ဒီနေတော့ ့ ဈေးကိုသွားရင် ဝါးပိုးမျှစ်နုနုကြီးတွေတွေ့တာနဲ့ ဝယ်လာခဲ့တယ် ။ စားလို့လည်းကောင်း ၊ အဟာရနဲ့ပြည့်စုံပြီး  အရသာရှိလှတဲ့ မွန်မျှစ်ပေါက်ဟင်း

ချက်စားကြမယ်လေနော်။

ချက်ရတာကလည်း တိုင်းရင်းသားရိုးရာဟင်းမို့ အရမ်းကို လွယ်ကူရိုးရှင်းလှပါတယ်။  မွန် မျှစ်ပေါက်ဟင်းအတွက်လိုအပ်တဲ့ အမယ်တွေကတော့

-ဝါးပိုးမျှစ်နုနုတစ်ချောင်း

-ပုဇွန်ဆိတ် ၂ဝ သားခန့်

-စိမ်းစားငပိအနည်းငယ်

-ဆား

-ကြက်သားမှုန့် ( လိုအပ်မှထဲ့ပါ)

-နနွင်းမှုန့်

-ဆန်မှုန့် ( ဆန်အနည်းငယ်ကို ရေဆေးပြီးကြိတ်ထဲ့  (သို့) ထောင်းထဲ့ရပါမယ် ။ အများကြီးမထဲ့ရပါဘူး များလွန်းပါကပျစ်ပျစ်ကြီးနဲ့ အရသာမကောင်းတော့ပါ)

တို့သာ လိုလို့အရမ်းကို ရိုးရှင်းပါတယ်။ ဒါပေမဲ့လတ်ဆတ်တဲ့ မျှစ်ဖြစ်ရန်တော့လိုပါတယ်။

ကဲ..စချက်ကြည့်ကြတာပေါ့။ ပထမဆုံးမျှစ်ကို အပေါ်ခွံတွေကုန်အောင်သပ်လိုက်ပါနော်။ ပြီးရင် အတတ်နိုင်ဆုံး ပါးပါးလေးတွေရအောင်လှီးထားလိုက်ပါ။ ရေနဲ့

သန့်စင်အောင် နှစ်ခါလောက်ဆေးကြောပြီးနောက် အိုးလုံးထဲသို့ ထိုမျှစ်လှီးထားတာရယ် ၊ ပုဇွန်ငါးပိကို သဲမပါစေရန်ရေအနည်းငယ်နဲ့ဖျော်ပြီးစစ်ထဲ့ပါ ၊ ဆန်မှုန့် ၊

နနွင်းမှုန့် ၊ဆားအနည်းငယ်နဲ့ ရေထဲ့ကာပြုတ်ထားလိုက်ပါ။ ထို့နောက် ပုဇွန်ဆိတ်ကလေးများကို ဆား၊ နနွင်းမှုန့် တိုနဲ့နယ်ပြီး လှော်ထားပါ။ မျှစ်နှစ်ရေခန့် နူးလောက်

ချိန်မှ အဆိုပါပုဇွန်ဆိတ်လှော်ကို ထဲ့ပြီးတစ်ရေခန့်တည်တည် ထားလိုက်။ ပုဇွန်ထဲ့ပြီးတစ်ရေခန့် ဆူပြီဆိုရင်တော့ အရည်သောက်ကို ကိုယ်လိုသလောက်ချိန်ဆ

ထဲ့ပြီး အပေါ့အငန်ကိုယ်လိုသလောက်ချိန်ဆထဲ့ကာ အချိုလိုအပ်ပါက ကြက်သားမှုန့်ထပ်ထဲ့နိုင်ပါတယ်။ ဒါပေမဲ့ ပုဇွန်ရဲ့အချို၊ လတ်ဆတ်သောမျှစ်ရဲ့ အချိုကြောင့်

ကျွန်မကတော့ ကြက်သားမှုန့်မထဲ့ပဲ ဒီအတိုင်းလေးပဲချက်ပါတယ်။ အရမ်းလတ်ဆတ်ချိုမြိန်တဲ့အရသာကို ခံစားကြရမယ်လို့အာမခံပါတယ်။

ကဲ…စမ်းချက်ကြည့်လိုက်ပါနော်။

 

မွန် မျှစ်ပေါက်ဟင်း ( ပုဇွန်ဆိတ်ဝယ်လို့မရလာလို့ ပုဇွန်ကြော့နဲ့ပဲ ချက်လိုက်ရတယ်)

မျှစ်ဟင်းနဲ့ တွဲစားဖို့ ငါးပိထောင်းစပ်စပ်လေး

 အားပေးကြပါအုံးနော်။

About may flowers

may flowers has written 61 post in this Website..