မနေ့က ရုံးဆင်းတော့ စီးတော်ဂျစ်ဝပ်ရှော့ ရောက်နေလို့

တက္ကစီလေးငှားပြီး အေးအေးဆေးဆေးအိမ်ပြန်မယ်စိတ်ကူးနဲ့

ချယ်ရီကားလေးငှားပြီးအိမ်ပြန်လာတယ်ပေါ့

ကားပေါ်ရောက်တာနဲ့ ကားဆရာကိုယ်တော်ချောက တစ်ခြားကားတွေကို ကျော်တာခွတာ

စတော့တာပါပဲ လမ်းပေါ်က လူတွေကိုလည်းတိုက်တော့မလို့ ပွတ်ကာသီကာပေါ့

မနိုကဖြေဖြေမောင်းပါဟယ် အန္တရာယ် များလို့ပါလိုပြောတော့

ကျွန်တော်က ပါရမီကာကြီးတွေမောင်းနေတာ ဒီလောက်တော့ရှိမှာပေါ့တဲ့

ဆက်ပြောပါသေးတယ် ဒီလို့မောင်းတက်အောင် 14နှစ်သားထဲက

ဘတ်(စ)ကားသမားတွေဆီမှာ သင်လာတာတဲ့

ပြောလို့မရတာနဲ့ပဲ မျက်လုံးမှိတ်ထားလိုက်တယ်

ကိုယ်စီးနေတာ ကားလား မြန်နှုန်းမြင့် ရိုလာကိုစတာလားလိုတောင် ပြန်စဉ်စားနေရတယ်

ဒါနဲ့မျက်လုံးပြန်ဖွင့် ပြီး ကားခုံခါးပတ်ပဲ ပတ်ရမလိုလို

ကားတံခါးလော့ပဲချရမလိုလို

ဘေးနားမှာချထားတဲ့ မှောက်နေတဲ့ထမင်းခြင်ပဲ ကိုင်ထားရတော့မလိုလို

ဘာလုပ်ရမှန်းတောင် မသိတော့ဘူး

ဒါနဲ့ပဲ ရင်တွေကတုံ လာပြီး

ဘာလုပ်ရမှန်း မသိတာနဲ့ ဘုရားစာတွေပဲရွတ်နေမိတယ်

ကုသိုလ်တော့ အတော်ရလိုက်တယ်

ဦးထောင်ဘို့အ၀ိုင်းကိုလည်း တန်းစီကာတွေကို မစောင့်ပဲနဲ့

လမ်းပြောင်းပြန် မောင်းလာတယ်

ကားက အရှိန်များလွန်းလို့ အ၀ိုင်းပတ်လမ်းပေါ် မရောက်ပဲနဲ့

အ၀ိုင်းကြီးပေါ်ပဲ ဖြတ်ပြီးမောင်းတော့မလားတောင်အောင်းမေ့ရတယ်

တိုက်တော့မှာပဲလို့ပြောတော့

မပူပါနဲ့ အမရယ်တဲ့

ဘရိတ်မပါပဲနဲ့တောင် ကားကို တုံ့ကနဲ ရပ်အောင် လုပ်နိုင်ပါတယ်တဲ့

စိတ်ထဲကတော့ ပြန်ပြောလိုက်တယ် နင့်ကားက တုံ့ကနဲ ရပ်မှာလား

တုံးကနဲ့ မှောက်မှာလားလို့

ဦးထောင်ဘို့ လမ်းပေါ်ရောက်တော့ ကားတွေကျပ်နေတာနဲ့

ဒါတောင် ဒင်းကျော်စရာလမ်းမရှိလို့

အရှိန်ရော့သွားတယ် အဲ့ဒီတော့မှ အသက်လေးဝအောင်ပြန်ရှုရတယ်

ဦးဝိစာရ အ၀ိုင်းရောက်တော့ ဦးဝိစာရကွေ့ကြောကို ယူထားပြီ

ဒီဘက်လမ်းကြောကို ကွေ့ပြီးမောင်းချလိုက်တယ်

သူများကတွေနဲ့ တိုက်တော့မယ်

အနောက်မှာ ဟွန်းသံတွေဆူသွားတယ်

ကားရပ်လိုက်တော့ မစီးတော့ဘူးလို့ ပြောမယ်တောင်ကြံမိပါတယ်

ဒါနဲ့ပဲစမ်းချောင်းကို ပြန်ရောက်လာတယ်ပေါ့

အိမ်ပေါ်ရောက်တော့ ရင်တွေတုံ ခေါင်းတခြမ်းကိုက်ပြီး

ဆေးတောင်သောက်လိုက်ရတယ်

ကားလေးကသေးတော့ အရှိန်နဲ့တိုက်မိ ရင်အသက်ရှင်ဖို့ မလွယ်ပါဘူး

ကားသမားတွေဆင်ခြင်သင့်ပါတယ်

ကိုယ်အတွက်အသက်အန္တရယ်ရှိသလို

ခရီးသယ်တွေအတွက်လည်း မကောင်းပါဘူး

ဘယ်လောက်ပဲကားမောင်းကျွမ်းကျင်ပါစေ

အခန့်မသင့်ရင် အသက်ပါပေးလိုက်ရမဲ့ အဖြစ်ပါ

ပြီးတော့ ကားမောင်းကျွမ်းတိုင်း မရမ်းသင့်ပါဘူး

မနေ့ကညနေ 15မိနစ်စာ ခံစားခဲ့ရတဲ့ ရသစုံကို

လက်တုံတုံ ရင်တုံတုံနဲ့ ပြန်လည်ဖေါက်သည်ချလိုက်ပါတယ်

 

 

 

 

 

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011