MgMobileJune 21, 20134min24713
မင်္ဂလာပါခင်ဗျ။။။။ အားလုံးပဲ ယနေ့ဒီပို့စ်ကို ရောက်ရှိလာသူအပေါင်း ကျန်းမာကြပါစေ။ ရွာထဲမှာ ပို့စ်တင်စရာလည်း ဘာမှရေးထားတာမရှိလို့….. တစ်လောက ရွှေမြင်းဝန် ဘုရားကိုရောက်ခိုက် လက်ကမြင်းထားတာလေးတွေကို ရွာထဲမှာ တစ်ခါမှ ဓါတ်ပုံမတင်ဖူးလို့ စမ်းတင်ကြည့်လိုက်ပါတယ်ခင်ဗျ….. ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့မှာရှိတဲ့ ရွှေမြင်းဝန်စေတီတော်မြတ်ကြီးပါခင်ဗျ။ မြဝတီမြို့သူားတွေကတော့ မြဝတီမြို့ရဲ့ တန်ခိုးအကြီးဆုံး ရွှေမြင်းဝန်စေတီတော်လို့ ပြောပါတယ်ခင်ဗျ။ ဘုရားဝန်းထဲမှာ အခြားရိုက်မယ်ဆို ရိုက်စရာတွေကျန်ပါသေးတယ် …… လက်ညောင်းခံပြီး မရိုက်ချင်တော့လို့ ဒါလေးတွေပဲ ရိုက်လာခဲ့ပါတယ်ခင်ဗျ…… ယခုပို့စ်အတွင်းမှာပါတဲ့ ပုံတွေကိုတော့ JXD အမျိုးအစား MP4 အတုနဲ့ရိုက်လာခဲ့တာဖြစ်ပါတယ်ခင်ဗျ…. အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ………………. လက်ကမြင်းတဲ့ သခင် Mobile


MgMobileMarch 8, 20131min27220
အားလုံးပဲ မင်္ဂလာပါခင်ဗျာ….. ကျုပ်လည်း အခုတစ်လော ရွာထဲကို ရံဖန်ရံခါသာ လာရောက်ဖြစ်သလို ပို့မတင်ရတာလဲ အတော်လေးကို ကြာနေပြီဖြစ်လို့ ဘာမှတော့ မဟုက်ပေဘူးပေါ့ဗျာ…. ကိုယ်ရေးကိုယ်တာလေး တစ်ခုကို ပို့အဖြစ် ရေးသားလိုက်ပါတယ်……….. တစ်နေ့ကမှ ဆိုဒ်တစ်ခုအတွင်းမှာ တွေ့တာ *67 မိမိ ခေါ်ဆိုမည့် ဖုန်းနံပါတ်ကို နှိပ်ပြီး ခေါ်ရင် မိမိဖုန်းနံပါတ်က အဲ့ဒီ အခြားဖုန်းဖက်မှာ မပေါ်ဘူးလို့ ဆိုထားတယ်……. နည်းနည်း စာလုံးရေလေး များလာအောင် လေကြော ရှည်ပေးရမယ် ဆိုရင်တော့….. ကျုပ်နဲ့ လွန်ခဲ့တဲ့ တစ်လလောက်ကမှ ရည်းစားဖြစ်လာတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ဖုန်းကို ကျနော် စမ်းကလိ လိုက်တယ်….. ကျုပ်ဖုန်းနံပါတ် သူမ ဆီမှာ မပေါ်ဘူးရင် သူ့ကိုနည်းနည်း ပျော်စေပျက်စေပေါ့ နည်းနည်း စားပေးလိုက်မယ် ဆိုပြီး […]


MgMobileFebruary 19, 20131min1417
စာရှု့သူပရိတ်သတ်အပေါင်း မင်္ဂလာပါ။ ယခုပို့စ်လေး ရေးသားလိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ လက်တည့်စမ်း စာရေးသားကြည့်ခြင်း တစ်မျိုးပင်ဖြစ်ပါသည်။ ပို့စ်မတင်ရတာ နည်းနည်းကြာလာတော့ ပို့စ်လေးတစ်ပုဒ်လောက် တင်ချင်စိတ် ဖြစ်မိပါသည်။ သို့သော်မည်သည့် အကြောင်းအရာကို အပ်ကြောင်းထပ် စာဖွဲ့ရပါဟု စဉ်းစားရင်းမှ မိမိတတ်သလောက် မှတ်သလောက် အတိုအထွာ လေးများထဲမှ Windows ဖွင့်တဲ့အချိန်မှာ မြည်တဲ့အသံလေးနဲ့  Windows ပိတ်လိုက်တဲ့အခါမှာ မြည်တဲ့အသံလေးတွေကို မိမိနှစ်သက်ရာ အသံလေးတွေပြောင်းတဲ့နည်းကို ဖော်ပြလိုက်ရပါတယ်။ ++++++++++++++++++++++ ပထမဆုံး Start >> Run ပြီးရင် Run box မှာ mmsys.cpl လို့ရိုက်ထည့်ပြီး Enter ကိုနှိပ်ပါ။ ဒါမှမဟုက်ရင် Start >> Control Panel ထဲမှ Sounds And Audio Devices Properties […]


MgMobileFebruary 2, 20135min1356
မင်္ဂလာပါခင်ဗျာ။ ယနေ့ ၂-၂-၂၀၁၃ မှာရှိတဲ့ ပွဲစဉ်များအနက် ဈေးအနေအထားအရ အကျိုးအမြတ်ထွက်နိုင်တဲ့ ပွဲးများကို သုံးသပ်ပေးချင်ပါတယ်ခင်ဗျ။ ယနေ့ညမှာရှိတဲ့ ပွဲစဉ်များနှင့် ဈေးနှုန်းများကတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅) အချိန် ဘော်ဒီ အသင်း ဂိုးပေါင်း အသင်း ဘော်ဒီ 7:15 =75 QPR 2-! Norwich 9:30 1-70 Arsenal 3+45 Stoke City ။ 1-70 Everton 3+25 Aston Villa ။ Newcastle 3+65 Chelsea =80 ။ =10 Reading 2-80 Sunderland ။ =30 West Ham 3+95 Swansea ။ =50 Wigan […]


MgMobileJanuary 29, 20131min20713
အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ယခုပို့စ်လေးကိုတော့ လူတွေနဲ့ပတ်သတ်တဲ့ ပြုမှုနေထိုင်ပုံ စရိုက်လက္ခဏာတွေကို သိသလောက်ရေးထားတာဖြစ်ပါတယ်။ လူဆိုသည်မှာ သတ္တဝါတွေ အထဲမှာမှ ခန္ဓာကိုယ် ဖွဲ့စည်းပုံအနေအထားအရ ခြေနှစ်ခြောင်းပါသည့်အတွက် သွားလိုရာကိုသွားနိုင်သည်။ လက်နှစ်ဖက် ပါသည့်အပြင် လက်ချောင်း တစ်ဖက်လျှင် ငါးချောင်းစီပါသောကြောင့် ကိုင်တွယ်ချင်ရာကို ကိုင်တွယ်နိုင်သည်။ ထိုအပြင် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သော အရာရာကို ချင့်ချိန်စဉ်းစားနိုင်သော ညဏ်ပညာလည်း ရှိသည်ဖြစ်သဖြင့် အခြားသော သတ္တဝါတွေထက် များစွာမက သာလွန်ပေသည်။ လူထက်များစွာ အင်အားကြီးမားလှပါပေဆိုသော ဆင်ကိုလိုရာသုံးလို့ရအောင် ပြုပြင်ထားနိုင်ကြ၏။ ရေထဲမှာနေတဲ့ငါးကို ရေထဲမှာ မနေနိုင်တဲ့ လူကရအောင်ဖမ်းနိုင်သည်။ လေထဲမှာပျံတဲ့ငှက် လူကလေထဲမှာမပျံနိုင်ပေမယ့် ရအောင်ဖမ်းနိုင်သည်။ သစ်ပင်ပေါ်နားချိန်တွင် လေးခွနှင့်ပစ်သည်။ ထိုထက်မက အဆင့်မှီလာသောအခါ သေနတ်နှင့်ပစ်သည်။ တွင်းထဲမှာနေတဲ့ကြွက်ကို အဝမှာ ညှပ်ထောင်ထား၍ ဖမ်းသည်စသည်ဖြင့် အဆိပ်အနည်းငယ်ရှိ၍ လူကိုပြန်လည် ရန်မူနိုင်သည့် ပျားများ၏ ပျားအုံကို […]


MgMobileJanuary 28, 20131min19516
အားလုံးပဲမင်္ဂလာပါလို့ ဦးစွာပဏာမ နှုတ်ခွန်းဆက် သလိုက်ပါ၏။ လူတိုင်းမကင်းနိုင်တဲ့ စားသောက်ခြင်းနဲ့ ပတ်သတ်တဲ့ အိမ်တစ်အိမ်မှာရှိတဲ့ ထမင်းစားခန်း မီးဖိုခန်းနှင့် ပတ်သတ်တဲ့ အကြောင်းအရာလေးတွေ ကုန်ကျစရိတ်လေးတွေကို နည်းနည်းပါးပါး သိသလောက် တတ်သလောက် မြင်မိသလောက် ရေးသားတင်ပြခြင်းဖြစ်ပါတယ်။ အသက်ရှည်ဖို့အတွက် ကံ၊ စိတ် ၊ ဥတု ၊ အဟာရ ဆိုသောကြောင့်။ ကျန်းမာစေဖို့အတွက် သန့်ရှင်းလတ်ဆတ်သော အစားအစာ။ ငွေကုန်ကြေးကျသက်သာ ချမ်းသာနိုင်စေဖို့အတွက် စနစ်တကျ စည်းကမ်းရှိမှုများ။ မိသာစု တစ်ခုခြင်းစီအတွက် မီးဖိုခန်းသည် အဓိက အခန်းကဏဏ္ဍ တစ်ခုမှပါဝင် နေသည်ဟု ထင်ပါသည်။ ထို့အတူ မီးဖိုခန်းကို ဦးစီးသော အိမ်ရှင်မ(သို့)ထမင်းဟင်းချက်ပြုတ်သူ တစ်ဦးဦးသည် အရေးအကြီးဆုံး ဖြစ်ပါသည်။ ထမင်းဟင်းချက်ပြုတ်သောအခါ စည်းကမ်းရှိဖို့ သန့်ရှင်းသပ်ရပ်မှုရှိစေဖို့ အရသာကောင်းမွန်စေဖို့ စီမံခန့်ခွဲတတ်ဖို့ လိုအပ်ပါမည်။ လူ့စိတ်ဆန္ဒ […]


MgMobileJanuary 27, 201310min1224
အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ယနေ့ညရဲ့ပွဲးစဉ်များထဲမှ စပိန်လာလီဂါ ရဲ့အသင်းကြီးများဖြစ်တဲ့။ ဘာစီလိုနာ ၊ ရီရဲလ်မက်ဒရစ် ၊ အက်သလက်တီကို စတဲ့အသင်းသုံးသင်းရဲ့။ ပွဲစဉ်များကို ခန့်မှန်းပေးသွားမှာဖြစ်ပါတယ်။ ++++++++++++++++++++++ ယနေ့ညမှာ ယှဉ်ပြိုင်ကစားကြမည့် နာမည်ကြီးအသင်းများရဲ့ ပွဲချိန်နှင့် ပေါက်ဈေးနှုန်းကတော့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်များ 6:30 ဖရန့်ဖို့ဒ် 3-30 ချဲလ်ဆီး 2+50 8:30 လိဒ်စ် 3+30 စပါး 1+10 10:30 အိုလ်ဟမ် 3-25 လီဗာပူး 2+30 +++++++++++++++++++++++++++++++++++++ အီတလီ စီးရီးအေ ပွဲစဉ် (၂၂) 6:00 ဘိုလော့နာ 3-20 ရိုးမား =30 8:30 ကာတာနီးယား 2-90 ဖီအိုရင်တီးနား =30 ။ အတ္တလန္တာ 2-70 အေစီမီလန် =80 […]


MgMobileJanuary 26, 20133min1605
အားလုံးပဲမင်္ဂလာပါ။ ယနေ့ ၂၆-၁-၂၀၁၃ စနေနေ့ ညမှာကန်ကြမယ့် ပွဲစဉ်များထဲမှ ပွဲစဉ်အချို့ကို တတ်သလောက်မှတ်သလောက် ခန့်မှန်းတင်ပြပေးချင်ပါတယ်။ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်များကိုတော့ ခန့်မှန်းမပေးတော့ပါဘူး။ စီးရီးအေပွဲစဉ် ၂၂ မှ ၂ ပွဲနှင့် စပိန်လာလီဂါ ပွဲစဉ် ၂၁ မှ ၄ ပွဲကို ခန့်မှန်းသုံးသပ်မှုများ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ယခုပို့ကတော့ ကျနော် ရေးသားခန့်မှန်းနေကျ ပုံစံမဟုက်ပဲ အချက်အလက် တတ်နိုင်သရွေ့ စုံလင်စွာဖြင့် တမူဆန်းသစ်လို့ လက်တည့်စမ်း ထားခြင်းဖြစ်ပါကြောင်း။ ယခုညအတွက် ခန့်မှန်းပေးမည့်ပွဲစဉ်များနှင့် အချိန်များ ပေါက်ဈေးနှုန်းများကို ဇယားကွက်ဖြင့် ဖော်ပြထားပါတယ်ခင်ဗျ။ (မှတ်ချက်။   ။ ပို့အတွင်းမှာ ဇယားကွက် တစ်ခါမှမဆွဲးဖူးတာမို့ ဇယားကွတ် အဆင် မပြေခြင်းများ ဖြစ်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် ကြိုတင်၍ တောင်းပန်လိုက်ရပါကြောင်း) <table> […]


MgMobileDecember 31, 20121min20021
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ၂၀၁၂ ရဲ့နောက်ဆုံးနေ့ ဒီနေ့ ၃၁-၁၂-၂၀၁၂ မှာ အခြားသောရွာ သူားများအနေဖြင့် နှစ်သစ်ကူး အမှတ်တရ ပို့စ်များရေး ကြပေမယ့်။ mobile ဆိုတဲ့လူတစ်ယောက်ကတော့ဖြင့် စိတ်မကောင်းစွာဖြင့်ပဲ ရွာသူားများအားလုံးကို နှုတ်ဆက်ရပါတော့မယ်။ ကျနော် ဒီရွာရဲ့ ရွာသားဖြစ်ခဲ့တာ တစ်လကျော်ကျော် လောက်ပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က စပြီး ဒီရွာထဲကို ရောက်ခဲ့ဖူးပါတယ်။ ရေးသားထားကြတဲ့ ပို့စ်များ ကွန်မန်းများကို ဖတ်ရှု့အားပေးခဲ့ပါတယ်။ ရွာသားတစ်ယောက်အဖြစ် မန်ဘာဝင်ဖို့ ဘယ်လိုဝင်ရမလဲ နားမလည်ခဲ့ဘူးဗျ။ ကျနော် အပေါင်းအသင်းထဲမှာလဲ ဒီရွာသား တစ်ယောက်မှ မရှိတော့ ဘယ်သူ့ကိုမေးရမှန်းလဲမသိဘူးဗျ။ လွန်ခဲ့တဲ့ တစ်လလောက်ကမှစပြီ ဒီရွာထဲမှာ လျှောက်ကလိရင်းနဲ့ မန်ဘာတစ်ယောက်ဖြစ်သွာခဲ့တယ်။ စာတွေဘာတွေတော့ ဟုက်တိပတ်တိ မရေးနိုင်ခဲ့ပါဘူး။ လိုင်းပေါ်မှာ အချိန်ပြည့်နီးပါးရှိခဲ့ပြီး တက်လာတဲ့ ပို့စ်တွေကိုတော့ […]


MgMobileDecember 28, 20121min1279
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီသတင်းလေးကို မုံရွာမြို့ မြဝတီ ရပ်ကွက်အတွင်းမှ ပြည်သူတစ်ဦးက တင်ခိုင်းလို့ တင်ပေးရခြင်းဖြစ်ပါကြောင်း။ စစ်ကိုင်းတိုင်း၊ ဒေသကြီး ၊ မုံရွာမြို့ မြဝတီရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် ဆယ်အိမ်မှူးများအားလုံး ရွေးချယ်ပြီး သိပါ၍   မြို့နယ်မှ ကြီးကြပ်ရန်အဖွဲ့ (၃)ဦး၊ ရပ်မိရပ်ဖ (၅) ဦတို့ ညှိနှိုင်းပြီး ယနေ့ (၂၈.၁၂.၂၀၁၂) နေ့ နေ့လည် (၁၂းဝ၀) နာရီတွင် အုပ်ချုပ်ရေးမှူးအားလုံး ဖိတ်ကြားထားပြီးဖြစ်၍  မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရွေးချယ်ပွဲ ရပ်နားရန် အမိန့်စာကြောင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ မကျင်းပဖြစ်ခဲ့ရပါ။ ထိုကိစ္စနှင့် ပတ်သတ်၍ ရွေးချယ်ပွဲ ရပ်နားခဲ့ရခြင်းကို ရပ်မိ၊ ရပ်ဖ များနှင့် ရပ်ကွက်နေ ပြည်သူများက ကျေနပ်မှု မရှိကြောင်း သိရှိရပါသည်။ ဝင်ရောက်ဖတ်ရှု့သူ […]


MgMobileDecember 17, 20121min22718
မင်္ဂလာပါ ဘောလုံးဝါသနာရှင် ပညာရှင် အနိုင်ရနေသောလူနည်းစု နှင့် အရှုံးရလဒ် ထဲကရုန်းမထွက်နိုင်ကြတဲ့ ပရိတ်သတ် အပေါင်းတို့ခင်ဗျားးးးး 17-12-2012 တနင်္လာညရဲ့ ပွဲးကျန်များမှ ကံစမ်းလို့ ခန့်မှန်းပေးရမယ်ဆိုရင်တော့ Reading   Vs   Arsenal Deportivo   Vs   Valladolid Celta devigo   Vs   Real Batis စတဲ့သုံးသင်းကို ခန့်မှန်းပေးချင်ပါတယ်။ +++++++++++++++++++ Reading   Vs   Arsenal ယခုပွဲစဉ်မှာ ဥရောပ ဘောလုံးလောင်းကစား ဒိုင်များ၏ ဈေးနှုန်းဖွင့်လှစ်မှုအရ အာဆင်နယ် တစ်လုံးသွင်းရင် ဆယ်ပြားအနိုင် ဖွင့်လှစ်ထားပါတယ်။ ယခုပွဲစဉ်မှာတော့ အပီဗျင်းမယ့် ရီဒင်း ကိုအကြိုတ်တွေ့မိပြီး အာဆင်နယ် ကတော့ နာချင်တယ် နဲ့တူပါတယ်။ သရေ ရနိုင်ပြီး တစ်ဂိုးထက်ပို မရှုံးနိုင်တဲ့ ရီဒင်းကို အားပေးပါမယ်။ ရလဒ်။          […]


MgMobileDecember 16, 20121min978
              “ချစ်သူသိရဲ့လား” ချစ်ရတဲ့သူရယ် ငါ့ရဲ့ငိုကြွေးမှုတွေဟာ မင်းအတွက် ပျော်ရွင်စရာတွေ ဖြစ်ခဲ့မယ်ဆိုရင် ငါ့အတွက် အမှောင် အတိနေ့ရက်တွေက မင်းအတွက် ပျော်ရွင်လှပမှုတွေ ဖြစ်ခဲ့မယ်ဆိုရင် အမှတ်မထင်သာ တွေ့ဆုံခဲ့ကြပေမယ့် မပြက်အစဉ်သာ တမ်းတမိတဲ့သူမို့ နေ့တိုင်းကြားချင်တာ မင်းရဲ့အသံ နေ့တိုင်းတွေ့ချင်တာ မင်းရဲ့မျက်နှာ မင်းရဲ့ အရိပ်အငွေ့တို့ အောက်မှာ ငါ့ရဲ့ အတိတ်မေ့သလောက် စွဲးလမ်းရတဲ့သူမို့ ခွင့်လွှတ်ခြင်း အနစ်နာခံခြင်း တစ်ချို့တစ်ဝက်ဖြင့် ချစ်သူလေးကို အမြဲးတမ်း တမ်းတလို့ မှန်းဆနေပါတယ်………………..


MgMobileDecember 15, 20121min1184
မင်္ဂလာပါခင်ဗျာ။ ယနေ့ ၁၅-၁၂-၂၀၁၂ စနေနေ့ရဲ့ ပွဲစဉ်များထဲမှ အကောင်းဆုံး ပွဲစဉ်များကို ရွေးချယ်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ 1-90 Liverpool   3+30   Aston Villa 2+10 Man U         3-40    Sunderland =20    Norwich    3+80   Wigan =10    QPR            3+60   Fulham Stoke City 2-20 Everton =50 စတဲ့ ပရီမိယာလိဂ် ပွဲစဉ်များထဲမှ ဈေးနှုန်းအနေအထား ကိုသုံးသပ်ပြီး ရွေးချယ်မှာဖြစ်ပါတယ်။ 1-90 Liverpool 3+30 Aston Villa ဒီပွဲစဉ်မှာ ဈေးနှုန်း အနေအထားအရ လီဗာပူ ဂိုးပြတ်ဖွယ်ရှိပါတယ်။ ဂိုးပေါင်း အနေဖြင့် […]