1 စွယ်တော်ဖြူ အုံလိုက်ကြီး အားရပါးရ

 

2 တစ်ပွင့်ပန်း

3 အစိမ်းရောင်ကြားက အဖြူ

4 ဖြူစင်သော ပန်းကလေးများ

5 အပွင်ဖြူဖြူလေးတွေက ပုန်းလို့နေပါတယ်

6 အပွင့်လှလှစွယ်တော်ဖြူ

7 အရိပ်တစ်ဝက် အလင်းတစ်ဝက်

 

8 အလင်းအောက်မှာ

9အလင်းအောက်မှာ

10 မျှော်လင့်နေသူလေး

 

1 1တူသလိုလိုပေမယ့် လှမှလှ

 

12 သုံးပွင့်ဆိုင်

 

13 လန်းလန်းဆန်းဆန်း ဖြူဖြူစင် တစ်ပွင့်ပန်းလေးပင်

14 ပန်းလေးတွေက ကြည်နူးစရာ

 

15 နှစ်ပွင့်တစ်ခိုင်

 

“စွယ်တော်ပန်းဖြူဖြူ ”

 

 

 

ကျနော်ငယ်ငယ်က နေခဲ့တဲ့အိမ်ရှေ့ဝင်းတံခါးဝမှာစွယ်တော်ပင်လေးတစ်ပင်ရှိခဲ့ဘူးပါတယ်။

ခရမ်းရောင်လိုလို မရမ်းရောင်လိုလို နဲ့ ဆောင်းပွင့်တဲ့ပန်းကလေးပေါ့။

စပွင့်စကတစ်ရောင်ေ နာက်တော့တစ်ရောင်အရောင်တွေပြောင်းတတ်တဲ့ပန်းလေးဆိုရင်လဲမမှားပါဘူး။

နောက်သိတတ်တဲ့အရွယ်ရောက်တော့ ကျနော့်ရဲ့ အကိုကြီးအမကြီးတွေက ဆရာဘုန်းနိုင်ရဲ့ဝတ္တုထဲက

အတိုင်း နှစ်လွှာပေါင်းမှတစ်ရွက်ဆိုတဲ့စွယ်တော်ရွက်တွေကိုအခြောက်ခံလို့ စာအုပ်ကြားထဲမှာညှပ်ပြီး

သိမ်းခဲ့တဲ့တစ်ခေတ်မှာ ကျနော်တို့အိမ်ရှေ့က စွယ်တော်ပင်လေးက မျက်နှာပွင့်ခဲ့ဘူးပါတယ်။

 

နောက်တော့လဲဘဝစေညွှန်ရာလမ်းအတိုင်းဟိုပြောင်းဒီရွှေ့။

အပင်စိုက်စရာ မြေမရှိတဲ့တိုက်ခန်းနေလူသားဘဝမှာ စွယ်တော်ပင်နဲ့ဝေးခဲ့ရပါတယ်။

နောက် မန်းလေးကန်တော်ကြီး ပီပီပြင်ပြင်ဖြစ်လာချိန်မှာတော့ မနက်လမ်းလျောက်ရာလမ်းမှာ

ငယ်စဉ်က ချစ်ခဲ့နှစ်သက်ခဲ့ရတဲ့စွယ်တော်ပင်လေးတွေနဲ့ပြန်လည်နီးစပ်လို့လာပါတယ်။

2011မှာရန်ကုန်ရောက်တဲ့အခိုက် ရန်ကုန်စွယ်တော်ဘုရားဘက်ဆီကိုလမ်းလျောက်ရင်း

စွယ်တော်ပန်းအဖြူရောင် လေးကိုတွေ့တော့ စိတ်ထဲမှာထူးဆန်းသွားပါတယ်။

တစ်သက်နဲ့တစ်ကိုယ် စွယ်တော်ပန်းအဖြူကိုမမြင်ခဲ့ဘူးတာအမှန်။

နောက်သတိထားကြည့်မိမှ ကျနော်တည်းတဲ့အိမ်နားမှာ စွယ်တော်ဖြူပန်းရုံကြီးကိုတဝကြီးမြင်လိုက်ရပါတယ်။

2011ခုနှစ် စက်တင်ဘာမှာတော့ တောင်ပိုင်းရှမ်းပြည်ဘက်ကို ခရီးဆက်ခဲ့ပါတယ်။

တောင်ပိုင်းရှမ်းပြည်ကနေ လွိုင်ကော်ဘက်ကိုဆက်အကူး ဘီလူးချောင်းကိုကျော်တာနဲ့လမ်းဘေးက

အိမ်တွေမှာစွယ်တော်ဖြူပင်တွေကိုတန်းစီပြီးတွေ့ရပါတယ်။

ဒါပေမယ့်ကားပေါ်ကဘဲလှမ်းမြင်ရတာဆိုတော့ ဓါတ်ပုံမရိုက်နိုင်လက်မဆော့နိုင်ပါဘူး။

ဒီလို့နဲ့မေ့မေ့ပျောက်ပျောက်နေခဲ့ပါတယ်။

တစ်ရက် မင်္ဂလာဈေးအပေါ်ထပ်ကိုကိစ္စတစ်ခုနဲ့သွားရင်း စွယ်တော်ပွင့်တွေဝေနေတဲ့

အပင်ကြီးကိုတွေ့မိတဲ့အခါ မနေနိုင်မထိုင်နိုင်လက်ဆော့မိပါတော့တယ်။

အနီးကပ်စိတ်တိုင်းကျ လက်ဆော့ခွင့်ရတော့ စိတ်တို်င်းကျပုံလေးတွေရတာဘယ်ဆန်းမလဲနော်။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(2-10-2012)

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။