ဒီရက်ပိုင်းကတော့ အများသိတဲ့ အတိုင်း ပဲ ….
ဟူး ………… ဆိုပြီး သက်ပျင်းမော ချရပါတယ်။

ဒီလိုပဲ ..
မိုးတွင်းကလဲ ဖြစ် မိုးကလဲ ကြီး သွားရေးလာရေး က အနည်းငယ် ခက်ခဲ ဆိုတော့ ကာ ..
အရောင်းအ၀ယ်တွေက ပါး လူတွေက အိမ်မှာ နား နဲ့ Taxi သမားတွေတော့ ကောင်းကောင်း နားကား တော့တာ ပါပဲ ..။
ဒီလ ထဲ အားလပ်ရက် ရယ် လို့ မရှိလောက် အောင် အလုပ်များနေလို့ ပိုစ့် ကလဲ တင်ချင် ဆိုတော့ ပုံဟောင်း လေးတွေ ပြန်ရှာ ကြည့်ဖြစ်တယ်..။
ပုံတွေ ပြန်ကြည့်ရင်း . ဘယ်ပုံကို ဘယ်တုန်းက ဘယ်သူ နဲ့ ဘယ်လို ရိုက်ခဲ့တယ်ဆိုတာတွေ ပေါ်လာရင်း ပြုံးစိစိ ဖြစ်ရပါတော့တယ် ….
ဒါပဲ အရသာ တစ်မျိုးပါပဲ။

ပထမ ဆုံးပုံကတော့ ကျွန်တော် မရိုက်ဖူးတဲ့ မရိုက်ဖြစ်တဲ့ ပုံ (သတင်းပုံ) ပါ။

အသက် တစ်ချောင်း ၃ ထောင် (မြန်မာငွေ)

 

မှော်ဘီ ဖက်သွားဖြစ်ရင်း ဓာတ်အားလိုင်းကြိုးကနေ လိုင်းခိုးသွယ် နေတာတွေ့ခဲ့ပါတယ်။ နယ်တွေမှာအဲ့ဒါမျိုး တော်တော်ခောတ်စား တယ်လို့ ငှားစီးလာတဲ့ ဆိုက်ကားဆရာက ပြောပြပါတယ်။ အဲ့လို တက်ချိတ်ပေးတဲ့သူကို သုံးထောင် ပေးရပါတယ်တဲ့။ မှော်ဘီ ရုပ်ရှင်ရုံ မှတ်တိုင်ကနေ အသွားအပြန် ဘတ်စ်ကား ၈ မှတ်တိုင်စာလောက် ကို လူ ၂ ယောက် စီးတာ ဘုရားဝင်ဖူးတာ မိနစ် ၂၀ စောင့်ပေး တာ အပါအ၀င် ကို 1000 ကျပ် ပေးရပါတယ်။ ရန်ကုန် အနေအထေား နဲ့ ပြောရရင် တန်တယ် လို့ပြောရမှာပါ။ အဲ့ ဆရာသမားကို သိချင်တာလေးတွေလဲ မေးလို့ ရတာပေါ့။

နောက် တစ်ပုံကတော့ စိတ်ဝင်တစား
 


မှော်ဘီ ဖက်က တွေ့ရမယ့် ဧည့်သည် အိမ်မှာ စောင့်နေရင်း ဘေးခြံက ကလေး လေးက လာလာချောင်းနေတာ နဲ့ သူ့ ပုံလေး ရိုက်ဖြစ်သွားတယ် …။ညနေပိုင်း ရိုက်ရပြီး အလင်းက အားနည်းလေတော့ ပုံက နဲနဲ noise ထချင် နေသလိုလို …

နောက်တစ်ပုံကတော့ ၀ီရိယ

ဝီရိယ



မန်းလေး မှာ ဆောင်းတွင်းမနက် အစောကြီး အလုပ်ထ သွားကြတာပါ။ ချမ်းတာအေးတာ ဘေးချိတ် လို့ လုပ်ရမယ့် အလုပ်ကို တာဝန် ကျေကျေလုပ်ကြမယ့် စိတ်ဓာတ် ပိုင်ရှင်တွေပါ။

ဆွမ်းတော်ဗျို့ 



မန်းလေး မှာ … နေကွဲခါနီး အချိန် ပါ ..။ ရွာထဲ အရောက်ဆွမ်းခံ ကြွဖို့ တစ်ပြ လောက် လမ်းလျှောက်ရပါသတဲ့ .. ကျွန်တော် က ဗျိုး ဟစ် ပေးတာပါ။

Foam မလို ချောင်းရေ သည်သာ…



နွားလှ မော့မော့၊ လှည်းကျော့ကျော့



မင်းသားကြီး ဦးပိန်


အခု တင်တဲ့ ပုံတွေထဲမှာ .ပုံဟောင်း တွေ ပါပါတယ်။ အတူတူ ဆော်ခဲ့ကြတဲ့ အမှတ်တရ တွေပါ။
ပြန်ကြည့်ဖြစ်တိုင်း ပြုံးစိစိ ဖြစ်ရပါတယ်။

လေးစားစွာဖြင့်
Mလုလင်

About Mလုလင်

has written 50 post in this Website..

ဓာတ်ပုံရိုက်ရတာ ကိုကြိုက်တယ်။