ရယ်စရာ နဲ့ မောစရာ
ရယ်စရာကတော့ရယ်စရာမို့၊ မောစရာကဒီလိုလူတွေနဲ့ မဖြစ်မနေပါတ်သက်ဆက်နွယ်နေရတဲ့အမျိုးသမီးတွေအတွက်။
အဖြစ်ကဒီလို…
အင်္ဂလန်မှာလောလောဆယ်ကျင်းပနေတဲ့ မသန်မစွမ်းအားကစားအိုလံပစ်မှာ အီဂျစ်အသင်းကိုဦးဆောင်ကြီးကြပ်လာတဲ့ အသက် ၅၆ နှစ်ရှိ အိမ်ထောင်ရှင်ဝန်ကြီးကို အမျိုးသမီးငယ်တဦးအပေါ်မဖွယ်မရာပြူကျင့်မှုနဲ့ အင်္ဂလန်တရားရုံးတခုက အပြစ်ပေးဒဏ်ငွေချမှတ်လိုက်တယ်။ ဒီလိုသူ့ကိုပြစ်မှုထင်ရှားကြောင်စီရင်ခံရတာဟာ နားလည်မှုလွဲတာ သူဟာဓလေ့ထုံးတမ်းမတူညီမှုရဲ့သားကောင်သာဖြစ်ပါတယ်လို့ငိုကြီးချက်မ တုံ့ပြန်လျောက်လဲခဲ့သေးသတဲ့။
တရားရုံးကဟိုတယ်တွင်းတပ်ဆင်ထားတဲ့ စောင့်ကြည်တီဗီမှတ်တမ်းကိုဖွင့်ပြီးစစ်ဆေးတဲ့အခါ ဂုဏ်သရေရှိအီဂျစ်ဝန်မင်းဟာ မိခင်ဖြစ်သူကိုသာမန်အနမ်းနဲ့နှုတ်ဆက်ပြီး သမီးဖြစ်သူအသက် ၂၅ နှစ်အရွယ်အမျိုးသမီးကိုတော့ အီဂျစ်အလံအမှတ်တံဆိပ်၇င်ထိုးကိုထိုးတပ်ပေးဟန်နဲ့ အမျိုးသမီးငယ်ရဲ့ဘယ်ဘက်ရင်သားကို
လက်ညှိုးနဲ့ပွတ်သပ်ခဲ့တာတွေ့ရတယ်။ ဝန်မင်းရဲ့ရှေ့နေကတော့ သူ့အမှုသည်ဟာစံပြုလောက်တဲ့ကိုယ်ကျင့်တရားရှိသူဖြစ်ပြီးဒါဟာသူ့အတွက်ပထမဆုံး
ဒီလိုမျိုးပြဿနာဖြစ်တယ်လို့နောက်ဆုံးချိန်ထိခုခံကာကွယ်သွားပါတယ်။
ဟိုတယ်တွေမှာ CCTV တတ်ထားတာ ဒါမျိုးကျတော့ ကောင်းသွားပြန်ရော။ကျုပ်တို.ဆီမှာဆို ခွေတောင်ထွက်လာဦးမယ် နော။

Egyptian Minister held in London for indecency
Hasan Suroor LONDON, September 12, 2012

http://www.thehindu.com/news/international/article3889692.ece
.
.
.The court heard that images from CCTV cameras showed him approaching the three family members and kissing the victim’s mother. He then “approached the complainant, pointed his right index finger, and pressed it on her right breast,” Regina Naughton for the prosecution

About ကို သာ

ကို သာ has written 41 post in this Website..