ဘောလုံးဝါသနာရှင်များအားလုံး မင်္ဂခင်ဗျာ။

ဒီနေ့ ၂၉-၉-၂၀၁၂ စနေ နေ့ပွဲစဉ်များကတော့

၆း၁၅          =၇၀ အာဆင်နယ်  ၃+၈၀   ချဲလ်ဆီး

၈း၃၀          ၁-၅၀ အဲဗာတန်       ၃=       ဆောက်သမ်းတန်း

။                         ဖူလ်ဟမ်        ၃+၅၀   မန်စီးတီး      ၁+၇၀

။                         နော့ဝှစ်ခ်ျ       ၃+၉၀   လီဗာပူ      ၁+၆၀

။                           ရီဒင်း            ၂-၆၅    နယူးကာဆယ်   =၂၀

။              ၁+၇၀  စတုတ်         ၂-၇၅    ဆွမ်ဆီး

။             =၈၀   ဆန်းဒါးလန်း   ၂-၆၀    ၀ီဂန်

။             ၁-၆၀  ဗလင်စီယာ  ၃+၃၀   ဇာရာဂိုဇာ

၁၀း၃၀     ၁+၂၀ မန်ယူ        ၃+၂၀   စပါး

။                          ပါးမား      ၂-၅၀    အေစီမီလန်   =၃၅

။             ၁+၃၅ မာလာဂါ   ၂-၉၅    ရီရဲလ်ဘက်တစ်

၁၂း၃၀    =၃၀   ဆိုစီဒက်      ၂-၉၅    ဘီလ်ဘာအို

၁း၁၅       ၁+၁၀ ဂျူဗင်တပ်    ၃-၃၀    ရိုးမား

၂း၃၀                    ဆီဗီလာ     ၃+၂၀   ဘာစီလိုနာ   ၁-၂၀

(အမည်းရောင်ဖြင့် ဖော်ပြထားသေားအသင်းများမှာ ကျနော် အကြိုတ်ပွဲစဉ်များဖြစ်ပါတယ်)

ယခုပွဲစဉ်များအားလုံးထဲမှ ကျနော် ခန့်မှန်းရရှိတဲ့ပွဲစဉ် ၅ ပွဲကို ဖော်ပြပါမယ်။

ပထမဆုံးပွဲစဉ်တစ်ပွဲကတော့

၆း၁၅   =၇၀ အာဆင်နယ်    ၃+၈၀   ချဲလ်ဆီး

ဒီနှစ်သင်းရဲ့ ပြီခဲ့တဲ့ ပရီးမီယာလိဂ် ပွဲစဉ်နှစ်ပွဲရလဒ်များကတော့

အာဆင်နယ် ၆-၁  ဆောက်သမ်းတမ်း

မန်စီးတီး      ၁-၁  အာဆင်နယ်

———-

ကျူပီအာ  ၀-၀  ချဲလ်ဆီး

ချဲလ်ဆီး    ၁-၀  စတုတ်

ပြီးခဲ့တဲ့ပွဲစဉ် ၂ ပွဲမှာ အာဆင်နယ်ဟာ ပေးဂိုး ၁ ပွဲကို ၁ ဂိုးစီရှိခဲ့ပြီး

ချဲလ်ဆီးကတော့ နှစ်ပွဲစလုံးမှာ ပေးဂိုးမရှိခဲ့တာကိုတွေ့ရပါတယ်။

အာဆင်နယ်ဟာ ဆောက်သမ်းတမ်းကို ဂိုးပြတ်အနိုင်ယူခဲ့ပြီး

မန်စီးတီးနဲ့ ၁-၁ သရေကျတဲ့ပွဲမှာလဲ ကစားကွတ် နဲ့ ခြေစွမ်းကောင်းမွန်ခဲ့တာကို

တွေ့ရပါတယ်။

တိုက်စစ်မှာလဲ ဗန်ပါစီ မရှိတော့တဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ အဓီကဂိုးသွင်းမယ့်လူ

မရှိပေမယ့် ပြီးခဲ့တဲ့ ပွဲစဉ် တွေမှာ ဂိုးလပ် ကောင်းခဲ့တာကို တွေ့ရပါတယ်။

ချဲဆီ ရဲ့နောက်တန်းကလဲ ကောင်းမွန်တယ်ဆိုပေမယ့် ဒီပွဲမှာတော့

အာဆင်နယ်ရဲ့ ကစားကွတ်နဲ့ ဂိုးလပ်ဟာ ချဲလ်ဆီးနဲ့တွေ့ရင် ပို၍ကောင်းမွန်တတ်တာမို့

အာဆင်နယ် ၁ ဂိုးအသာ ၂ ဂိုးအသာလောက်နဲ့ အနိုင်ရသွားဖို့ရှိနေပါတယ်။

ဒီနေ့ညမှာတော့ အစောဆုံးဖြစ်တဲ့

၆း၁၅ အာဆင်နယ်    –  ချဲလ်ဆီး

ပွဲစဉ်မှာ အာဆင်နယ် ကိုအားပေးရင်းနဲ့ပဲ ပရိတ်သတ်များ အဖွင့်လှစေဖို့အတွက်

“ အာဆင်နယ် ’’ ကိုရွေးချယ်ပေးလိုက်ရပါတယ်။

——————————————————————————————–

နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့

၈း၃၀       နော့ဝှစ်ခ်ျ   ၃+၉၀            လီဗာပူ  ၁+၆၀

ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့ ပရီးမီးယာလိဂ် ပွဲစဉ်နှစ်ပွဲရဲ့ရလဒ်များကတော့

နော့ဝှစ်ခ်ျ ၀-၀ ၀က်စ်ဟမ်း

နယူးကာဆယ် ၁-၀  နော့ဝှစ်ခ်ျ

———

ဆန်းဒါးလန်း ၁-၁ လီဗာပူး

လီဗာပူး  ၁-၂ မန်ယူ

ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာ နော့ဝှစ် ရဂိုးမရှိ ပေးဂိုး ၁ ဂိုးရှိခဲ့ပါတယ်။

လီဗာပူကတော့ ၁ ပွဲသရေ ၁ ပွဲအရှုံးနဲ့ နော့ဝှစ်ခ်ျနဲ့ အတူတူ ရလဒ်မကောင်းခဲ့တဲ့

အသင်းပဲဖြစ်ပါတယ် ဒီပွဲမှာတော့ ဒီနှစ်သင်းအနေနဲ့ နိုင်ပွဲ နဲ့အတူ

အနိုင် ၃ မှတ်ရှာကြမှာဖြစ်ပါတယ်။

အနိုင် ၃ မှတ်ရှာကြတာချင်းအတူတူ နှစ်သင်းစလုံးရဲ့ ခြေစွမ်းဟာလဲ

သူမသာ ကိုယ် အသုဘ   ဖြစ်နေတာမို့ တစ်ယောက်တစ်ဝက် အပြုံးမပျက်

လက်ဆွဲနှုတ်ဆက်ဖို့အတွက် သရေဆိုတာ

နှစ်သင်းစလုံးအတွက် မျှတနေတာမို့ ဒီပွဲကို သရေ ကျမယ့် ပွဲစဉ်တစ်ပွဲလို့

ခန့်မှန်းလိုက်ရပါတယ်။

ဒီပွဲစဉ်မှာတော့ Formula ပြောင်းပြန်ဖြစ်တဲ့ စဉ်းစားမှုနဲ့အတူ လီဗာပူ ၁+၆၀ ဆိုတဲ့ဥရောပ

ကြေးဖွင့်လှစ်မှုဟာ လီဗာပူ နိုင်ပွဲရသွားဖို့ အနေအထားရှိနေပေမယ့်

နော့ဝှစ်ဖက်က စဉ်းစားပြန်ရင်လဲ

၁ ဂိုးနဲ့ရှုံးခဲ့ရင်တောင် ၆၀ % ပဲပေးရမယ့် အနေအထားဟာ အတော်သက်သာနေတာမို့

“ နော့ဝှစ် ” ကိုအားပေးရင်းနဲ့ပဲ ဒီနှစ်သင်းရဲ့ ညံ့ဖျင်းမှုတွေနဲ့အတူ

သရေကျသွားတာကို အောက်ကခွက်နဲ့ခံလိုက်ကြပါစို့လားခင်းဗျာ။

———————————————————————-

နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့

၁၀း၃၀         ၁+၂၀ မန်ယူ            ၃+၂၀   စပါး

ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့ ပရီးမီယာလိဂ် ပွဲစဉ် ၂ ပွဲရဲ့ရလဒ်များကတော့

မန်ယူ ၄-၀ ၀ီဂန်

လီဗာပူး ၁-၂ မန်ယူ

———

ရီဒင်း ၁-၃ စပါး

စပါး ၂-၁ ကျူပီအာ

ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲစီမှာ နှစ်သင်းစလုံး ဂိုးပေါင်းအပေါ်များ အောင်ခဲ့တာကိုတော့

အာလုံးပဲ သိပြီးသားဖြစ်ကြမှာပါ။ နှစ်သင်းစလုံး ဟာပြီးခဲ့တဲ့ ပွဲစဉ် များမှာ

နိုင်ပွဲများ ကိုယ်စီရရှိထားတဲ့အတွက်

ဒီပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။

ဒီပွဲမှာတော့ ပရီးမီယာလိဂ် ကို တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာခဲ့တဲ့

ချဲလ်ဆီး နည်းပြဟောင်း ဘိုအာ့ရ် ရဲ့စပါးကို ပရီးမီယာလိဂ် ၀ါရင်နည်းပြကြီး တစ်ဦးဖြစ်တဲ့

ဖာဂူဆန်ရဲ့ မန်ယူ ဟာဂိုးတွေ အပြန်အလှန်သွင်းပြီး အနိုင်ရလဒ်နဲ့အတူ

တစ်ကျော့ပြန်နည်းပြကြီးကို ကြိုဆိုဂုဏ်ပြု့

ကြမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ စပါးဟာလဲ မန်ယူကို ဂိုးသွင်းနိုင်လိမ့်မယ်လို့

မျော်လင့်မိပါတယ်။

ဒါကြောင့် အနိုင်သေချာ နေတဲ့ မန်ယူ ၂ ဂိုးပြတ်မလား ၁ ဂိုးပဲပြတ်သွား မလားဆိုတာကို

၂၀ ရနဲ့ ၁၀၀ ရ အရှုံးမရှိတဲ့ ဒဿန ကိုခံစားရင်နဲ့ပဲ ဂိုးပေါင်းအပေါ်လေးကတော့ ၃

ဂိုးအနည်းဆုံးဆိုသေချာနေပါတယ်။ ၂၀  အနိုင်နဲ့ ၁၀၀ အနိုင်ကို

နောက်ထပ်ထပ်မံ ခံစားလိုသူများကတော့ ဂိုးပေါ်င်းအပေါ်လေးကို အားပေးရင်နဲ့ပဲ

ဘယ်ဖက်က သွင်းသွင်း လက်ခုပ်တီးလို့ရတဲ့ အနေအထား။

တစ်ပွဲထဲးနဲ့ နှစ်သီးစားရမယ့် “မန်ယူ ဘော်ဒီနဲ့ မန်ယူ – စပါးပွဲ ဂိုးအများကို ”

အားပေးလိုက်ကြပါစို့ခင်ဗျာ။

————————————————————————-

နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ စပိန်လာလီဂါပွဲစဉ် တစ်ပွဲဖြစ်တဲ့

၁၀း၃၀      ၁+၃၅  မာလာဂါ    ၂-၉၅    ရီရဲလ်ဘက်တစ်

ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့ လာလီဂါ ပွဲစဉ်နှစ်ပွဲရဲ့ ရလဒ်များကတော့

မာလာဂါ  ၃-၁  လီဗန်တေး

ဘီဘာလ်အို ၀-၀ မာလာဂါ

———–

ဘယ်လာဒိုလစ် ၀-၁ ဘက်တစ်

ဘက်တစ်     ၂-၁ အက်စ်ပန်ညို

ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့ ပွဲစဉ်နှစ်ပွဲမှာ မာလာဂါက ၁ ပွဲနိုင် ၁ ပွဲသရေနဲ့

ဘက်တစ်က ပွဲစဉ် ၂ ပွဲစလုံး အနိုင်ကစားထားပါတယ်။

ဒီပွဲစဉ်ရဲ့ ဥရောပဈေးဖွင့်လှစ်မှုဟာ မာလာဂါ ၁+၃၅ အနေအထားဟာ

ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲစလုံးအနိုင်ကစား ထားတဲ့ ဘက်တစ်ကို မာလာဂါ ၂ ဂိုးပြတ်ပါ့မလားဆိုတာ

စဉ်းစားစရာပါ။ ဘက်တစ် ခြေစွမ်းပိုင်း ကောင်းမွန်နေတယ်ဆိုတာလဲ မှန်ပါတယ်။

ဒါပေမယ့် အိမ်ကွင်းဆိုရင်

ရလဒ်ကောင်းလေ့ရှိပြီး ဂိုးသွင်းသေချာတဲ့ ၀ါရင့်တိုက်စစ်မှူးတွေကို လဲပိုင်ဆိုင်ထားတဲ့

မာလာရဲ့ အိမ်ကွင်တိုက်စစ်ကို နောက်တန်း လျော့တိလျော့ရဲ့ နိုင်လှလွန်တဲ့

ဘက်တစ် တောင့်ခံနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒါကို ဥရောပ ဖွင့်လှစ်သူများအနေနဲ့လဲ သုံးသပ်ပြီးသားဖြစ်လိမ့်မယ်။ ဒါကြောင့်

မာလာဂါတိုက်စစ်မှူများ ဂိုးသွင်းမသေချာခဲ့ပါက သိုမဟုတ် ဘက်တစ် ဂိုးပြန်သွင်းနိုင်ပါက

မာလာဂါ ၁ ဂိုးအသာဖြင့် အနိုင်ရမယ်။ မာလာဂါ တိုက်စစ်မှူများ ဂိုးသွင်းသေချာခဲ့ပါက ၂

ဂိုးပြတ်မယ်ဆိုတာကို ပရိတ်သတ်များ ယုံကြည်ပါက အနိုင်ရမယ်ဆိုတာ သေချာနေတဲ့ မာလာဂါ ၂

ဂိုးပြတ်အနိုင်ရခဲ့ပါက အပြည်အ၀ ပျော်ရွင်ရပြီး ၁ ဂိုးအသာဖြင့်သာ အနိုင်ရခဲ့ပါက ၃၅ ပြားဖြင့်သာ

ကျေနပ်ရမလားဆိုတာ စောင့်မျော်ကြည့်ရှုအားပေးရင် “မာလာဂါ” အနိုင်သေချာနေတယ်ဆိုတာ

ကြိုပြောလိုက်ပါရစေခင်ဗျာ။

———————————-

ခန့်မှန်းမှု ပွဲစဉ် ၅ ပွဲမှ နောက်ဆုံးပွဲစဉ်တစ်ပွဲကို ဖော်ပြပေးရမယ်ဆိုရင်တော့

စီရီးအေ ရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်ပြီ

အိပ်ရေးအပျက်ခံ၍စောင့်ကြည့်နေစရာ မလိုတဲ့

၁း၁၅   ၁+၁၀ ဂျူဗင်တပ်      ၃-၃၀    ရိုးမား

ပွဲစဉ်ကို ခန့်မှန်းပေးလိုက်ရပါတယ်။

ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့ စီးရီးအေ ပွဲစဉ်နှစ်ပွဲ ရလဒ်များမှာ

ဂျူဗင်တပ် ၂-၀ ချီယေဗို

ဖီအိုရင်တီးနား ၀-၀ ဂျူဗင်တပ်

——————

ရိုးမား ၂-၃ ဘိုလော့နာ

ရိုးမား  ၁-၁ ဆမ်ဒိုးရီးယား

ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာ ဂျူဗင်တပ်အနေနဲ့ ခြေစွမ်းပိုင်း ကောင်းမွန်ခဲ့သလို

ချီယေဗို ကိုအနိုင် ဖီအိုရင်တီးနားကို သရေ နဲ့ ရလဒ်လဲ ကောင်းမွန်ခဲ့တာကို တွေ့ရပါတယ်။

ရိုးမားအနေနဲ့ကတော့ အိမ်ကွင်းမှာ ဘိုလော့နာကို ရှုံးခဲ့ပြီး နောက်ထပ် ပွဲစဉ်မှာလဲ

ဆမ်ဒိုးရီးယားကို အိမ်ကွင်းမှာ သရေပဲကစားနိုင်ခဲ့တာကြောင့်

ရလဒ်ဆိုးရွားခဲ့ တယ်လို့ဆိုရမှာပါ။

ရိုးမား အနေနဲ့ အသင်းကြီးတွေနဲ့တွေ့ရင် ရလဒ်ကောင်းတတ်တာကို အဓီက စဉ်းစားရမှာပါ။

ခံစစ်အကောင်းမွန်ဆုံးအနေအထားနဲ့ တိုက်စစ်ကောင်းမွန်နေတဲ့ ဂျူဗင်တပ် နဲ့တွေ့ဆုံမှုမှာ

အကောင်းဆုံးရလဒ်ထွက်ပေါ်ဖို့အတွက် ရိုးမားအနေနဲ့ ဂျူဗင်တပ်ကို ဂိုးများများ

သွင်းနိုင်ဖို့ဆိုတာကတော့  မဖြစ်နိုင်လောက်တဲ့ အနေအထားပါ။

ဒါကြောင့် ရိုးမားအနေနဲ့ ဂျူဗင်တပ်ကို သရေခံကစား ရင်နဲ့ပဲ

ဂျူဗင်တပ်ရဲ့ အမှာကိုစောင့်ပြီး ဂိုးသွင်းဖို့ကြိုးစားလာမယ့် အနေအထားရှိပါတယ်။

ဂျူဗင်တပ်အနေနဲ့ကလည်း

အိမ်ကွင်းဖြစ်တာနဲ့ အညီ တိုက်စစ်ဖွင့်ကစားလာဖို့ အနေအထားရှိပါတယ်။

ဂျူဗင်တပ် တိုက်စစ် ဘယ်လောက်ပဲဖွင့်ဖွင့် ရိုးမား ဟာခံစစ်ပိတ်ကစားမှာဖြစ်တဲ့အတွက်

အများဆုံး ၂ ဂိုးထက်ပိုမရနိုင်ပါဘူး။ ရိုးမား ဟာလဲ ခံစစ်ပိတ်ကစားရင်နဲ့

အခွင့်ရေးကိုစောင့်မှာဖြစ်တဲ့အတွက်

နောက်တန်း ကောင်းမွန်လှတဲ့ ဂျူဗင်တပ်ကို ၁ ဂိုးထက်ပိုမသွင်းနိုင်ပါဘူး။ ဒါကြောင့်ဒီပွဲရဲ့

ဂိုးပေါင်းဟာ အများဆုံး ၂-၁

ဆိုတဲ့အနေအထားနဲ့ ဂိုးပေါင်း ၃ ဂိုးထက် ဘယ်နည်းနဲ့မှ မကျော်နိုင်ပါဘူး။

ဥရောပ ဖွင့်လှစ်မှုအရ ဂိုးပေါင်း ၃ လုံး ၃၀ အရှုံးဆိုတဲ့အနေအထားဟာ

ဂိုးပေါင်း ၃ လုံးတော့သေချာနေတယ်လို့

ညွှန်းဆိုထားပေမယ့် ၃ လုံးထက်လဲ လုံးဝမပိုနိုင်ဘူးဆိုတာကို ခန့်မှန်းရရှိတဲ့အတွက် ၃၀

အနည်းဆုံးရမယ့် ဂျူဗင်တပ် – ရိုးမားပွဲစဉ်ကိုတော့

“ဂိုးပေါင်းနည်းမယ်လို့ပဲ ” အိပ်ရေးပျက်ခံ၍ကြည့်ရှုစရာ

မလိုတဲ့ပွဲစဉ်တစ်ပွဲအဖြစ် ခန့်မှန်းပေးလိုက်ရပါတယ်။ ၀-၀ . ၁-၀ . ၀-၁ . ၁-၁ . ၂-ဝ

ဒီရလဒ်များထွက်ခဲ့ရင်တော့ အပြည့်အ၀ပျော်ရွင်ခွင့် ရမှာဖြစ်သလို

အများဆုံး ၂-၁ လောက်ထိ ဖြစ်ခဲ့မယ်ဆိုရင်လည်း ၃၀ အကျိုးအမြတ်ရရှိမှာဖြစ်လို့

အစောပိုင်းပွဲများရဲ့ရလဒ်ပေါ်မူတည်၍

အစေားပိုင်းပွဲများ ရလဒ်ကောင်းခဲ့ပါက အနိုင်း များများရအောင် ဒါမှမဟုတ် အစေားပိုင်းပွဲများ

ရလဒ်မကောင်းခဲ့ပါကလည် ဒီပွဲစဉ်ဟာ အရင်းပြန်လည်ရယူ ပေးမယ့်

ပွဲစဉ်တစ်ပွဲဖြစ်တာကြောင့် ဒိပွဲစဉ်ကို လိုတိုး ပိုလျှော့ချိန်ညှိချက်ဖြင့် အားပေး ကြပါလို့ အကြံပြုရင်း

၂၉ – ၉-၂၀၁၂ စနေနေ့အတွက်ပွဲစဉ်များ ခန့်မှန်းမှုကို ဒီတင်ပဲ နီဂုံးချုပ်လိုက်ရပါတယ်ခင်ဗျာ။

၃၀-၉-၂၀၁၂ တနင်္ဂနွေည ပွဲစဉ်များခန့်မှန်းမှုကိုလည် စောင့်မျော်ကြည့်ရှုအားပေး ကြပါလို့

ပရိတ်သတ်များအားလုံးကို အစဉ်လေးစားလျှက်။

ရိုက်တိုင်းရှုံးမောင်

ရိုက်တိုင်းရှုံးမောင် ကလာင်နာမည်အား မနှစ်သက်သူများ၏ တောင်ဆိုမှုအရ

၃၀-၉-၂၀၁၂ တနင်္ဂနွေ ညမှ စတင်၍ ကျွန်ုပ်၏ ရိုက်တိုင်းရှုံးမောင် ကလောင်နာမည်အစား

စနေမောင်မောင် ဟုပြောင်းလဲ၍ ဘောလုံးပွဲစဉ်များ ရှိသည့်နေ့တိုင်း တင်ပြပေးမည်ဖြစ်ပါကြောင့်

ပန်ကြားလိုက်ရပါတယ်။

About ​မောင်​မိုဘိုင်း

Mobile13 has written 39 post in this Website..

ไม่มีอะไรที่เป็นไปไม่ได้!