေးပါတယ် ကျတော်သတင်းမရေးပါဘူးခင်ဗျာ။း)
လိုအပ်တာလေးတွေရှိရင်လည်း ဝေဖန်အကြံပြုဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
ကျတော့်ကလောင်နာမည်ကလည်း အောင်မိုးသူပါပဲ နာမည်အရင်းကလည်း အောင်မိုးသူပါပဲခင်ဗျာ။
ရန်ကုန်လာရင် ကျတော့်ဖုန်းလေးသာဆက်လိုက်ပါ… ဧည့်ဝတ်ကျေပါ့မယ် ဟဲဟဲ။
ဒီနေ့ညတော့ ကျတော်မန်းလေးကို သွားဖိုကရှိပါတယ်။း)
သိချင်တာလေးတွေရှိရင် မေးမြန်နိုင်ပါသေးတယ်။ မိတ်ဆက်တာလည်း စုံလောက်ပီထင်ပါတယ်..။ တတာနော်……..း)။
အောင်မိုးသူ
ကဲ..မန်းလေးသွားမယ်တဲ့တော်…မန်းလေးက ရွာသူားတွေ ဧည့်ခံလိုက်ကြပါဦး..ရန်ကုန်သားလေးကို…
gmail တွေရော..ဖွဘုတ်တွေရော…မှတ်ထားလိုက်ပါတယ်ရှင်..
ရွာထဲက ရွာသားတစ်ယောက်အနေနဲ့ သိရတာ ၀မ်းသာပါတယ်ချင့်….
Was this answer helpful?
LikeDislikeမန်းလေးသွားမှာလား …… ဘယ်နှစ်တောင်ကြာမှာမို့လို့တုန်း … ဒါဆို စာတွေမဖတ်ရသေးဘူးပေါ့ ….. စာအရေးအသားကောင်းပြီး ဖတ်လို့ကောင်းပါတယ် ……….
Was this answer helpful?
LikeDislikeမင်္ဂလာပါ….
မိုက်လေး..ကလည်းကြိုဆိုပါတယ်နော်…
ပျော်ရွှင်ပါစေ….။
Was this answer helpful?
LikeDislikeစာရေးကောင်းသူတဦးအဖြစ် သတိထားမိပြီးသားပါဗျာ..။
Was this answer helpful?
LikeDislikeမှန်ပါ့ ဦးဦးပါရေ။ မှတ်မိပြီးသားပါ ကိုအောင်မိုးသူရေ။
Was this answer helpful?
LikeDislikeမိတ်မဆက်လည်း ရပါသည် ။ ရွာသူား တွေက ကြိုဆိုပြီးသားပါ ။
Was this answer helpful?
LikeDislikeကြိုဆိုပါတယ်နော်…
Was this answer helpful?
LikeDislikeဟုတ်ကဲ့ ..
)
)
ခု မိတ်ဆက်တော့ ခု ဝဲလကမ်းဘာဒယ် ..
မန်းလေးက ပြန်လာရင် ထိုးမုန့် ဝယ်ခဲ့ဘာ …
(လိုအပ်တာ ရှိရင် ပြောဆိုလို့ …
ပီးဒေါ့ မန်းလေးက ဖရဲမနဲ့ ဘဲဥမ တို့ကိုလည်း ပြောလိုက်ဘာ ..
(ပြောချင်ရာ ပြောပေါ့ဗျာ ..
Was this answer helpful?
LikeDislikeကြိုဆိုပါတယ် ဆိုကြိုပါတယ်
Was this answer helpful?
LikeDislikeအော် . .. ပြောဖို့ မေ့နေလိုက်တာ ..
မန်းလေးရောက်ရင်
ဒီလူဂျီး နဖူးလည်း ပွတ်ခဲ့ဘာအုံးလို့ ..
Was this answer helpful?
LikeDislikeဒီမယ် …. တိုကြီး အံချာတုံး ……. အလကားနေ ဦးပေ နှဖူးပြောင်တာကိုပဲ တွားတွားထိခိုက်နေ တာပဲ ….. သူဟာသူပြောင်တာ ဟိုလူ့ဖွ ဒီလူ့ဖွနဲ့ ……. ဦးပေ (ပြောင်ကြီး)
Was this answer helpful?
LikeDislikeသူကြောမှဘဲ …
အဟီးးး ကြောဒေါ့ဘူးနော် မာမီ ..
Was this answer helpful?
LikeDislikeအေးပါကွယ်
တုတ်ထိုးသည်နဲ့ ဈေးကောက်နဲ့ တူညီနေကြတယ်ပေါ့လေ
Was this answer helpful?
LikeDislikeကလောင်နာမည် အောင်မိုးသူ
ဆိုတဲ့ မောင်လေးရေ
ဂဇက်ရွာက ကြိုဆိုပါတယ်နော်
ရေးလာမဲ့ post တွေကို
အားပေးဖို့ စောင့်နေပါတယ်
Was this answer helpful?
LikeDislikeမိတ်ဆက်စာကလေး ကတော့ ကောင်းပါတယ်ဗျာ။ ကျနော်ဆိုရင် ဘာမှကို မိတ်ဖွဲ့တာတွေ ဘာတွေ မလုပ်တော့ပဲ ဒီအတိုင်း ရောက်လာပြီး ရေးတာပဲ။ နောက်တော့ သူများတွေက ကိုယ့်ကိုကိုယ် မိတ်ဆက်တာတွေ တွေ့တော့မှ ကိုယ့်တုန်းက ဘာမှ မပြောပဲ ရေးခဲ့တာ သတိထားမိတယ်။ အဲဒီအချိန်မှာ ရေးတာလည်း နည်းနည်းများနေပြီ။ နောက်ပြီး တိုက်ပြီးခိုက်ပြီးလည်း ဖြစ်နေပြီ။ ဒါနဲ့ မသိချင်ယောင် ဆောင်နေလိုက်တယ်။
နောက်ပြီး ကျနော် ကြားဖူးတဲ့ ဟာသလေးရှိတယ်။ ဆင်ဦးစီးတွေ ဘာတွေက အိမ်ထောင်ကျရင် သူအိမ်ထောင်ကျပြီ ဆိုတဲ့အကြောင်းကို ဆိုင်ရာနတ်ကို ပြရတယ်တဲ့။ နတ်ကို inform လုပ်တာပေါ့ဗျာ။ တနေ့တော့ ဆင်ဦးစီးတယောက်က နတ်ပြတော့ နတ်က ကလေးလေးယောက် ရပြီးကာမှ ဘာလို့ ငါ့ကိုလာပြနေသေးလဲ။ ဒီအတိုင်းနေလိုက် ပြီးတာပဲလို့ ပြောတယ်တဲ့။
Was this answer helpful?
LikeDislikeအရေးအသားတော်တော်ကောင်းလို့ သတိပြုမိပါတယ်…
အားပေးနေပါဂျောင်း…..
Was this answer helpful?
LikeDislike