MgMobileJanuary 29, 20131min22713
အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ယခုပို့စ်လေးကိုတော့ လူတွေနဲ့ပတ်သတ်တဲ့ ပြုမှုနေထိုင်ပုံ စရိုက်လက္ခဏာတွေကို သိသလောက်ရေးထားတာဖြစ်ပါတယ်။ လူဆိုသည်မှာ သတ္တဝါတွေ အထဲမှာမှ ခန္ဓာကိုယ် ဖွဲ့စည်းပုံအနေအထားအရ ခြေနှစ်ခြောင်းပါသည့်အတွက် သွားလိုရာကိုသွားနိုင်သည်။ လက်နှစ်ဖက် ပါသည့်အပြင် လက်ချောင်း တစ်ဖက်လျှင် ငါးချောင်းစီပါသောကြောင့် ကိုင်တွယ်ချင်ရာကို ကိုင်တွယ်နိုင်သည်။ ထိုအပြင် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သော အရာရာကို ချင့်ချိန်စဉ်းစားနိုင်သော ညဏ်ပညာလည်း ရှိသည်ဖြစ်သဖြင့် အခြားသော သတ္တဝါတွေထက် များစွာမက သာလွန်ပေသည်။ လူထက်များစွာ အင်အားကြီးမားလှပါပေဆိုသော ဆင်ကိုလိုရာသုံးလို့ရအောင် ပြုပြင်ထားနိုင်ကြ၏။ ရေထဲမှာနေတဲ့ငါးကို ရေထဲမှာ မနေနိုင်တဲ့ လူကရအောင်ဖမ်းနိုင်သည်။ လေထဲမှာပျံတဲ့ငှက် လူကလေထဲမှာမပျံနိုင်ပေမယ့် ရအောင်ဖမ်းနိုင်သည်။ သစ်ပင်ပေါ်နားချိန်တွင် လေးခွနှင့်ပစ်သည်။ ထိုထက်မက အဆင့်မှီလာသောအခါ သေနတ်နှင့်ပစ်သည်။ တွင်းထဲမှာနေတဲ့ကြွက်ကို အဝမှာ ညှပ်ထောင်ထား၍ ဖမ်းသည်စသည်ဖြင့် အဆိပ်အနည်းငယ်ရှိ၍ လူကိုပြန်လည် ရန်မူနိုင်သည့် ပျားများ၏ ပျားအုံကို […]