ယနေ့မနက် … ရုံးသွားရန်ပြင်ဆင်နေစဉ်… အမေက …. သမီးရယ် ကျောကုန်းလေးကို လက်ကလေးနဲ့ ပွတ်ပေးပါလားကွယ် … ဆိုတဲ့ … အမေရဲ့အသံကြောင့် ကျွန်မ…. ရေချိုးခန်းဝင်ခါနီးခြေလှမ်းတွေ တုံ့ဆိုင်းပြီး အမေ့ကျောကုန်းလေးကို လက်ဖဝါးနှစ်ဖက်နဲ့ ပွတ်ပေးနေမိတယ် … အမေက အကြောတွေတက်လို့ မနေနိုင်ရင် အကြောပြင်ဆရာက အနှိပ်မခံပဲ လက်ဖဝါးနဲ့သာပွတ်ရန်စေခိုင်း ထားသဖြင့် အမေအနှိပ်မခံရဲဖြစ်နေသည် … အမေခြေသလုံးနှစ်ဖက်မှ အကြောတွေထုံးနေတာ မနက်ဆို အမေက အိပ်ယာက ထထချင်းလမ်းမလျှောက်နိုင် …. အမေက ဇွဲတော့ရှိသည် … သူမှာ အကြောနဲ့ပတ်သက်တာ တစ်ကိုယ်လုံးကို ခံစားနေရသူတစ်ယောက်ပါ … အတန်ကြာတော့ ကျွန်မ လက်တွေပူလာလို့ လက်သီးလေးဆုပ်ပြီး အမေ့ကျောကိုပွတ်ပေးတော့ အမေကတော်ပီသမီးရယ် ..တဲ့လေ … အမေကျွန်မကို ခိုင်းတဲ့အချိန်က အလွန်ကိုတိုတောင်းလှပါတယ် […]