မုန်လာဥနဲ့လုပ်တဲ့ အော်ကေ့ကြည့် easy cook
အော်ကေ့ကြည့်မုန့်ကို ငယ်ငယ်လေးထဲက ကြိုက်နှစ်သက်ပါတယ် … တရုတ်တန်းဘက်မှာ မကြော်ရသေးတဲ့ ပေါင်းပြီးသားမုန့်ကိုဝယ်ပြီး အိမ်ရောက်မှ ကြော်စားလေ့ရှိပါတယ် … ကိုယ့်ဟာကိုယ်လုပ်စားကြည့်မယ်လို့ တစ်ခါမှ မစဉ်းစားဖြစ်ခဲ့ဘူး။ အခုတလော ဈေးပတ်ဝန်းကျင်မှာ ရွှေဖရုံသီးနဲ့လုပ်တဲ့ အော်ကေ့ကြည့်ကို တွေ့နေရတော့ မုန်လာဥနဲ့လုပ်တဲ့အရသာကို ပိုကြိုက်တဲ့အတွက် မုန်လာဥနဲ့လုပ်စားကြည့်ချင်စိတ်ပေါ်လာပြီး ဘယ်လိုလုပ်ရမလဲလို့ ချက်နည်းပြုတ်နည်းစာအုပ်တွေမှာရှာကြည့်မိတယ်။
သိပ်လွယ်တဲ့ နည်းလေးမို့ ကျွန်မကိုယ်တိုင် လုပ်စားရင်း နည်းလမ်းမျှဝေပေးလိုက်ပါတယ် …
ပုံမှာပြထားတဲ့ အော်ကေ့ကြည်တစ်တုံးစာအတွက် လိုအပ်သောပစ္စည်းများ
ဆန်မှုန့် (မွှေးဆန်မှုန့်) တစ်ထုပ်
ကော်မှုန့် …… ဟင်းခတ်ဇွန်း ၅ ဇွန်းမောက်မောက်
မုန်လာဥ …… အစည်းသေးတစ်စည်း (၁၅ ကျပ်သားခန့်)
ဆား ……… လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သကြား …… လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့် … လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နှမ်းဆီမွှေး … လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပုဇွန်ခြောက် …. အနည်းငယ်
ဆီ ….. အနည်းငယ်
ရေ …. ၂၅၀ လီတာ
ပြုလုပ်နည်းအဆင့်ဆင့်
မုန်လာဥများကို အခွံနွှာပြီး ဂျစ်နဲ့ခြစ်ပါတယ်။ ထို့နောက် ပေါင်းအိုးထဲမှာ ၅ မိနစ်ခန့်ပေါင်းလိုက်ပြီး ရေစစ်ထားလိုက်ပါတယ်။ ဇလုံတစ်ခုထဲမှာ ဆန်မှုန့်နဲ့ကော်မှုန့်ရောပြီး ရေတစ်ခွက်ထည့်ကာ မှုန့်နှစ်ဖြစ်အောင် ဖျော်ထားလိုက်ပါတယ်။ မီးဖိုပေါ်မှာ အကြော်အိုးဖြင့် ဆီအနဲငယ်ထည့်ပြီး ပုဇွန်ခြောက်ပါးပါးလှီးထားတာတွေကို အနံ့မွှေးလာသည်အထိ ထည့်ကြော်လိုက်ပါတယ် … ထို့နောက် ရေစစ်ထားသည့်မုန်လာဥ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ တို့ကို ထည့်ပြီး ရေအနဲငယ်ဖြင့် ခဏချက်လိုက်ပါတယ်။ ထို့နောက် ဖျော်ထားသည့် မှုန့်နှစ်ရည်များကိုထည့်ပြီး မီးပိတ်ပြီး အားလုံးသမအောင် မွှေရပါတယ်။ အားလုံးပြီးပြီဆိုမှ ပေါင်းချင်တဲ့ခွက်တစ်ခုထဲထည့်ပြီး ၄၅ မိနစ် ပေါင်းပေးလိုက်ရုံပါပဲ ….
ပေါင်းပြီးကျက်ပြီဆိုရင် အအေးခံပြီး ကြော်စားလို့ရပါပြီ ….
မိုးရာသီမှာ မုန်လာဥရှားချိန်မို့လို့ ရွှေဖရုံသီးနဲ့လုပ်ကြတယ်။ ပိန်းဥနဲ့လဲ လုပ်စားလို့ရပါတယ်။
အော်ကေ့ကြည် ကို
ငယ်ငယ် ရှစ်တန်းလောက်တုန်းက စားဖူးတယ်ဗျ ..
တော်တော်တော့ ကောင်းသား ..
နောက်ပိုင်းတော့ စားခဲ့ဖူးပါဘူး ..
အခု ဂျီးဒေါ်ရဲ့ ကျေးဇူးနဲ့
နောက်များမှာ ကိုယ်တိုင် လုပ်စားလို့ ရသွားတာပေါ့ဗျာ ..
Was this answer helpful?
LikeDislikeဝယ်စားရင် သိပ်မကောင်းလှဘူး အံဇာတုံးရဲ့ 
ခုလိုကိုယ်တိုင်လပ်စားမှ ဂွတ် တာ။ ဒေါ်ဝေဝေ အလှူလုပ်ရင်လည်း အကောင်းသား
Was this answer helpful?
LikeDislikeအလှူတော့လုပ်ချင်တယ် … ဦးပါရဲ့ ၀ါဆိုထမင်းလိုမျိုး …
တစ်ရွာလုံးကို ဖိတ်မယ် ….
Was this answer helpful?
LikeDislikeဝေေ၀ရေ…
ပုံမှာပြထားတဲ့ အော်ကေ့ကြည်တစ်တုံးစာအတွက် လိုအပ်သောပစ္စည်းများ
ထဲမှာပါတဲ့ ရေ …. ၂၅၀ လီတာ
ဆိုတာလေး မရှင်းဘူးဖြစ်နေလို့ပါ…
Was this answer helpful?
LikeDislikeဟုတ်ပ .. မအိရေ ..
မီလီလီတာ လို့ ပြောင်းမှတ်ပေးပါ … မှားရိုက်လိုက်မိလို့ ….
Was this answer helpful?
LikeDislikeအော်ကေ့ကြည်တော့အရမ်းကြိုက်တယ်မဝေရေ… ဒီတစ်ခါရွာသူားတွေဆုံရင် လုပ်ကြွေးပါလား …. ရှယ်ယာပါပါ့မယ်…
Was this answer helpful?
LikeDislikeအများစာအတွက်ဆိုရင် ပေါင်းအိုးကြီးကြီးနဲ့ ခွက်တွေအများကြီးပေါင်းရမှာမို့လို့ အီးဇီးမှာ မဟုတ်လို့ လုပ်ကြွေးလို့ မလွယ်ဘူး …
Was this answer helpful?
LikeDislikeအော်ကွေ့ကြည်ကို ပိန်းဥနဲ့ တော့ မစားဘူးသေးဘူး ။ ဆိမ့်ပြီး စားကောင်းမယ်ထင်တာပဲ။
မဝေမတွေ့တာကြာပြီ ။ စာလေးဘာလေး ရေးပါအုန်း။
Was this answer helpful?
LikeDislikeအော်ကွေ့ကြည်ကို ပိန်းဥနဲ့ တော့ မစားဘူးသေးဘူး ။ ဆိမ့်ပြီး စားကောင်းမယ်ထင်တာပဲ။
မပုခ်ျမတွေ့တာကြာပြီ ။ စာလေးဘာလေး ရေးပါအုန်း။
Was this answer helpful?
LikeDislikeအယ်… မဟုတ်မှလွဲရော ညိုပြာညက်ဆိုတော့ ညိုပြီးပြာနေ ညက်နေတာ ဘယ်သူပါလိမ့်
Was this answer helpful?
LikeDislikeမဟုတ်မှတော့လွဲဘီ မယ်ပုရေ အဲ့လာ ခြေထောက်ဖြတ်ထားတဲ့ဖား…
Was this answer helpful?
LikeDislikeဟိုတလောက အသိတယောက်ကော်ရည်ကြော်ကျွေးတာ တော်တော်ကောင်းတယ်ဗျ ……
အော်ကေ့ကြည်မှာပုဇွန်ခြောက်ပါသေးတယ်လား… ခုမှသိတယ် စားချင်ရင် တရုတ်တန်းသွားဝယ်စားရတာ ခုတော့ ဒီကနေပဲစားတော့မယ်….
Was this answer helpful?
LikeDislikeမုန်လာဥက မုန်လာဥအနီ မဟုတ်လား
ပေါင်းထားတဲ့အော်ကေ့ကြည်ကျတော့ အဖြူရောင်လေးနော်- ၀ါမသွားဘူး။
Was this answer helpful?
LikeDislikeမုန်လာဥက အဖြူနဲ့လုပ်တာပါ … မုန်လာဥအနံ့လေးနဲ့ စားလို့ကောင်းတယ် …
တရုတ်တန်းမှာ အဖြူရောင်နဲ့ အ၀ါရောင် ၂ မျိုးရောင်းကြတယ် … အဖြူက မုန်လာဥအဖြူနဲ့ အ၀ါက ရွှေဖရုံသီးနဲ့ …
Was this answer helpful?
LikeDislikeဆူး ကတော့ ပိန်းဥ နဲ့ဆို ပိုကြိုက်မယ် ထင်တယ်။ အသားကလေးတွေ ပါတဲ့ ဟာလေးတွေ ဘယ်လို လုပ်လဲ သိချင်နေတာနဲ့ အတော်ပဲ.. ကျေးဇူးတင်ပါတယ် အမရယ်။
Was this answer helpful?
LikeDislikesausage လေးတွေလှီးထည့်တာလဲ တွေ့ဖူးပါတယ် …
dimsum စာအုပ်ထဲမှာ raddish cake ဆိုပြီး လုပ်နည်းရေးထားတာမို့ အဲဒီထဲကအချိုးအစားအတိုင်း လုပ်လိုက်တာ … သတ်သတ်လွတ်လုပ်ချင်ရင်တော့ ပုဇွန်ခြောက်နဲ့ sausage မထည့်ဘူးပေါ့ … ဒါပေမယ့် အသားပါတာ ပိုကောင်းတယ် ..
Was this answer helpful?
LikeDislikeမဝေရေ ရန်ကုန်ရောက်မှဘဲ စားရတာပါ၊ မန်းမှာမရှိဘူးဗျ။
Was this answer helpful?
LikeDislikeကိုခင်ခရေ ရတနာပုံဈေးက မနက်ခင်းရောင်းတဲ့ ဈေးမှာ ရှိတယ်။ နောက်ညနေပိုင်းဆို မီးတိုင်ဈေးမှာလည်း ရတယ် ။ ကောင်းမှ ကောင်းပါ။ ဒါပေမဲ့ နည်းနည်းပဲ ရောင်းကြတော့ နောက်ကျရင် ကုန်ပါတယ်။
Was this answer helpful?
LikeDislikeလုပ်နည်းလေးမှတ်သွားပါတယ်..မဝေေ၀ရေ.. အော်ကွေ့ကြည်ကိုမှတ်မှတ်ရရ ကျောက်မြောင်းကသူငယ်ချင်းအမေအိမ်ကနေ ကျောင်းပထမနှစ်စတက်တဲ့နှစ်မှာ စစားဖူးတာပါပဲ.စကားမစပ် ကျောက်မြောင်းက ကျမတို့ကျောင်းစတက်တုန်းက အစားအသောက်အရမ်းပေါပဲ.. အခုတော့ မရောက်တာကြာပြီမို့ အစားအသောက်ပေါသေးရဲ့လားမသိ..အခုလုပ်နည်းသိပြီဆိုတော့ လွယ်ကလည်းလွယ်ဆိုတော့ လုပ်စားကြည့်အုံးမယ်..
Was this answer helpful?
LikeDislikeမုန်လာဥမုန့်ဆိုမှ ပြေးသဒိရမိဒယ်
တစ်ခါတစ်လေကြားဘူးတယ်
မင်းငါ့ကို မုန်လာဥ လာမလုပ်နဲ့ ဆိုပြီးတစ်ဖက်လူပြောတာကို သံသယနဲ့ပြန်မေးတတ်ကြတယ်
နောက်ရှိသေးတယ်ဘာဒဲ့
အာလူးလာမပေးနဲ့ဆိုလား
ပိုစ့်နဲ့ဘာမှမဆိုင် တဲ့အတွက် တောင်းဘန်ဒယ်ဗျာ ကျေးနပ်သလား
Was this answer helpful?
LikeDislikeမကျေနပ်ဘူးဆိုရင် ဘပုက ပန်းပေးမှာမို့လားဟင်
Was this answer helpful?
LikeDislikeမုန်လာဥ လာမလုပ်နဲ့ ဆိုတာကို ဘပု ရှင်းပြပါ။ ;-)
ဒီတစ်ခါတော့ ဝေးဝေးကဘဲ လွမ်းပါတော့မယ် ဝေရေ။
လုပ်ဖို့ Ingredient တွေက မလွယ်ဘူး။
အဲဒါကို အော်ကွေ့ကြည် လို့ ခေါ်ခဲ့တာ။
စားဘူးစက သိပ်မကြိုက်ဘူး။
စားရင်း စားရင်း ခါးတွင်းတွေ့ပြီး ကြိုက်သွားတယ်။
ဖေးဘရိတ် တော့ မဟုတ်ပါဘူး။
ပုံလေးနဲ့ လုပ်နည်းလေးအတွက် ကျေးဇူးပါ။
(ဒါနဲ့ မျှော်နေတယ်နော် ဂျီဟောသူ) :-)
Was this answer helpful?
LikeDislikepooch ရေ မန်းမှာရှိတဲံနေရာလေးတွေ ညွှန်ပေးလို့ကျေးဇူးနော်။
Was this answer helpful?
LikeDislikeအန်တီတရုတ်မကြီး ခင်ဗျ
ကျုပ်တို့ အိမ်နားတွင် ရှေးတရုတ်အိမ်ရှိပါသည်
နှစ်စဉ် တရုတ်နှစ်သစ်ကူးရောက်တိုင်း
သူရို့ အိမ်မှ ရွှေဖရုံသီးဝက်သားပေါင်း မုန့် ကို အမြဲလက်ဆောင်ပေးပါသည်
ထိုမုန့် သည် စားရတာ အီအီစိမ့်စိမ့် နဲ့ အရမ်းစားကောင်းပါသည်
သူရို့ အိမ်မှ မုန့် နှင့်အတူ ၊ သူရို့ ကိုယ်တိုင်လုပ်ထားသော ခရမ်းချဉ်သီး+ငရုတ်သီး ခပ်ပျစ်ပျစ်လေး ဆော့ ကိုပါ တွဲပေးလေ့ရှိသည် ။ ထိုဆော့နှင့်အတူတွဲဖက်ရွေ့ စားလိုက်ရပါလျှင် .. အားပါး ဆွေမျိုးမေ့ချင်ချင် ပါပဲ
ကျုပ် ဆိုလိုချင်ကတော့ အဲဒီမုန့် လုပ်နည်း ကို အန်တီတရုတ်မကြီး သိမည်ဟု ထင်မိပါသည်
အသေးစိတ် ၊ ဓါတ်ပုံများနှင့်တစ်ကွ ရေးတင်ပေးပါလို့ 
ရှဲရှဲ
Was this answer helpful?
LikeDislikeမေပေါင်ကိုယ်တိုင် ဘေးအိမ်က တရုတ်မကြီးကိုမေးပြီး လုပ်နည်းနဲ့တကွ အသေးစိတ် ဓာတ်ပုံနဲ့တင်ပေးပြီး ရွာထဲမှာ ရှဲရမှာ။
ကြော်ငြာကောင်းလို့ စားချင်လာပြီ
Was this answer helpful?
LikeDislikeမမဝေ..ထုံးစံအတိုင်းဖိုင်တွဲထားလိုက်ပြီး..နည်းလေးအတွက်ကျေးဇူးပါ..တရုတ်တန်းရောက်ရင်ဝက်သားကောက်ညှင်းထုတ်နဲ့ အော်ကေ့ ကြည်အမြဲဝယ်ဖြစ်တယ်
Was this answer helpful?
LikeDislikeမဝေရေ..
မုန့်လုပ်နည်း တစ်ခုတိုးပြီးသိသွားတဲ့ အတွက်ကျေးဇူးပါ
အိမ်မှာလုပ်စားကြည့်လိုက်ပါအုံးမယ်
Was this answer helpful?
LikeDislikeနွယ်ပင်က အော်ကေ့ကြည့်ကို အရမ်းကြိုက်တယ် မုန်လာဥနဲ့ လုပ်လုပ် ရွှေဖရုံသီးနဲ့ပဲလုပ်လုပ် ပိန်းဥနဲ့လုပ်လုပ် အကုန်စားတယ် တစ်ခါမှတော့ ကိုယ်တိုင်မလုပ်စားဖူးသေးဘူး ဒီတစ်ခါတော့ မဝေကျေးဇူးနဲ့ လုပ်နည်းလေး
သိသွားပြီဆိုတော့ တစ်ခါလောက် စမ်းလုပ်ကြည့်ဦးမယ် ကျေးကျေးပါ မဝေရေ …
Was this answer helpful?
LikeDislikeအိုး……စားဖူးချင်လိုက်တာ…
ကိုယ်တိုင်တော့ လုပ်ကြည့်ဖို့…
ခုမဖြစ်သေးပါဘူး…
နောက်တော့ လုပ်စားကြည့်ရဦးမယ်…
ကျေးကျေးပါ…။
Was this answer helpful?
LikeDislike