Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကလေးလေးက ဝဝကစ်ကစ်လေးနော်။

ခင္ခSeptember 19, 20121min89829

ကလေးလေးက ဝဝကစ်ကစ်လေးနော်။

အဲလိုမျိုးပြောကြရင် မိဘများကိုယ့်ကလေးက ဖွံဖြိုးတယ်ဆိုပြီးကျေနပ်လို့ ပြုံးလို့ဗျာ။ ကဲ ခင်ခရဲ့ ထုံးစံအတိုင်း ကျန်းမာရေးအမြင်နဲ့  ရေးလိုက်အုံးမယ် ဖတ်ဖူးတဲ့တိုလီမိုလီစာပေထဲကပေါ့။

ကလေးတွေ ဖွံဖြိုးတယ် ဝတယ်ဆိုတဲ့နေရာမှာ သင့်သင့်သောဖွံဖြိုးမှု၊ ဝမှုဘဲဖြစ်သင့်ပါတယ်၊ အဝလွန်ရင် ပြဿနာ ရှိနိုင်ပါတယ်၊ ကလေးဘဝက အဝလွန်ခြင်းဟာ လူကြီးဘဝအထိ အဝလွန်ဖို့ကိုအားပေးနိုင်ရုံမက ကုရခက်ပြီး တသက်လုံးဆေးစားရမယ့် ရောဂါများ၏ အစလည်းဖြစ်နိုင်လို့ပါဘဲ၊ သေချာပေါက်ပြောလို့ ရနိုင်တာက အဝလွန်တဲ့ခလေးတွေဟာ သွေးတိုးရောဂါကို စောစီးစွာရစေမှာဖြစ်နိုင်ပါတယ်၊ ဆန်းစစ်ချက်များ အရ ၁၉၉၁ ခုနှစ်မှာ တရုတ်လူမျိုး ၁၀ဝ တွင် ၁၁.၃ ယောက် သွေးတိုးရောဂါရှိရာမှ ၂၀၀ဝ ပြည့်နှစ်မှာတော့ ၂၇.၂ ယောက်ဖြစ်လာပါတယ်တဲ့၊ တစ်ပြိုင်နက်တည်း မှာပင် တရုတ်ကလေးငယ်တွေ၏ အဝလွန်နှုန်းဟာ ကျောင်းမနေခင် အရွယ်တွင် ၃၁.၇% နှင့် ကျောင်းသားအရွယ်တွင် ၁၇.၉% တိုးတက်လာတယ်။ ဆိုလိုတာက အရှေ့ပိုင်းနိုင်ငံတွေမှာ နေထိုင်မှုပုံစံပြောင်းလာတာနဲ့အမျှ ကလေးအဝလွန်ပြဿနာလည်း တိုးလာတာကိုပြ တာပါ။ အဲဒါဟာငယ်ငယ်ရွယ်ရွယ်နဲ့သွေးစတိုးမယ့် လူရွယ်လူကြီးတွေ များလာလိမ့်မယ်လို့ ပြတဲ့သဘောပါ။

ဆရာဝန်ကိုပြကြည့်ရင် ဆရာဝန်က ကလေး၏ အလေးချိန်ကို သတ်မှတ်ဇယားမှာချကြည့်မယ် ၉ရ အထက် ဆိုရင် အဝလွန်သည်ဟုသတ်မှတ်ပါလိမ့်မယ်၊ ဒါပေမယ့် အသက်နှင့်မမျှသည့် အလေးချိန်ရှိနေသော်လည်း အရပ်မြင့်နေမယ်ဆိုရင် အဝလွန်သည်ဟုသတ်မှတ်လို့ မရတာတွေရှိနိုင်ပါတယ်၊ BMI(Body Mass Index) နည်းဖြင့်တိုင်းခြင်းက ပိုပြီးတိကျနိုင်တာတွေ့ရပါတယ်။ ထိုနည်းက အလေးချိန် ကီလိုဂရမ်ကို အရပ်အမြင့် မီတာနှစ်ထပ်ကိန်းနဲ့ စားခြင်းဖြစ်ပါတယ်။ အဲဒီမှာ ဘယ်အရွယ်မဆို ရလာဒ်က ၂၅ ထက်ကျော်လျှင် overweigh ( အလေးချိန် ဘောင်ကျော်ပြီ ) ဟု သတ်မှတ်ပြီး ၃ဝ ကျော်လျှင် obesity ( အဝလွန် ) လို့ သတ်မှတ်ပါတယ်၊ အဲဒီမှာလည်း အငြင်းပွားနေတဲ့အချက်ရှိပါတယ် အလေးချိန်မှားပေမယ့် အဆီများတာ မဟုတ်ဘူး ကြွက်သားသန်မာတာ လည်းဖြစ်နိုင်လို့ အဆီသတ်သတ် အသားသတ်သတ် တိုင်းသင့်တယ် ဆိုပြန်ရောလေ။ အဲဒီတော့ BMI ကို FMI ( Fat Mass Index ) နဲ့ LMI ( Lean Mass Index ) ဆိုပြီး ခွဲခြားတိုင်းတာမှုတွေ လုပ်လာကြပါတယ်၊ ကျွန်တော်တို့နိုင်ငံမှာတော့ အခုလိုခွဲခြားတိုင်းတာဖို့ မလွယ်သေးပါ။ တိုင်းတာနိုင်ရင်တောင် ကလေးကို dual X-ray absorptiome-try ( DEXA ) လို စက်ဖြင့် တိုင်းသင့် မသင့် စဉ်းစားသင့်ပါတယ်၊ ဒါပေမယ့် သုတေသနဆရာဝန်များကတော့ BMI တစ်ခုတည်းတိုင်တာမှုနဲ့ တွက်ချက် လည်း အဖြေမှန်နီးပါးရနိုင်ကြောင်း ကလေးကို FMI အတွက် X-ray ဖြတ်ခြင်းက ယေဘူယျမပြုလုပ်သင့် ကြောင်းအကြံပြုထားပါတယ်၊ BMI တွက်ပုံ နမူနာက အရပ်အမြင့် ၁၀ဝ စင်တီမီတာရှိတဲ့ ကလေးက အလေးချိန် ၃၂ ကီလိုဂရမ် ရှိသည်ဆိုလျှင် ၁၀ဝ စင်တီမီတာသည် ၁ မီတာဖြစ်၍  ( ၃၂ / ၁ ) ဖြစ်သဖြင့် ၃၂ ရမည်ဖြစ်ပါသည်။ အဝလွန်နေပြီလို့ ဆို၍ရနိုင်ပါသည်။ တွက်ရလွယ်အောင် ကိန်းဂဏန်းစပ်ဆက်မှုမှာ

1 cm = 0.394 in

1 m = 3.28 ft

1 m = 100 cm

1 kg = 2.20 lb ဖြစ်ပါသည်။

ကလေးတွေ အဝလွန်ရင်သွေးတိုးကရော တကယ်ဖြစ်မှာလား အဲဒါစဉ်းစားရမယ့်အချက်ဖြစ်လာပြီ၊ ယခင်တုန်း ကကျောက်ကပ်ရောဂါရှိတဲံကလေးတွေ သွေးတိုးရှိကြတာတွေ့ရပြီး အခုအချိန်မှာတော့ ဘာရောဂါမှ မရှိဘဲ အဝလွန်တာသက်သက်နှင့် သွေးတိုးသော ကလေးတွေတွေ့လာရပါတယ်၊ အစားအသောက် အနေအထိုင် တွေခေတ်မှီပြောင်းလဲ လာတာနဲ့အမျှ အရင်တုန်းကလူကြီးတွေမှ ဖြစ်တဲ့ရောဂါတွေဟာ အခုအချိန်မှာ ကလေး တွေဆီ နယ်ချဲ့ရောက်လာနေပြီဖြစ်ပါတယ်၊ ဒါပေမယ့် လူကြီးအတွက်သုံးသောဆေးတွေက ကလေးအတွက် အပြည့်အစုံ မစမ်းသပ်ရသေးသောကြောင့် ကလေးတွေကို လူကြီးဆေးအတိုင်း သောက်သုံးစေဖို့ မဖြစ်နိုင် သေးတာမို့ ဆရာဝန်ညွှန်ကြားမှုလိုနေပါတယ်၊ ကျွန်တော်သွေးတိုးစသိတော့ အသက် ၄ဝ ဝန်းကျင်ဆိုတော့ နေ့တိုင်းဆရာဝန်ညွှန်ကြားချက်အတိုင်းဆေးမှန်မှန်သောက်ရင် နှစ်အနည်းငယ်မှာ ဘာမှမဖြစ်နိုင်ပေမယ့် နှစ်ပေါင်းနောက်ထပ် ၃၀-၄ဝ ဆို ဆေးကြောင့်ဘဲဖြစ်ဖြစ်၊ ရောဂါကြောင့်ဘဲဖြစ်ဖြစ် ဘာဆိုးကျိုးတွေဖြစ်မလဲ ဆိုတာမှန်ရခက်ပါတယ်၊ အကယ်လို့ ၁၂-၁၃ နှစ်အရွယ်မှာ သွေးစတိုးနေရင် ထိုလူတစ်ယောက်ရဲ့ သက်တမ်း စဉ်းစားကြည့်ပါ။

သုတေသနဆရာဝန်တွေက ၆ နှစ်အထိလေ့လာမှု့ပြုခဲ့တဲ့ ရလာဒ်အရ အဲဒီအရွယ်မှာပင် BMI နှင့် အပေါ်သွေး ( systolic blood pressure ) ဟာတိုက်ရိုက် အချိုးကျနေတာတွေ့ရပါတယ်၊ ဆေးသောက်ရမယ့်အဆင့်မျိုး သွေးတက်နေတာတော့ မဟုတ်ပေမယ့် အရွယ်အနေအထားအရ အများရှိသင့်တာထက် ပိုနေတာမျိုးပါ၊ ဒီလိုကလေးတွေဟာ ၂၀-၃ဝ အရွယ်ကြားမှာ သွေးတိုးစတင်ဖြစ်နိုင်မယ်လို့ ယူဆကြပါတယ်၊ BMI များသော ကလေးတွေမှာ အဆီများတာ၊ အသားများတာမဆိုင်ဘဲ သွေးတိုးမှုရှိနိုင်တာ သတိပြုပေးစေလိုပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံလူတန်းစားတွေရဲ့ ကလေးတွေမှာမတွေ့ရပေမယ့် တတ်နိုင်တဲ့မိဘတွေများလာတာ နဲ့အမျှ တီဗွီ၊ ဗွီဒီယို၊ ဂိမ်း၊ အင်တာနက်၊ စတဲ့တစ်နေကုန သို့မဟုတ် အချိန်များစွာ ထိုင်နေရတာတွေများ လာတာရယ် အလွယ်တကူ စားလို့ရစေတဲ့ ဟမ်ဘာကာ ဟော့ဒေါ့ ပီဇာ လိုမျိုးသရေစာတွေလည်း ရှိလာပြီး အစားများဆုံးက ကလေးတွေဖြစ်နေတာတွေ့ရပါတယ်၊ တစ်ချို့စမ်းသပ်ကြည့်ရင် လူငယ်တွေမှာ အပေါ်သွေး ၁၃ဝ လောက်ရှိတာ တွေ့နေရပါပြီ၊ အဝလွန်တယ်ဆိုတာ အရိုးရှင်းဆုံးပြောရလျှင် ဝင်သည့်ကယ်လိုရီနှင့် ထွက်သည့်ကယ်လိုရီ မမျှတမှုတစ်ခုပါ၊ စားတာများရင် ဝမည်၊ ကယ်လိုရီများတာစားရင် ဝမည်၊ လှုပ်ရှားမှုနည်း လျှင် ကယ်လိုရီထွက်တာနည်းမယ်၊ ဦးနှောက်က အလုပ်လုပ်နေခြင်းသည် ကယ်လိုရီ ပြန်မထွက်ပါ။ ကလေးဆိုတာ လူကြီးလိုအစား အစာကိုထိန်းစား လေ့ကျင့်ခန်း အချိန်နဲ့လုပ် အဲလိုမျိုး စနစ်ထားတာထက် နေထိုင်မှုပုံစံပြောင်းပေးတာ ပိုကောင်းတာတွေ့ရပါတယ်၊ ပြေလွှားဆော့ကစားနေမယ် လှေခါးတက်လိုက် ဆင်းလိုက်လိုမျိုးဆော့နေရင် ကယ်လိုရီဟာသူအလိုလို လောင်ကျွမ်းကုန်ဆုံးနိုင်ပါတယ်၊ အဲလိုမဟုတ်ဘဲ တီဗွီ၊ ကွန်ပျုတာရှေ့မှာဘဲ ကြာရှည်ထိုင်နေရင် ငါ့သားလေး၊ ငါ့သမီးလေး လိမ္မာတယ် ငြိမ်နေတာဘဲဟာ နောင် တစ်ချိန်မှာလည်း ငြိမ်နေရအောင် သွေးတိုးမှု့ကိုဖိတ်ခေါ်သလို ဖြစ်နိုင်ကြောင်း သုတေသနလေ့လာမှု့အရ ဆိုထားပါတယ်၊

ဒါကြောင့်ကလေးတွေကို အစားလည်းလျော့ခိုင်းလို့မဖြစ် ဗိုက်စာလျှင်ကလေးက ဂျီကျနေမှာဘဲမို့ တိရစ္ဆာန် မှရတဲ့အဆီ၊ ထောပတ်၊ မရောချိစ်၊ ချိစ်၊ အချိုရည်၊ Fast Food ခေါ်တဲ့ သရေစာတွေ ၊ ကယ်လိုရီများစေတဲ့ အစားစာတွေကို ကလေးကသိပ်ကြိုက်တာဆိုပြီး အလိုလိုက်များစွာမကျွေးသင့်သလို၊ အသီးအရွက် စားတဲ့ အလေ့အကျင့်ကို ကျင့်ပေးစေပြီး၊ ပြေးလွှားဆော့ကစားစေဖို့ ဒါမှမဟုတ် အလုပ်၊ရုံးပိတ်ရက်၊ အားလပ်ရက်မှာ မိသားစုခရီးသွားတာ လျှောက်လည်တာမျိုးတွေ လေ့ကျင့်လုပ်ပေးကြစေလိုပါတယ်၊

ကလေးဆိုတာ ကိုယ့်မိဘ၊ ကိုယ့်လူကြီး လုပ်သလို ထားသလိုအခြေအနေပေါ်မူတည်ပြီး လိုက်လုပ်ဖြစ်တာ ရာခိုင်းနှုန်းများပါတယ်၊ မိဘသို့မဟုတ် အနေနီးလူကြီးကိုယ်တိုင် ဟမ်ဘာဂါကြိုက် ကိုရီးယားကားစွဲ နေလျှင် ကလေးလည်း ဟမ်ဘာဂါစား ပါဝါရိမ်းဂျားရှေ့ထိုင်တော့မှာပေါ့လေ၊ အဲဒီကြရင် ပါဝါရိမ်းဂျားတွေ ဖြစ်မလာဘဲ ပါဝါဖက်တီးတွေဖြစ်လာလျှင် နောင်အခက်တွေ့ပါလိမ့်မယ်လို့ အသိပေးရင်း ရင်သွေးတို့ အဝလွန်ဘေး ကင်ဝေးကြပါစေလို့။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

29 comments

  • kyeemite

    September 19, 2012 at 4:04 pm

    ကိုခင်ခရေ..စိတ်ရှည်ရှည်နဲ့အချက်အလက်ကျကျတင်ပြထားတာလေး
    ကောင်းပါတယ်…လူတိုင်းလည်းကရုစိုက်သင့်တဲ့အကြောင်းအရာတွေပါပဲ..

    အသီးအရွက် စားတဲ့ အလေ့အကျင့်ကို ကျင့်ပေးစေပြီး၊ ပြေးလွှားစော့ကစားစေဖို့ ဒါမှမဟုတ် အလုပ်၊ရုံးပိတ်ရက်၊ အားလပ်ရက်မှာ မိသားစုခရီးသွားတာ လျှောက်လည်တာမျိုးတွေ လေ့ကျင့်လုပ်ပေးကြစေလိုပါတယ်၊

    ဟုတ်တယ်ကိုခင်ခရေ..ခုခေတ်ကလေးတွေ သရေစာပိုစားလာကြတယ်..ဒါကြောင့်ကလေးတွေကို
    အသီးအရွက်တမျိုးမျိုး ထမင်းအနပ်တိုင်းပါအောင် အကျင့်လုပ်ပေးနေတယ်ဗျို့..
    ကျုပ်တို့ကတော့ငယ်ငယ်ကတိုင် အသီးအရွက်နဲ့ကြီးလာခဲ့တာဆိုတော့….. :harr:

  • Khaing Khaing

    September 19, 2012 at 4:05 pm

    အိမ်ကသမီးလေးကတော့ ဝအောင်ဘာပဲကျွေးကျွေးဝမလာဘူး … သူကိုယ်တိုင်ကလည်း ဝစေမယ့် အစားအသောက်တွေဆို မကြိုက်ပဲ ကလေးသာငယ်တာ အချဉ်အစပ်တွေကို ကြိုက်နှစ်သက်နေတယ် ….

    • etone

      September 19, 2012 at 4:56 pm

      ညိုးယိုးများ လိုက်သလား မမခိုင် အဟီး ..
      အဖေရော ၊ အမေရောက … စလင်းဘော်ဒီဆိုတော့ .. သမီးလေးလည်း စလင်းဘော်ဒါရှိတ်ဖြစ်တာ… ဂုဏ်တောင် ယူရဦးမယ် ..အဟီး ။ :kwi:

    • အဲဒါ အထဲမှာသန်ကောင်ရှိလို့နေမှာရယ် သန်ကောင်ရှိရင် လူမဝဘူးပြောတာဘဲ
      ဟုတ်လားတော့မသိဘူး

      • Khaing Khaing

        September 20, 2012 at 12:19 pm

        ငယ်ကတည်းက တစ်ခါမှ သန်မချဖြစ်ဘူး …… ဟိုတစ်လောက ညဘက်အိပ်မရတော့ သူ့ကိုတုတ် ကောက်တွေထိုးနေတယ်လေ …… ဒါနဲ့ အခုသန်ချပေးထားတယ် ….
        မျိုးရိုးလိုက်တာလဲ ဖြစ်နိုင်ပါတယ် ….. မမတုံနဲ့ ကိုကြေးအိုးဆိုင်ဆိုရင်တော့ မွေးလာတဲ့ကလေးက ဝလောက်တယ် ……… ညိုးရိုးလိုက်ပြီးတော့လေ ……

        • etone

          September 20, 2012 at 1:25 pm

          လူမှာ အညိုး .. ကြက်မှာအရိုးဒဲ ့… အဟီးးးးးးးးးးးး :harr:
          တူညားလို ဗားချင်းလေဒီ အသစ်ချက်ချက်ယေးကို … မမခိုင် လူသိရှင်ကြား ယောကျာ်းပေးစားတဲ့အပြင် …ကလေးပါမွေးခိုင်းဒါ … ဒါ … ဒါ .. အသားရေဖြတ် ..အဲ … အသရေဖျက်မှုပဲ ……… ပုဒ်မ သုံးခွန်ခြောက်နဲ့ စွဲပလိုက်ရမလား .. ခွိခွိ 😆

  • ကိုခင်ခ

    September 19, 2012 at 4:20 pm

    ကိုကြီးမိုက်ရေ ဦးဆုံးကွန်မန့်အတွက် ကျေးဇူးပါဗျာ။

    မခိုင်ရေ ကလေးဆိုတာ မ ဝ ပေမယ့်၊ အားရှိနေရင်ရပါပြီ၊ အဝလွန်ကလေးတွေ ဝန်းကျင်မှာတွေ့နေရလို့
    ရေးဖြစ်သွားတာလေ၊ ဖတ်ရှု့ကွန်မန့်အတွက်ကျေးဇူးပါနော်။

    ဝင်ကွန့်ပေးတဲ့ မအိတုံ၊ ကိုပေါက် တို့ကိုလည်းကျေးဇူးပါ။

  • Hnin Hnin

    September 19, 2012 at 4:49 pm

    စိတ်ဝင်တစားနဲ့ ဖတ်သွားပါတယ်….သူ့သွားပေါက်၊ အစားပုတ်လေး အစားတစ်ချက်
    နည်းသွားတာနဲ့ပိန်သွားမလားစိတ်ပူပြီး သဲသဲလှုပ်တတ်တဲ့ ယောက်မကို ပေးဖတ်ဖို့
    ကူးသွားပါတယ်… း)..ကလေးကတော့ အဝလွန်မှာစိုးလို့ ထိန်းကျွေးတော့ ပြည့်ပြည့်
    လေးပါပဲ..မဝဘူး…ကိုခင်ခ ပြောသလို ကလေးက မဝလည်း ကျန်းမာသန်စွမ်းနေရင်
    ရပြီဆိုတာ လက်ခံပါတယ်…

  • ကြောင်ဝတုတ်

    September 19, 2012 at 5:00 pm

    ကျွန်တော့်ကို မြင်ပြီးရေးထားတဲ့ပိုစ့်များလား အစ်ကိုရယ်…
    အရပ် ၅ပေ ၁၁လက်မ၊ ပေါင်ချိန် ၂၅ဝ ကျော်ဆိုတော့… အကြီးကြီးဖြစ်နေတာကိုက လွဲနေတာ…
    ဝပြီး ပုရင်ပုပုလုံးလုံးလေးနဲ့ ကိုရွှေတိုက်စိုးလိုချစ်စရာလေးဖြစ်ဦးမယ်…အာဟိ
    ဝပြီးတော့ အရပ်ကရှည်နေတော့ အကြီးကြီးဖြစ်ပြီး ထင်ထင်ရှားရှားသိသိသာသာကြီးဖြစ်နေတော့တာပေါ့…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • ကိုခင်ခ

      September 19, 2012 at 7:10 pm

      စိတ်ဝင်တစားဖတ်သွားသူ နှင်းနှင်းရေ တစ်ချို့ကလေးတွေက မဝပေမယ့် ကျန်းမာရင်ကောင်းပါတယ်။

      တစ်ခါလည်သားသားလေး ကိုကြောင်ဝတုတ်ရေ ခုမှတော့ ဆက်သာ do ပါတော့ဗျာ၊ မထူးတော့ပါဘူးနော်။ ( တစ်ခါလည်ဆိုတာ မနက်မိုးလင်းကထဲက ထွက်ပြီးလည် လိုက်တာ ညအိပ်ချိန်မှပြန်ရောက်လို့ အိမ်ကတစ်ခါဘဲ ထွက်လည်သော သားသားဖြစ်ပါကြောင်း) 😆

  • လုံမလေး မွန်မွန်

    September 19, 2012 at 5:09 pm

    လေးလေးရေ..ဘာလို့လည်းတော့မသိဘူး..အခုခေတ်ကလေးတွေက ဝရင်ဝ၊ မဝရင်ပိန်။ ရန်ကုန်က ကလေး တော်တော်များများက အဲဒီအတိုင်းဖြစ်နေတယ်။ ဓာတ်ကြီးလေးပါး မမျှလို့များလား… 🙄

    “ဒါကြောင့်ကလေးတွေကို အစားလည်းလျော့ခိုင်းလို့မဖြစ် ဗိုက်စာလျှင်ကလေးက ဂျီကျနေမှာဘဲမို့ တိရစ္ဆာန် မှရတဲ့အဆီ၊ ထောပတ်၊ မရောချိစ်၊ ချိစ်၊ အချိုရည်၊ Fast Food ခေါ်တဲ့ သရေစာတွေ ၊ ကယ်လိုရီများစေတဲ့ အစားစာတွေကို ကလေးကသိပ်ကြိုက်တာဆိုပြီး အလိုလိုက်များစွာမကျွေးသင့်သလို၊ အသီးအရွက် စားတဲ့ အလေ့အကျင့်ကို ကျင့်ပေးစေပြီး၊ ပြေးလွှားစော့ကစားစေဖို့ ဒါမှမဟုတ် အလုပ်၊ရုံးပိတ်ရက်၊ အားလပ်ရက်မှာ မိသားစုခရီးသွားတာ လျှောက်လည်တာမျိုးတွေ လေ့ကျင့်လုပ်ပေးကြစေလိုပါတယ်၊”

    အမှန်ပါပဲ လေးလေးရေ.. ကလေးတွေတင်မက လူကြီးတွေပါ ဂရုစိုက်ဖို့ လိုအပ်ပါတယ်… လူကြီးတွေလည်း ဒီအတိုင်းပါပဲ…

    ဒါနဲ့. စကားမစပ် “ဆော့ကစား” ဖြစ်ပါတယ်နော်… သတ်ပုံမကြည့်ဖြစ်တာကြာနေတာ အခုမှ ကော်ပီကူးရင်း တွေ့လို့… 🙂

  • candle .

    September 19, 2012 at 5:27 pm

    မိခင်တိုင်းအတွက် သိသင့်တဲ့ ပို ့စ်လေးဖြစ်လို ့
    ကော်ပီတွေအများကြီးကူးပြီး အိမ်နီးချင်းများ
    ကိုဝေပါရစေနော်..ကျေးဇူးများစွာနှင့်..

  • manawphyulay

    September 19, 2012 at 5:45 pm

    မီး ငယ်ငယ်တုန်းကလည်း ဝဝဖိုင့်ဖိုင့်လေးလေ.. တိလား ဦးဦးခ..
    ခုတော့လည်း အဲလိုဝဝဖိုင့်ဖိုင့်လေး ဖစ်လာဘူး… 🙁

  • ကိုခင်ခ

    September 19, 2012 at 7:34 pm

    ဆော့ကစား အမှန်ပြောပေးလို့ ကျေးဇူးတင်ပါတယ် လုံမလေးရေ။ :harr:

    candle ရေ သဘောပါဗျာ၊ ခင်ခ တင်ပြီးသားပိုစ့်တွေက သိစေချင်လို့တင်တာပါ။

    မနှောရေ ဟုတ်လားဗျာ။

  • အလင်းဆက်

    September 19, 2012 at 7:41 pm

    မိန်းမတော့ရသေးဝူး..။
    သို့သော်..မှတ်../ ဖတ်လိုက်ပါ၏

    ဟိဟိ ။

    • ကိုခင်ခ

      September 19, 2012 at 11:26 pm

      ကိုအလင်းဆက်ကလည်း ကလေးဆိုတာ မိန်းမရမှရှိတာလား၊
      ကိုယ့်အနီးဝန်းကျင်မှာလည်း ကိုယ့်သွေးသားမဟုတ်ပေမယ့် ရှိနိုင်ပါတယ်။

  • may flowers

    September 19, 2012 at 7:57 pm

    ကျွန်မလည်း တူတူပဲ သားလေးကို အများကြီးစားပြီး ဝတုတ်တုတ်လေးဖြစ်စေချင်ခဲ့ပါတယ်။ ဒါကြောင့်

    ကလေးမစားတော့ဘူးပြောတာတောင်မှ အတင်းဇွတ်ကြီးကျွေးခဲ့ဖူးတာတွေတောင်ရှိခဲ့ပါတယ်..ဒါပေမဲ့

    ကံကောင်းတာက ကျွန်မကလေးကဝတုတ်တုတ်မဖြစ်ပဲ အရပ်ကြီးရှည်ပြီးခန္ဒာကိုယ်ကြီးက သူနဲ့ရွယ်တူ

    ကလေးတွေထက် ခေါင်းတစ်လုံးစာလောက်ပိုမြင့်နေလို့ တော်ပါသေးရဲ့ အဝလွန်မသွားတာ..လို့ခုမှ

    ရင်ဘတ်ဖိ ဘုရားတနေမိတာ..။ ဒီပိုစ့်လေးအတွက် ကျေးဇူးပါကိုခင်ခရေ။

    • ကိုခင်ခ

      September 19, 2012 at 11:37 pm

      မမေရေ ကလေးကိုကျွေးတဲ့အခါ
      ၁။ နှမြောစာမကျွေးပါနှင့် – ဥပမာ ကလေးက ဗိုက်ပြည့်ပြီဆိုတာကို သားရေ ဒီတစ်ခုထဲကျန်တာ နှမြောပါတယ် ရော့စားလိုက်ဆိုတာမျိုး။
      ၂။ ဗိုက်ကယ်အောင် မစားစေနဲ့ – ဥပမာ ကလေးကစားကောင်းကောင်းနဲ့စားနေတာ
      တော်သင့်ပြီအနေအထားမှာ သားရင်ပြည့်မယ်တော်တော့လို့ မတားရက်ဘဲစားစေတာ။
      ၃။ စားကောင်းတိုင်းမချင့်ချိန်ဘဲမကျွေးပါနဲ့ – ဥပမာ ကလေးကစားကောင်းတယ် ကြိုက်တယ်ဆိုပြီး အလွန်အကျွံထပ်ကျွေးစေတာ။—- အဲဒီ ၃ ချက်ကို သတိ ထားပြီး ကျွေးခြင်းကပိုကောင်းတယ်လို့ ဆရာဝန်ကြီးတစ်ဦးဆီက ကြားခဲ့ဖူးတယ်။

  • မောင်ပေ

    September 19, 2012 at 9:39 pm

    အိမ်းဗျာ
    ကျုပ်လဲ သားတစ်ယောက်လောက်တော့ ယူမှာဆိုတော့ ၊ ကိုခင်ခ လမ်းညွှန်ချက်တွေကို မှတ်သွားပါတယ်ဗျို ့

  • ကိုခင်ခ

    September 19, 2012 at 11:39 pm

    မှတ်သားသွားမယ်ဆိုလို့ ဝမ်းသာပါတယ် ကိုပေရေ။

  • etone

    September 20, 2012 at 2:49 pm

    ပြောင်ချော်ချော် … ပေါတောတောကော့မန့်များအတွက် .. အားလည်းနာပါတယ် .. ခင်လည်း ခင်ပါတယ် .. အန်ကယ်ရယ် … အဟီး :mrgreen: .. အသက်က ဘတ်နေပေမယ့် … ဒီရက်ပိုင်း သစ်ရွက်လှုပ်တာတောင် ရယ်ချင်စိတ်ပေါက်နေတယ် …. ။ ခွိခွိ ။

    သမီးကတော့ ကလေး မရှိလို့ပဲလား မသိဘူး ( အမေဖြစ်သူတွေက …ကိုယ်ချင်းမစာဘူးပြောမှာစိုးလို့ဘာ .. ) .. ကလေးကို ဝကစ်နေတာထက် …သူ့ပုံမှန် ဖွံ ့ဖြိုးရမယ့်အရွယ်မှာ .. ကိုယ်ခန္ဓာရော ဉာဏ်ရည်ပါဖွံ ့ဖြိုးနေတာမျိုးကို သဘောကျတယ် … ။ မဝလည်း ကျစ်ကျစ်လစ်လစ်နဲ့ ကျန်းမာနေတယ်ဆိုလျှင် …. ပြီးတာပဲလို့ ..ထင်ပါတယ် … ။
    နောက်ပြီး စကားမစပ် .. ကလေးတွေများတွေ့လို ့.. ကလေးလေးက ဝတယ်လို့ပြောလျှင် .. ရှေးရိုးစွဲ အမေတွေက … မျက်နှာချက်ချင်းပျက်သွားရော …. အဲ့လိုပြောတာနဲ့ ကလေးက နေမကောင်းဖြစ်ပြီး ၊ ဝမ်းသွားလျှင်သွား ၊ မသွားလျှင် အန်ပြီး .. ပိန်သွားပါသတဲ့ …….. ။ ကလေးကို ဝတယ်ပြောချင်လျှင်တောင် … ဖွံ ့တယ်ဆိုလား ..ဘာလား .. အဲ့လိုပြောရသတဲ့ …. ။ စည်းမရှိ ကမ်းမရှိ .. လွှတ်ခနဲပြောတတ်တဲ့ သမီးကို အမေက .. ပြောပြထားတာပါ … အဟီး :harr:

    • Khaing Khaing

      September 20, 2012 at 3:12 pm

      ဟုတ်တယ် … ဟုတ်တယ် ….. အဲလိုသူများက ကိုယ့်ကလေးကို ဝတယ်ပြောရင် ဖင်လေးကို မသိမသာ ဆိတ်ပလိုက် …. ဖြေးဖြေးဆိတ်နော် …. မမတုံက လက်ဆိပ်ပြင်းတယ် ……..

      • etone

        September 20, 2012 at 4:54 pm

        အဟီး … မမခိုင် … ရှေးအရိုးစွဲဂျိးပါဗျို့ .. ခွိခွိ …. အဲ့ဒီအယူကို လုံးဝ လက်မခံပါအေ … ။
        နာ့ကလေးကျမှ … ဝတယ်ပဲ ပြောပြော …. ပိန်တယ်ပဲပြောပြော ..လေနဲ့ပြောသရွေ့ .. ကြိုက်သလိုပြောနိုင်ပါဂျောင်း … ခွိခွိ … :ha:

        ပြောမယ့်သာပြောဒါ … အိမ်ထောင်ပြုရန် အစီစဉ်မချိ … (ချွင်းချက် .. မကြည်ပြာနဲ့ တဝိုင်းကြေးလောင်းထားလို့ ….. ဟဲ ဟဲ .. ) :kwi:

  • ကိုခင်ခ

    September 20, 2012 at 4:34 pm

    မအိတုံရေ ကွန်မန့်ကတော့ လွတ်လပ်စွာမန့်နိုင်ပါတယ်၊ ကလေးတွေကို ဝတယ်ပြောရင်မကြိုက်ကြဘူး
    နေမကောင်းဖြစ်မှာစိုးလို့တော့ ခုထိဖတ်ဘူးတဲ့ ကျန်းမာရေးရှု့ထောင့် စာအုပ်တွေမှာတော့ မတွေ့သေးဘူး၊ ဒါပေမယ့် ပြင်ပမှာတော့ အဲလိုခံယူထားကြတာမို့ ကလေးဆို တစ်နှစ်အောက်ကလေးတွေဆို အပြောအဆို ထိန်းနေရတာများတယ်၊ ကျွန်တော်က အိမ်ထောင်ရှိပေမယ့် ကလေးမရှိလို့ အဲဒီအယူအဆ မှန် မမှန် မပြောတတ်ဘူးဗျ။

    မခိုင်ပြောမှ သိတာပါ ဖင်လေးကိုဆိတ်ပလိုက်ရတယ်ဆိုတာ ဗဟုသုအဖြစ်မှတ်ထားလိုက်ပါတယ်။

    • etone

      September 20, 2012 at 4:58 pm

      အဲ့လာကြောင့် မခိုင် တမီး.. ဖင်ရှုံ့နေတာဖစ်မယ် … ခွိခွိ 😆

  • TTNU

    September 20, 2012 at 10:28 pm

    ကိုခ ရေ…
    ကလေးပိန်ချိလေးတွေကျတော့လည်း ချစ်စရာမကောင်းပြန်ဘူးနော်။
    အလွန်ဝနေပြန်ရင်လည်း ချီရတာ မနိုင်ဘူးဖြစ်ပြန်ရော။

  • ကိုခင်ခ

    September 20, 2012 at 11:05 pm

    တီချယ်ကြီးရေ ကွန်မန့်အတွက်ကျေးဇူးနော်၊
    ကျွန်တော်က ကျန်းမာရေးရှု့ထောင့်အနေနဲ့ဘဲ ရေးလိုက်တာပါခင်ဗျ။

  • kai

    September 20, 2012 at 11:39 pm

    ယူအက်စ်ကတော့.. အဝလွန်ကလေးတွေနဲ့.. ဒုက္ခအကြီးအကျယ်ရောက်နေပါတယ်..။
    ကျောင်းတွေမှာ အချိုရည်မရောင်းရ..။ ဖတ်စ်ဖုဆိုင်တွေမှာ. စူပါဆိုဒ်စားစရာတွေမရောင်းရ.. လုပ်နေပေမယ့် အောင်မြင်ပုံမရသေးပါ..။ တနှစ် ဘီလီယန်ရာချီကုန်နေပါသတဲ့..။ ❓

    Overweight and Obesity in the U.S. « Food Research & Action Center
    frac.org/initiatives/hunger-and-obesity/obesity-in-the-us/
    31.8% of children and adolescents are overweight or obese; 16.9% are obese. … Two-thirds of U.S. adults are overweight or obese (Flegal et al., 2012).
    =
    One Nation Overweight: Fighting Obesity in America – CNBC
    http://www.cnbc.com/id/36073283
    There is an obesity plague in America that costs the nation as much as $147 billion — and an untold number of lives — every year. CNBC … Childhood obesity is triple what it was a generation ago. … Current DateTime: 02:06:58 18 Sep 2012 ..

Leave a Reply