Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“လူ” ဆိုသည်မှာ

MgMobileJanuary 29, 20131min57713

အားလုံးပဲမင်္ဂလာပါခင်ဗျာ။

ယခုပို့စ်လေးကိုတော့ လူတွေနဲ့ပတ်သတ်တဲ့ ပြုမှုနေထိုင်ပုံ

စရိုက်လက္ခဏာတွေကို သိသလောက်ရေးထားတာဖြစ်ပါတယ်။

လူဆိုသည်မှာ သတ္တဝါတွေ အထဲမှာမှ ခန္ဓာကိုယ် ဖွဲ့စည်းပုံအနေအထားအရ

ခြေနှစ်ခြောင်းပါသည့်အတွက် သွားလိုရာကိုသွားနိုင်သည်။ လက်နှစ်ဖက် ပါသည့်အပြင်

လက်ချောင်း တစ်ဖက်လျှင် ငါးချောင်းစီပါသောကြောင့် ကိုင်တွယ်ချင်ရာကို ကိုင်တွယ်နိုင်သည်။

ထိုအပြင် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သော အရာရာကို ချင့်ချိန်စဉ်းစားနိုင်သော ညဏ်ပညာလည်း

ရှိသည်ဖြစ်သဖြင့် အခြားသော သတ္တဝါတွေထက် များစွာမက သာလွန်ပေသည်။

လူထက်များစွာ အင်အားကြီးမားလှပါပေဆိုသော ဆင်ကိုလိုရာသုံးလို့ရအောင် ပြုပြင်ထားနိုင်ကြ၏။

ရေထဲမှာနေတဲ့ငါးကို ရေထဲမှာ မနေနိုင်တဲ့ လူကရအောင်ဖမ်းနိုင်သည်။

လေထဲမှာပျံတဲ့ငှက် လူကလေထဲမှာမပျံနိုင်ပေမယ့် ရအောင်ဖမ်းနိုင်သည်။

သစ်ပင်ပေါ်နားချိန်တွင် လေးခွနှင့်ပစ်သည်။ ထိုထက်မက အဆင့်မှီလာသောအခါ သေနတ်နှင့်ပစ်သည်။

တွင်းထဲမှာနေတဲ့ကြွက်ကို အဝမှာ ညှပ်ထောင်ထား၍ ဖမ်းသည်စသည်ဖြင့်

အဆိပ်အနည်းငယ်ရှိ၍ လူကိုပြန်လည် ရန်မူနိုင်သည့် ပျားများ၏ ပျားအုံကို မီးခိုးဖြင့်မှုတ်၍

ပျားများထွက်ပြေသောအခါ ဖဲ့ယူသည်။ လျှင်မြန်စွာပြေနိုင်သောမြင်း လူသည်မြင်းလောက် မပြေးနိုင်သည့်အတွက်

ပြေးနိုင်သော မြင်းကိုအပေါ်မှတက်စီပြီး မိမိသွားလိုရာသွားသည်။

မိမိအဟာရဖြစ်ဖို့အတွက် နွားတွင်ပါသော နွားနို့ကိုညှစ်သောက်သည် စသည့်ဖြင့်…….

မိမိအတွက်အသုံးဝင်သော တိရိဈာန်တို့ကို ကျွေးမွေးပြု့စု စောင့်ရှောက်၍ မွေးမြူထားတတ်ကြသည်။

မိမိတို့အတွက် အသုံးမဝင် အန္တရာယ် အနှောက်အယှက်ပေးသော အကောင်များကိုမူ သတ်ပစ်တတ်ကြသည်။

ခြင်လူအတွက် အကျိုးမပြု အလကားနေအကား လူကိုကိုက်သည် သွေးစုပ်ယူသည်။

ထိုအကောင်ကို လက်ဝါးနှစ်ဖက်ဖြင့်ရိုက်သတ်သည်။ ညအိပ်ပျော်သွားသောအခါ မသတ်နိုင်တော့သည့်အတွက်

ခြင်မလာနိုင်အောင် ခြင်ဆေးခွေ ထွန်းအိပ်သည်။ ခြင်ထောင်ထောင်သည်။ အခန်းအတွင်းခြင်မရှိစေရန်

ခြင်ဆေးဖျန်းသည်။လက်နှင့်ရိုက်ရတာ ထက်ပိုကောင်းတဲ့ ခြင်ရိုက်ဘက်တံဖြင့်ရိုက်သည်။ ခြင်များနားအူ၍

အနားမလာစေရန် အသံလှိုင်းလွင့်ပေးသော ဆော့ဖ်ဝဲလ်များတီထွင့်၍ ဖွင့်ထားကြသည်။ အဆိပ်ရှိသည့်

မြွေကိုတွေ့လျှင် ရိုက်သတ်ကြသည်။အချို့ကဖမ်းပြီးရောင်းစားကြသည်။ အချို့ကချက်စားကြသည်။

ဈေးကောင်းပေးဝယ်သည်ဆိုသော တောက်တဲ့ ကိုကျတော့ သူ့ဖာသာ သစ်ခေါင်းများကြား ပုန်းနေတတ်သည်ကို

လိုက်ရှာကြသည်။ ထိုသို့တိရဈာန်များအပေါ် အနိုင်ယူ၍ လိုသည်များကို ပြုလုပ်လျှက်ရှိကြရာမှ ယနေ့ခေတ်၏

နည်းပညာ များစွာတိုးတက် ထွန်းကားလာမှုအရ အချိုကို အသုံးပြုစရာ မလိုတော့၍ အသုံးမပြုကြတော့ ပိုမိုလွယ်ကူ

အဆင်ပြေစေသည့် လူတို့တီထွင်ထားရှိသော ပစ္စည်းများကို အသုံးပြုလာကြ၏။ အမျိုးမျိုးသော သတ္တဝါတို့အပေါ် နိုင်သည်။

ထိုသို့အသက်ရှိသည့် တိရိဈာန်သတ္တဝါတို့ပေါ် အနိုင်ရအောင်စွမ်းဆောင် ထားနိုင်လာတဲ့

နောက်ပိုင်းမှာ အမျိုးအစားခြင်းတူညီတဲ့ လူအချင်းချင်းအပေါ်မှာ နိုင်ချင်လာကြတယ်။ အတူတူ ပုခုံးနှစ်ဖက်ကြားက

ခေါင်းထွက်တာမှန်ပေမယ့် စဖြစ်ပေါ်လာခဲ့တဲ့ အခြေခံ အနေအထား အသိဉာဏ်ပညာ စသည့်ဖြင့် သာသောသူက

ညံ့သောသူများကို အမျိုးမျိုးအနိုင်ယူကြသည်။ မိမိမလုပ်လိုသော အလုပ်များကို ငွေပေး၍လုပ်ချင်သောသူကို ခိုင်း၏။

ငွေကပေးစရာမရှိ မပေးနိုင်သော်လည်း မလုပ်ချင်လုပ်ချင်အောင် မက်လုံးပေး၍လဲ ခိုင်းတတ်ကြ၏။

မိမိဆီမှာငွေမရှိ၍ ငွေကအသုံးလို သုံးချင်လားတော့ ဖြတ်လမ်းနည်းများသုံးကြ၏။

ကလိမ်ကကျစ် တစ်ဖက်လူကို လိမ်လည်လှည့်စားကြ၏။ သူတစ်ပါပင်ပန်းခံရှာဖွေထားသော ပစ္စည်းဥစ္စာကို

အလွယ်တကူရရှိစေရန် ခိုယူတတ်ကြ၏။ မည်သို့ခိုးယူ ကြသည်ကို(ကန့်လန်ကာနောက်ကွယ်မှသူခိုးများ ပို့စ်တွင်

သူကြီးကွန်မန်းပေးထားသည့် ခိုးနည်းများတွင် လေ့လာနိုင်ပါသည်)

မိမိပြောသမျှစကားကိုပြောကြားချင်း မိမိအယူဝါဒကို စည်းရုံးခြင်းများ ပြုလုပ်ကြ၏။ နားထောင်မည့်သူက

မရှိလေတော့ လဖက်ရည်တိုက်၍ ဘီယာတိုက်၍ဖြစ်စေ စားသောက်ဆိုင်များသို့ လိုက်လံ၍ ကျွေးမွေး၍ဖြစ်စေ

ပစ္စည်းတစ်ခုခု ပေး၍ဖြစ်စေ နားထောင်ပေးမည့်လူရှာ၏။ မိမိနှစ်သက်သော အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ

တွေ့ရှိလာပါက မိမိကိုမနှစ်သက်သည်ဖြစ်စေ အမျိုးမျိုးသော တီထွင်ကြံဆမှုများဖြင့် နှစ်သက်လာအောင်ဖန်တီးကြသည်။

မိမိထက်သာမည့်လူကို မနာလိုသည့်အတွက် ချောက်ချသည်။ ထိုသူ၏ပျက်စီးရာပျက်စီးကြောင်းကို ဖန်တီးသည်။

ထိုသို့ဖြင့် မိမိကသာ အရာရာကိုဖန်တီးချင်စိတ်ရှိလာသည်။ မိမိထက်နိမ့်ကျသော သူများကို မိမိအောက်မှာသာ

အမြဲးတည်ရှိနေစေရန် အမျိုးမျိုးသော ဖိနှိပ်မှုများပြုလုပ်ထား တတ်ကြသည်။ ထိုသို့မိမိအနိုင်ရလိုသူကို

အနိုင်ရဖို့ တစ်ချို့ကရိုးသားစွာ ကြိုးစား၍ ယှဉ်ပြိုင်အနိုင်ယူ၏။ တစ်ချို့က ကလိမ်ကကျစ် အလွန်ကျလှသော အကြံများ

ဖြင့်၎င်း အနိုင်ယူတတ်ကြ၏။ တစ်ချို့သောလူများက မပြုံးချင်ပဲပြုံးပြကြသည်။ တစ်ချို့သောသူများက ငိုချင်ပါလျက်

မျက်နှာသတ်ထားရသည်။ ပစ္စည်းဥစ္စာ မရှိသူများက ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝဖို့ တောင်းတတ်ကြသည်။ ပစ္စည်းဥစ္စာ

ချမ်းသာကြွယ်ဝပြီးသူများ ထိုထက်မက ချမ်းသာဖို့ ထိုထက်မက ထိုထက်မက ပြုလုပ်ကြသလို အခြားသော အရာများကို

တောင်းတလာသူများလည်း ရှိကြ၏။ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝလာပြီးသည့်နောက်တွင် နာမည်ကြီးလိုလာကြ

လူအထင်ကြီးလေးစားခံချင်လာကြတော့ မိမိမလုပ်နိုင်သည်များကို ငွေဖြင့်ဝယ်ယူ၍ မိမိလုပ်သယောင်ပြုလုပ်ကြ၏။

မိမိအသုံးလိုသူများကို မိမိအနားမှာထား၍ မြှောက်စားကြ၏။ မိမိမနှစ်သက်သော သူများကို မိမိအနားမှာမရှိနိုင်စေရန် ပြုလုပ်ကြ၏။

ထိုထက်မက လောကအပြင်ဖက်ရောက်အောင်ပင်လျှင် ပြုလုပ်ယုက်မာတတ်ကြ၏။

မိမိထက်သာလျှင် မနာလိုသောသူများလည်းရှိကြ၏။ မိမိထက်သာလျှင် ဝမ်းမြောက်သူများလည်းရှိကြ၏။

မိမိထက်သာသူကဲ့သို့ဖြစ်အောင် ကြိုးစားမည်ဟု ခံယူချက်ရှိသူ အယူအဆ မှန်ကန်သူများလည်းရှိကြ၏။

မိမိထက်နိမ့်ကျသူကို နှိမ်ချင်သောသူများလည်းရှိကြ၏။ မိမိထက်နိမ့်ကျသူကို သနားငဲ့ညှာသူများလည်းရှိကြ၏။

မိမိထက်နိမ်ကျသူထံမှ ပင်လျှင် အမြတ်ထုတ် မလုပ်သင့်မလုပ်အပ်သည်ကို လုပ်ကြသူများလည်းရှိကြပေ၏။

မိမိကိုယ်မိမိ အဟုက်ထင် စိတ်ကြီးဝင်နေသူများလည်း ရှိကြ၏။ မရိုးသားသော ထင်ထားတာထက်ပိုမိုကောက်ကျစ်သော

စိတ်ဓာတ်အင်မတန် အောက်တန်းကျသော အသိဉာဏ်ပညာဗဟုသုတ အင်မတန်နည်းပါသော သူများလည်းရှိကြ၏။

အင်မတန်မှ ဟန်ဆောင်ကောင်းလှသော မာယာများလှသော ရက်စက်ယုက်မာ ကောက်ကျစ် စဉ်းလဲ လောက၌

ပင်လျှင် ရှိမနေသင့် ရှိမနေအပ်သော လူများလည်းရှိကြပေ၏။ ကိုယ်ချင်းစာတရာ ရှိသူများ မရှိသူများ အမျိုးမျိုးသော လူများရှိပေ၏။

သူတော်ကောင်များ လူတော်လူကောင်းများ လေးစားထိုက်သူများလည်းရှိပေ၏။(အင်မတန်ရှားပါး၏)

လူဆိုသည်မှာ အမျိုးမျိုးသော စရိုက်လက္ခဏာများ ရှိတတ်ကြ၏။

မိမိသည် မည်သို့သော “လူ” နှင့် မည်သို့ကြုံတွေ့လာသည်ဖြစ်စေ

ထိုလူ၌ မည်သို့ စရိုက်လက္ခဏာ ရှိပါစေ ထိုသူသည် လူတို့၌

ရှိတတ်ကြသော စရိုက်လက္ခဏာများထဲမှ တစ်ခု ရှိနေခြင်းပင်ဖြစ်ပေသည်။

13 comments

  • aye.kk

    January 30, 2013 at 7:59 am

    လူတွေရဲ ့စိတ်သဘောဟာ
    အင်မတန်ခန် ့မှန်းရခက်ပါတယ်။
    သစ်ပင်ကောက်တာမြင်ရပေမယ့် လူ ့အတွင်းစိတ်ကောက်နေတာမမြင်နိုင်ဘူး။
    အမေကတော့ငယ်ငယ်ထဲကလူဟာလူလိုနားလည်ရမယ်။
    လူဟာလူလိုသိဘို ့ရာလွယ်တယ်မထင်နဲ ့တဲ့။အမေကပြောတော့အလွန်ငယ်သေးတဲ့အရွယ်။
    ကျောင်းနေခါစအရွယ်ပါ။နားမလည်သေးတော့။အမေလူဟာလူပဲဟာလူဟာလူလိုနားမလည်တာ
    ဘာဖြစ်လို ့နားမလည်ရမှာလဲလို ့ပြန်မေးမိခဲ့ပါတယ်။
    အမေကရိုးရိုးကျင့်မြင့်မြင့်ကြံမှန်ကန်စွာနေထိုင်တတ်မှလူပီသမှာဆိုပြီး။
    ကလေးဘဝအရွယ်ထဲကဆုံးမခဲ့တာသတိရမိပါတယ်။
    အတတ်နိုင်ဆုံးတော့ကျိုးစားပြီးလူ ့ဘဝကိုနေထိုင်ဖြတ်သန်းခဲ့ပါတယ်။
    ခါးသီးတဲ့ဒဏ်ကိုတော့သည်းခံခွင့်လွှတ်ခြင်းများစွာနဲ ့နေထိုင်ဖြတ်သန်းခဲ့ရတာပါဘဲ။။

    • Mobile

      January 30, 2013 at 5:30 pm

      aye.kk ရေအခုလို ဈေးဦးဖောက် ဝင်ရောက်အားပေးမှုအတွက်
      အထူးပင်ကျေးဇူးတင်ရှိပါကြောင်းးးးးးးးးးးးးးးးးးးးးးး

  • Myo Thant

    January 30, 2013 at 4:04 pm

    good post . …

    ကြိုက်တယ်ဗျာ

    • Mobile

      January 30, 2013 at 6:48 pm

      ကိုမျိုးကောင်းမျိုးသန့်ရေ ကျေးဇူးတင်ပါတယ်ခင်ဗျ။

  • ခင်ခ

    January 30, 2013 at 4:26 pm

    အင်း ခုမှဘဲ လူ ဆိုတာ ဘာလဲလို့ အကျယ်တဝင့် သိရတော့တယ်ဗျာ။

    • Mobile

      January 30, 2013 at 5:38 pm

      ကိုခင်ခကတော့ လုပ်ရောမယ်ဗျာ လူသဘော လူတွေရဲ့အကြောင်းကို
      ကျနော်အတွေ့အကြုံ အရသိသလောက်လေး ရေးထားတာပါဗျာ
      ကိုခင်ခတို့လို အသက်အရွယ် နည်းနည်းရနေတဲ့လူတွေက ကျနော်ထက်ပိုပြီး
      လူ့သဘော လူ့အကြောင်းကို ပိုပြီးသိလောက်ပါတယ်။
      ဝင်ရောက်အားပေးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်းးးးးးးးးးးးး

  • အာဂ

    January 30, 2013 at 4:52 pm

    အော်လူလူ…။ ယူတာလည်း လက် ..လှူတာလည်း လက်ဆို သလို…။ ပေးတဲ့လူ ရှိသလို ရယူလိုတဲ့ လူလည်းရှိပါတကား..။

    • Mobile

      January 30, 2013 at 6:36 pm

      အာဂရေ အားပေးမှုအတွက် အထူးကျေးဇူးပါနော……………..

  • အရီးခင်လတ်

    January 30, 2013 at 5:37 pm

    မင်္ဂလာပါ မိုဘိုင်းရေ။
    အတွေးကို ဖြစ်စေတဲ့ လေးအတွက် ကျေးဇူးပါဟေ့။

    ကြားဖူးတဲ့ ဘုန်းကြီးဟောတစ်ခုမှာ
    လု လူ လူး တဲ့။

    ကိုယ်နေထိုင်ရာ ပါတ်ဝန်းကျင် အကျိုး မကြည့်ဘဲ ဘဝ ရဲ့ စားဝတ်နေရေး အဆင်ပြေဖို့ အတွက် တနည်း ကိုယ့်အတွက် ဘဲ အားစိုက် လုနေကြသူတွေ ကို “လု” တဲ့။

    ကံဉာဏ်ဝီရိယ နဲ့ အကြောင်းအကျိုး အကောင်းအဆိုးကို ပိုင်းခြားဝေဖန် စိစစ်ပြီး ကုသိုလ်အကုသိုလ်ကို သိသူ၊ အများ အတွက်လဲ ထည့်သွင်း စဉ်းစားပေးတတ်သူ တွေ ကိုတော့ “လူ” တဲ့။

    ကံဉာဏ်ဝီရိယကို မသိ ရမ်းသမ်းပြီး ဘဝ မှာ ထင်ရာ လုပ်နေသူတွေ၊ လူပီသအောင် မလုပ်ဘဲ စားဝတ်နေရေး အပျော်အပါး မှာဘဲ လုနေသူများ ကတော့ သံသရာချားရဟတ် မှာ လူးလွင့်နေတတ်လို့ သူတို့ကတော့ “လူး” ဖြစ်သွားပါတယ်တဲ့။

    ဒီတော့ လောဘ၊ မောဟ၊ ဒေါသ မကင်းတဲ့ သူပေမဲ့ ဆင်ခြင်တတ်တဲ့ အသိပညာလေး ကပ်လိုက်ရင် ကို လူ လို့ ခေါ်ထိုက်ပါသေးရဲ့။
    တစ်ချို့ မှားပြီးရင်းမှား၊ အမှား ကိုလဲ မပြင်ရင်တော့ လု နဲ့ လူး ပေါ့။
    လု နဲ့ လူး တွေကို ငရဲရောက်မယ်၊ အောက်ဘုံဘဝ တွေ မှာဘဲ နေရမယ်လို့ မပြောနိုင် မသိနိုင်ပေမဲ့ လက်ရှိကာလ မှာတော့ ဘယ်သူကမှ လေးစားချစ်ခင် ကြည်ညို မယ် မဟုတ်။

    (ဥပမာ ကို တလွဲပြောမိလို့ ပြင်ပေးကြ ရင် ကျေးဇူးကြီးပါဗျိုး)
    😆

    • Mobile

      January 30, 2013 at 5:41 pm

      မင်္ဂလာပါ အရီးခင်လတ်ရေ
      ယခုလို ဥပမာပေး စာသားများဖြင့် စီကားသိုက်မြိုက်စွာ ကွန်မန်းရေးပြီး
      အားပေးမှုအတွက် အလွန်ပင် ဝပ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိလှပါကြောင်းးးးးးးးးးး

  • မောင်ပေ

    January 30, 2013 at 8:00 pm

    လူဆိုသည်မှာ
    လာဆိုသည်မူ
    ကညာချိုပလီစူ
    မသာဆိုထီယူ
    အာပိုညှီသူ

  • ကျုပ်ကတော့ …
    လူ …… မဟုတ်ဘူး …….
    လူ့ထက် မြင့်ဒယ် ….
    ဒီဒေါ့ …
    အိုက်ဒါဒွေ တီခုမှ မချိဘူးဂျာ ..
    ဘာဖစ်ချင်ရဲ .. ဂေ့ … အေ့ … :mrgreen:

    • Mobile

      January 30, 2013 at 8:11 pm

      ကိုပေ(ဘောဆရာကြီး)
      နှင့်
      မဟာရာဇာ အံစာတုံး(အရက်သမား)
      တို၏
      ဝင်ရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိလှပါကြောင်းးးးးးးးးးးးးးးးးး

Leave a Reply