မိခင်မေတ္တာထက်ကြီးသော မိခင် ….
ယနေ့မနက် … ရုံးသွားရန်ပြင်ဆင်နေစဉ်… အမေက …. သမီးရယ် ကျောကုန်းလေးကို လက်ကလေးနဲ့ ပွတ်ပေးပါလားကွယ် … ဆိုတဲ့ … အမေရဲ့အသံကြောင့် ကျွန်မ…. ရေချိုးခန်းဝင်ခါနီးခြေလှမ်းတွေ တုံ့ဆိုင်းပြီး အမေ့ကျောကုန်းလေးကို လက်ဖဝါးနှစ်ဖက်နဲ့ ပွတ်ပေးနေမိတယ် … အမေက အကြောတွေတက်လို့ မနေနိုင်ရင် အကြောပြင်ဆရာက အနှိပ်မခံပဲ လက်ဖဝါးနဲ့သာပွတ်ရန်စေခိုင်း ထားသဖြင့် အမေအနှိပ်မခံရဲဖြစ်နေသည် … အမေခြေသလုံးနှစ်ဖက်မှ အကြောတွေထုံးနေတာ မနက်ဆို အမေက အိပ်ယာက ထထချင်းလမ်းမလျှောက်နိုင် …. အမေက ဇွဲတော့ရှိသည် … သူမှာ အကြောနဲ့ပတ်သက်တာ တစ်ကိုယ်လုံးကို ခံစားနေရသူတစ်ယောက်ပါ … အတန်ကြာတော့ ကျွန်မ လက်တွေပူလာလို့ လက်သီးလေးဆုပ်ပြီး အမေ့ကျောကိုပွတ်ပေးတော့ အမေကတော်ပီသမီးရယ် ..တဲ့လေ … အမေကျွန်မကို ခိုင်းတဲ့အချိန်က အလွန်ကိုတိုတောင်းလှပါတယ် … ကျွန်မအတွက် အမေလုပ်ပေးခဲ့တာ ယနေ့အချိန်ထိပါပဲ …
ကျွန်မစိတ်ထင် အမေက အချိန်မရတဲ့ ကျွန်မကို အကြာကြီး ခိုင်းရမှာ အားနာလို့ ရပ်ခိုင်းလိုက်တာလို့ ထင်ပါတယ် … ကျွန်မအတွေး ကျွန်မခေါင်းထဲမှာ အမေ့အကြောင်းတွေ တရေးရေးပေါ်လာပြီး မျက်ရည်တွေဝဲကာ ကိုယ့်ကိုယ်ကိုနောင်တတွေရနေမိတယ် …
လွန်ခဲ့သော နှစ်နှစ်ခန့် ဒီဇင်ဘာလရဲ့ ညတစ်ညမှာ ကျွန်မမအိပ်နိုင်ပဲ အိမ်သာကို ဝင်လိုက် ထွက် လိုက်နဲ့ အလုပ်များရင်း မိုးစင်စင်လင်းခဲ့ရတယ် …. မနက်မိုးလင်းတော့ အမေဈေးကပြန်လာချိန်မှာ ကျွန်မက အမေရယ် သမီးလေ ညဘက် တစ်ညလုံးမအိပ်ရသေးဘူး သမီးအိပ်လိုက်ဦးမယ်နော်လို့ ပြောတော့ …. အမေက သမီး … အမေသမီးကြိုက်တဲ့ မုန့်ဟင်းခါး ဆိုင်ကမုန့်ဟင်းခါးဝယ်လာတယ် အဲဒါလေးစားပြီးမှ ပြန်အိပ်ပါလားကွယ် … ပြောပြီး အမေကမုန့်ဟင်းခါးကို ပြင်ဆင်ပေးတော့ ကျွန်မအနည်းငယ်သာ စားဝင်ခဲ့ပြီး အိပ်ယာထဲပြန်ဝင် ခဲ့ပါတယ် … ဒါပေမယ့် ကျွန်မဘယ်လိုမှ အိပ်မရပဲ ထလိုက်အိမ်သာဝင်လိုက်လုပ်နေမိတယ် … ခဏနေကြတော့ အမေ့ကို ကျွန်မလှမ်းပြောလိုက်တယ် အမေ သမီးဗိုက်က ခဏခဏနာလာတယ် … အမေက ဒါဆို မွေးတော့မလားမသိဘူး ခဏတော့စောင့်ကြည့်လိုက်ပါဦးမယ်ဆိုပြီး အမေ့ခမျာ ဟင်းချက်လိုက် အသိမိတ်ဆွေတွေဆီ အမျိုးတွေဆီဖုန်းဆက်မေးလိုက်နဲ့ ကျွန်မအခြေအနေကို ပြောပြပြီး ပျာယာခတ်နေပါတယ် …. အမေက သားသမီး (၂) မွေးထားတဲ့ သူပါ သူ့မှာအတွေ့အကြုံရှိပါရက်နဲ့ တကယ်တမ်း မိမိရင်သွေးဖြစ်လာတော့ ဘာလုပ်ဘာကိုင်ရမှန်း မသိပဲ ဖြစ်နေသောအမေ့ကိုကြည့်ကာ ကျွန်မသနားနေမိတယ် …. အမေဘာတွေဘယ်လိုလုပ်လိုက်တယ်မသိ ကျွန်မဗိုက်နာနေချိန်မှာပဲ ကျွန်မသိပ်ကြိုက်တဲ့ ငါးနှပ်ဟင်းလေးချက်လို့ပြီးသွားခဲ့တယ်… ဆေးရုံမသွားခင် အားရှိအောင်ဒါလေးစားလိုက်ပါလား သမီးရယ်လို့ဆိုပြီး ထမင်းပွဲလေးပြင်ပေးရှာတယ် … ကျွန်မဘာဆိုဘာမှ မစားနိုင်ခဲ့ပါ …. နေ့ခင်း (၁) နာရီလောက်မှာ ဗဟိုအမျိုးသမီးဆေးရုံသို့ ကျွန်မရယ် အဒေါ်တစ်ယောက်ရယ် သွားခဲ့ကြတယ် … ကျွန်မဗဟိုအမျိုးသမီးဆေးရုံကို တက်ရတာက ကျွန်မက သက်ဦးမွေးမှာဖြစ်တဲ့ အပြင် လူကသေးသေးလေးနဲ့မွေးမှာဆိုတော့ ထိုဆေးရုံလောက် စိတ်ချရတဲ့ဆေးရုံမရှိသောကြောင့် ထိုနေရာကိုသာသွားခဲ့ဖြစ်ခဲ့ကြပါတယ် ….
ဆေးရုံရောက်တော့လည်း ဗိုက်ကသိပ်စူးစူးဝါးဝါးမနာကျင်ခဲ့ပါ … ဒါပေမယ့် အမေ့ကို ကျွန်မလုံးဝ မတွေ့ရတာကို အရမ်းအံ့ဩမိတယ် …. ကျွန်မမွေးခါးနီး ဗိုက်ထဲက ကလေးလေးရဲ့ နှလုံးခုန်သံမကြားတာကြောင့် စက်နဲ့နှလုံးခုန်သံနားထောင်ချိန်မှာ ကျွန်မငြိမ်နေရပါတယ် … ဗိုက်ကနာပေမယ့် လုံးဝမလှုပ်ရတော့ ကျွန်မက ခေါင်းရင်းက သံတိုင်ကို လက်နဲ့ဖမ်းဆုပ်ဆွဲကိုင်ထားတော့ အမေက ကျွန်မခေါင်းရင်းကနေ သမီးလေး သိပ်နာနေလား သံတိုင်တွေကို အတင်းမဆုပ်နဲ့ ကလေးမွေးပြီးရင် ဒဏ်ဖြစ်လိမ့်မယ် … အမေ့လက်ကိုသာ ဆုပ်ထားဆိုပြီး အမေက သူ့လက်ကလေးကို ပေးထားပါတယ် …. ခဏနေ ဗိုက်ကတရပ်စပ်နာလာတာနဲ့ မွေးခန်းထဲဝင်ပြီး ကျွန်မသက်ဦးသမီးလေးကို အောင်မြင်စွာမွေးဖွား နိုင်ခံတယ် ….. မွေးခန်းကထွက်မှ အမေ့ရဲ့ ပျော်ရွှင်နေတဲ့မျက်နှာကို မြင်ရတယ် …. အမေက သမီးမွေးမှာကို အမေမမြင်ရက်ဘူးကွယ် ….. အမေအရမ်းစိုးရိမ်တယ် သမီးနားမှာ အမေ့ဘယ်လိုမှ နေလို့မရဘူး … ဒါကြောင့် အမေဟိုသွားဒီသွားလုပ်နေခဲ့တာလို့ ပြောမှ အမေ့ရဲ့ဂရုဏာစိတ်ကိုစိတ်ခဲ့ရသလို … ကျွန်မသမီးလေးကို မြင်တာနက်တပြိုင်နက် ကျွန်မရဲ့စိတ်ထဲမှာ ချက်ခြင်းပဲ အော်….. သမီးလေး လည်း ငါ့လိုတစ်ချိန်ကျရင် ကလေးမွေးဖွားရဦးမှာပါလားဆိုပြီး အမေ့လိုပဲသမီးလေးအပေါ်ကို ဂရုဏာသက်မိကာ စိတ်မကောင်းဖြစ်ခဲ့ရတယ် ….ဒါပေမယ့် ကျွန်မရဲ့မေတ္တာတွေက အမေကျွန်မအပေါ်ထားတဲ့ မေတ္တာတွေကိုမှီပါ့မလား ….
ဆေးရုံပေါ်မှာ နေ့ရောညရော အမေကကျွန်မနဲ့ သမီးလေးအတွက် စောင့်ရှောက်ပေးခဲ့တယ် … ဒီဇင်ဘာလရဲ့ အေးချမ်းလှတဲ့မနက်ခင်းမှာ ဆေးရုံပေါ်မှာ သမီးလေးအနှီးကလေးတွေကို အမေက အပြေးအလွှားထထလျှော်ပေးခဲ့တယ် … လာလျှော်ပေးတဲ့သူတွေရှိပေမယ့် အမေက သူ့မြေးကိုအနှီးသန့်သန့်လေးတွေနဲ့ ထားချင်တာကြောင့် သူကိုယ်တိုင် လျှော်ဖွတ်ပေးခဲ့တယ် …
စကားမစပ် ကျွန်မမီးဖွားပြီးချိန်မှာ အမျိုးသားက ခရီးထွက်နေတာကြောင့် သမီးလေး(၂)လလောက်မှသာ အနားကိုပြန်ရောက်လာနိုင်တော့ ဆေးရုံးကဆင်းတော့လည်း အမေ့တာဝန်ကမသေးပြန်ဘူး … ညဘက်ကျွန်မပင်ပန်းမှာ စိုးလို့ သမီးလေးငိုရင် အမေကအရင်ထ ပြီး ချော့မြူသိပ်ပေးပြန်ပါတယ် … နို့ဆာလို့ငိုမှသာ ကျွန်မကိုနိုးပြီး နို့ထတိုက်စေတယ် … ညဘက် သမီးလေးသေးစိုတော့လည်း အမေပဲ ထထလဲပေးခဲ့တယ် …. ဒီလိုနဲ့ မနက်မိုးမလင်းခင် ၄ း ၃ဝ လောက်ဆို အမေထပြီး သူ့မြေးရဲ့ သေးစိုအနှီးတွေကို ဒီဇင်ဘာအအေးဒဏ်ကို အံတုပြီး လျှော်ဖွပ်နေပြန်ပါတယ် … ပြီးတာနဲ့ဈေးပြေး ဈေးကပြန်လာပြန်တော့လည်း ချက်ပြုတ်ရင် နေ့ခင်းရောက်တော့ နေပူချိန်မှာ သမီးလေးကို အမေကရေချိုးပေး ပြီးတာနဲ့ ကျွန်မချိုးဖို့ ရေနွေးစပ်ပေး သနပ်ခါးလိမ်းပေးနဲ့ ထမင်းစားချိန်ရောက်တော့ ထမင်းအဆင်သင့်ခူးခပ်ထားပြီးတာနဲ့ ကျွန်မကစား သမီးလေးနဲ့နို့တိုက်ရင်းနေ့ခင်းတရေးအိပ်ချိန်မှ အမေခမျာထမင်းစားရတယ် … ပြီးတာနဲ့ အမေမနားနိုင်ဘူး သူကိုယ်တိုင် သူ့မြေးအနှီးတွေနဲ့ ကျွန်မအဝတ်အစားထမီတွေလျှော်ပြန်ရော …. အမေ့ကို ကျွန်မလူငှားထားဖို့ပြောပေမယ့် အမေကတော့ အိမ်မှာလူပိုမခေါ်ချင်တာရယ် ကျွန်မရဲ့ငွေတွေအလဟသဖြစ်မှာစိုးတာရယ်ကြောင့် သူလုပ်နိုင်ပါတယ်ဆိုပြီး အမေကအတင်းကိုလုပ်နေတော့တာပါပဲ … လျှော်ဖွပ်ပြီးချိန်မှာတော့ ညနေထမင်းစားချိန်ပြန်ရောက်လာပြန်တယ် … အမေလည်း ကျွန်မထမင်းဟင်းပူပူလေးတွေစားရအောင်ဆိုပြီး ချက်စရာရှိချက်နွေးစရာရှိနွေးနဲ့ တစ်နေကုန် ပတ်ချာလည်နေတာ ညအိပ်ချိန်သာရောက်သွားတယ် အမေနားချိန်မရှိခဲ့ဘူး ….. ဒါတွေကို ကျွန်မမြင်တွေ့နေရတာ စိတ်ထဲမှာ အရမ်းကို အားနာဝမ်းနည်းမိတယ် … ကိုယ့်ကြောင့် မိဘက အခုချိန်ထိမနားရသေးပဲ ရုန်းကန်လှုပ်ရှားနေရာကို ရင်နဲ့မချိအောင် ခံစားခဲ့ရတယ် …. ဒါပေမယ့် အပြောသာရှိခဲ့တာပါ .. စီးပွားရေးအဆင်မပြေသေးတော ကျွန်မသမီးလေး (၄၅) မှာ ကျွန်မအလုပ်ပြန်လုပ်ခဲ့ရတယ် … ဒီလိုနဲ့အမေက သမီးလေးကို ကျွေးမိခင်နေရာမှာ နေပြီးအစစ စောင့်ရှောက်ခဲ့ရပြန်ပါတယ် …. အမေ့ရဲ့ကျေးဇူးကို ကျွန်မယခုအချိန်ထိမဆပ်နိုင်ခဲ့ပါဘူး … အမေ့ကို လုပ်ပေးချင်တယ်ဆိုတာ စိတ်သာရှိပြီး ကျွန်မဘာလက်မှ မပါခဲ့ဘူး … ကျွန်မစီးပွားရှာဖို့ရယ် သမီးလေးနဲ့လုံးထွေးတာနဲ့ရယ်နဲ့သာ တစ်နေ့ တစ်နေ့အချိန်တွေ ကုန်မှန်းမသိသာကုန်လွန်ခဲ့တယ် … ဒါကြောင့်လူတွေက ပြောကြတာဖြစ်မှာပါ … `တောင်ပေါ်ကရေသာ တောင်အောက်ကိုစီးတာတဲ့ တောင်အောက်ကရေက တောင်ပေါ်ကို ဆန်တက်ဖို့ ခဲယဉ်းတယ်´ ဆိုတစ်ကယ်မှန်နေပါတယ် … အမေလုပ်ပေးခဲ့တာတွေ အမေ့ကျေးဇူးတွေကို တွေးမိတိုင်း ရင်နာပြီး ကြေကွဲခဲ့ရတယ် … ကျွန်မမှာ သားသမီးတွေမိသားစုတွေနဲ့ အမေမသေခင်မှာ အမေ့ကို ကျွန်မဘယ်အချိန်မှာ ပြုစုလုပ်ကျွေးနိုင်မလဲ …. ကျွန်မလိုပဲ ကိုယ့်မိသားစုနွံထဲနစ်မှာနစ်ပြီး မိဘကို မလုပ်ကျွေးမပြုစုနိုင်သူတွေ ဘယ်လောက်များရှိမလဲ …….. ကျွန်မတစ်ယောက်တည်း မိဘကို ယခုအချိန်ထိ ဝန်ပိအောင်လုပ်ဆောင်နေသူတစ်ယောက်များ ဖြစ်နေမလား ….. ကျွန်မအမေ့ကို ပြန်လည်လုပ်ကျွေးပြုစုပြီး ကျေးဇူးမဆပ်နိုင်တောင်မှ အမေစိတ်မချမ်းမသာ ဖြစ်မယ့်အလုပ်မျိုး အပြုမူ အပြောအဆိုမျိုးတွေ မလုပ်မိအောင် ကျွန်မအတတ်နိုင်ဆုံးကြိုးစားနေထိုင်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားလိုက်မိပါတယ် ….
ဒီပို့စ်လေးကို တစ်နေ့ညက အိပ်ယာထဲမှာ အမေ့အကြောင်း စဉ်းစားမိရင်း မျက်ရည်ကျမိတာကြောင့် ရင်ဖွင့်တင်ပြလိုက်ရတာပါ …
ခင်မင်စွာဖြင့်
Khaing Khaing
44 comments
ကြောင်ဝတုတ်
September 19, 2012 at 3:45 pm
ညီမလေးခိုင်ခိုင်ရေ…
ဆရာဦးသုခရဲ့… အမေ… အောင်ပြီအမေဆိုတဲ့ အသံကြားတိုင်း ရင်ထဲမှာဘယ်လိုမှန်းမသိအောင်ခံစားရတယ်…
အနစ်နာခံတဲ့… ကြင်နာတတ်တဲ့အမေမို့လားမသိ… သံယောဇဉ်ပိုရှိတာကျွန်တော့်ရင်ထဲကသိပါတယ်…
ညီမလေးလဲ မိခင်တစ်ယောက်ဆိုတော့ ကျွန်တော့်ထက်ပိုပြီး မိခင်မေတ္တာကိုခံစားနိုင်မယ်ထင်ပါတယ်…
အမေ…အစားထိုးမရနိုင်တဲ့… အမေ…
အမေ့ရဲ့သား-
ကြောင်ဝတုတ်
Khaing Khaing
September 19, 2012 at 3:52 pm
သူများတွေ လူပျိုအပျိုဘဝနဲ့ မိဘကို လုပ်ကျွေးပြုစုတာမြင်တိုင်း နှောင်းသွားတဲ့အချိန်တွေကို နှမြောမိတယ် .. အခုချိန်ထိလည်း အမေ့အတွက်အချိန်တွေကို လုံးဝမပေးနိုင်ခဲ့ဘူး …. အမေဖြစ်တော့ ကိုယ့်သားသမီး အတွက်ပေးဆပ်ရတာ ပျော်မွှေ့နေပေမယ့် ညီမအမေနေရာကတွေးလိုက်ရင် ….. အမေက ဒီအချိန် ပုတီးကိုင် တရားစခန်းမှာ ထိုင်နေသင့်တဲ့အချိန်ရောက်နေပြီလေ ကိုယ့်ကြောင့် လောကီဘဝမှာ နစ်မြုပ်နေရတာကို မြင်တိုင်း ကိုယ့်ကိုကိုယ့် မိဘကိုအကုသိုလ်ပေးနေတယ်လို့ ခံစားရတယ် …..
pooch
September 19, 2012 at 4:37 pm
ခိုင်ခိုင်ရေ တရား စခန်းသွားမှ မဟုတ်ပါဘူး။ အိမ်မှာ ပဲ သီလယူ ဥပုသ်စောင့် တရားမှတ်လည်း အဆင်ပြေပါတယ်။ အမေဆိုရင် ခြေထောက်မကောင်းလို့ ကြာကြာထိုင်လို့ အဆင်မပြေတော့ပါဘူး။ ကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်နေဟန်နဲ့ တရားမှတ်ရင်လည်း ရပါတယ်။ဒါကြောင့်မို့ တရား စခန်းမသွားပဲ တိပ်ခွေနဲ့ တရားနာ တီဗွီက တရားနာနဲ့ အဆင်ပြေသလို နေပါတယ်။
ကထူးဆန်း
September 19, 2012 at 8:50 pm
ကိုယ့် အမေ အဖေ ကို အသက်ကြီးပြီဆိုပြီး အတင်း တရားစခန်းသွားခိုင်း ၊ တရားနာခိုင်း ၊ ပုတီးကိုင်ခိုင်း မလုပ်ကြပါနဲ့ ။ သူတို့ ဘာလုပ်ချင်လဲဆိုတာကိုဘဲ အလိုက်တသ်ိပေးလုပ်ပြီး ပျော် သလိုပေးနေစေချင်ပါတယ် ။
ကိုရီးယားကား ကြိုက်လဲ ပေးကြည့်။ ဟင်းချက်တာ ဝါသနာပါရင်လည်း ချက်သာ ချက်ခိုင်း ။စိတ်ကျန်းမာ ဖို့လည်း လိုပါသည်။
Khaing Khaing
September 20, 2012 at 9:45 am
အမပုရေ …. အမေက တရားစခန်းကိုသွားလေ့ သွားထရှိတယ် …. ညီမကလေးမွေးပြီး နောက်ပိုင်း သူကတရားစခန်းလဲမသွားရ … ဘုရားဖူးခရီးတွေလည်း မထွက်ရပဲ … အိမ်မှာပဲ သမီးလေးနဲ့ နပန်းလုံးနေခဲ့ရတာလေ ….
ဦးထူးဆန်းရေ … ညီမကတော့ အမေဝါသနာပါတာတွေကို လိုက်လျောဖို့ အခွင့်အရေးမရှိသူပါ … အပေါ်မှာ ပြောသလို အမေက ဘုရားတရားအလုပ်နဲ့ မွေ့လျှော်နေချင်သူ … ညီမက ငရဲတွင်းထဲဆွဲခေါ် နေသူပေ့ါ …….
Mon Kit
September 19, 2012 at 3:45 pm
မခိုင်ခိုင် ကို အားကျမိပါတယ်…
မိခင်မစ်တာ ကို အပြည့်အဝ ခံစားရလို့ပါ…
မွေးကျေးဇူး ..ကျွေးကျေးဇူး ပြန်လည်ပေးဆပ်နိုင်သူ ဖြစ်ပါစေလို့…
Khaing Khaing
September 19, 2012 at 3:56 pm
အမက အိပ်ရေးပျက်ရင် ခေါင်းမူးပြီး ဆေးခန်းသွားရတာတို့ ဆေးသွင်းတာတို့အထိဖြစ်တတ်တယ် … ဒါကြောင့် အခုချိန်အထိ အမအလုပ်သွားရင် ထမင်းချိုင့်ရအောင် အမေကထချက်ပေးနေရတယ်လေ … အမေ့ကို အားနာလို့ အမေရယ် မနက်မထနိုင် မနိုးရင်ထမချက်ပါနဲ့ … ရုံးမှာပဲ ဝယ်စားလိုက်ပါ့မယ်လို့ အမေ့ကို ပြောယူရတယ် … အမေကတော့ မိခင်မေတ္တာနဲ့ အမဘာပြောပြော လုပ်ပေးနေဆဲပါ ….
Ma Ei
September 19, 2012 at 4:11 pm
ခိုင်ခိုင်ရေ…
မိခင်မေတ္တာတွေကို ပိုပိုသာသာချစ် ပေးတတ်တဲ့
အမေ့ကို အားကျလို့ သမီးလေးကိုလဲ ပိုပိုသာသာ
ချစ်ပေးနိုင်ပါစေကွယ်…
Khaing Khaing
September 19, 2012 at 4:33 pm
အမေလို့ ဇွဲမရှိဘူး မအိရေ … ညီမက အပြောသာရှိတာ အလုပ်ကတော့ သိပ်မဖြစ်ဘူး ……
Hnin Hnin
September 19, 2012 at 4:17 pm
ခိုင်ခိုင်ရေ..စာဖတ်ရင်း မရှိတော့တဲ့ မေမေ့ကို လွမ်းလိုက်တာ….ခုချိန်မှာ ပေးဆပ်ချင်စိတ်
ရှိပေမယ့် မရတော့ပါဘူး…မေမေဆုံးသွားတော့ ကျာင်းတစ်ဖက်နဲ့မို့ မေမေ့လူနာဗာဟီရကိစ္စ
ခွဲဝေယူပြီး ပြုစုခဲ့ရတာပဲ အဖတ်တင်ကျန်ခဲ့ပါတယ်….
..ခိုင့်အမေလို အမေတိုင်းတော့ မလုပ်ပေးတတ်ပါဘူး….(ငုတ်တုတ်ထိုင်ကြည့်နေတဲ့ အမေ
လည်း တွေ့ဖူးလို့ပါ)
..အမေပဲ လုပ်ပေးရမှာပေါ့ဆိုတာလည်း မဟုတ်ပါဘူး…(ခိုင့်အမေလို အမေမျိုးရဲ့ သမီးဆီက
ကြားရတဲ့ စကားသံကို ဝေမျှတာပါ)
..သား၊သမီးကို ချစ်လွန်းတဲ့အမေတွေမှသာ ဒီလောက်ပေးဆပ်ပြီး ချစ်နိုင်လိမ့်မယ်လို့
ထင်ပါတယ်….ခိုင် ကံကောင်းပါတယ်…
..သား၊သမီးတွေဘက်ကတော့ အကြောင်းကြောင်းတွေကြောင့် ပြန်ပေးဆပ်ဖို့ခက်ကြမှာပါ..
Khaing Khaing
September 19, 2012 at 4:36 pm
အမေ့ရဲ့ သားသမီးတွေအပေါ်ကို လုပ်ပေးနိုင်စွမ်းက တစ်ခြားဆွေမျိုးတွေတောင် ပြောရတဲ့အဖြစ်ပါ … အမေက အခုချိန်ထိညီမအဝတ်အစားတွေကို ကြုံရင်ကြုံသလိုလျှော်ပေးနေဆဲပဲလေ … ညီမကတော့ အမေ့အဝတ်အစားမပြောနဲ့ ကိုယ့်အဝတ်အစားတောင် မနည်းလိပ်ပတ်လည်အောင်လျှော်နေရတယ် ….
ရွှေ ကြည်
September 19, 2012 at 4:18 pm
မခိုင်ခိုင်ရေ ရွှေကြည်လည်းငယ်ငယ်ကတည်းကချူချာတာ တခုခုဖြစ်နေပြီဆို အမေကတော့အမြဲပဲသိနေတယ်။ ရွှေကြည်မျက်နှာကိုဖတ်တတ်နေတယ်။ အခုဝေးနေတာတောင်အသံကို
ဖတ်နိုင်တယ်။ သွေးပေါင်ကျတတ်တာသူ့ဆိကအမွေဆိုပြီးစိတ်မကောင်းဖြစ်နေတတ်တယ်။
ပြောရင်းသတိရလာပြီ။ 🙁
Khaing Khaing
September 20, 2012 at 9:46 am
မိခင်ဆိုတာ ဒီလိုပါပဲ … ကိုယ်မွေးတဲ့သားသမီး ကျန်းမာရေးမကောင်းတာ မချောမလှတာက ကိုယ့်အပြစ်လို့ တောင်ခံယူထားချင်တဲ့သူတွေပါ …….
surmi
September 19, 2012 at 4:24 pm
ရင်ဘတ်နဲ ့ရေးတဲ ့စာကို ရင်ဘတ်နဲ ့ဖတ်သွားပါတယ်
ကိုယ် ့မလဲ ကလေးတွေနဲ ့ဆိုတော ့ ပိုပြီးစာနာမိပါရဲ ့
အခု ကိုယ်တွေက မိဘနေရာရောက်နေပြီ တနေ ့ မခိုင်ခိုင်အမေလိုပဲ
ဖြည် ့ဆည်းပေးရဦးမှာပဲ ။ ပို ့စ်ရဲ ့ရည်ဖွယ်ချက်လေး ကောင်းလှပါတယ်
ထောင်စရာလက်မ မတွေ ့လို ့ ရင်ထဲကပဲ လက်မထောင်သွားပါကြောင်း
Khaing Khaing
September 20, 2012 at 9:53 am
အမေ့ရဲ့မေတ္တာတွေက ညီမတို့အပေါ်မှာရော အမေ့ရဲ့အမေ(အဖွား)အပေါ်မှာရော သူ့ညီအစ်ကိုမောင်နှမ တွေအပေါ်မှာပါ တူညီစွာထားနိုင်လုပ်ပေးနိုင်တာကိုလည်း ချီးကျူးမိတယ် …. ကျေးဇူးတင်ပါတယ် ခမည်းခမက်ကြီး ရင်ဘတ်ကြီးနဲ့ဖတ်သွားလို့ …..
kyeemite
September 19, 2012 at 4:25 pm
Khaing Khaing ကလည်းစာရေးကောင်းပဲ…မိခင်တွေအများစုကဒီလိုပါပဲ..
ကိုယ်တိုင်ကမိခင်ဖြစ်တိုင်း ကိုယ့်အမေကို
ကိုယ့်သမီးလေးပေါ်ပေးနေတဲ့မေတ္တာမျိုး မှီအောင်ပေးနိုင်လိမ့်မယ်မထင်ပါဘူး…
ဘာလို့လဲဆိုတော့ ကျနော်လည်းအခုအဖေတစ်ယောက်ပါပဲ..ဒါပေမဲ့
ကျနော့်သားကိုပေးနေတဲ့ ဖခင်မေတ္တာနဲ့ စောင့်ရှောက်မှု့မျိုး
ကျနော့်ရဲ့ အဖေကိုမပေးနိုင်သေးပါဘူး…ဒါသဘာဝလို့ထင်ပါတယ်…
***************************
ပြောရအုံးမယ်…သမီးလသားအရွယ်လောက်က အိမ်ကိုသွားလည်တော့
အမေ(သမီးရဲ့အဖွား) က ကတုံးတုံးပေးတာ..ကျနော့မှာ အနားကနေကြည့်ပီး
စိုးတထိတ်ထိတ်နဲ့ ကဏာမငြိမ်ဖြစ်နေခဲ့ဖူးတယ်….တကယ်တော့
ဒီအမေလက်မှာကျနော်တို့ကြီးလာခဲ့တာပါ…အမေကတောင်ကျနော့ကိုအကဲပိုတယ်လို့ပြောလိုက်သေး…
Khaing Khaing
September 20, 2012 at 9:55 am
ဟုတ်တယ် … လေးမိုက်ရေ … ခိုင်ခိုင်လည်း အမေက ဒီလောက်လုပ်ပေးတာတောင် တစ်ခါတစ်ရံ ခိုင်ခိုင့်ရှေ့မှာ အမေက သမီးလေးကို တစ်ခုခုလုပ်ပေးတာ စိုးရိမ်ပြီးဝင်ပြောလို့ အမေက ခိုင်ခိုင့်ကိုမျက်စောင်းထိုးတာ ခံရတတ်သေးတယ် ……
mayjuly
September 19, 2012 at 4:47 pm
မိဘမေတ္တာကို သမီးမိန်းကလေးတွေက ပိုပြီးသိမယ်ထင်တယ်ဗျ ..
သမီး တွေက ဘယ်လိုပဲ ဖြစ်နေဖြစ်နေ မိဘအိမ် ဟင်းတစ်ခွက်တော့ရောက်တယ်တဲ့ ..
သားတွေဆို ယောက္ခမအိမ် .. အဲ လေ မိန်းမရရင် ကိုယ့်မိသားစုနဲ့ အနေဝေးနေတယ်ဆိုပဲ ..
မိန်းမမျက်နှာတစ်ရွာထင် ..အဲ အဲ ဘယ်ရောက်ရောက်ကုန်ပီလဲ .. :kwi:
ကိုယ်ထင် ကုတင်ခြေလေးချောင်းးးးးးး
Khaing Khaing
September 20, 2012 at 9:57 am
မှန်ပါတယ် မမဂျူး … ညီမလည်း ဒါလိုအဖြစ်တွေရှိလို့ သမီးမိန်းကလေးပဲလိုချင်တာ … သူများတွေပြောတာ ကြားဖူးတာပဲ … ကိုယ်ကကိုယ့်မိဘအပေါ်သိတတ်ရင် ကိုယ့်သားသမီးကလည်း ကိုယ့်အပေါ်ကို သိတတ်တယ်တဲ့လေ …….. သားယောက်ျားလေးမွေးမှာကို စိုးရိမ်တာကလည်း ဝဋ်လည်မှာစိုးလို့ … ခစ်ခစ်ခစ်
aanyar thar
September 19, 2012 at 6:32 pm
(အမေကျွန်မကို ခိုင်းတဲ့အချိန်က အလွန်ကိုတိုတောင်းလှပါတယ် … ကျွန်မအတွက် အမေလုပ်ပေးခဲ့တာ ယနေ့အချိန်ထိပါပဲ …
)…………ရင်ထဲ..ဘယ်လိုကြီး..မှန်းမသိ့ဘူးဗျာ…ဖြစ်သွားတယ်..ကျနော်…အမေ့မျက်နှာကို မမြင်ရတာ…၁၃…နှစ်ကျော်ပြီ…..တော်ပြီ…………….ဒီရွာထဲမှာ….မိ့ခင်..မေတ္တာ..အကြောင်းရေးတဲ့ပို့စ်ဆို..ဘယ်ပို့စ်.မှ့…ကျနော်မဖတ်..ချင်တော့ဘူး…..ဘဝဆက်တိုင်းဆက်တိုင်း…..အခြေအနေ..တစ်ခု့ကြောင့်….အမေ့မျက်နှာ..မြင်ခွင့်မရတဲ့သား….သူတစ်ပါး..နှိုင်ငံမှာ…ကျွန်ခံနေရတဲ့သား….မဖြစ်ရပါစေနဲ့..တော့..ကျေးဇူးတင်တယ်ဗျာ..ပိုစ့်တင်တဲ့..အစ်မကို..
Khaing Khaing
September 20, 2012 at 10:06 am
ကိုအညာသားရေ … ဒီပို့စ်လေးကိုတင်ရင်း အပြင်မှာလည်း အမေ့ဘယ်လောက်လုပ်ပေးပေး အမေ့ကို မဟုတ်မခံ ပြန်ပြောတတ်တဲ့ကိုယ့်စိတ်ကို ဆုံးမတဲ့အနေနဲ့ အမေညီမအပေါ်ဘယ်လို အနစ်နာခံတာတွေကို ပြန်တွေးပြီး ကျေးဇူးသိ သည်းခံတတ်အောင် တင်ပြရခြင်းဖြစ်ပါတယ် … အမေသေမှ နောင်တရတာထက် အခုလိုအချိန်မှာ အသိတရားဝင်လာတာ အချိန်မနှောင်းသေးဘူးလို့ထင်ပါတယ် ….
ကိုအညာသားလည်း တိုင်းတပါးရောက်နေပေမယ့် မြန်မာပြည်မှာအမေရှိသေးရင် အမေ့ကိုရှာကျွေးနေတယ်ဆိုရင်တော့ အမေကိုဒုက္ခမပေးပဲ ကျေးဇူးဆပ်နေတယ်လို့မှတ်ယူပေးလိုက်တာ ကုသိုလ်ရပါတယ် …. မြန်မာပြည်ကို အမေနေမကောင်းမှမဟုတ်ပဲ အမေကျန်းမာချိန်မှာ ပြန်လာနိုင်အောင် ကြိုးစားပြီး အမေ့ကို ပြုစုယုယပေးလိုက်ပါ ….. နေမကောင်းမှကျွေးမွေးပြုစုတာထက် အမေကျန်းမာစဉ် သူစားချင်တာ သူလုပ်ချင်တာကို ဖြည့်ဆည်းပေးနိုင်တာကုသိုလ်ပိုရမယ်လို့ထင်ပါတယ် … ညီမက အရင်ကဆို ညီမအတွက် ညီမအဆင်ပြေဖို့ပဲကြိုးစားခဲ့တယ် အမေတို့က ပြည့်စုံသူဆိုတော့ ညီမကအမေ့ကို စားသောက်စရာတွေဝယ်ပေး အဝတ်အစားတွေလက်ဆောင်ပေး ဒါလောက်နဲ့ညီမက ကျေနပ်နေခဲ့တယ် .. အမေတို့နေမကောင်းဖြစ်မှ ငါကုမယ်ဆိုတဲ့အတွေးကိုထားထားမိတယ် … ညီမအခုအမေတို့နဲ့အတူနေပြီး အမေ့ကို ညီမလစာထဲက ကန်တော့တော့ အမေအရမ်းကိုဝမ်းသာခဲ့တယ် ညီမအလုပ်ပိတ်ရက်တွေ သူဘုရားကျောင်းကန်တွေသွားရင် လှူရတန်းရလို့ သူစိတ်ချမ်းသာနေတာကို ညီမမြင်တွေ့ရတော့မှ ညီမအရင်ကလုပ်ခဲ့ကိုင်ခဲ့တာတွေက မှားမှန်းညီမသိလာတယ် …..
ကိုခင်ခ
September 19, 2012 at 7:47 pm
မိခင်မေတ္တာသည် သင်ပေးလို့တတ်လာသော အရာမဟုတ်၊ မိမိရင်ထဲက အလိုလို ဖြစ်တည်ပေါ်ထွန်းလာတဲ့ မေတ္တာမို့ တုနှိုင်းမယှဉ်လို့တောင် ဆိုကြပါတယ်။
Khaing Khaing
September 20, 2012 at 10:08 am
မှန်ပါတယ် ကိုခင်ခ …. လူတွေကပြောကြတာ အခုညည်းမိခင်ဖြစ်တော့ မိခင်မေတ္တာကို နားလည်ပြီလားတဲ့ … အရင်က ညီမမှာ ကလေးမရှိတုန်းက ကလေးတွေကို မချစ်တတ်သလို မိခင်တွေရဲ့စိတ်ကို ကိုယ်ချင်းမစာ တတ်ဘူး … အခုကလေးရှိချိန်မှ မိခင်တွေက သားသမီးတွေအပေါ်ကို ထားတဲ့မေတ္တာကို နားလည်တတ်လာ တယ် … ကိုယ်ချင်းစာပေးတတ်လာတယ် …..
may flowers
September 19, 2012 at 7:50 pm
ရေးလည်းရေတတ်ပါပေ့ ခိုင်ခိုင်ရယ် ဒီပိုစ့်လေးကို ဖတ်ပြီးငါလည်းအမေ့အပေါ်တာဝန်ကျေ ခဲ့ရဲ့လား
ဘာများပြန်ပြီး ကျေးဇူးဆပ်ခဲ့ဖူးပြီးပြီလဲလို့ ပြန်စဉ်းစားမိလာပြီး ဝမ်းနည်းမိလာတယ်။ ဘာပဲပြောပြော
ဒီပိုစ့်လေးကြောင့်အမေ့အကြောင်းကို ပြန်တွေးကြည့်မိပြီး အမေကိုပြန်သတိရကာ အမေ့ကျေးဇူးကိုပြန်
ဆင်ခြင်ခွင့်ရခဲ့တဲ့အတွက် ကျေးဇူးပါခိုင်ခိုင်ရေ။
Khaing Khaing
September 20, 2012 at 10:13 am
မမမေ … ဒီအဖြစ်အပျက်ကလေးက ညီမရဲ့ ကိုယ်တွေ့အဖြစ်လေးပါ … ညီမရေးတာတွေက လိုတောင် လိုပါသေးတယ် … အမေ့ရဲ့ညီမတို့မောင်နှမအပေါ်ထားတဲ့မေတ္တာတွေက အံ့မခန်းပါ … ညီမတို့ကျောင်းနေ စဉ်က အိမ်ငှားနေခဲ့ရတယ် …. အိမ်ဝယ်ဖို့ ပိုက်ဆံအနည်းငယ်ရှိပေမယ့် အဖေအလုပ်အဆင်မပြေချိန်မှာ ညီမတို့ပညာရေးမပြီးဆုံးမှာစိုးလို့ အမေက အိမ်မဝယ်ပဲ ရှိတဲ့ပိုက်ဆံကို စုစည်းပြီး ညီမတို့ပညာရေးတွေ ဆုံးခန်းတိုင်အောင် သင်ပေးခဲ့တယ် … ဒီလိုနဲ့ အိမ်ငှားဘဝနဲ့ပဲ အမေတု့ိနေခဲ့ရတယ်လေ ….
မောင်ပေ
September 19, 2012 at 9:43 pm
ခိုင်ရေ
ပေလဲ
ခိုင်တို ့သားအမိတစ်တွေ ဖြစ်ပုံ ကို ဖတ်ရတော့
မျက်ရည်တောက်တောက်ကျရပါတယ်ကွယ်
Khaing Khaing
September 20, 2012 at 10:30 am
ပေရယ် … မျက်ရည်တွေ တောက်တောက်ကျရတာ စိတ်မကောင်းလိုက်တာ … ပေတို့ မိသားစုတွေလည်း ပျော်ရွှင်ပါစေလို့ …… ဆုတောင်းရင်း ……..
the best
September 19, 2012 at 10:01 pm
ကလေးဘဝမှာ အမေမွေးတဲ့ မေမေ့“သား”၊
အိမ်ထောင်ကျတော့ မိန်းမမွေးတဲ့ မိန်းမ“သား”။
mayjuly
September 20, 2012 at 10:38 am
အဲ ဂလိုဂျီးလား … နာထင်တာမှန်နေပီ .. :kwi:
Khaing Khaing
September 20, 2012 at 10:44 am
ယောက်ျားတွေက အဲလိုပဲ … တွေ့လား …. မွေးရကျိုးမနပ်ဘူး ……
mayjuly
September 20, 2012 at 10:59 am
အဲလိုတော့ပြောပါနဲ့ ညီမရေ … (ရွာထဲက ကျားကျားတွေကို အားနာလို့) 😀
တချို့ အမေကိုချစ်တဲ့ ယောကျာ်းလေးတွေဆိုရင် သမီးတွေထက်တောင်သာတယ်လေ..
အဲဒါကြောင့်တချို့က ပြောကြသေးတယ်….
အမေကိုချစ်တဲ့သားက လင်ယောကျာ်းကောင်းတစ်ယောက်ဖြစ်မလာနိုင်ဘူးတဲ့ …
ဟုတ်လားတော့မတိ … :kwi:
အရီးခင်လတ်
September 20, 2012 at 2:49 am
ခိုင်ခိုင်ရေ
အမေက ဒီလို လုပ်ကိုင် ပေးနေနိုင်တာ က ဘဲ အင်မတန်ဝမ်းသာစရာပါ။
သူ့ဘဝမှာ ချစ်တဲ့သူတွေ အတွက် အလုပ်လုပ် နေရလို့ ပိုပြီး ကျန်းမာ နေတာဖြစ်မှာပါ။
တာဝန် ယူလုပ်ပေးနေတဲ့ အလုပ်တစ်ခု လုပ်ရတာ အင်မတန် ဂုဏ်ရှိပါတယ်။
ထိုင်ပြီး နေတာထက် တလှုပ်လှုပ် နေတာက ပိုပြီး ကောင်းပါတယ်။
ဒီလို ကိုယ့်ကို ချစ်လွန်းတဲ့ အမေမျိုး ကို လူတိုင်းမရပါဘူး။
ခိုင်ခိုင် လဲ ကံကောင်းတယ်။
အမေ့ ကို ဒီလို တွေးပေးတတ်တဲ့ သမီး ရထားလို့ ခိုင်ခိုင် ရဲ့ အမေ လဲ ကံကောင်းပါတယ်။
ခိုင်ခိုင် ရော သမီးလေး ကို အမေ့က ခိုင့်ကို လုပ်ပေးနေသလိုမျိုး လုပ်ပေးနိုင်မယ် ထင်ရဲ့လား။ 😉
Khaing Khaing
September 20, 2012 at 10:34 am
အရီးလတ်ရေ … သမီးရဲ့ဇွဲကတော့ အမေနဲ့မိုးနဲ့မြေလို့ကွာတယ် …. အမေကဇွဲရှိတယ် … သမီးကတော့ အပြောပဲရှိတာ အလုပ်ကသိပ်မရှိဘူး ……..
ကြောင်ကြီး
September 20, 2012 at 8:51 am
ခိုင်ခိုင့်သမီးလေး ဘယ်အရွယ်ရှိဗီဒုံး..။ မိန်းမပုခက်တွင်း ယောက်ျား တုတ်ကောက်နဲ့လမ်းလျောက်တဲ့ စာဆိုရှိတယ်…။ ဦးကြောင်ကြီးကို စကားစနေတာလားကွယ်…။
Mon Kit
September 20, 2012 at 9:04 am
ဦးကြောင်ကြီး ကွန်မန့်ဖတ်ပီး……..
ဟား..ဟား…ဟား…ဟား…
:harr: :harr: :harr:
ပြောလဲပြောတတ်တယ်…… 😆
Khaing Khaing
September 20, 2012 at 10:38 am
ဘုရား … ဘုရား … သူငယ်ချင်း ယောက္ခမ တော်ချင်နေပလား …. ဦးကြောင်ကြီးရေ … အဲလိုတော့ မထင်လိုက်ပါနဲ့နော် …….
Crystalline
September 20, 2012 at 9:10 am
မမခိုင်ကိုအပျိုကြီးထင်နေတာ. :kwi: သမီးတယောက်တောင်ရှိတယ်လား . မမခိုင်ရေးထားတာကို မမအမေသာမြင်ရင် နောင်၁ဝနှစ်စာ အားတွေပြည့်လာမလားမသိဘူး. ဆွေနီးမျိုးစပ်ထဲမှာရော အကူအညီ ခေါ်ထားဖို့မရှိဘူးထင်တယ်. ပြောသာပြောရတာ. လူတစ်ယောက်စရိတ်ကနည်းတာမဟုတ်ဘူးနော်.
Khaing Khaing
September 20, 2012 at 10:43 am
ထင်ချင်လည်း ထင်မှာမပေ့ါ ….. အမကတစ်ခါတစ်လေ ပေါက်ကရတွေလျှောက်ရေးတာကို … ဆွေနီးမျိုးစပ်ထဲမှာလည်း သူ့ဝမ်းစာသူကျောင်းနေရတော့ လာလုပ်ပေးမယ့်သူက မရှိဘူးလေ …. မိန်းကလေး ဆွေမျိုးကလည်း နည်းတာလည်းပါတာပေ့ါ ……..
နွယ်ပင်
September 20, 2012 at 11:19 am
မခိုင်က ကလေးတစ်ယောက်ရှိပင်မယ့် တစ်ကယ့်ကိုမထင်ရပါဘူး
နွယ်ပင်တောင် တွေ့ကာစက မခိုင်ကို အပျိုလို့ပဲထင်နေတာ အဟုတ်နော် …
မခိုင်ရေ …. ရေးထားတာလေးဖတ်ပြီး စိတ်ထဲ နွယ်ပင့်အမေကို ပြေးမြင်မိတယ်
အမေက အခုချိန်ထိ နွယ်ပင့်ကို ကလေးတစ်ယောက်လို ဂရုစိုက်တုန်းလေ …
ဘယ်သွားသွား ဘယ်လာလာ ဘာပဲဖြစ်ဖြစ် အရမ်းစိတ်ပူတက်လို့ အမြဲတမ်း စိတ်မပူဖို့
ပြောပြရတယ် … တစ်ခါတစ်လေ နွယ်ပင်တို့ အလည်လွန်လို့ အိမ်ပြန်နောက်ကျတဲ့နေ့တွေဆို
မအိပ်ပဲ စောင့်နေတက်တယ်လေ …. မိခင်မေတ္တာကတော့ ဘာနဲ့မှ အစားထိုးလို့မရပါဘူး ….
Khaing Khaing
September 20, 2012 at 12:26 pm
အမလေး လေး…… နွယ်ပင်တို့အဲသလိုပြောလေ အခုနောက် …… ရမှာ ကြောက်လေပဲ … အရွယ်ထပ်ကျသွားမှာ စိုးလို့ … ခစ်ခစ်ခစ်
နွယ်ပင်အမေရှိတုန်းလေး မြန်မြန်သာမွေးပေးလိုက် သူလည်းမြေးထိန်းချင်မှာပေ့ါ အမအမေလိုပဲ နွယ်ပင်အမေလည်း သူ့မြေးလေးကို သေချာပေါက်လုပ်ပေးမှာ ……….
etone
September 20, 2012 at 11:10 am
မိခင်နေရာ မရောက်သေးပေမယ့် ကိုယ့်အပေါ်ကြင်နာမှူပေးတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာကိုခံစားလို့ရပါတယ် ။ မိခင်တိုင်းက သားသမီးတွေအတွက် အမြဲတမ်း ပေးဆပ်ဖို့စောင့်စားနေတဲ့ လူသားတွေလို့ပြောရမလားပဲ ။
အမေ မရှိတော့လျှင်ဆိုတဲ့ အတွေးတွေက …. ဘယ်အချိန်စဉ်စားစဉ်စား …. အာရုံတွေနောက်ကျိ၊ မျက်စိတွေမူးဝေပြီး နှလုံးခုန်သံတွေပေါက်ထွက်မတတ်ရင်ခုန်ရတဲ့ ဖီလင်မျိုးကိုဖြစ်စေတယ် ။ ဘယ်လိုတွေးတွေး မနှစ်မျို့စရာကိစ္စလိုပါပဲ … ။
လူသားတိုင်း သေကြရမှာပါ …. ဒါကိုသိလို့ အသက်ရှင်စဉ်အတွင်း ၊ အမေ့ကို စိတ်ချမ်းသာစေချင်တယ် … ။ ကိုယ့်အတွက်နဲ့ သောကမရောက်စေချင်ဘူး ။ ဒါကြောင့်လည်း … အိမ်ထောင်ပြုဖို့ …. ရက်အကန့်သတ်မရှိ ရွှေ့ဆိုင်းထားတယ် …. ။ :kwi:
Khaing Khaing
September 20, 2012 at 12:28 pm
သွားပီ သွားပီ ….. ကိုယ့်ရှုးကိုယ်ပတ်ပြီး ဒီပို့စ်တင်လို့ စားပေါက်ပိတ်သွားပြီကွာ …. မမတုံရယ် … အဲသလိုကြီးတော့မလုပ်လိုက်ပါနဲ့နော် ….. တော်ကြာ ကိုကြေးအိုးဆိုင်တွေ့သွားရင် သူများကိုမခေါ်ပဲ နေပါဦးမယ် …… မာန်နတ်မကြီးဆိုပြီးတော့ ……….
မဟာရာဇာ အံစာတုံး
September 20, 2012 at 4:29 pm
မိခင်မေတ္တာဟူသည်
ဘယ်အရာနဲ့မှ တုနှိုင်းလို့မမှီ ..
အရာအားလုံးထက် ကြီးမြတ်ခြင်းဟူသည်
မိခင် မေတ္တာသာ ဖြစ်ပါတော့သည် ..
Tin Tin
September 21, 2012 at 5:39 pm
ိခိုင်ခိုင်ရေ …တို့တွေနဲ့ထပ်တူနီးပါးတူနေလို့ ကိုယ်ချင်းစာစိတ်၊ ခံစားချက်အပြည့်နဲ့ဖတ်လိုက်ပါတယ်..
အမေတွေကလေ သားသမီးတွေဘယ်လောက်ကြီးကြီး သူတို့မှာတော့ စိတ်မချဘူး၊ လုပ်နိုင်သလောက်ကို ပြုစုစောင့်ရှောက်နေတုံးဘဲလေ။ ကိုယ်တွေကလည်း ကလေးတွေကငယ်၊ အလုပ်တွေကတဖက်နဲ့ ဆိုတော့ အမေ့ခမျာ စိတ်မချ၊ လက်မလွတ်နိုင်ဘူးဖြစ်နေတာပေါ့။ ခိုင်ခိုင်လိုဘဲလေ တို့လည်းတွေးမိရင် အရမ်းဝမ်းနည်းတယ်၊ အမေ့ကိုလေ အေးအေးချမ်းချမ်းလေးနေစေ့ချင်ပါပြီ၊ အလုပ်ကနေ အိမ်ပြန်ရောက်ရင်တော့ အမေရယ်နားပါတော့.. ဆိုပြီး အတင်းပြောရတယ်။
အမေ့ရဲ့မေတ္တာ၊ ဂရုဏာတွေကတော့ ပြောလို့မကုန်နိုင်အောင်ပါဘဲကွယ်…..