ဒေါင်း ထားတဲ့ သီချင်း တွေထဲ က ကိုထီး ရဲ့ ” စဉ်းစားပါဦး ” သီချင်း ကို ( ၃ ) ခေါက်လောက် နားထောင်ရင်း လက်ရှိ ကိုယ့် အခြေအနေမှာ အကောင်းဆုံးဘယ်လို ရင်ဆိုင်ဖြေရှင်းရင်ကောင်းမလဲ ၊ ဘယ်လိုစိတ်မွေးပြီး နေ့စဉ်ရပ်တည်ရမလဲ ဆိုတာကို အပြန်အလှန် စဉ်းစားနေမိတယ် ။ အဲဒီလို စဉ်းစားနေရင်း ကနေ ပို့( စ ) တင်ပြီး ရွာထဲက အမျိုးတွေဆီကနေ အကြံညဏ် တောင်းတာ ပိုကောင်းမယ်လို့ တွေးမိလို့ ကိုထီးသီချင်း နာမည်လေး ” စဉ်းစားပါဦး” မှာ တောင်းဆိုမှု လေး ထည့်ပြီး ” စဉ်းစား ပေးပါဦး ” ဆိုတဲ့ခေါင်းစဉ်လေး အဲဒီ ရဲ့ အောက်မှာ အကျိုး အကြောင်း စုံလင်စွာ အရင် ပြောပြရမှာက ဒီလိုပါ —–

ကျွန်တော့ အထက်မှာ  အသက် ( ၅၂ ) နှစ် အရွယ် ရှိတဲ့ Plant တာဝန်ခံ တစ်ယောက် ရှိတယ် ။ အဲဒီ Plant တာဝန်ခံနဲ့ ကျွန်တော်တို့ ဌာန ရဲ့ အကြီးဆုံး လူဟာ တနိုင်ငံ တည်းသားတွေလည်း ဖြစ်တယ် ။အဲဒီ ဌာန လူကြီး က ကျွန်တော့ ကို ကုမ်ပဏီ လက်တော့ တစ်လုံးနဲ့ ကုမ်ပဏီ အီးမေး လိပ်စာ ပေးပြီး သူ့ဆီကို နေ့စဉ် ဘိလပ်မြေ ၊ ကျောက် ၊ သဲ ၊  Chemical နဲ့   Plant နဲ့ သက်ဆိုင်သမျှ အားလုံးကို Report အီးမေးပို့ခိုင်းတယ် ။ ဒီအလုပ် တွေက Plant တာဝန်ခံ ရှိနေတဲ့ အတွက် Plant တာဝန်ခံ သူ လုပ်ရမဲ့ အလုပ်တွေပါ ။ ဒါပေမဲ့ ကျွန်တော် လည်း ကိုယ့်ဌာန ရဲ့ အကြီးဆုံး လူဖြစ်နေတော့ကာ ငြင်းလို့မရနိုင်တာကြောင့် ဒီစာရင်းတွေ နဲ့ သက်ဆိုင်တာတွေ လုပ်ရပါတော့တယ် ။ အဲဒီ လို လုပ်နေရင်း ဒီနှစ် မေလ ( ၃ ) ရက်နေ့ နေ့ခင်း မှာ ဘိလပ်မြေ ပို့တဲ့ ကားဒရိုင်ဘာ တွေနဲ့ တာဝန်ခံဟာ ညှိပြီး ဘိလပ်မြေ ကို လုပ်စားနေသလို အဲဒီနေ့မှာပဲ ကျောက် အဝင် အထွက် ကို စစ်ဆေးကြည့်တော့ ကျောက်မီတာကျူ့ ( ၄၀၀ ) ပျောက်နေတာကို တွေ.ရတယ် ။ ဒါနဲ့ ဒီအကြောင်းတွေကို ဌာန လူကြီး ကို သတင်းပို့တယ် ။ သူက ကျွန်တော့ ကို ပြောတယ် — သူ့တာဝန်ခံ ကို ယုံတယ်တဲ့ ။ ဒါနဲ့ အဲဒီ အချိန် က စပြီး ကျွန်တော် လည်း လက်ခံစာရင်း လုံးဝ မလုပ်တော့ဘူး ။ ဘာကြောင့်လည်း ဆိုတော့ ကိုယ်ကိုယ်တိုင် စစ်ဆေးပြီး လက်မခံ ရပဲ  Plant တာဝန်ခံ လက်ခံထားသမျှ ကို ပြည့်စုံပါတယ် မှန်ကန်ပါတယ် ဆိုပြီး စာရင်း သွင်းလိုက်ရင် ကိုယ့်လည်ပင်း ကို ကြိုးကွင်း စွပ် သလို ဖြစ်မှာ ဆိုးလို့လေ ။ ဒီတော့ ဌာန လူကြီးက သူ့ဆီ နေ့စဉ် လက်ခံ- အသုံး နဲ့ အကျန် စာရင်းအပြည့်အစုံ  မပို့ ရ ကောင်းလား ဆိုပြီး အီးမေး ပို့ ပြီး ဖိအား ပေးပါတော့တယ် ။ ကျွန်တော် လည်း ထုတ်ချင် ထုတ် ပြုတ်ချင် ပြုတ်ဆို ပြီး ပေပြီး မပို့ဘူး ။ ဒီတော့ သူဘာလုပ်လဲ ဆိုတော့ ကျွန်တော့ရဲ့ နှစ်ပြည့် မှာ အနည်းဆုံး Bonus  လုပ်ပစ်လိုက်တယ် ။ တခြားသူတွေကို သုံးလေးငါး လစာတွေ Bonus ပေးပြီး ကျွန်တော့ ကို တစ်လခွဲ စာပဲ ပေးတယ် ။ August လကုန် မှာပေါ့ ။ ပြီးတော့ သူက ပြောသေးတယ် ။ မင်း –  Bonus နဲ့ ပတ်သက်ပြီး ဘယ်သူနဲ့မှ မတိုင်ပင်နဲ့တဲ့ ။ စာရင်း တွေ ကိုလည်း နေ့စဉ် Report ပို့ပါတဲ့ ။ ကျွန်တော် ကလည်း သူ့ ကို အပြတ် ပြောလိုက်တယ် ” မပို့ နိုင်ဘူး ” လို့ ။ ဒါပေမဲ့ ကျွန်တော် သူ့ဆီသာ မပို့တာ —Plant Control Computer Record File ထဲက တိကျတဲ့ ဘိလပ်မြေ ၊ ကျောက် ၊ သဲ နဲ့    Chemical  အသုံးတွေကိုစုထုတ်ပြီး
သိမ်းထားတယ် ။ ခုဆိုရင် စာရင်း ကွာဟမှုက ဘိလပ်မြေ အိတ် ပေါင်း ( ၂၁၉၃၀ ) အိတ် — ကာလတန်ကြေး US$ ( ၁၄၂၅၄၅ ) ဒေါ်လာ ဖိုးရှိတယ် ။ ဒါဘိလပ်မြေ တစ်ခု ပဲ ရှိသေးတယ် ။ ကျောက် ၊ သဲ မပါသေးဘူး ။ အဲဒီလို သူတို့ လုပ်စားလို့ အများကြီး ဟ နေပြီဆိုတာကို တာဝန်ခံ ကလည်း သိတော့ September လထဲမှာ ဌာန  လူကြီးကို ဖုန်းဆက်တယ် ။ ဒီရက်ပိုင်း မှာတော့ ဌာနလူကြီး က အားလပ်ခွင့် ( ၁၈ ) ရက်သွားနေလို့ ကျွန်တော့ဆီ ဘယ်လိုဖိအားမှ မရောက်ခဲ့ဘူး ။ ခု သူပြန်လာပြီ ။ ဘာတွေ လုပ်ဦးမယ် မသိ ။ ကျွန်တော် ဘက်က လုပ်စရာ တခု ပဲရှိတယ် ။ အဲဒါက ကုမ်ပဏီ ပိုင်ရှင်ဆီ ကို Computer Record အချက်အလက် တွေ ထုတ်ပြီး အီးမေးနဲ့ ပို့ဖို့ပဲ ။ ဒီအတွက် ကိုယ်နဲ့ ရင်းနှီးပြီး လုပ်သက်များတဲ့ စီနီယာ ကြီးတွေနဲ့တိုင်ပင်ကြည့်တော့ သူတို့က ကျွန်တော့ ကို ပြောတယ် ။ မလုပ်ခင် ” စဉ်းစားပါဦး ” တဲ့ ။ ဒါကြောင့် ကျွန်တော် အချိန်ပြည့် ဒီအတွက်ပဲ စဉ်းစားနေမိတယ် ။ ကျွန်တော် စဉ်းစား သမျှ ကလည်း ကိုယ် မရှုံးနိမ့်အောင်ထက် သူတို့ ကို လှလှပပ ပြန်လည် ထိုးနှက်နိုင်ဖို့ပဲ ။Computer Automation ရဲ့ Record File ထဲမှာရှိတဲ့ တိကျသေချာတဲ့ အချက် အလက် တွေ က ကျွန်တော့ အတွက် အကောင်းဆုံး သက်သေတွေပဲ ။  ကုမ်ပဏီ ပိုင်ရှင် ဆီကို ပို့သင့် မပို့သင့် ဆိုတာ သူတို့ပြောသလို ကျွန်တော် ပြန်စဉ်းစား နေတယ် ။ ဘာကြောင့် သူ တို့ က စဉ်းစားပါဦး လို့ဆိုတဲ့ အကြံမျိုး ပေးရသလဲဆိုတာကိုလည်း စဉ်းစားမရဘူးဖြစ်နေတယ် ။ ကျွန်တော် တွေဝေနေတာလား ?????????? စဉ်းစားပေးကြ ပါဦး ဗျာ !

ဖတ်ရှုအားပေးဝိုင်းကူစဉ်းစားပေးသူများကို ကျေးဇူးတင်ပါတယ်ဗျား !
ရဲရင့်လှိုင်

About YE YINT HLAING

YE YINT HLAING has written 32 post in this Website..