ခိုးရာလိုက်တာ အပြစ်ဆိုပဲ

etoneOctober 10, 20121min70991

ဒီနေ့မနက်စောစော မိုးလေးတဖွဲဖွဲရွာလို့ အိပ်ယာမထချင်ပဲ ကွေးကောင်းတုန်းရှိသေးတယ် ၊ ဝုန်း ဝုန်း ဒိုင်း ဒိုင်း အသံစုံကြောင့် မျက်လုံးပြူးသွားရပါတယ် ။ တစ်စုံတစ်ယောက် တံခါးခေါက်ခြင်းလို့ သိပေမယ့် ၊ အိမ်သားတွေအကုန်ခရီးသွားလို့ တစ်ယောက်တည်းကျန်နေခဲ့တဲ့ ကျွန်မအဖို့ ဘယ်ဧည်သည်ကိုမှ လက်မခံချင်ပါဘူး ။ ဆက်ဆံရေးကောင်းလွန်းလို့ ကျွန်မနဲ့ ပတ်သတ်ပြီး ဧည့်သည် လာစရာလည်း မရှိတာကြောင့်  ၊ စောင်ခေါင်းမြီးခြုံပြီး ၊ တံခါးခေါက်သံကို ဥပက္ခာပြုကာ ပြန်ကွေးမိပါတယ် ကမာ္ဘပြိုတာတောင် ထမကြည့်ဘူးဆိုတဲ့ အတွေးတွေနဲ့ပေါ့  ။ တံခါးဆီက ထုရိုက်သံကလည်း အဆက်မပြတ်နဲ့  ဇွဲကြီးစွာ ထွက်ပေါ်နေတုန်းပါပဲ ။ စောင်းခေါင်းမြီးခြုံထားတာတောင် ၊ တံခါးခေါက်သံကြားနေရသေးတာကြောင့် ကျွန်မစိတ်တိုစပြုလာပါပြီ ။ စိတ်အချဉ်ပေါက်သလို နည်းနည်းဖြစ်လာပါပြီ ။ ခဏတော့စောင့်ကြည့်ပေမယ့် ရပ်မသွားပဲ တရစပ်ခေါက်သံကြောင့် ၊ တိုနေတဲ့စိတ်တွေက အလိုလို ဒေါသအသွင်ပြောင်းသွားပြီး ၊ စောင့်ကြီးအောင့်ကြီးနဲ့ တံခါးသွားဖွင့်ပေးမိပါတော့တယ် ။

တံခါးဖွင့်လိုက်တာနဲ့  ငှီးးးးးး ဟီးးးးးဟီးးးးးးးး ဆိုတဲ့ ငိုသံကြီးနဲ့ ၊ ကျွန်မရဲ့ အဒေါ်ဖြစ်သူ ငိုယိုပြီး ဝင်လာပါတော့တယ် ။ မနက်စောစောစီးစီး ငိုလိုက်ရယ်လိုက်လုပ်တာ ကျွန်မလုံးဝ သဘောမကျပါဘူး ။ မနက်ခင်းမှာ ကြည်လင်နေတဲ့ စိတ်ကလေး ၊  လှိုင်းထန်သွားလျှင် ၊ တနေ့လုံး ကမောက်ကမတွေချည်း ဖြစ်တတ်၊ ပြောတတ်လွန်းလို့ပါ ။ လာတဲ့ ဧည့်သည်က ငိုလာပြီး အိမ်ထဲရောက်တော့မှ ပြန်နှင်လွှတ်လို့ကလည်း မရတော့တာကြောင့် ၊ ဒီတိုင်းပဲ ပြူးကြောင်ကြောင် ကြည့်နေမိပါတယ် ။ ဇာတ်ထဲက ငိုချင်းခန်းလိုတော့ အပြောအဆိုတွေမပါဘူးပေါ့ ၊ ရင်ဘတ်စည်တီးပြီး ၊ တအိ အိနဲ့ ငိုနေတာ ကျွန်မလည်း ဘာစကားမှ မပြောပဲ ၊ ငိုချင်သလောက်သာ ငိုပါစေဆိုတဲ့ စိတ်ကူးနဲ့ ၊ သူ့အရှိန်နဲ့ သူ လွှတ်ထားပေးလိုက်တယ် ။ ခဏကြာလို့ အားရပါးရ ငိုလို့ဝမှ ၊ လာရင်းကိစ္စကိုပြောပါတော့တယ် ။

ကျွန်မရဲ့ ညီအစ်မဝမ်းကွဲဖြစ်သူ ၊ အဒေါ့်သမီး လင်နောက်လိုက်သွားတာကြောင့်ပါတဲ့လေ ။ မိဘအနေနဲ့ ရှက်လွန်းလို့ မျက်နှာတောင် ဘယ်နားထားရမှန်း မသိတော့ပါဘူးလို ့ပြောလည်းပြော ၊ တကျော့ပြန်လည်း ငိုနဲ့ ၊ ကိုယ်ချင်းမစာတတ်တာတော့မဟုတ်ပေမယ့် မနက်ပိုင်း သူများကိုယ်ပိုင်အချိန်လေးကို ဆူဆူညံညံလာလုပ်လို့ အတော်လေး စိတ်ညစ်သွားမိပါတယ် ။ ဒါကြောင့်ထင်ပါတယ် တချို့သော အိမ်တွေမှာ စာကပ်ထားတာ လူသာလာပါ ပြသနာခေါ်မလာပါနဲ့လို့လေ ။ မိဘတစ်ယောက်အနေနဲ့ ၊ သားသမီးကို ဘယ်အရွယ်ရောက်ရောက်ကလေးလို့ မြင်နေကြတာကြောင့် အိမ်ထောင်ပြူမယ့် ကိစ္စ သဘောမတူတာ သဘာဝကျပါတယ် ။ ဒါပေမယ့် သမီးလင်နောက်လိုက်ပြေးတာ ၊ ရှက်စရာ ဂုဏ်ငယ်စရာလို့ မြင်တာတော့ ၊ ကျွန်မနည်းနည်းမှ သဘာဝမကျပါဘူး ။ လင်နောက်မလိုက်တာနဲ့  အဲ့ဒီဂုဏ်ဆိုတာက လက်ဆုပ်လက်ကိုင် ပြနိုင်တာမျိုးမို့လား ။  ဂုဏ်ဆိုတာ မိမိရဲ့ စွမ်းဆောင်ချက် ၊ အရည်ချင်းပေါ် မူတည်ပြီး အတက်အကျဖြစ်သင့်တာမဟုတ်ဘူးလား ။  အရွယ်ရောက်ပြီးသား မိန်းမတစ်ယောက် ၊ လင်နောက်လိုက်ပြေးတာ ၊ ချစ်တဲ့ လူနဲ့ အတူ ကိုယ့်ဘဝကိုယ်ဖန်တီးတာ ၊ ရှက်စရာတဲ့လား ။ ဘာလို့များပါလိမ့်လို့ အကြိမ်ကြိမ် အဖြေထုတ်ပေမယ့် ၊ ခေါင်းပူတာရုံကလွဲလို့ တခြားဘယ်လိုမှ လှည့်တွေးမရပါဘူး ။ မိမိဆန္ဒအလျှောက် ကိုယ့်ဘဝကိုယ်ဖန်တီးတာ အပြစ်ဖြစ်သတဲ့လား ။

အိမ်ထောင်ပြုတယ်ဆိုတာ ၊ ကွဲလွဲချက်များပြီး အစစအရာရာ ထပ်တူမကျတဲ့ လူနှစ်ယောက်ကို ပေါင်းစည်းတာမျိုးဖြစ်တာကြောင့် ၊ ဘေးပတ်ဝန်းကျင် ဖိအားပေးတာတွေ ၊ တိုက်တွန်းတာတွေထက်စာလျှင် ကာယကံရှင်တွေရဲ့ စိတ်ကသာ အရေးကြီးဆုံးပါပဲ ။ မိမိဆန္ဒနဲ့ ရွေးချယ်မှုအလိုက် ၊ အဆိုးကောင်း ၊ အကျိုး ပြစ်တွေကို ခံစားရမှာ ကာယကံရှင်တွေ ကိုယ်တိုင်ဖြစ်လို့ပါ ။ နှစ်ဖက်မိဘ အသိုင်းဝိုင်းပတ်သတ်မှုကတော့ မလိုဘူးတော့မဟုတ်ဘူး လိုအပ်ပေမယ့် အဓိက မကျဘူးလို့ ကျွန်မဆိုလိုချင်တာပါ ။  မလိုလားအပ်တဲ့ စွက်ဖက်မှုတွေနဲ့ ရောထွေးတဲ့အခါ ၊ အခုလို ခိုးရာလိုက်ပြေးတဲ့ ကိစ္စတွေဖြစ်လာပါတော့တယ် ။ ဒီလိုအခြေနေထိဖြစ်အောင် တွန်းပို့တဲ့ ပတ်ဝန်းကျင် ၊ အသိုင်းဝိုင်းက အပြစ်မရှိ ၊ ဂုဏ်မငယ်ပဲ ၊ ကိုယ့်ဆန္ဒနဲ့ကိုယ် ဆုံးဖြတ်ခဲ့တဲ့ လူတွေက အပြစ်ဖြစ်ရတာ နည်းနည်းလေးတော့ လွဲ နေသလိုပါပဲ ။ ကတ်သပ်ပြီးသာ ပြောကြေးဆိုလျှင် အိမ်တိုင်ရာရောက် သမီးလာတောင်းတဲ့ လူတွေကရော ဂုဏ်သိက္ခာရှိသတဲ့လား ။ အရှက်ရှိသတဲ့လား ။ လူပုံအလယ်မှာ ၊ ပေါင်းချင်ပါတယ် ၊ သင်းချင်ပါတယ်ဆိုပြီး တောင်းရမ်းတာကျတော့ မျက်နှာပြောင်ပြောင်နဲ့ပဲ ၊ သိက္ခာရှိသတဲ့ ၊ ဂုဏ်ရှိသတဲ့ ။ တစ်ခါတစ်လေကျလျှင် ခေါက်ရိုးကျိုးနေတဲ့ ရှေးအယူဆိုတာကြီးတွေ ကိုင်ကိုင်ပေါက်ပြီး သဘာဝကို အံတုချင်ကြတယ် ။ လွတ်လပ်စွာ တွေးခေါ်ခွင့်ကို ပိတ်ပင်ပြီး ၊ ပဒေသရာဇ်ခေတ်က အစွဲတွေ ခေါင်းထဲ ရိုက်သွင်းချင်ကြတယ် ။

နောက်တစ်မျိုးလည်းပြောကြပါသေးတယ် …. မိန်းမ တန်ဖိုးကျတယ်တဲ ့ …….. ။ တန် ………. ဖိုးးးးးးးးးး …….. တန်ဖိုးတဲ့လား ။ အဟားးးး  စကားလုံး ကြီးကြီးတွေအောက် ၊ အသက်ရှု မှားလောက်ပါတယ် ။  လူတစ်ယောက်ရဲ ့ တန်ဖိုး … အဲ အထူးသဖြင့် မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကို ဘယ်လိုများ ပိုင်းဖြတ်ကြသလဲတော့မသိဘူး ။ ကျွန်မကတော့ တန်ဖိုးဆိုတာ သတ်မှတ်သူ(တန်ဖိုးဖြတ်သူ) ရဲ့ အပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ် ။ ရှမ်းကြိုက်လျှင် နွားချောသလိုပေါ့ ။ အိမ်မှာငုတ်တုတ်ထိုင်ပြီး ဆင်မယဉ်သာ လမ်လျှောက်နိုင်မှ တန်ဖိုးရှိတယ်လို့ မမှတ်ယူပါဘူး ။ အိမ်တွင်းပုန်းလုပ်မှ၊အိမ်မှုကိစ္စတာဝန်ကြေမှ  တန်းဖိုးရှိတယ် ဆိုတယ်အယူကိုလည်း လက်မခံပါဘူး ။ ဘီးဆံပတ်နဲ့ ထိုင်မသိမ်းဝတ် လမ်းထွက်မှ အဖိုးတန်တယ်မထင်ပါဘူး ။ လူတိုင်းမှာ ကိုယ်စီ တန်ဖိုးလေးတွေ ရှိကြစမြဲပါ ။ မခိုးမဝှက်၊ မပုတ်မယုတ်ပဲ ၊ လိမ္မာသိတတ်၊ အကင်းပါးပြီး ၊ ကာလ ဒေသနဲ့ လိုက်လို့ ဝတ်စားတတ်၊ ပြောဆိုတတ်ရုံနဲ့ အဖိုးတန်တာပဲလို့ ကျွန်မတော့မှတ်ယူပါတယ် ။ ချစ်တဲ့လူနဲ့ ခိုးရာလိုက်သွားတာ ၊ သူများ ပစ္စည်းကို ခိုးတာလည်း မဟုတ် ၊ ဓါးပြတိုက်တာလည်း မဟုတ် ၊ လိမ်စားသောက်တာလည်း မဟုတ်ပဲနဲ့ …… တန်ဖိုးကျရတယ်ဆိုတာကတော့ နည်းနည်းများ …..များနေမလားပဲ ။ မိဘတွေရဲ့ စေတနာ အတ္တနဲ့ ဘေးပတ်ဝန်းကျင်ရဲ့ အတင်းဖျင်းတွေကြား ၊ ဒီလိုလမ်းကို ရွေးသွားခဲ့တာ ဘာလို့များ ကိုယ်ချင်းမစာ မိကြပါလိမ့် ။ လူတိုင်းကတော့ နှစ်ဖက်မိဘကြည်ကြည်ဖြူဖြူနဲ့ လက်ထပ်ပေးတာမျိုးကို လိုချင်ကြမှာပါ ဒါပေမယ့် အခြေနေအကြောင်းကြောင်းကြောင့် မဖြစ်နိုင်တဲ့ အခါမျိုးမှာ မိမိဘဝရွေးချယ်မှူကို မိမိသာလျှင် ဆုံးဖြတ်သင့်လို့ ယုံကြည်ရာရွေးချယ်ခဲ့တာ ၊ပတ်ဝန်းကျင်အနေနဲ့ မရှံ ့ချသင့်ပါဘူး ။ ဆီလို အပေါက်ရှာပြီး ပြောချင် ဆိုချင်နေကြတဲ့ ပတ်ဝန်းကျင်ကလူတွေက ပါးစပ်ကသာ စည်းမစောင့်ကြတာ ၊ စေတနာ ရှိလွန်းလို့ .. ထမင်းတနပ်လောက်တောင် ကျွေးဖူးတာမျိုးမဟုတ်ဘူးလေ ။

အရင်ခေတ်ကတော့ မိန်းမတွေကို တဆင့်နိမ့် လူတန်းစားလို အိမ်တွင်းပုန်းအဖြစ်နဲ့သာ ၊ အိုးသူကြီးဆိုတဲ့ (ခိုင်းကောင်းအောင်) နာမည်တပ်ပြီး လူတောမတိုးရဲအောင် ချိုးနှိမ်ထားကြတယ် ။ ပညာသင်ကြားခွင့်မရတာမျိုးလည်း ကြားဖူးခဲ့ပါတယ် ။ အားနွဲ့တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မိန်းမတွေ လုပ်ပိုင်ခွင့် ဆုံးရှုံးနေတာ ကိုယ်တိုင်က သတိမထားခဲ့မိကြတာလား ၊ သိသိနဲ့ ရှေးရိုးစွဲ အယူဆတွေကို အားပေးအားမြှောက်လုပ်နေသလားတော့ မပြောတတ်တော့ပါဘူး ။ မိမိကိုယ်ကို အားနွဲ ့တယ်လို့ ခံယူရင်း …… ရှိရင်းစွဲ လုပ်နိုင်ကိုင်နိုင်တာလေးတွေတောင် အသုံးမကျတော့သလို ဖြစ်သွားတာ ၊ ထက်မြက်မှုတွေလျော့ကျသွားတာ မဖြစ်သင့်တဲ့အခြေနေတစ်ခုဆိုပေမယ် ၊ အတိတ်က ကာလတစ်ခုမှာ ဒီလို အခြေနေတွေ ဖြစ်ခဲ့တယ် ။ အရည်ချင်းရှိပါလျှက် လက်တွေ့ အသုံးချခွင့်မရတာ … နစ်နာမှု တစ်ခုပါပဲ ။  ဒါကြောင့်လည်း generation gap တွေဖြစ်လာပြီး ၊ လူကြီးနဲ့ လူငယ် အမြင်မတူတဲ့ ကိစ္စလေးတွေ ၊ အထစ်ငေါ့လေးတွေ ရှိလာခဲ့တယ် ။ အဲ့ဒီအချိန်မှာ အာဏာရှင်ဆန်ဆန် အမိန့်တွေပေးပြီး ၊ ငါတို့တုန်းကဆိုတဲ့ အဖြစ်ပျက်တွေနဲ့ နှိုင်းလို့ …. ယနေ့ခေတ်လူငယ် ကာယကံရှင်တွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို စွက်ဖက်ချင်ကြတယ် ။

အရင်ခေတ်က အိမ်ထောင်ပြုမယ်ဆိုလျှင် နှစ်ဖက်နားဖောက်ပြီး  😆   မိဘသဘောကျ ပေးစားတဲ့ အတိုင်းယူလိုက်ကြရတာမျိုးပါ ။ ဒါကြောင့် ကျွန်မတို့ အဖိုးဖွားတွေခေတ်က ၊ လင်နဲ့ မယား အသက်တွေ အတော်လေး ကွာနေတာမျိုးတွေ ရှိခဲ့တယ် ။ ဒီခေတ်မှာလည်း ရှိပေမယ့် အရင်ခေတ်တွေကလိုတော့ အများကြီး မကွာဟတော့ဘူး ။ ပေးစားလို့ မကြိုက်ပဲ မိဘကို မလွန်ဆန်ရဲလို့  ယူလိုက်ရတဲ့အခါ ၊ သာယာချင်မှ သာယာပါလိမ့်မယ် ။ အိမ်ထောင်ရေး အဆင်မပြေလျှင်တောင်မှ ကြိတ်မှိတ်ပြီး ပေါင်းသင်းနေကြရတယ် ။ အခြေနေတင်းမာမှုတွေနဲ့ စိတ်ဒုက္ခခံကြရတယ် ။  အရင်ခေတ်က အိမ်ထောင်ကွဲတဲ့ ကိစ္စကို ရှုံ့ချစရာလို့ မြင်ခဲ့ကြတာကြောင့်လည်း ပါမယ် ။ တကယ်တမ်း စဉ်းစားကြည့်လျှင် ၊ မိမိကိုယ်တိုင် တည်ထောင်ထားတဲ့ ကိုယ့်ရဲ့ မိသားစုကို ဘယ်သူကမှ အပြိုကွဲ မခံချင်ကြပါဘူး ။ ဒါပေမယ့် တချို့ပြသနာလေးတွေ ၊ ညှိမရတာလေးတွေများလို့ အဖုထစ်တွေဖြစ်လာမယ်ဆိုလျှင် နှစ်ဦးနှစ်ဖက်စလုံး ကြိတ်မှိတ်ပေါင်းသင်းနေရလို့ ၊ စိတ်ဒုက္ခရောက်နေမယ့် အစား ၊ လွတ်လွတ်လပ်လပ် ကာယကံရှင်ဆန္ဒနဲ့ လမ်းခွဲ သင့်တန်ခွဲ့ပေါ့လေ ။ ဆိုလိုတာက ပြန်ညှိလို့ မရတဲ့ နောက်ဆုံး အခြေနေကို ပြောတာပါ ။ သားသမီးတွေ ရှိနေခဲ့ပြီဆိုလျှင်တော့ ထောက်ပံ့ဖို့ ကိစ္စပါ ဆက်နွယ်လာပြန်ပြီပေါ့ ။ ပါးစပ်က ဂုဏ်သိက္ခာ ၊ အရှက်တရား လို့ တစာစာအော်ရင်း ၊ စိတ်ထောင်းကိုယ်ကြေဘဝနဲ့ မျောလိုက်သွားရမယ်ဆိုလျှင် လူဖြစ်ရတာ မတန်သလိုပါပဲ ။ ဖြစ်သင့်တာ ၊ လုပ်သင့်တာကို ၊ လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ အချိန် ထလုပ်လိုက်တာ အကောင်းဆုံးပဲလို့ မြင်မိပါတယ် ။

ကျွန်မ ဒီပို့စ်ကို ရေးတာ  ခိုးရာလိုက်ပေးတာကို အားပေးအားမြှောက်လုပ်တာလည်း မဟုတ် ၊ ဘိုးဘွား ဘီဘင်ခေတ်ကို အပြစ်ဖို့တာလည်းမဟုတ်ရပါဘူး ။ မိမိရဲ့ တဦးတယောက်တည်း ထင်မြင်ချက်နဲ့ ဘေးပတ်ဝန်းကျင် စွက်ဖက်မှုကို မနှစ်မြို့တဲ့ စိတ်နဲ့ရေးပါတယ် ။ ဆီလို အပေါက်ရှာ  အတင်းဖျင်းပြောချင်သူတွေကျန်းမာကြပါစေ ။ ချမ်းသာကြပါစေ ။   :mrgreen:

လွတ်လပ်စွာ ကွဲလွဲ နိုင်ပါတယ် … သို့သော် ….  ရိုင်းစိုင်းခွင့်တော့ မပြုပါ ။ 🙄

 

91 comments

  • P chogyi

    October 10, 2012 at 5:02 pm

    ကျွန်တော်က ကျွန်တော်ခြံမှထွက်သော ကြက်ဥအား
    တစ်လုံးလျှင် ၁၀၀ဝ ဖြင့် ရောင်းရန်သတ်မှတ်လိုပါသည်။
    သို့သော် လူ့ပတ်ဝန်းကျင်းအရောင်းအဝယ်လောကတွင် ၁၀ဝ ခန့်သာသတ်မှတ်
    ထားပါသည်။ သို့ဖြစ်ရာ တန်ဖိုးကို ကိုယ်တိုင်မသတ်မှတ်နိုင်ခဲ့ပါ။
    ခိုးရာလိုက်သော စုံတွဲအများစုမှာ အဆင်မပြေကြပါ။
    တတ်နိုင်လျှင် နှစ်ဘက်မိဘအသိုင်းအဝန်းနှင့် မပတ်သက်ဘဲ
    နေနိုင်လျှင်ကောင်းပါသည်။
    သို့မဟုတ်လျှင် တတ်နိုင်သရွှေ့ခိုးမပြေးဘဲ နှစ်ဘက်မိဘသဘောတူနိုင်အောင်
    ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။

  • ဦး ကျောက်ခဲ

    October 10, 2012 at 5:16 pm

    တူမ etone ရေ

    ကိုယ်တိုင်တော့ တစ်ခါမှ မိန်းမ မခိုးဘူးပေမဲ့၊
    သူငယ်ချင်းများ မိန်းမခိုးတာ အဖော်လိုက်ရတာတော့ ပျော်စရာ!
    ထိတ်လန့်မှုနဲ့ ပျော်နေတဲ့ သူတို့ အစား ရင်ခုံမိပါရဲ့…….

    ဒါပေမဲ့၊ “စည်သူလွင်” သီချင်း ဆိုသွားကြတဲ့ သူတွေက အများသား….
    “……. အချစ်ရေကိုယ့်ကြောင့်……”
    :byae:

    • etone

      October 11, 2012 at 11:01 am

      ကိုချိုကြီးနဲ့ …… ဦးကျောက်ရေ ….. ဝင်ရောက်ဆွေးနွေးမှုအတွက် ကျေးဇူးတင်ပါတယ်နော် ။

      @ ကိုချိုကြီး

      တတ်နိုင်လျှင် နှစ်ဘက်မိဘအသိုင်းအဝန်းနှင့် မပတ်သက်ဘဲ
      နေနိုင်လျှင်ကောင်းပါသည်။

      ဆိုတဲ့စာလေးကို 100% သဘောကျ နှစ်သက်မိပါတယ် ။
      မိဘဆိုတာမျိုးက (ဘယ်လောက်ပဲ အသုံးမကျတဲ့ သားသမီးဖြစ်ပါစေ) ကိုယ့်သားသမီးကို အမြင့်ဆုံးမှာပဲ ဆင်စီးမြင်းရံဘဝမျိုး ပေးချင်ကြတယ် ၊ ဒါသဘာဝပါ ။ လူငယ်တွေကတော့ မိဘတွေလို ရှေ့တွေနောက်တွေ ခြုံငုံသုံးသပ်တာထက် ၊ အသက်အရွယ်နဲ့ အသိဉာဏ်အလိုက် စိတ်ခံစားမှုဘက်ကို အလေးထားတာမျိုးလည်း ရှိတတ်ကြတယ် ။ တကယ်ဆို မပြေလည်တာရှိလျှင်လည်း …. ညှိယူလို ့ရပါတယ် ၊ နှစ်ဖက်စလုံးကသာ အတ္တတွေ ၊ မာနတွေ ကိုင်စွဲမထားဘူးဆိုလျှင်ပေါ့လေ ။
      ခိုးယူမှ ပေါင်းသင်းရမယ့် အခြေနေကတော့ နောက်ဆုံး အခြေနေဖြစ်ပါလိမ့်မယ် …. ဒါကလည်း မိုက်ရူးရဲဆုံးဖြတ်တတ်တဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ တချို့တလေ ဖြစ်လေ့ဖြစ်ထရှိသလို ၊ အရာရာကို ချင့်ချိန်ရင်း ကိုယ့်စိတ်ခံစားချက်ကို မချိုးနှိမ်နိုင်တဲ့ အရွယ်ရောက်ပြီးသား အရွယ်တွေမှာလည်း ဖြစ်တတ်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ … အိမ်ထောင်ကျပြီဆိုတာနဲ့ … မိဘဆီပြန်ပြီး လက်ဖြန့်တောင်းရမယ့် အကျင့်ဆိုးတော့ ပျောက်သင့်တယ်လို့ မြင်မိပါတယ် ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှသာ … ကိုယ့် ဦးနှောက်နဲ့ ကိုယ်ဆုံးဖြတ်ချက် ချသင့်ပါတယ် ဆိုတာလေး ……

      @ အင်ထှာနေရှင်နယ် … ဦးကျောက်ရေ …
      ခိုးတယ်ဆိုတဲ့ ကိစ္စ … ဒီခေတ်မှာလည်း ရှိတော့ ရှိနေသေးပေမယ့် အရင်ကလောက်တော့ မများတော့ဘူး ။ ဘာလို့လဲ ဆိုတော့ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးက … ဟိုးအရင်ခေတ်ကလို … မိဘက ဝါးလုံးကို ပြပြီး ဝါးခြမ်းလို့ အော်တာတောင် … ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဝါးလုံး မပြောရဲ့ခဲ့တဲ … ချစ်ကြောက် ရိုသေဆိုတာမျိုးထက် ယနေ့ခေတ်မှာ ပွင့်လင်းပြီး ၊ အပြန်လှန်ဆွေးနွေးလို့ရတဲ့ ဆက်ဆံရေးမျိုးတွေဘက် တစစ ပြောင်းလဲ လာလို့ပါပဲ ။ အချစ်ရေ ကိုယ့်ကြောင့် မကြောင့်ကတော့ မိမိတို့ရဲ့ ရွေးချယ်မှု အပြင် ၊ ချစ်တဲ့စိတ် ၊ မမြင်ရတဲ့ ကံတရား( .. နည်းနည်းတော့ထည့်ဦးမှ … လွှဲချလို့ကောင်းအောင် 😉 ) သည်းခံနိုင်မှု အတိုင်းတာ ၊ နားလည်ညှိနှိုင်းလက်ခံလိုစိတ် … ဘာညာဘာညာတွေ အားလုံးနဲ့လည်း ဆိုင်ပါကြောင်း …. အိမ်ထောင်ရေး အဆင်မပြေဘူးဆိုတာ … နှစ်ယောက်စလုံးမှာ ချို့ယွင်းချက် ကိုယ်စီရှိကြလို့ပ ါ။ ပိုက်ဆံပြသနာကတော့ .. ရှင်းပါတယ် .. စောစောကတည်းက … – မနိုင်ပဲ .. ပဲကြီးဟင်း မစားနဲ့ပေါ့လေ … ဟိဟိ ။
      ယုံဘူးလားဟင်င်င် ……. ဒါရှိုလဲ ..ဝါကျွတ်အမှီ ပြန်လာပြီး .. မိန်းမယူကြည့်ပေါ့ အူးကျောက်ရေ .. ခွိခွိ ။ :kwi:

  • ဘဲဥ

    October 10, 2012 at 5:24 pm

    ဘယ်ဒူ့ဂို တွားခိုးရရင် ကောင်းမယဲ
    ကြာဘာဒယ် မမအီးတုံးဂို တွားခိုးဒါဘဲကောင်းဘာဒယ် :harr:
    ဝါကျွတ်တော့မယ် ဒန် တန့် ဒန် …..

    • etone

      October 11, 2012 at 11:04 am

      တေနာယေး ဘဲဥမ …… နာ ယူ ပလိုက်လို့ …… နီ မ နှဲ လေး ငိုနေလျှင် … ရန်ကုန်ရေကြီးသွားဦးမယ် …. ။
      သွား…သွား …. ငါးနှစ်အောက် အသက်မပြည့်သေးတဲ့ ကလေးတွေ ဝင်ဆွေးနွေးလို့ မရဘူး …. ။ :harr:

    • Khaing Khaing

      October 11, 2012 at 3:07 pm

      ကောင်းဒယ် .. ကောင်းဒယ် … အဲဒီ ဘဲဥပုပ်မကို များများလေးပြောပေး … အဲဥပုပ်မ ကြောင်တောင်နှိုက်ချင်နေတာ …. ဝမ်းသာလိုက်တာ ….

  • သမီးကိုလည်း ကွဲလွဲခွင့်ပြုပါ မမ.. 🙂

    မွန်မွန်လည်း ခိုးရာလိုက်တာကို မကြိုက်ပါဘူး.. အပြစ်လို့တော့ မဟုတ်ပေမယ့် ကိုယ်သာဆိုရင်လည်း လုပ်ဖြစ်မှာမဟုတ်ဘူးထင်ပါတယ်…
    ယောက်ျားလေးက ကောင်းကောင်းမွန်မွန်လေးပေမယ့် မိန်းကလေးမိဘတွေဘက်က တစ်ဖက်သတ်အမြင်မကြည်တာဖြစ်နေမယ်ဆိုရင်၊ ယောက်ျားလေးမိဘအသိုင်းအဝိုင်းနဲ့ ကိုယ်ကလည်း ချစ်သူဘဝမှာကတည်းက အဆင်ပြေနေမယ်ဆိုရင်၊ နှစ်ယောက်အတူ ဘဝတစ်ခုထူထောင်ဖို့ ဘယ်မိဘကမှ ထောက်ပံ့စရာမလိုတဲ့ဘဝကို ပိုင်ဆိုင်ထားမယ်ဆိုရင်…
    အဲလိုအချက်တွေကြောင့်ဆိုရင်တော့ ခိုးရာလိုက်မယ်ဆိုလည်း တားစရာမရှိပါဘူး။

    အဲလိုမှမဟုတ်ဘဲ ကိုယ့်မိဘရော၊ ပတ်ဝန်းကျင်ရောရဲ့အမြင်မှာ သူက လူကောင်းဖြစ်မနေလို့ သဘောမတူတာဆိုရင်၊ သူ့မိဘတွေနဲ့လည်း မပတ်သက်ဖူးဘူးဆိုရင်၊ သူကလည်း ကိုယ့်ခြေထောက်ပေါ်ကို အနှောင်အဖွဲ့ကင်းကင်းနဲ့ ရပ်နေနိုင်တဲ့သူမဟုတ်ဘူးဆိုရင် ခိုးရာလိုက်သွားတယ်ဆိုတာ ယောက်ျားလေးပတ်ဝန်းကျင်ရဲ့ တန်ဖိုးမထားမှုကို ခံရနိုင်တယ်လို့ ထင်ပါတယ်။

    ဟုတ်..အစ်မ..မွန်မွန့်လို ဦးနှောက်သေးသေးလေးကတော့ မိန်းကလေးတန်ဖိုးကျတယ်လို့ မြင်မိပါတယ်။ ဖြစ်နိုင်ရင်တော့ ကိုယ့်ချစ်သူကို ကိုယ့်မိဘကလည်း သဘောကျပြီး မိသားဖသားပီပီ တောင်းရမ်းလက်ထပ်ယူတာမျိုးကိုပဲ လိုချင်ပါတယ်လို့.. 🙂

    • etone

      October 11, 2012 at 2:11 pm

      မွန်မွန်ရေ ….

      မိမိရဲ့ ကိုယ်ပိုင်အတွေးစိတ်ကူးလေးနဲ့ ရေးပြသွားတဲ့ ကော့မန် ့လေးအတွက် ကျေးဇူးတင်ပါတယ်နော် ။
      လူတိုင်းကတော့လေ မိမိ နှစ်ဖက်မိဘ အသိုင်းဝိုင်း အဆင်ပြေမယ့် ချစ်သူမျိုးကို အိမ်ထောင်ဖက်ဖြစ်ချင်ကြတာပါပဲ ။

      ဖြစ်နိုင်ရင်တော့ ကိုယ့်ချစ်သူကို ကိုယ့်မိဘကလည်း သဘောကျပြီး မိသားဖသားပီပီ တောင်းရမ်းလက်ထပ်ယူတာမျိုးကိုပဲ လိုချင်ပါတယ်လို့.

      ရေးထားတာကိုလည်း သဘောကျပါတယ် … မိန်းမတိုင်းနီးပါး ဒီလိုပဲ မျှော်လင့်တတ်ကြပါတယ် ညီမလေးရေ ။ မြန်မာ့အသိုင်းဝိုင်းမှာ အဲ့ဒီလိုလုပ်မှ … တင့်တယ်တယ် ၊ မျက်နှာမငယ်ရဘူးလို့ … လက်ခံခဲ့ကြတာကြောင့်လည်း ပါတာပေါ့ .. ။ တစ်ခါတစ်လေကျတော့လည်း မွန်မွန်ရေ … အကောင်းဆုံးကို မျှော်လင့်ထားပေမယ့် ….. အခြေနေအရ ပြောင်းလဲ မှုတွေ အများကြီး ဖြစ်တတ်ကြုံတတ်ပါသေးတယ် ။ ပြောင်းလဲမှုတွေပေါ် လိုက်ပြီး .. ဆုံးဖြတ်ချက် ချရတာမျိုးပါ ။ ခိုးရာလိုက်တဲ့ လူတွေကလည်း အစကတည်းက အခုလို ရည်ရွယ်ခဲ့တာ မဟုတ်လောက်ဘူး …. ကြုံလာရတဲ့ အခြေနေပေါ် သူတို့ ဆုံးဖြတ်ချက်ပြောင်းလိုက်တာလို့ပဲ ထင်ပါတယ် .. ဒါပေမယ့် .. တော်ရုံသတိ္တနဲ့တော့ မရဘူး … ကိုယ့်ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲအရ .. ကိုယ့်အားကိုယ်ကိုး ရပ်တည်ရမှာကြောင့်လေ ။ မိသားစု အသိုင်းဝိုင်းဆိုတာ အရေးမကြီးဘူးလို့ အစ်မတော့ထင်တယ် … ဒါပေမယ့် ဆက်နွယ်ပေါက်ဖွားခဲ့တော့ …အရေးတော့ပါတယ်ပေါ့ ။ တချို့သော ပတ်ဝန်းကျင်တွေမှာ အမျိုးဆွေတွေဆိုတာ …. အပေးကမ်းမရက်ရောလျှင် ၊ သိပ်အားကိုးလို့ မရပါဘူး ။ အမျိုးတွေနဲ့ပတ်သတ်တဲ့ ဖီလင်လေး နည်းနည်း ရှိထားလို့ .. အစ်မကတော့ အမျိုးဆိုလျှင် ခေါင်းထဲ သိပ်မထည့်ဘူး .. မွန်မွန်ရေ … ။ ကိုယ့်ဘာသာကိုယ် ရုန်းကန်ရင်း အခြေနေကောင်းလာကြည့် အလျှိုလှျို ပြေးကပ်လာကြမယ့် လူတွေများတယ်လေ … ။
      ကော့မန့်ပေးဆွေးနွေးမှု အတွက် အများကြီးကျေးဇူးတင်ပါတယ်နော် ။

  • ကိုခင်ခ

    October 10, 2012 at 7:14 pm

    ခိုးရာလိုက်တာက အပြစ်လို့တော့ မဆိုချင်ပါဘူး၊ ဒါပေမယ့် အခြေအနေအရပ်ရပ်ကြောင့် တစ်ချိန်ခိုးရမယ်ဆိုရင် အမျိုးသာက မိမိအိမ်ထောင်ဘက်ဖြစ်လာမယ့်ဇနီးနဲ့ အိမ်ထောင်ရဲ့ စား ဝတ် နေရေး ကို ကိုယ့်အစွမ်းအစနဲ့ ထားနိုင်စွမ်းရှိတဲ့သူ ဆိုရင်တော့ ခိုးရာပြေးပြီးပေါင်းလိုက်ရခြင်းမှာ ချစ်တဲ့သူနှစ်ဦးပေါင်းစည်း၍ ကျေနပ်စရာအိမ်ထောင် တစ်ခုဖြစ်ပါလိမ့်မယ်၊ အဲလိုမဟုတ်ဘဲ စိတ်အလိုလိုက်ခါ ငယ်သူမို့မသိတတ်ခဲ့ပါ ဆိုသလို ခိုးပြေးပြီးမှ မိန်းကလေး မိဘ သို့မဟုတ် အသိုင်းအဝိုင်းကို ပြန်မှီခိုရရင်တော့ အမျိုးသားအတွက် အဆင်မပြေမှု့တွေ မျက်နှာငယ်ရမှု့တွေ စသည်ဖြင့်ခံစားရတဲ့အခါ၊ ဒါမှမဟုတ် အမျိုးသားမိဘတွေဘက်ပြန်မှီခိုရရင် မိန်းကလေးအနေနှင့်စိတ်ဆင်းခြင်း ကြေကွဲခြင်း
    တွေ ခံစားရပါလိမ့်မယ် အဲဒီကျ ရင်ခိုးယူပေါင်းမိတဲ့အပေါ် အပြစ်တင်မှု့တွေကို
    ပြန်လည်ချေပဖို့ စွမ်းအားတွေစိတ်သုန်းခြင်းဖြစ် လိမ့်မယ်လို့ထင်ပါတယ်။
    ဒါကြောင့် မိဘသဘောတူလို့ဘဲပေါင်းသည်ဖြစ်စေ အကြောင်းမတိုက်ဆိုင်လို့ခိုးကြ ရသည်ဖြစ်စေ အိမ်ထောင်ကိုဦးဆောင်လာမယ့် အမျိုးသားသည် အိမ်ထောင်တစ်ခု၏ စား ဝတ် နေရေး (အနည်းဆုံးပေါ့ )ကို ကိုယ့်အစွမ်းအစနဲ့တာ ရပ်တည်နိုင်မယ်ဆိုရင်
    တော့ဖြင့် ပတ်ဝန်းကျင်မှာ ခေါင်းမော့ရင်ကော့လို့သာ လျှောက်လိုက်ပါလို့။

    • etone

      October 11, 2012 at 2:37 pm

      အန်ကယ်ခင်ခ … ရေးထားတာ မျှတပြီး သဘောကျလို့ BC ပေးလိုက်ပါတယ်နော် ။
      တာဝန်ယူလိုစိတ်တွေ ၊ အကာကွယ်ပေးလိုစိတ်တွေနဲ့ ….ယောကျာ်းတစ်ယောက်ဘက်က အမြင်နဲ့ ရေးသွားတာမို့ လေးစားမိပါတယ် ။

      (ခိုးရာလိုက်ခြင်းနဲ့ မဆိုင်တဲ့ အကြောင်းလေး နည်းနည်းပွားခွင့်ပြုပါ ) …. မိသားစုမှာ ယောကျာ်းက ဦးဆောင်သူလို့ အများစု ခံယူထားကြပါတယ် ။ သူကပဲ အိမ်ရဲ့ ပင်မစီးပွားရေး ဒေါက်တိုင်ကြီးကိုး …. ဒီတော့ သူ့မှာက ပိုက်ဆံရှာတာ သူဆိုတဲ့ … မာနလေးတော့ .. ရှိကောင်းရှိတတ်ကြမှာပါ ။ အိမ်က မိန်းမကို … မသိမသာ အနိုင်ယူတာမျိုး ရှိကောင်းရှိမယ် .. အလုပ်ခွဲခြားတာမျိုးလေးတွေ ရှိကောင်းရှိမယ် … အိမ်ဦးနတ်မို့ ၊ ဘော်ကျော့နေရမယ်ဆိုတဲ့ အတွေးလေးတွေ .. ယောကျာ်းတချို့မှာ စွဲကိုင်ထားတာ တွေ့ရပါတယ် ။ မိသားစုအပေါ် တာဝန်ကျေတာ ၊ တာဝန်သိစိတ်ရှိတာ စောင့်ရှောက်တတ်တာကို သဘောကျပေမယ့် အဲ့ဒီလို မိသားစုတွင်းမှာတောင် တလွဲမာနရှိနေတဲ့ ယောကျာ်းတွေကိုတော့ သဘောမကျပါဘူး ။ သမီး အယူဆကတော့ ယောကျာ်းလည်း ယောကျာ်း အလျှောက် ပိုက်ဆံရှာ ၊ မိန်းမလည်း … ငယ်တုန်းရွယ်တုန်း အပြင်ထွက် ပိုက်ဆံရှာ .. အိမ်အလုပ်ကိုတော့ … နှစ်ယောက်စလုံး တက်ညီလက်ညီ လုပ်သင့်ပါတယ် ။ မလိုလားအပ်ပဲ .. တလွဲမာနတွေရှိနေလျှင် ဘယ်လောက်ပဲ စီးပွားရေး အဆင်ပြေပြေ ၊ အိမ်တွင်းရေး မသာယာနိုင်ဘူးလို့ ထင်ပါတယ် ….. ။ :hee:

      • Khaing Khaing

        October 11, 2012 at 3:10 pm

        ဝေးးးးးးးး … ဦးဦးခင်ခဆွေးနွေးတာ တမီးလည်း တဘောကျနေတာ .. အခု မမအီးတုံးက ဘတ်ကော်မန့်ပေးလိုက်တာ ပိုကောင်းတွားတယ် …

        ဒါနဲ့စဂါးမစပ် … တမီးလည်း မမအီးတုံးလို ကိုယ်တုံးလုံး … အဲ အဲ မွှားတွားလို့ ကြယ်တုံးလုံးဖြစ်ချင်တယ် … တမီးကို လည်း ဘဲကော်မန့်ပေးပါယား ….. ခစ်ခစ် (အလကားစတာနော်)

        • etone

          October 11, 2012 at 3:15 pm

          ယောက္ခမကြီး … မာမီခိုင် ရေ … အရင်ကတော့ BC များလျှင် ကြယ်တွေတက်လာပေမယ့် … နောက်ပိုင်း BC များများ ရရုံနဲ့ ကြယ်မတက်တော့ပါဘူးကွယ် ….

          မာမီ လိုချင်လျှင် တမီး ရွှေဘုံတာ လမ်းမှာ တွားဝယ်ပေးမယ် …. နော် … အဲ့အတွက်တော့ …တားတားယေးပဲ ခြောက်မွှာပူးမွှေးပေးပါ .. ခွိခွိ :harr:

      • ကိုခင်ခ

        October 11, 2012 at 3:56 pm

        ခိုးရာလိုက်ခြင်းနဲ့ မဆိုင်တဲ့ အကြောင်းလေး နည်းနည်းပွား ခဲ့တဲ့သမီးရေ ကျွန်တော်အယူ အဆလေးလည်း ပြန်ပွားမယ်ဗျာ။
        အိမ်ထောင်တစ်ခုမှာ ဒါက ယောင်္ကျားလုပ်ရမယ့်အလုပ်၊ ဒါကမိန်းမလုပ်ရမယ့်အလုပ် စသည်ဖြင့် ခွဲခြားပြီးနေကြ လုပ်ကြတဲ့သူတွေကို မေးချင်တာက ရေတစ်အိုးထဲမှာရှိနေတဲ့ရေကို မင်းဘက်က
        ရေကိုမင်းသောက် ငါ့ဘက်ကရေကို ငါသောက်မယ် ကျော်မသောက်နဲ့လိုဆိုပြီး နေကြရင် တကယ်တော့ ဒီအိုးထဲကရေကို သောက်တာပါဘဲ တွက်ကပ်တာလို့ဘဲ မြင်ပါတယ်။
        မိမိအိမ်ထောင်ရဲ့ ပြင်ပမှာ လုပ်ရတာမျိုးဘဲဖြစ်ဖြစ် အိမ်မှာလုပ်ရမျိုးဘဲဖြစ်ဖြစ် ကိုယ်မလုပ်ရင် သူလုပ်ရမယ် ကိုယ်ရောသူရော နားလည်မှု ကူညီယိုင်းပင်မှုနဲ့ ကိုယ်နိုင်တာကိုယ်လုပ်ကြရင် ကိုယ့်မိသားစုလေး အလုပ်ပြီးမြောက်လို့ ပြည့်စုံမယ်ဆိုပြီး တစ်ဦးကိုတစ်ဦး ဖေးမကူညီလုပ်သွား
        ခြင်းသည် သာယာကျေနပ်ဖွယ်အိမ်ထောင်တစ်ခုပိုင်ဆိုင်လိမ့်မယ်လို့ ယူဆပါကြောင်း ခင်ခ တော့ လက်တွေ့မှာလည်း အဲလိုဘဲနေပါကြောင်းပါ။ ကျွန်တော် အယူအဆသည် အခြားသူအတွက် လက်ခံနိုင်ဖွယ်ဟုတ် မဟုတ်တော့မသိပေမယ့် ကျွန်တော်တို့ကတော့ အဆင်ပြေလျှက် ချစ်သက်ရှည်လျှက်ပါလို့။

        • Khaing Khaing

          October 12, 2012 at 9:49 am

          ဦးဦးခင်ခရယ် .. သိပ်မှန်တာပေ့ါ … တမီးတို့ မိသားစုလည်း ထိုနည်းကို ကျင့်သုံးနေကြောင်း … ဦးဦးခ အခုလို မိန်းမအလုပ် ယောက်ျားအလုပ်မခွဲခြားပဲလုပ်တော့ တမီး ဖေ့ဘုတ်မှာ ရှယ်ထားသလို ကျန်းမာရေးနဲ့အရမ်းညီညွတ်နေတယ်မှတ်လား ….. ခစ်ခစ်

  • may flowers

    October 10, 2012 at 7:27 pm

    ခိုးရာလိုက်တယ်ဆိုကတည်းက မိန်းခလေးမှာပဲဖြစ်စေ၊ ယောက်ျားလေးမှာပဲ ဖြစ်စေ ပြစ်ချက်တစ်ခုခု

    ( မိဘတွေအမြင်မှာ) ရှိနေလို့သာများကြပါတယ်။ ဒါမှမဟုတ် မိမိရဲ့သားသမီးလေးတွေက အိမ်ထောင်

    တစ်ခုကို မတည်ဆောက်နိုင်သေးတဲ့အရွယ်လေးတွေဖြစ်နေရင်လည်း မိဘတွေရဲ့သဘောတူညီမှုကိုရဖို့

    မလွယ်လောက်ပါဘူး။ အပြစ်ပြောစရာ မလိုလောက်ပဲသဘောမတူနိုင်စရာတော့မရှိလောက်တာမို့ အတတ်

    နိုင်ဆုံးမိဘကို ဖွင့်ပြောညှိနှိုင်းတာကိုတော့ ကျွန်မပိုကြိုက်ပါတယ်။ ငယ်သူတွေဆိုတော့ အချစ်တခုသာမြင်

    ပြီးမှားနိုင်ကြတာကြောင့်မို့ပါ။ ဒါပေမဲ့ ခိုးရာလိုက်ပြီး အိမ်ထောင်ပြုခဲ့ကြပေမဲ့ အဆင်ပြေချောမွေ့နေကြတဲ့

    အိမ်ထောင်သည်တွေလည်းအများကြီးတွေ့ဖူးပါတယ်။

  • aye.kk

    October 10, 2012 at 7:37 pm

    etone,,,,ရေ။
    ရှေးရိုးစွဲတဲ့အမြင်အယူအဆအတော်များများက
    အခုခေတ်နဲ ့အံဝင်ဂွင်ကျမဖြစ်နိုင်တော့တာကို
    ယနေ ့လူကြီးမိဘများကနားလည်သဘောပေါက်ပြီး
    လိုက်လျောပေးနိုင်ဘို ့လိုအပ်နေတယ်လို ့ထင်မြင်မိပါတယ်ကွယ်။

  • မောင်ပေ

    October 10, 2012 at 8:19 pm

    ညီမလေးတုံတုံရေ
    အရင်ဆုံးပြောချင်တာကတော့
    အပြစ်လို ့မသတ်မှတ်တဲ့ ညီမလေးသဘောထားကို အရမ်းအရမ်းကို ထောက်ခံပါတယ်ဆိုတဲ့အကြောင်းပါပဲ
    “ တစ်ကယ်သားမှတ်မှတ်မယားမှတ်မှတ်ပေါင်းမယ့်ယောက်ျားတိုင်း ကိုယ့်ချစ်သူ မိန်းမပျိုအား မရ ရအောင် လက်ထပ်ပေါင်းသင်းယူကြပါ။ ”

    • etone

      October 11, 2012 at 3:09 pm

      @ may flowersရေ …….ကော့မန့်ပေးဆွေးနွေးမှုအတွက် ကျေးဇူးတင်ပါတယ် ။
      ဘယ်လိုပဲ အိမ်ထောင်ကျကျ၊ အိမ်ထောင်ရေးဆိုတာလည်း … ဘဝတစ်ခုရဲ့ အလှည့်ပြောင်းလို့ ကျွန်မယူဆပါတယ် ။ ကိုယ်က လူကောင်းကို ယူပြီး ၊ ကိုယ့်လက်ထဲကျမှ ဆိုးသွားတဲ့ လူရှိသလို ၊ လူဆိုးလူမိုက်ကို ယူပြီး ကိုယ့်လက်ထဲကျမှ လူကောင်းဖြစ်သွားတာတွေလည်း ရှိပါတယ် ။ ဘယ်အရာမှ အတပ်ပြောလို ့မရပါဘူး ။ အဆိုးကောင်းကိုသာ ခံနိုင်ရည်ရှိဖို့ အရေးကြီးတယ်လို့ ထင်ပါတယ် ။ ခံနိုင်ရည်ရှိဖို့ဆိုတာကလည်း စိတ်ခွန်အားတမျိုးမို့ … ကိုယ်က ချစ်မြတ်နိုးတဲ့လူဖြစ်ဦးမှပဲ .. အဲ့လို ခွန်အားမျိုး ရနိုင်မယ်လို့ ထင်ပါတယ် …။ မဟုတ်လျှင် စလယ်ဝင်အိုး ဖင်မမည်းခင်က .. ကွဲကြပါရောလား ….. ဟီးးးး :mrgreen:

      @ အန်တီအေး ပြောသလိုပါပဲ …

      ရှေးရိုးစွဲတဲ့အမြင်အယူအဆအတော်များများက
      အခုခေတ်နဲ ့အံဝင်ဂွင်ကျမဖြစ်နိုင်တော့တာကို
      ယနေ ့လူကြီးမိဘများကနားလည်သဘောပေါက်ပြီး
      လိုက်လျောပေးနိုင်ဘို ့လိုအပ်နေတယ်လို ့ထင်မြင်မိပါတယ်ကွယ်။

      လို့ သမီးလည်း ယူဆပေမယ့် .. လူကြီးတွေဘက်ကကြည့်လျှင် … လက်ဖမိုး ၊ ကိုယ့်ဘက်က ကြည့်လျှင် လက်ဖဝါးဖြစ်နေတာကြောင့် … ၊ တခါတလေ အဆီငှော်မတည့် ကီးမကိုက်တာလေးတွေတော့ ရှိသေးတော့ ….. ဘယ်ဘက်ကပဲကြည့်ကြည့် လက်ဖမိုး ၊လက်ဖဝါးခွဲမနေတော့ပဲ .. လက်ကို လက်လို့ မြင်ပေးနိုင်ရုံလေးသာ မျှော်လင့်မိပါတော့တယ် ။ အန်တီအေးရဲ့ ကော့မန့်လေးအတွက်ကျေးဇူးတင်ပါတယ်နော် ။ :gee:

      @ ကိုပေရေ ….
      အခုခေတ်လူငယ်တွေကြားမှာ စားပြီးနားမလည် ၊ ဝါးပြီး ထွေးထုတ်လုပ်ချင်တဲ့ စိတ်ဓါတ်တွေများနေတာ ဆိုတော့ …

      “ တစ်ကယ်သားမှတ်မှတ်မယားမှတ်မှတ်ပေါင်းမယ့်ယောက်ျားတိုင်း ကိုယ့်ချစ်သူ မိန်းမပျိုအား မရ ရအောင် လက်ထပ်ပေါင်းသင်းယူကြပါ။ ”

      ဆိုတဲ့ စာကြောင်းလေးအတွက် ဘယာကြော်ပါ ။

  • ဦးဦးပါလေရာ

    October 10, 2012 at 8:57 pm

    တူမလေး အိတုန်ရေ
    အခုတလော ကွန်မင့်တောင် မရေးနိုင်အောင်ဖြစ်နေတဲ့ကြားက
    ဒီပိုစ့်လေးတွေ့ပြန်တော့ မနေနိုင်ပြန်ဘူးကွယ်…။

    ဦးလေးအမြင်လေးက
    ပထမဆုံးအနေနဲ့- ခိုးတယ် ဆိုတဲ့ဝေါဟာရကို မကြိုက်ပါဘူး..။
    အရွယ်ရောက်တဲ့ မိန်းကလေး ယောက်ျားလေးတိုင်းဟာ အိမ်ထောင်ပြုဖို့ကိစ္စမှာ သူ့ကိုယ်သူပိုင်ပါတယ်။
    ခိုးတယ်ဆိုတာက သူများပိုင်တဲ့ပစ္စည်းကို ပိုင်ရှင်မပေးပဲယူမှ သုံးသင့်တာပါ။
    ဒါကြောင့် ခိုးရာလိုက်တယ် လို့မဟုတ်ပဲ ကိုယ့်သဘောနဲ့ကိုယ် ကိုယ်ချစ်သူနောက်လိုက်တာသာဖြစ်ပါတယ်။
    လိုက်ခွင့်ရာနှုံးပြည့်နီးပါးရှိပါတယ်။
    မလိုက်အောင်တားမြစ်ဖို့လဲ အခြားသူမှာ အခွင့်မရှိသင့်ပါဘူးကွယ်။

    အဲ… အဲလို ခိုးရာလိုက်တာ သို့မဟုတ် ချစ်သူနောက်လိုက်တာဟာ ကောင်းသလားမကောင်းသလားဆိုတာတော့
    တဦးချင်း / တစုံတွဲချင်းရဲ့ စိတ်ပိုင်းရုပ်ပိုင်းအခြေအနေနဲ့သာ ဆိုင်ပါတယ်။
    အိမ်ထောင်တခုထူထောင်မယ်ဆိုရင်တော့ ထူထောင်နိုင်လောက်တဲ့ “အား” လိုပါ်တယ်။
    အဲဒါကိုတော့ နှစ်ဦးနှစ်ဖက် ကြိုတင်ဖြည့်ဆည်းထားရမှာပါ။
    မဖြည့်ဆည်းထားရင်တော့ ကိုယ်ဖြစ်ကိုယ်ခံ ပေါ့…။
    အဲဒါလေးတော့ နှစ်ဦးနှစ်ဖက် ကြိုတွက်ထားဖို့လိုပါတယ်….။

    မိဘ သို့မဟုတ် အသိုင်းအဝိုင်း အမျိုးအစားတခုစီလိုက်လို့
    အကြိုက်ချင်း သဘောချင်းမတူနိုင်တာကြောင့်
    မိဘအနေနဲ့လဲ သဘောမတူဘူး/သဘောမကျဘူး ဆိုတာလဲ ဖြစ်ခွင့်ရှိတာပါပဲ။
    အဲသလိုပဲ သားသမီးကလဲ မိဘသဘောနဲ့ကွဲလွဲမယ်ဆိုရင်လဲ ကွဲလွဲခွင့်ရှိတာပါပဲ..။
    အရွယ်ရောက်သူတိုင်းဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိပါတယ်။
    ဥပဒေကလဲ အဲဒီအတိုင်း ပြဌာန်းထားပြီး အကာအကွယ်ပေးထားပါတယ်။

    လူငယ်ချင်းလဲ မေတ္တာရှိ၊ လူကြီးတွေလဲ ကြည်ဖြူတဲ့ အိမ်ထောင်မှု့မျိုးကတော့ အကောင်းဆုံးဖြစ်ပေမယ့်
    အကောင်းဆုံးကိုရွေးခွင့်မရှိရင်လဲ
    အကြိုက်ဆုံးကိုတော့ ရွေးခွင့်ရှိပါတယ်…။
    အဲဒီအခွင့်အရေးကို လူကြီးတွေကလဲ သိမှတ်နားလည်လက်ခံဘို့လိုပါတယ်။
    ကိုယ့်သားသမီးကို ဆင်စီးမြင်းရံစေချင်ရင် လုပ်နိုင်တာ နှစ်မျိုးရှိပါတယ်။
    ပထမတမျိုးက ဆင်ပေါ်တင်ပြီး ခြံခတ်ထားတာ…
    နောက်တမျိုးက သူ့နောက်ကို ဆင်တွေမြင်းတွေထည့်ပေးလိုက်တာ….

    • Novy

      October 11, 2012 at 10:47 am

      “လူငယ်ချင်းလဲ မေတ္တာရှိ၊ လူကြီးတွေလဲ ကြည်ဖြူတဲ့ အိမ်ထောင်မှု့မျိုးကတော့ အကောင်းဆုံးဖြစ်ပေမယ့်
      အကောင်းဆုံးကိုရွေးခွင့်မရှိရင်လဲ
      အကြိုက်ဆုံးကိုတော့ ရွေးခွင့်ရှိပါတယ်…။
      အဲဒီအခွင့်အရေးကို လူကြီးတွေကလဲ သိမှတ်နားလည်လက်ခံဘို့လိုပါတယ်။
      ကိုယ့်သားသမီးကို ဆင်စီးမြင်းရံစေချင်ရင် လုပ်နိုင်တာ နှစ်မျိုးရှိပါတယ်။
      ပထမတမျိုးက ဆင်ပေါ်တင်ပြီး ခြံခတ်ထားတာ…
      နောက်တမျိုးက သူ့နောက်ကို ဆင်တွေမြင်းတွေထည့်ပေးလိုက်တာ….”

      လေးပါရဲ့ အပေါ်က စာလေးတွေကို သဘောကျမိပါတယ်
      ငါဆိုရင် ငါ့သမီးလေးကို “ဆင်ပေါ်တင်ပြီး ခြံခတ်ထား” မလား
      “သူ့နောက်ကို ဆင်တွေမြင်းတွေထည့်ပေးလိုက်” မလား
      အခုထိဆုံးဖြတ်လို့ မရသေးပါကြောင်း

  • surmi

    October 10, 2012 at 9:23 pm

    သားရှင်အနေနဲ ့ပြောရင်
    ရ ရင်ရ မရ ရင် ရတဲ ့နည်းနဲ ့ယူ ။ လိုအပ်ရင်အဖေပါအဖေါ်လိုက်ပေးမယ်

    သမီးရှင်အနေနဲ ့ ပြောရင်
    ဟေ ့ ….. အိမ်ရှေ ့ကဘယ်သူလဲကွ ။ သာဒင်ကိုဘာထင်လဲဟေ ့
    ဘယ် ဓားကြိုက်လဲ ပြောစမ်း းးးးးးးး

    ကဲ ချွေးမကရောဘယ်လိုလဲ
    ကျုပ်သားကို ခိုးခိုင်းရမှာလား လာတောင်းခိုင်းရမှာလား
    :harr:

    • etone

      October 10, 2012 at 11:06 pm

      အဟီးးးးးး ယောက္ခမဂျီး
      ခိုးရာလည်းမလိုက်ဘူး လာလည်းမတောင်းခိုင်းပါဘူး
      လူကြီးတွေကို ဒွတ်ခ မပေးချင်လို့ သားနဲ့အရင်ညှိလိုက်ဦးမယ်
      ဖိတ်စာရိုက်ပြီးမှပဲ လာနှုတ်ဆက်ပါ့မယ် ဟိဟိ ခွိခွိ :harr:
      :kwi:

  • Shwe Ei

    October 10, 2012 at 9:57 pm

    ဗရာကြော်ပါဒေါ်တုန်။ ခိုးရာလိုက်ပြေးခြင်းနဲ့ ပတ်သတ်တဲ့ ခြွင်းချက်အခြေအနေတွေ အများရီးချိပေမဲ့
    ကိုယ့်ဆုံးဖြတ်ချက်ကို တာဝန်ယူနိုင်ရင် ဘယ်ကိတ်စမဆို ပြတ်ပြတ်သားသားလုပ်တာအကောင်းဆုံးပါဘဲ။
    ၂ဆယ်ကျော်အစိတ်ပိုင်း (အရွယ်တော်တဆိတ်ဟိုင်း) အသက်ရွယ်တွေဆို ပိုလို့တောင်ချင့်ချိန်တတ်ပါသေးတယ်။ မိုက်ရူးရဲဆန်တာ၊ အချစ်ကိုရှေ့တန်းတင်တာမျိုးကို အားမပေးပေမဲ့ တဘဝလုံးစာ စဉ်းစားတော့မယ်ဆိုရင်တော့ ကိုယ်စိတ်ချမ်းသာပါ့မလားကို ထိပ်ဆုံးထား စဉ်းစားရမှာပါ။
    ဂုဏ်ရည်တူလို့ ငွေကြေးချမ်းသာလို့ ပညာတတ်လို့ ဆိုတဲ့အကြောင်းပြချက်တွေက အရေးပါပေမဲ့ တကယ်လိုအပ်ရဲ့လားဆိုတဲ့အချက်ကျ ဘယ်သူမှ အာမ မခံနိုင်ပါဝူး။ ၂ယောက်ပေါင်းတဘဝ ထူထောင်ဖို့ လိုအပ်တဲ့ကြိုးစားအားထုတ်မှု လုံလောက်တဲ့ဝီရိယနဲ့ သင့်တင့်လျောက်ပတ်တဲ့ လုပ်ရည်ကိုင်ရည် ချိဖို့က အဓိကကျတယ်မို့လား။ အောင်မြင်နေတဲ့ အဆင်ပြေနေတဲ့ အိမ်ထောင်ရေးတိုင်း မိဘသဘောတူလို့ ဂလိုဖစ်နေတာမဟုတ်ပါဝူး။ မိဘတွေကတော့ ကိုသဘောတူတဲ့လူနဲ့ ယူမှ အဆင်ပြေမယ်ထင်ကျတာကိုး၊ ဒါလဲ အပြစ်မဆိုသာပါဝူး။ အစွန်းမရောက်ဖို့သာလိုရင်းကျပါတယ်လို့ ပွားပရဇီ။

    တော်သေးဘီ
    ခင်တဲ့
    ရွှေအိ

  • pooch

    October 10, 2012 at 11:36 pm

    ဆယ်တန်းနှစ်က သချင်္ာသင်တဲ့ ဆရာတယောက် ပြောဖူးတာလေး အမှတ်ရမိတယ်။
    ကိုယ့်ကို မိဘက ဆယ်တန်းအောင်စေချင်တယ် ။ ကြိုးစားစေချင်တယ်။
    ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ကျသွားခဲ့တယ်။
    မိဘက ဘာမှ မဖြစ်ပါဘူးတဲ့။ ကိုယ်မကြိုးစားခဲ့တဲ့ အတွက် ကိုယ့်မှာပဲ သက်ရောက်မှုရှိပါတယ်တဲ့။

    အဲ့လိုပါပဲ မိဘက သဘောမတူဘူးပြောလည်း ကိုယ်က ကိုယ့်စိတ်နဲ့ကိုယ် ဇွတ်လုပ်ခဲ့မိပြီးပြီ ဆိုရင်တော့ ကိုယ့်မှာပဲ သက်ရောက်မှု ရှိမှာပါ။ မိဘက ပြောလို့ မောရုံအပြင် ဘာမှ မဖြစ်ပါဘူး။ ကိုယ်တိုင်ကတော့
    ကောင်းရင်လည်း စံ မကောင်းရင်လည်း ခံ ။ ဘယ်သူမပြု မိမိအမှုပါ။

    အစွန်းရောက်တဲ့ မိဘပဲ ဖြစ်ဖြစ် နားလည်မှု ရှိတဲ့ မိဘပဲ ဖြစ်ဖြစ် ဘယ်သူမဆို သားသမီးချောက်ထဲ ခုန်ချမှာကို တားမရရင်တော့ ချောက်ကို ပြေးပြီး မြေဖို့ ဖို့ ကြိုးစားမဲ့သူတွေ ချည်းပဲ နေမှာပါ။ အကျမနာအောင်လို့လေ။

    အစွန်းရောက်အတွေးရှိတဲ့သူကတော့ မိဘမှ မဟုတ် ကြီးချင်ကြီး ငယ်ချင်ငယ် ရှုထောင့်တိုင်း နေရာတိုင်းမှာ အနည်းငယ် (တခါတရံတော့လည်း ခပ်ကြီးကြီး ) ပြသာနာရှိတတ်ပါတယ်။

    ခိုးရာလိုက်တိုင်းလည်း မကောင်းတာမဟုတ်သလို မိဘသဘောတူလို့ မိသားဖသားပီပီ လာရောက်တောင်းရမ်းပြီးမှ အိမ်ထောင်သက်ကြာလို့ အနုနည်းနဲ့ နှိပ်စက်လို့ စိတ်ဒုက္ခရောက်နေရှာတဲ့ အမဝမ်းကွဲရဲ့ အပူသောကတွေကို မြင်တိုင်း ခဲအိုမျက်နှာကို ရေနွေးပူနဲ့ လောင်းချင်စိတ်တောင် ဖြစ်မိပါတယ်။

    အဓိကကတော့ ကိုယ့်ဘဝကိုယ် တည့်မတ်အောင် ထိန်းကျောင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်လို့ကတော့ မိဘနဲ့ပဲ နေနေ အိမ်ထောင်ပဲ ပြုပြု အိမ်ထောင်ပဲ ကွဲကွဲ ပြသာနာမရှိပါဘူး။

    အပေါ်ရောက်ဖို့ ကိုယ်က လူတယောက်ကို တွဲလွဲခိုထားတဲ့အခါကျရင် အပေါ်ရောက်နှင့်ပြီးသားလူက လက်နှစ်ဖက်နဲ့ အားကုန်ဆွဲအုန်းတော့ ကြာရှည်ဆွဲမထားနိုင်ပါဘူးတဲ့။

    ကိုယ်တိုင်ကလည်း တွဲလွဲခိုထားရလို့ ကိုယ့်အလေးချိန်နဲ့ ကိုယ် ကိုယ့်လက်နှစ်ဖက်ကလည်း ကြာရှည်မြဲအောင် မကိုင်နိုင်ပါဘူးတဲ့။
    သိပ်မကြာခင်မှာ ပြုတ်ကျမှာပါပဲ။

    ဆိုတော့ ကိုယ်တက်ချင်တဲ့ ကိုယ်သွားချင်တဲ့ အပေါ်ကို ကိုယ်တိုင် ကိုယ့်ခြေနဲ့လှမ်းပြီး လမ်းဖောက် လှေကားထစ်လုပ်မှာသာ လိုရာကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်နိုင်မှာပါ။

    အိမ်ထောင်ဖက် လက်တွဲဖော် ဆိုတာကို ကိုယ့်သွားမဲ့ လမ်းမှာ ကိုယ်နဲ့ အတူ အဖော်လုပ်ပေးမဲ့ အေးတူပူမျှ ခြေလှမ်းပေးမဲ့သူပါ။ ကိုယ်က မှီဖို့ ခိုဖို့ စိတ်ကူးရှိရင်တော့ မာယာများတဲ့လောကမှာ ကိုယ့်အတွက် လမ်းဆုံးရောက်ဖို့ သိပ်မသေချာပါဘူး။

    ဆိုတော့ အမက ငှက်ပျောပင်စိုက်ထားပါတယ် ညီမရယ် :mrgreen:

    • amatmin

      October 11, 2012 at 10:20 am

      ဒေါ်အိတုန်ရေ..
      ကိုယ်နဲ့မဆိုင်သလို မို့ သိပ်မပြောတော့ပါဘူး. 🙂
      ဒါပေသိ ညီမတွေရှိသေး.ကြုံတွေ့လာနိုင်သေးသမို့..
      ကိုယ်ကြိုက်တာ ကိုယ်လုပ်
      ကိုယ်ဖြစ်ကိုယ်ခံ …စကားလေးပဲ လက်ကိုင်စိတ်မွေးပါတယ်..

      ဒါနဲ့ ညီမ မယ်ပုချ်ရေ..
      ငှက်ပျောပင် မျိုးလေးများ ပိုရင် မျှပါအုန်း နော့. 🙂

      • ဂန္ဓာရီ ဆြာအုပ်

        October 11, 2012 at 9:10 pm

        ဒီလိုပြိုဂျီးကဒေါ့.. ဟွန်းဟွန်း
        တောင်းတာတောင် ငှက်ပျောတုံးမတောင်းဘူး..“မျိုး” တဲ့
        မွေး.စား မယ့်သူဂျီးဘဲ..
        ရဘူးဟေ့ ငှက်ပျောတုံး ပဲရမယ်..

      • ဂန္ဓာရီ ဆြာအုပ်

        October 11, 2012 at 9:11 pm

        ဒီလူပြိုဂျီးကဒေါ့.. ဟွန်းဟွန်း
        တောင်းတာတောင် ငှက်ပျောတုံးမတောင်းဘူး..“မျိုး” တဲ့
        မွေး.စား မယ့်သူဂျီးဘဲ..
        ရဘူးဟေ့ ငှက်ပျောတုံး ပဲရမယ်..

    • Moe Z

      October 11, 2012 at 10:56 am

      အာ… ဒီလောက်အေးစက်စက်မာကျောကျောကြီးကိုများ
      ၂ ယောက်လုံးအတွက် ဖက်လုံးအကောင်းစား လှလှလေးပို့ပေးမယ် 😆

      နေပါဦးမမပူးချ်ရဲ့ ပြောတော့ တူးသောင်ဇင်တွဲမကျော်စေရဘူးချို .. ချို :mrgreen:

  • kai

    October 11, 2012 at 3:22 am

    “ခိုးရာ” အဲ.. အဲ.. “ကိုယ့်သဘောနဲ့ကိုယ် ကိုယ်ချစ်သူနောက်လိုက်တဲ့ကိစ္စ”ဖြစ်တာဟာ..( crd – ဦးပါ)
    မိဘတွေက သဘောမတူ.. သဘောမတည့်တာ.. တခုခုရှိလို့ ဖြစ်ပါလိမ့်မယ်..။

    သဘောတူမှတော့.. အဲလိုလုပ်ဖို့မှ..မလိုတာနော…

    ဆိုတော့…
    မိဘတွေက သဘောမတူ.. သဘောမတည့်တာ.. ဘာလည်း.. ပွင့်ပွင့်လင်းလင်း..တိုးတိုးတိတ်တိတ်.. ဆွေးနွေး အဖြေရှာသင့်တယ်ထင်ပါတယ်..။
    ဒါတောင်အဆင်မပြေရင်..
    ကြားမှာ.. မိဘနဲ့သားသမီးတွေ… အပေါ်. ဆုံးမ/အသိသတိဖွင့်ပေးနိုင်သူကို.. ဖိတ်ခေါ်ပြီး..အားလုံး ရှေ့မှာ.. ရိုးရိုးသားသား.. ပြောဆို.. အဖြေရှာရမယ်ထင်ပါတယ်..။
    ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ.. Marriage Counselors, Therapists တွေရှိပါတယ်..။
    မြန်မာပြည်မှာတော့.. ပုဂံခေတ်က.. အရည်းကြီးတွေ အဲလိုလုပ်ပေးခဲ့တယ်ယူဆမိတယ်..။
    အခုခေတ်တော့..” ရှေးစွန်းဆွဲ လူကြီး”တွေများသမို့..” မိဘဆိုတာ.. အနန္တောဘာညာတွေနဲ့.. မိဘစကားနားထောင်ပါ” ဖြစ်သွားမှာမို့..
    ..ထားလိုက်..ထားလိုက်… :kwi:

    ဆိုတော့…
    လက်ထပ်တယ်ဆိုတာမှာ.. ကိုယ်နဲ့သူနဲ့တင်မဟုတ်… အသိုင်းအဝိုင်း၂ခု ပေါင်းစပ်ရောယှက်ကြတာလို့.. ယူဆရပါမယ်..
    အဲဒီမှာ.. အင်္ဂလိပ်စကား (Marry) ကပိုပြည့်စုံတယ်ထင်မိတယ်..
    marriage တခုဟာ.. ၂ဖက်အသိုင်းအဝိုင်းပေါ်ကို.. ကျန်တဲ့..ဘဝတလျှောက်လုံး..မွေးလာတဲ့နောက်မျိုးဆက်တွေအထိ.. အကျိုးသက်ရောက်နိုင်လို့ပါ..။
    (ယူအက်စ်မှာတော့.. သားသမီးလက်ထပ်တယ်ဆိုတာနဲ့.. မိဘ/သားသမီးရဲ့အခွန်ဆောင်မှု့.. အာမခံ..ပိုင်ဆိုင်မှု..အကြွေး..ကျန်းမာရေး စတဲ့ကိစ္စတွေမှာ… သက်ရောက်မှုရှိပါတယ်..)
    အရေးကြီးပါတယ်..။

    ဒါတွေဒါတွေလုပ်ပြီးလို့မှ.. ညှိလို့မှ မရရင်တော့… ကိုယ်ကိုယ်တိုင်က.. အကျိုးသက်ရောက်မှုကို… အခံရဆုံးသူဖြစ်တာမို့.. ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်..
    ပြတ်ပြတ်သားသား.. လုပ်ဖို့ပါပဲ..။
    အဲဒီအဆင့်တွေလုပ်ပြီး.. ဒုန်းစိုင်းတော့မယ့်စုံတွဲရှိရင် ..ပြောပါ..
    ရံပုံငွေရှာပေးမယ်.. :mrgreen:

    အဲဒီတော့..

    Myanmar Song(http://www.facebook.com/groups/BurmeseSongs/

    လူဆိုးတွေနဲ့ မောင်တိုင်ပင် – ဒင်္ဂ ါး

    မမလေးကိုနော်ဗျာ မောင်က ခိုးမယ်လို့
    မမလေးကိုနော်ဗျာ မောင်မောင်က ခိုးမယ်လို့
    လူဆိုးတွေနဲ့ မောင်ကတိုင်ပင်….
    လူဆိုးတွေနဲ့ တိုးတိုးတိတ်တိတ် တိုင်ပင်….

    မမလေးကိုနော်ဗျာ မောင်က ခိုးမယ်လို့
    မမလေးကိုနော်ဗျာ မောင်မောင်က ခိုးမယ်လို့…
    လူဆိုးတွေနဲ့ မောင်ကတိုင်ပင်….
    လူဆိုးတွေနဲ့ ချိန်းကာ တိုင်ပင်….

    (မြင်းကလေးပေါ်တင်…. အသော့နှင်ကာ ပြေးမဲ့ဟန်ပြင်)၂

    မမလေးကိုကွယ် မောင်ခိုးလို့ကွယ် ပြေးတော့မယ်
    အဖေအမေ မသိခင်တုံး အကိုတွေမောင်တွေ မသိခင်တုံး

    (မမလေးကို မောင်ခိုးမယ်… မမလေးကို မောင်ခိုးမယ်)၂

    ညသန်းခေါင်ကျော် လရောင်မပေါ်…
    ဟိုမှာလိုလိုမျှော် လည်ပင်းလေးလဲ ညောင်းလှပါပေါ့နော်
    အထုတ်ကိုပြင် အဟုတ်ကိုပင်
    လာနေပြီထင်တယ် …
    မလေးချစ်တဲ့မောင့်မှာ ပျော်လို့ရွှင်

    (ရွာနောက်ဖေးက ခရေပင်ကို…သူလာမယ်)၂
    အချစ်အတွက် သတိ္တလေးပြချင် လွန်းလို့
    လူဆိုးတွေနဲ့ ….သူငယ် သူငယ်ချင်းတွေနဲ့…

    (မမလေးကို မောင်ခိုးမယ်….. မမလေးကို မောင်ခိုးမယ်)၂

    • ကိုခိုင်
      အဲဒီသီချင်းလေးကို ပြန်နားထောင်ချင်သလားဗျို့
      ပို့ပေးလိုက်မယ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • ဦး ကျောက်ခဲ

    October 11, 2012 at 6:58 am

    ဟမ်း……ဆင့်ပွါးတွေးမိတာလေးက….

    သည်လောက် Living Together တွေပေါများ နေတဲ့ လူ့ဘောင်ထဲမှာ၊ ခိုးပြေးဖို့ လိုသေးလို့လား?
    တစ်ခုခု တော့မှားနေပြီ!
    ခိုးပြေးတယ်ဆိုတော့ Living Together တို့၊ တည်းခိုခန်းမှာ နှစ်ပါးသွားတာတို့ ထက်စာရင်၊ ပိုတောင်ကောင်းသေး သလားလို့ပါ…..

  • ဒေါ်အီးတုံးရေ..
    ဒီပို့စ်မှာ ဒေါ်အီးတုန်းလဲ ကျွန်တော့်လိုပဲ ကိုယ့်အမြင်တစ်ခုကို ချပြပြီး အများအမြင်ကို တိတ်တိတ်ပုန်းလေးစောင့်ကြည့်နေတယ်လို့ မြင်မိတယ်.. ဒီပို့စ်ကိုရေးရခြင်းမှာလဲ စမ်းစစ်ကြည့်ခြင်းပါမယ်လို့ထင်ပါတယ်… ဒေါ်အီးတုန်းလုပ်ချင်တဲ့အရာတစ်ခုကို လူထုစစ်တမ်းကောက်တဲ့အနေနဲ့ ဝင်ရောက်ဆွေးနွေးခြင်းမပြုဘူးလို့မြင်မိတယ်။

    စကားမစပ် ရွာတော်ရှင်ကတော့ သူ့အာမခံလက်မှတ်ကြီးလှမ်းပို့လိုက်လေရဲ့.. ငါဟဲ့ မပိုင်ဘူးလားဆိုပြီးလေ 😀
    နောက်လ ၁၁ ရက်နေ့မှာ ကျွန်တော်တို့ရွာတော်ရှင်ကြီး အပျိုကြီးဘွကို ရာသက်ပန် အကျဉ်းချထားတော့မယ်ဆိုတဲ့အကြောင်းလေး ကြုံတုန်းဖွလိုက်ပါတယ်။

    ဆက်ဆွဲပါမယ်..

    ခိုးရာလိုက်ပြေးတယ်ဆိုတဲ့ မိန်းကလေးဘက်ကပေါ့..

    ယောကျာ်းတစ်ယောက်.. အချစ်တွေမွှန်နေတဲ့အချိန်မှာ သူချစ်တဲ့မိန်းကလေးကို ပုံမှန်လမ်းရိုးလမ်းစဉ်က မရနိုင်တော့ဘူးဆိုတာ သိရတဲ့အချိန်မှာ အဲဒီမိန်းကလေးကို ဖြတ်လမ်းနည်းနဲ့ ပိုင်ဆိုင်ရယူဖို့ကြိုးစားပါတယ်.. အဲလိုကြိုးစားရာမှာ မိန်းမမာယာ သဲကိုးဖြာဆိုတဲ့စကားပုံရှိသလို ယောကျာ်းမာယာ မန်ကျည်းကိုးပင်လို့လဲ တစ်ချို့တွေ ဆိုကြသေးသဗျ.. အဲဒီတော့ဗျာ.. ယောကျာ်းတို့တတ်အပ်တဲ့ ပညာရပ်တွေထဲက တစ်ခုကို ထုတ်သုံးကြတာပေါ့… မိန်းကလေးဘက်က မနေနိုင်မထိုင်နိုင် တစ်ဘဝလုံး ဖြစ်ချင်ရာဖြစ်၊ တစ်သက်လုံး ပြုစု၊ ချစ်ခင်ယုယလာတဲ့ မိဘတွေကို စွန့်ခွာပြီး ခဏတာ တွေ့ဆုံကြုံခဲ့ရတဲ့ ယောကျာ်းသားတစ်ယောက်ကို ရော့… အင့်ဆိုပြီး ပေးချင်စိတ်ဖြစ်လာရော… နောက်ဆုံး ရုပ်ရှင်တွေထဲကလို “သမီးမိုက်” ဆိုတဲ့ စာလေးတစ်ကြောင်း မိဘတွေကို အမွေပေးထားခဲ့ပြီး လင်တော်မောင်လောင်းလျာကြီးခေါ်ရာ ဘယ်နေရာမဆို လိုက်သွားပါလေရော။

    ဒီမှာ နှစ်ပိုင်းရှိလာတယ်.. တစ်ပိုင်းက အစစ်၊ တစ်ပိုင်းကရေရောထားတာ
    (မှားပြန်ပြီ… ရွာတုန်းက ဘုံဆိုင်ကို သတိရလို့)

    ဂလိုပါ.. ငါ့ကိုယုံကြည်ကိုးစားလို့ သူပိုင်တဲ့ဟာတွေအကုန်ပေးပြီးချစ်လာတဲ့ မိန်းကလေးပဲဟ၊ ငါ့ကို အတော်လေး အထင်ကြီးလေးစား ချစ်ခင်လို့ပဲဟဆိုပြီး ပြားချပ်ချပ်ရင်အုပ်ကြီးကို ကော့ပြီး ငါဟဲ့ ယောက်နွား (မှားလို့) ငါ့ဟဲ့ယောကျာ်းဆိုပြီး နေပူပူ မိုးရွာရွာ ဘွတ်အဲလို့ အသံကျယ်ကြီးအော်ပြီး ကျူံးရုံးရှာတဲ့ ယောကျာ်းကိုရလို့ အိမ်ခန်းထဲမှာ ဝဝဖိုင့်ဖိုင့်ကြီးနဲ့ထိုင်ပြီး ကလေးတွေ တစ်ဗြွတ်ဗြွတ်မွေး၊ တစ်ကိုယ်လုံးကအမွှေး မီးမလောင်ပဲ ခန့်ခန့်ကြီးနဲ့ စန့်စန့်ကြီး စည်းစိမ်ခံစားနေရတဲ့ မိန်းကလေးတွေက တစ်ပိုင်း။

    ဟ… ဒီကောင်မကွာ… ငါ့ကိုမှ မရရင် သေတော့မလိုဖြစ်နေလို့ပါ၊ ငါသာမယူရင် သူ့ယူမယ့်သူတောင်ရှိမှာမဟုတ်ဘူး၊ ငါ့ကို အပိုင်ကိုင်ချင်လို့ လင်တော်တာပါဆိုပြီး မိန်းကလေးတွေကို ပေါ့ပျက်ပျက် သဘောထားတဲ့ ယောကျာ်းနဲ့ တွေ့သွားရင်တော့ (တစ်နည်း) မိဘကလဲ မပြည့်စုံတဲ့ ယောကျာ်းနဲ့ တွေ့သွားရင်တော့ပေါ့၊ အဲဒီကောင်မလေးဘွ နောင် ၅ နှစ်အကြာမှာ အူးကျော်(မှားလို့) ကျူးကျော်ရပ်ကွက်ထဲက တစ်နေရာမှာ ထမီစွန်တောင်စွဲပြီး အသံကျယ်ကြီးနဲ့

    “ဟဲ့.. ငါ့ယောကျာ်းက သူ့ပိုက်ဆံနဲ့သူသောက်နေတာ
    ဘယ်သူ့ ေ-ာက်ဂရုစိုက်ရမှာလဲ”

    ဆိုပြီး ချစ်လွန်းလို့ ယူထားရတဲ့ လောင်တော်မင်အတွက် အိမ်ရှင်မကြီးပီပီ ကတ်ကတ်လန် ရန်တွေ့နေတဲ့ တစ်ချိန်က လူတိုင်းစိတ်ကူးယဉ်ခဲ့ရတဲ့ တော်ဝင်သဇင်ပန်းလေးတွေဘွကို တွေ့ဖူးသူတွေလဲ ရှိမယ်ထင်ပါတယ်။ ဒေါ်အီးတုန်းတော့ မသိဘူးပေါ့လေ။

    နောက်တစ်ပိုင်း (နှစ်ပါတ်လောက်ပဲစစ်ပါတယ်)

    ခိုးရာလိုက်ပြေးတဲ့ မိန်းကလေးကို ရတဲ့ယောကျာ်းလေး

    ကျွန်တော်က တစ်ချိန်က သူတောင်းစားနဲ့တောင် အဖွဲ့ကျအောင် ပေါင်းခဲ့တဲ့ကောင်ဆိုတော့ သိသလောက်လေးပြောရမှာပေါ့..
    အမှန်အတိုင်းဆို ခိုးရာလိုက်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ကို သိပ်ချစ်၊ သိပ်မြတ်နိုးလွန်းတဲ့ ယောကျာ်းတွေမှ တန်ဖိုးထားတတ်တာပါ အီးတုန်းရေ.. ယောကျာ်းဆိုတာမျိုးကလဲ ခက်ခက်ခဲခဲနဲ့ရတာမျိုးမှ တန်ဖိုးထားတတ်တာလား.. အဲလိုအလွယ်လေး မရင်ရင် မနေနိုင်တော့လို့ပါဆိုပြီး ခေါ်ရာနောက် တစ်ကောက်ကောက်လိုက်ခဲ့တဲ့ မိန်းကလေးတွေကိုတော့ ယောကျာ်းလေးအတော်များများက… ဟဲ ဟဲ ဟဲ

    ဆိုတော့ကာ မိဘဆိုပြန်တော့ ပြောရရင် လူလုပ်လာတာကြာနေတဲ့သူတွေပေါ့… လူတွေအကြောင်း ကိုယ်မမွေးခင်ကတည်းက စမ်းသပ်လာကြတာလား… သူတို့သဘောမတူနိုင်ဘူးဆိုတာ အကြောင်းအရာတစ်ခုခုတော့ ရှိနေမယ်… ကိုယ့်မိဘနဲ့ ဆွေးနွေးပြောဆိုနိုင်ရဲတဲ့သူက သူ့အရည်အချင်း မှတ်ကျောက်တင်ဝန့်လို့လို့ ထင်ပါတယ်… အဲလိုလူနဲ့ သဘောမတူလို့ ခိုးရာလိုက်ရင်တော့ အားပေးသဗျာ..

    အဲလိုမှမဟုတ်ပဲ မောင်ခေါ်ရာနောက် တစ်ကောက်ကောက်လိုက်သူတွေကိုတော့..

    အဟဲ..ဟဲ.. ဟဲ ပေါ့

    ပြောချင်တာ ဂလို၊ ဂလောက်ပဲပြောလိုက်ဘာဒယ်။

    • etone

      October 11, 2012 at 8:20 am

      ကိုရှုံးရေ ..
      ရှင်ဗေဒင်စရာလုပ်စားပါလားဟင် … 😉 စွဲချက်တွေ ပြင်းထန်လွန်းလို့ …. ဝင်မရေးတော့ဘူး စဉ်းစားနေပါလျှက် ရေးမိပြန်ပါတယ် ။

      ဒေါ်အီးတုန်းလုပ်ချင်တဲ့အရာတစ်ခုကို လူထုစစ်တမ်းကောက်တဲ့အနေနဲ့ ဝင်ရောက်ဆွေးနွေးခြင်းမပြုဘူးလို့မြင်မိတယ်။

      ဆိုတာနဲ့ ပတ်သတ်လို့ ပြောပါရစေ ။

      ကျွန်မနဲ့ မိဘကြားက ဆက်ဆံရေးက အာဏာရှင်ဆန်ဆန်ဆက်ဆံရေးမျိုးမဟုတ်လို့ ၊ ကျွန်မ အိမ်ထောင်ဖက်ရွေးချယ်တဲ့ ကိစ္စမှာရော ၊ ချစ်သူထားတဲ့ ကိစ္စမှာပါ ထင်မြင်ချက် တစုံတရာမပေးခဲ့ပါဘူး ။ လွတ်လပ်စွာရွေးချယ်ခွင့်ပေးထားပါတယ် ။ ကိုယ်မွေးပြီး ပျိုးထောင်ခဲ့တဲ့ သားသမီးရဲ့ စိတ်ဆုံးဖြတ်ချက် ၊ အသိဉာဏ်ပေါ် မိဘတွေက ယုံကြည်မှုမြင့်မားနေခဲ့တာကြောင့်ပါ ။ ဒါကြောင့် ခိုးရာလိုက်ရမယ့် အခြေနေ တသက်နဲ့ တကိုယ်ဘယ်တော့မှ ဖြစ်လာမယ် မထင်ပါဘူး ကိုရှုံးရေ ။

      • အီးတုန်းရေ..
        စာရေးသူကိုယ်တိုင်က ခိုးရာလိုက်ပြေးတာကို ကဲ့ရဲ့စရာ၊ ရှူံ့ချစရာ၊ အရှက်ရစရာလို့ ထင်နေပုံရပါတယ်

        ရှိစေတော.. စာရေးတာပေပဲ… ခံစားချက်မှ မဟုတ်ပေတာ

        • etone

          October 11, 2012 at 9:57 am

          ရှင် …. ကိုရှုံးရယ် .. ခက်တာပါပဲ …… ။ ဒုတိယအကြိမ် စွဲချက်တင်လိုက်ပြန်ပြီရော … ။

          ကျွန်မ ခိုးရာလိုက်ပြေးတဲ့ ကိစ္စ / လင်နောက်လိုက်တဲ့ ကိစ္စ (ဒီလိုခေါ်ဝေါ်တာ အရင်က ပညတ်ခဲ့တဲ့ အခေါ်ဝေါ်မို့နော် ) ကို … ရှက်စရာအနေနဲ့ ရော ၊ ကဲ့ရဲ့စရာအနေနဲ့ပါ မသတ်မှတ်ပါဘူး ။ ကျွန်မအတွက် အဲ့ဒီလောက်ထိလုပ်ဖို့ အခြေနေမဟုတ်ဘူးဆိုတာကို သိစေချင်ရုံပါ ။

          ပုထုဇဉ်လူသားပါ ၊ ဦးနှောက်ရော ၊ စိတ်ခံစားချက်ရော လူတိုင်းမှာ ပါပါတယ် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ … လုပ်ချင်တာ လုပ်သွားတဲ့ အပေါ် … ၊ ဘေးက ငထွားတွေ ခါးနာနေတာကို … ဘဝင်မကျလို့ပါပဲ … ။ အရှင်းဆုံးပြောရလျှင် .. မစားရအညှော်ခံ လေသေနတ်ပစ်နေတဲ့ ပါးစပ်ပေါက်တွေကို ….. မျက်မုန်းကျိုးမိပါတယ် …… ။

        • ဘယ်လိုပဲပြောပြောပေါ့လေ… ကိုယ်ပိုင်ယုံကြည်တဲ့ ရပ်တည်ချက်တစ်ခုကို ပြောပြတာဘာမှ မဖြစ်ပါဘူး…

          ကျွန်တော်လဲပြောချင်တာတွေ တစ်မေ့တစ်မောကြီးမန့်ပြီးပါကြောင်း

          ခင်မင်စွာဖြင့်

        • etone

          October 11, 2012 at 10:14 am

          ဟုတ်ပါတယ် … လူတိုင်းမှာ ကိုယ်ပိုင် ယုံကြည်ချက်နဲ့ .. ခံယူချက်ဆိုတာမျိုးရှိပါတယ် ကိုရှုံးရယ် ။ လွယ်လွယ်နဲ့ သူများပြောတိုင်း ယောင်ဝါးတတ်တဲ့ လူမျိုးကလွဲလျှင်ပေါ့နော် … ။

          ဆိုလိုတာက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တဲ့ ကိစ္စ ၊ ကိုယ်ဖြစ် ကိုယ်ခံ ၊ ကိုယ်ကောင်းလျှင် ကိုယ်စံဆိုတဲ့ သဘောတရားသာ အဓိက ကျတယ်ဆိုတာလေး သိစေရုံပါ ။

          ကျွန်မ ကွေးကောင်းတုန်း ….နားမုဒိမ်းကျင့်ခံရတဲ့ (ခွက်ဒစ်တူ ဂီဂီ) မနက်ခင်းအချိန်လေးကို … ကိုယ့်ပယောဂမပါပဲ ဆုံးရှုံးလိုက်ရလို့ …… ဖီးလ်ကွေးရင်း … ရေးမိပါတယ် ။ ဝင်ရောက်ဆွေးနွေးမှု အတွက် ကျေးဇူးတင်ပါတယ်နော် ။ :gee:

  • Black Cloud

    October 11, 2012 at 8:39 am

    မအိတုန်ရေ

    ကျွန်တော်ကတော့ မအိတုန်နဲ ့ လုံးဝသဘောကွဲလွဲစွာပြောပါရစေ…….
    ကျွန်တော်ကိုယ်တိုင်ကလည်း ရှေးရိုးစွဲသမားတယောက်ဖြစ်လေတော့ အခု ကိတ်စမှာ မအိတုန်နဲ ့ လုံးလုံးကွဲလွဲတာ အမှန်ပါ……….

    ခိုး ဆိုတဲ့ စကားလုံးက စမကောင်းတာပါ……
    စခိုးပီဆိုကတည်းက ယောကျာင်္းလေးက ဖြစ်စေ မိန်းကလေးကဖြစ်စေ သဘာဝကိုဖြစ်စေ ပတ်ဝန်းကျင်ကိုဖြစ်စေ အခြေအနေ တခုခု ကိုဖြစ်စေ လွန်ဆန်နေလို ့ဖြစ်ပါတယ်……
    တနည်းအားဖြင့် တခုခုတော့ မှားနေပီပေါ့နော်…………..

    မိဘဆိုတာက သားသမီးထက် အနဲဆုံး ၁ရ နှစ်တော့ အသက်ကြီးပါတယ်…..
    တနည်းအားဖြင့် အနဲဆုံး ၁ရ နှစ်တော့ လူ ့ဘဝ စောရောက် ဒုက္ခတွေ သုခတွေ အတွေ ့အကြုံတွေ ပိုသိကြတဲ့သူပါ…..
    သူတို ့ရဲ့ဆုံးဖြတ်မှူဟာ မှားယွင်းကောင်းမှားယွင်းနိုင်ပါတယ်…..
    ဒါပေမယ့် သေချာစဉ်းစားကြည့်ပါ….. ဒုက္ခဆိုတာ အမြဲတမ်းသုခနဲ ့တွဲနေပါတယ်….
    မိဘက ပေးစားလို ့ဖြစ်စေ ခိုးပြေးလို ့ပဲဖြစ်စေ လင်မယားက အဆင်မပြေတာက ဆိုင်လားဟင်…..
    လင်မယားကံဆိုတာ ကံတခုသတ်သတ်ပါ…………
    အဆင်ပြေတဲ့လင်မယားဆိုတာ မျက်စိနဲ ့ကြိုမြင်လို ့ရတာ မဟုတ်သလို ဘယ်လိုတွက်တွက် ကြိုတွက်လို ့မရပါဖူး………..
    ကိုယ့်စိတ် နဲ ့ကိုယ် ယူထားတဲ့ လင်မယားတွေတောင်… ဒါတောင် ခိုးပြေးတာမဟုတ်ဖူးနော်…..
    ခနခန ရန်ဖြစ်ပီး အိမ်ပေါ်က ဆင်းလို ့ ကျွန်တော်ကိုယ်တိုင် လိုက်ခေါ်ပေးခဲ့ရတာလည်း မနဲပါဖူး….
    သူများမိန်းမနော် ကိုယ်က လိုက်ခေါ်ရတာ…. 🙁
    ဆိုတော့ ပြောချင်တာက……….
    ခိုးတယ်ဆိုတယ် နာမည်ဆိုးကြီးတခုသာ အဖတ်တင်သွားပါတယ်…………
    ကိုယ့်စိတ်လိုရာနောက်ကို လိုက်သွားပါတယ် ဆိုတာ ကြီးကျန်သွားတယ်………….
    တကယ်ကော ကိုယ့်ဘဝကို ပြောင်းသွားနိုင်ပီလား ခိုးရာလိုက်ယုံနဲ ့…………….

    နောက်တခုကတော့ သတ္တိပါ………..
    ယောကျာင်္းလေးတွေ ပြောနေကျစကားတခွန်းကိုပြောပါမယ်………
    မင်းသတ္တိရှိရင် ရှေ ့ထွက်ခဲ့ လုပ်ရဲရင် ခံရဲရမယ်ဆိုတာ………
    မေးပါရစေ…. ခိုးပြေးတဲ့ယောကျာင်္းလေးမှာ တကယ်သတ္တိရှိတာ ဘယ်နှစ်ယောက်များရှိလဲဟင်……..
    တကယ် သတိ္တရှိရင် ခိုးမပြေးပါနဲ ့ သတ္တိရှိရှိ မိဘတွေနဲ ့ရင်ဆိုင်ပီး ရအောင် တရားဝင် တောင်းယူပါ…..

    ရုပ်ရှင်ထဲကလို မင်းသားက မင်းသမီးကိုခိုးပြေးပီး တသတ်လုံး Happy Ending များထင်နေကြလား……
    ခိုးရာလိုက်ပြေးပီဆိုကတည်းက နာမည်ပျက်မယ် ဒုက္ခရောက်မယ် နှစ်ဖတ် ဆွေမျိုးမျက်နှာပျက်မယ်……
    ရာခိုင်နှုန်းနဲ ့ပြန်တွက်ကြည့်ပါ…………………
    ဘယ်ဟာက ပိုများမလဲလို ့ပါ………..

    မအိတုန်ရေ…..
    မအိတုန်နောက်ဆုံးက စာပိုဒ်မှာပြောသလိုပေါ့….. ခိုးရာလိုက်တာကို အားမပေးဖူးဆိုပေမယ့်…..
    အခုစာကိုဖတ်လိုက်ရတဲ့ တခြား မိန်းကလေးတွေမှာ အဲ့အတွေးတွေ ဝင်သွားမှာပါ……
    အဲ့တော့ ခိုးရာပြေးတော့မယ်လို ့ စဉ်းစားတိုင်း ဘဝ အခြေအနေ စိတ်ခံစားချက် အချစ်…..
    အားလုံးကို ထပ်တူထပ်မျှ ဖြစ်အောင် စဉ်းစားနိုင်ပါစေလို ့ အကြံပြုလျက်……

    တိမ်မည်း

    စာကြွင်း။ ။ စိတ်ခံစားချက်ကို မလိုက်ပါနဲ ့လို ့ ထပ်မံမှာပါရစေ………
    အိမ်ထောင်သည်ဘဝ ဆိုတာ ရီးစားဘဝ မဟုတ်ပါဖူး…..
    လုံးဝ ကွဲပြားတဲ့ဘဝပါ………….
    အထူးသဖြင့် ဘာသာကွဲ လူမျိုးကွဲတွေ နဲ ့လိုက်ပြေးမယ်ဆိုရင် အထူး စဉ်းစားစေလိုပါကြောင်း…..

  • လယ်ထွန်Z

    October 11, 2012 at 9:11 am

    အင်း..
    (အပျင်းပြေ ကွန်ဇာဗေးတစ်ဗ် ပါတီကို ဒုတ်နဲ့ထိုးအုံးမှ …)

    ခိုးရာလိုက်တယ် ဆိုတာ တခြားကမာ္ဘ့တိုင်းပြည်အသီးသီးတော့မသိ..
    ကျုပ်တို့ တိုင်းပြည်မတော့ ရှေးမဆွကတည်းက ရှိခဲ့သမို့ ..
    ရှေးမူမပျက် မြန်မာ့ရိုးရာ ကာလချာ ဆိုပီး ထိန်းသိမ်း မြှင့်တင်
    စောင့်ရှောက်ကြပါလား ဟင်င်င်င်င်…

    ကမာ္ဘ့အလယ်မှာ မြန်မာဟေ့လို့ ..ဝင့်ကြွားကြပါလားအေ…
    အဲ့လိုတွေးရင် ဂုဏ်ယူဆြာရီးပါဗျာ … ဟုတ်ဝူးလား ..
    ??

    ပုံ
    ဝါကျွတ်အမှီ မိန်းမခိုး-ဆီဇင် အထူးပရိုမိုးရှင်းကာလပေါ်ကွန်းမန့်
    (ဇဂါးမစပ် သချင်္ာလေး သီလရှင်ထွက်ပီလားဟင်င်င်င်င်င်)

    • ဂန္ဓာရီ ဆြာအုပ်

      October 11, 2012 at 9:16 pm

      ဝုတ်တယ်..ဝုတ်တယ်.. ခိုးရာလိုက်တယ်ဆိုတာ မြန်မာ မှာပဲရှိတယ်..
      မြန့်မာ့ ရိုးရာကိုထိန်းသိမ်းကြပါ.. ခွိစ် ခွိစ်

  • jullies cezer

    October 11, 2012 at 9:21 am

    ဒီခေတ်ကြီးမှာ သဘောမတူလို့ လူမသိ သူမသိ living together နေပြီး သူများတံတွေးခွက်မှာပက်လက်မျောပြီးမှ လူသိခံရတာထက်စာရင် လူသိရှင်ကြား ခိုးရာလိုက်ပြေးတာ ပိုကောင်းမယ်ထင်ပါတယ်………..

    • ဂန္ဓာရီ ဆြာအုပ်

      October 11, 2012 at 9:23 pm

      ထောက်ခံပါတယ်.. များတို့ကတော့ အခွက်ကို အရှက်နဲ့ လဲပစ်လိုက်မယ်..

  • Shwe Ei

    October 11, 2012 at 9:46 am

    ဟတ်ကဲ့ တထုလောက်ထပ်ပေါပရဇီ။ ခိုးရာလိုက်ပြေးတာ ကောင်းလား လူမသိသူမသိ(သိချင်လဲသိမှာပေါ့အေ) တူတူနေကြတာ ကောင်းလား ဆိုတဲ့ခေါင်းစဉ်နဲ့ ရွာထဲမှာ စကားလက်ဝှေ့ထိုးကြရင် မကောင်းဝူးလားဟင် :harr:

    • Black Cloud

      October 11, 2012 at 9:55 am

      သဘောတူဒယ်…………….

  • ကြောင်ဝတုတ်

    October 11, 2012 at 9:56 am

    ကဲကဲ… အပျင်းပြေ လစ်ဘရယ်ပါတီရဲ့အမြင်လေးတော့ ချရေးဦးမှ…

    အရေးကြီးတာက အလုပ်ဖြစ်ဖို့လို့ အရင်ဆုံးပြောချင်ပါတယ်…
    မြန်မာ့ပြည်မှာနေ… မြန်မာ့ဓလေ့ကိုလေးစားသောအားဖြင့် (ရှေးရိုးစွဲမဟုတ်ပေမယ့်) စုံတွဲတစ်တွဲနှစ်သက်လို့ စုံဖက်ဖို့စဉ်းစားကြရင်တော့… လူကြီးမိဘများကို အသိပေးကြောင်းလမ်းမှုလေးများလုပ်ပြီး အဆင်ပြေပြေလက်ထပ်စေချင်ပါတယ်…
    အကယ်၍များ မိမိကိုယ်ကိုမောင်းနှင်နိုင်တဲ့အနေအထားရှိပါလျက် ညှိနှိုင်းလို့လဲမရ… လူကြီးမိဘများကလဲဘယ်လိုမှ သဘောတူအောင်မဆောင်ရွက်နိုင်ဘူးဆိုရင်ဖြင့် Plan B ပေါ့ဗျာ… နှစ်ဦးသဘောတူလက်ထပ်ပေါင်းသင်းကြသည်ပေါ့…

    ဒါပေမယ့် သေချာစဉ်းစားစေလိုကြသည်ကတော့ဖြင့်…
    လက်ထပ်မည့်သူနှစ်ယောက်သည် မိမိကိုယ်ကိုဘယ်လောက်မောင်းနှင်နိုင်ပြီးလဲဆိုတာပါ…
    ဘဝတစ်ခုကို အချစ်တစ်ခုရှေ့တန်းတင်ပြီးတည်ဆောက်ပေမယ့် ငွေကြေးနဲ့မောင်းနှင်ရတဲ့အခါ ခံနိုင်ရည်ရှိကြဖို့လိုပါတယ်…

    နောက်ဆုံးပြောချင်တာက ဦးကျောက်ခဲပြောသွားသလို “အချစ်ရေကိုယ့်ကြောင့်” သီချင်းမဆိုရအောင် တတ်နိုင်သလောက် လေ့လာပါ… အကာအကွယ်ယူပါ…
    တကယ်လို့ ခြေချော်လက်ချော်ဖြစ်ခဲ့မယ်ဆိုရင်တောင် ဘဝတစ်ခုကိုမှ ဖြောင့်ဖြောင့်မလျှောက်နိုင်သေးဘဲ…
    နောက်တစ်ယောက်ကို လောကထဲဆွဲသွင်းဖို့ မိုက်ရူးရဲမဆုံးဖြတ်ပါနဲ့…
    အများအမြင်နဲ့ အများအပြောဆိုတာ တကယ်တော့ ဘယ်လောက်မှ ကြာကြာမပြောနိုင်ကြပါဘူး…
    အမှန်တကယ် စဉ်းစားဆုံးဖြတ်ရမှာက မိမိကိုယ်တိုင်ပါဘဲ…
    အဲဒီတော့ အလုပ်ဖြစ်မယ့်ကိစ္စကို ရှေ့တန်းတင်ပါ… ဆုံးဖြတ်ပါ… အလုပ်မဖြစ်တဲ့အကြောင်းအရာများကြောင့် မိမိလမ်းကို အနှောက်အယှက်အဖြစ်မခံပါနဲ့…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • Novy

    October 11, 2012 at 10:39 am

    မနိုလည်းသမီးရှင်ဆိုတော့..အင်းးးဘာလိုပြောရမလဲ
    သမီးလေးအရွယ်ရောက်လာရင် လမ်းမှန်ပေါ်လျှောက်တက်အောင်
    အတွေးအခေါ်အယူအဆမှန်ကန်အောင်လမ်းပြနိုင်သူတစ်ယောက်ဖြစ်အောင်ပဲ
    ကိုယ်တိုင်ကြိုးစားအားထုတ်နေဆဲပါကွယ်

  • နေဝန်းနီ

    October 11, 2012 at 10:42 am

    အဲဒိ ကိစ္စက ပြောင်းလဲလာတဲ့ အတွေးအခေါ် နဲ့ လူနေမှု စရိုက် အဟောင်း ချိန်ခွင်လျှာမညီ ကြတာက စလို့ ဖြစ်လာတဲ့ ပြဿနာတွေလို့ မြင်တယ်…။ လူတွေ တစ်ဦးချင်း အတွေးအခေါ်လေးတွေ ပြောင်းလဲလာကြပြီ ….။ ဒါပေမဲ့ လူအများကြီး (လူ့အဖွဲ့ အစည်းက ) လက်ခံ ကျင့်သုံးနေဆဲ လူနေမှု စရိုက်ကတော့ မပြောင်းလဲသေးဘူး…။ ဒီတော့ ကွဲလွဲ မှု ဆိုတာ အနည်းနဲ့ အများ ဖြစ်လာမှာပဲ…။ အင်း သူကြီးပြောတဲ့ နှစ်တစ်ထောင်ကျိမ်စာ……………..

  • Khaing Khaing

    October 11, 2012 at 10:53 am

    အပေါ်မှာ ရွာသူရွာသားတွေ ကော်မန့်က တော်တော်လေးကို စုံနေပါပြီ … ခိုးရာလိုက်တယ်ဆိုတာ အခြေအနေအကြောင်းကြောင်းကြောင့် လိုက်သွားရကြတဲ့သူတွေရှိသလို … ဘာမဟုတ်ပဲ နှလုံးသားအလို စိတ်အလိုလိုက်ပြီး လိုက်သွားကြသူတွေလည်း ရှိပါတယ် …. တစ်ခုတော့ ရှိတာပေ့ါနော် …. အလုပ်တစ်ခုကို လုပ်တော့မယ်ဆို တဒင်္ဂမဆုံးဖြတ်ဘဲ ရေရှည်ကိုဆုံးဖြတ်ပြီး လုပ်သင့်တယ်လို့ထင်ပါတယ် ….

    ခိုးရာလိုက်ရခြင်းအကြောင်းအမျိုးမျိုးရှိပါမယ် …..
    (၁) တိတ်တိတ်ပုန်း အချစ်နယ်ကျွန်လို့ မဖုံးနိုင်မဖိနိုင်ဖြစ်ပြီး မိဘဆွေမျိုးတွေကို မတိုင်ပင်မဖွင့်ပြောရဲပဲ လိုက်ပြေးသွားရခြင်း …
    (၂) ချစ်သူနဲ့တွေ့ပြီး အချိန်လွန်သွားတော့ အိမ်ပြန်ရန်ကြောက်ကာ ခိုးရာလိုက်သွားရခြင်း ….
    (၃) မိမိ မိဘက သဘောမတူတဲ့ ကိုယ့်ချစ်သူနဲ့တွဲတာကို ဆွေမျိုးတစ်ယောက်ယောက်က မြင်ပြီး ကြောက်ကာ အိမ်မပြန်ရဲတော့ပဲ ခိုးရာလိုက်သွားရခြင်း …..
    (၄) တစ်ချို့လူငယ်တွေရှိပါတယ် … ခိုးရာလိုက်တာကို ဘာမှန်းမသိပဲ အပျော်သဘောနဲ့ နှလုံးသားကို အလွယ်တကူ အလိုလိုက်မိခြင်း …..
    အခြားသောအချက်တွေရှိပါဦးမယ် ….

    တကယ်တော့ ပထမအချက်ကတော့ ခိုးရာလိုက်ပြေးလို့ကောင်းပေမယ့် … နောက်ပိုင်းအချက်တွေကတော့ မလုပ်သင့်ဘူးလို့ထင်ပါတယ် … အဲလိုဖြစ်ရခြင်းကလဲ မိဘတွေရဲ့ သွန်သင်ဆုံးမမှုအပေါ်မူတည်ပါတယ် …. အခုလို တိုးတက်ဖွံ့ဖြိုးလာတဲ့ခေတ်မှာ မိဘဆွေမျိုးများက မိမိရဲ့သားသမီး ညီမ တူ..တူမတွေကို ဆုံးမသွန်သင်ပုံတွေ ပြောင်းလဲရတော့မှာ ဖြစ်ပါတယ် ….

    အမ (၁၀) တန်းအောင်ခါစ သင်တန်းတက်တော့ သင်တန်းမှာ အမနဲ့တွဲတဲ့သူငယ်ချင်းက ရည်းစားရှိပါတယ် … သူ့ရည်းစားနဲ့လည်း သူကလွတ်လပ်စွာတွဲသွားတွဲလာခွင့်ရခဲ့တယ် … ဒါပေမယ့် သူပြောတဲ့စကားတခွန်းကို ကျွန်မယနေ့အချိန်ထိ မှတ်သားထားမိတယ် … သူ့မိဘတွေက သူ့ကိုပြောတယ်တဲ့ အိမ်ပြန်ချိန်ဘယ်လောက်ပဲ နောက်ကျပစေ ဘယ်တော့မှ ယောက်ျားနောက်မလိုက်နဲ့ ကြိုက်တဲ့အချိန်အိမ်ကိုရောက်အောင် ပြန်ခဲ့ပါ တဲ့ … သူ့မိဘတွေဆုံးမတာမှန်ပါတယ် … မိမိသားသမီးကို အချိန်အခါလွန်အိမ်ကိုမပြန်ရဲပဲ မလုပ်သင့်တာမလုပ်ရအောင် ဆုံးမသွန်သင်ထားခဲ့တယ် ….

    တကယ်တော့ ခိုးရာလိုက်တယ်ဆိုတာ တန်ဖိုးကျတာမကျတာထက် .. နောင်အရှည်တွေးမယ်ဆို မိမိရဲ့သားသမီးမြေးမြစ်တွေကို ပြောဆိုဆုံးမတဲ့နေရာမှာ ကိုယ့်ရဲ့တန်ဖိုးကတော့ ကျသွားပြီး ဆုံးမရခက်ပါလိမ့်မယ် …. ဥပမာ … အရက်သောက်နေတဲ့အဖေက သားကို အရက်မသောက်ဖို့ ဆုံးမရင် အဲဒီသားက သူတောင်သောက်တယ် င့ါကျတော့လာဆုံးမနေတယ်လို့ အပြောခံရမှာအသေအချာပါပဲ … တစ်ခုတော့ရှိတာပေ့ါလေ … အဖေအရက်သောက်လို့ သူ့စိတ်ထဲမကောင်းဘူးလို့ ခံယူထားပြီး လိမ္မာသွားရင်တော့ တစ်မျိုးကောင်းတယ်လို့ပြောရမှာပဲ …

    အမကို အမမိဘတွေက အမြဲဆုံးမတာက တို့ဆွေမျိုးထဲမှာ ခိုးရာလိုက်ပြေးတဲ့လူဆိုတာ တစ်ယောက်မှ မရှိဘူး … သမီးလည်း အဲသည်လို မိဘဆွေမျိုးတွေကြားမှာ မျက်နှာပျက်အောင် ဘယ်တော့မှမလုပ်နဲ့လို အမြဲဆုံးမခဲ့တယ် …. အမအနေနဲ့လည်း ခိုးရာလိုက်ပြေးရတဲ့အထိ နှလုံးသားကိုအလိုမလိုက်ခဲ့သလို အဲလိုအခြေအနေလဲမရှိခဲ့ဘူး … မိဘတွေကလည်း ကိုယ်ရွေးချယ်တဲ့လူအတွက် ကိုယ်ကိုတိုင်စဉ်းစားဆုံးဖြတ်ခွင့်ပေးခဲ့တော့ အမမှာ ဒီလိုအခြေအနေမျိုးကို မကြုံတွေ့ခဲ့ရဘူး ….

    ခင်မင်စွာဖြင့်
    ယောက္ခမ
    အမကတော့ အမသားလေးကို မိန်းမယူမယ်ဆို ခိုးခိုင်းမှာ ဒါမှ မင်္ဂလာဆောင်ရင် မိန်းကလေးဘက်က တောင်းဆိုသလို မဆောင်ပေးရမှာ … ဟဲ ဟဲ နိုင်ကွက်နင်းထားတာပေ့ါ ….

  • we R one

    October 11, 2012 at 11:05 am

    ခိုရွာလိုက်ပြေခြင်းသည် ကောင်းအိ မကောင်းအိ အကျွန်ုပ် မဆွေးနွေးလိုပေ..။ ရှမ်းကြိုက်ရင် နွားချော ပေလိမ့်မည်.။ ကိုယ်စို်က်သလို ရိပ်ရပေလိမ့်မည်…။
    “အရင်ခေတ်ကတော့ မိန်းမတွေကို တဆင့်နိမ့် လူတန်းစားလို အိမ်တွင်းပုန်းအဖြစ်နဲ့သာ ၊ အိုးသူကြီးဆိုတဲ့ (ခိုင်းကောင်းအောင်) နာမည်တပ်ပြီး လူတောမတိုးရဲအောင် ချိုးနှိမ်ထားကြတယ် ။”
    အဲတာကိုတော့ ၁၀၀% ထောက်ခံတယ်ဗျို့..။ အရင်ခေတ်တင်မက ဘူး ဒီဘက်ခေတ်မှာလည်း အဲဒါမျိုးတွေ ရှိသေးတယ်..။ နောက်ဘာတဲ့ ရှိသေးတယ်.. လင်မရှိတဲ့ မယား မတင့်တယ်ဘူးတဲ့..။ အဲဒါဆိုရင် စာရေးဆရာမ တစ်ယောက်ရဲ့ စကား ကိုငှား ပြောရရင်.. လင်း၃ယောက်ရတဲ့ မိန်းမ က ၃ ဆ တင့်တယ်သလား ” 😀

  • nigimi77

    October 11, 2012 at 11:15 am

    သူက ခိုးရာလိုက်ဖို ့ ပြောတော့ ကိုယ်က ငြင်းခဲ့တယ်

    အချိန်တွေကြာလာတော့ ခိုးရာလိုက်ဖို ့ ကိုယ်က ပြောတော့

    သူက ပြန်ငြင်းတယ်

    သူစဉ်းစားတတ်တဲ့ အရွယ်ရောက်တဲ့ အထိ ကိုယ်က ငြင်းခဲ့ဖူးတော့

    ကိုယ့်ကို သူက ကျေးဇူးတင်တယ်

    အဲဒီ နောက်ကွယ်မှာ ဝှက်ဖဲက အဲဒီ အချိန်ကို စိတ်နာတယ် တဲ့

    ငြင်းခဲ့လို ့ ရှက်ပြီး ရင်ထဲမှာ အရမ်းနာကျင်ခဲ့ရတယ်တဲ့

    အင်းလေ….ဘာပဲ ဖြစ်ဖြစ် ခုချိန်မှာ လဗျိုကြီး လုပ်နေတာပဲ ငြိမ်းချမ်းနေတယ်

    မှတ်ချက် ***

    နိဂိမိသည် မိဘဆွေမျိုးမရှိ အပေါင်းအသင်းမရှိ သော

    Desperado တစ်ယောက် ဖြစ်ပါသည်

    တရားဝင် လာရောက် တောင်းရမ်းယူရန်ပင် ခေါ်လာစရာ

    မိဘ မရှိပါ (မိဘက စွန် ့လွှတ်လိုက်သဖြင့်)

    ဝါကျွတ် အမှီ နိဂိမိ ကဲ့သို ့သော အမျိုးကောင်းသားအား စုံမက်သူ

    အပျိုကလေးများ ရှိပါက လာရောက် ခိုးယူသော်လျင်၎င်း

    နေ ့စားဖြင့် အငှားလိုက်သော အဖေတု အမေတု တို ့ဖြင့်သော်လျင်၎င်း

    တရားဝင် လာရောက်တောင်းရမ်း ယူမည်ဖြစ်ပါသဖြင့်

    09-4217-28817 သို ့ ဆက်သွယ်ကြပါကုန်

    :harr:

    • etone

      October 11, 2012 at 11:25 am

      ဟိုလူဂျီး .. .ကဏန်းကြီး .. ဂွစာကြီး … တောက်ညင်ကပ်လာဘီ …. တူညားပို့စ်မှာ ကြော်ငြာ လာဝင်နေတယ် …. :chee: တေချင်ဘလားဟင် …. ဟင်းအိုးထဲရောက်တော့မယ် ..ညည်းတော့ … 😆

      ညည်းကို လမ်းထိပ်က အရူးမကြီး လာခိုးလိမ့်မယ် .. တိယား …. ။ လှည်းကျိုးထမ်းခိုင်းမလို့ တဲ့ … ခွိခွိ … ခွိခွိ .. :kwi:

  • ကိုရင်စည်သူ

    October 11, 2012 at 11:23 am

    ဒေါက်တာဆရာမကြီး တွေးလည်း တွေးတတ်ပလို့ ပို့စ်ကို ဖတ်ရင်း ပြုံးမိပါတယ်ဗျ.. 🙂
    ကိုရင်အဖြစ်အပျက်လေးတစ်ခုနဲ့လည်း တိုက်ဆိုင်သွားလို့ပါ။ ပြန်တွေးမိအောင် ရေးပေးတဲ့ ဒေါက်တာချာမကြီးကိုလည်း
    ကျေးဇူးပါနော့်… တကယ်ချစ်ရင်တော့ ခိုးပြေးဖို့အားပေးပါတယ်
    မွှန်နေတာဆိုရင်တော့ ရေတိုအတွက်ကောင်းပြီး ရေရှည်မှာ နှစ်ယောက်လုံး ဒုက္ခရောက်မှာသေချာပါတယ်ဗျ…။
    တချိန်ကပေါ့… ကိုရင်စည်လည်း အရမ်းချစ်ခဲ့ဖူးတဲ့ ကောင်မလေးကို (ယခုဘိုလ်ကြီးကတော်) ခိုးပြေးဖို့ ကြံဖူးပါတယ်။
    မခိုးတတ်တဲ့ ကိုရင့်ခမျာ သူနေတာ စစ်တပ်အရာရှိဝင်းထဲဆိုတော့ အစောင့်စစ်သားက ကိုရင့်ကို တွေ့သွားပြီး ဖမ်းပြီး သူ၏ အမယောကျာ်း
    ဘိုမှူးနှင့်အပေါင်းအပါတို့ သူ့ခယ်မကို လာခိုးသော ကိုရင့်အား တောက်မြင်ကပ်ပုဒ်မနဲ့ စစ်တပ်နယ်မြေကျူးကျော်မှုနဲ့ ထောင်ထဲ 4ရက်လောက် နေလိုက်ရပါတယ်။ အိမ်က ပြန်အရွေးကောင်းလု့ိသာ သိပ်မကြာလိုက်တာပါ။ မကြာခင်ပဲ ကိုရင့်စည်လို့ ဘဝသမားရေမျောကမ်းတင်ကို ထားပြီး ဘိုကီးနဲ့ လက်ထပ်ကြပါလေသတည်း။ အတိတ်ကို ပြန်တွေးကြည့်ရင် ရုပ်ရှင်ကြည့်ရနေသလိုပါပဲ။ အဲ့ထဲက စစ်သားဆို စိတ်နာပီး ရေစစ်နဲ့တောင် ရေစစ်မသောက်တော့တာ ဒီနေ့အထိပါပဲ။
    အဲ့တုန်းကသာ ခိုးပြေးတာ အောင်မြင်သွားရင် ခုချိန် ကိုရင် ဘာဖြစ်နေမလဲတောင်မသိဘူးနော့.. 😳
    သဘောမတူပဲ ဘိုကီးကို ရွေးချယ်လိုက်ပါတယ်….။ လူပျိုကြီးဖြစ်ဖို့ ဇာတာများ ပါလာသလားမသိ… အဟီးး (ကြော်ငြာ)
    ဟိုရှေးက အဘတွေတော့ ပြောဖူးသွားတယ်…
    ခိုးစားရတဲ့ အသီးက ပိုချိုတယ်ဆိုလားပဲ… 😳 😳
    ခိုးပြေးရမယ့် အသီးမရှိသေးတဲ့… ဦးစည် :kwi:

  • Moe Z

    October 11, 2012 at 11:31 am

    မမအိတုံရေ လတ်တလောပဲ သူငယ်ချင်းတစ်ယောက်က
    မိဘတွေသဘောမတူတဲ့ပြဿနာနဲ့ကြုံနေရတယ် လူကြီးချင်းအဆင်မပြေတာကနေစတာ ကာယကံရှင်၂ယောက်စလုံးကတော့ ကိုယ်ပိုင်ဝင်ငွေလည်းရှိတယ် အချင်းချင်းလည်း တကယ်ချစ်မြတ်နိုးကြတာမို့ သူငယ်ချင်းတွေစုပြီးတိုင်ပင်၊ အိမ်ကြိုငှားထားပြီး ၂ဦးသဘောတူလက်မှတ်ထိုးထားပါကြောင်း၊ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့ကျရင် ၂ယောက်စလုံးမိဘအိမ်ပေါ်ကဆင်းပြီး ငှားထားတဲ့အိမ်ကိုပြောင်း မင်္ဂလာဆွမ်းကျွေးမည်ဖြစ်ပါကြောင်း၊
    အားပေးအားမြှောက်ကတော့ မိုးစက်တို့သူငယ်ချင်းတွေဖြစ်ပါကြောင်း၊ ဟီး ဟီး လူကြီးတွေသိရင်တော့ ဘာတွေဖြစ်လာမလဲဆိုတာ ပို့စ်တင်ပေးမည်ဖြစ်ပါကြောင်း ..
    အဲဒါ ခိုးပြေးတာမဟုတ်ဘူးနော့် :mrgreen:

    • လယ်ထွန်Z

      October 11, 2012 at 11:58 am

      ဖယားဖယား
      အဲ့လာ ခိုးမှုတော့မြောက် မမြောက် မသိ
      ကြိုတင်ကြံစည်မှု မိဘကို မထီမဲ့မြင် ပြုမှုတော့ မြောက်လောက်ရဲ့…

      အတော်ကောင်းတဲ့ သငယ်ဂျင်းဒေ …အံ့ကျော်ပဲ ..
      မတော် အမွေပြတ်တွေ ဘာတွေ ဖစ်ကုန်ကြမှ ..
      ကျော်မကောင်း ကြားမကောင်းတွေ ဖစ်ကုန်အုံးမယ်..
      အဲ့လိုတွေ ဖြစ်ကုန်ရင် ဘယ်သူငယ်ချင်းကမှ
      ကိုယ့်မိဘဆီက ရမယ့် အမွေကိုပြန်ပီး ဝေပုံကျ ခွဲပေးမှာမဟုတ်ဝူး

      ထရစ်ဒစ်ရှင်းနလိ ခိုးပြေးလိုက်တာလေးကမှ
      ကလေးဒေ ပဲ တို့ ငယ်ရွယ်သူမို့ အချစ်ဘက်ကို ဘလားဘလား တို့
      ခွင့်လွှတ်နိုင်စရာ အပေါက်လေးတွေ ရှိနေသေးရဲ့ …
      ဂုဒေါ့ ဂုဒေါ့..

  • kyeemite

    October 11, 2012 at 11:43 am

    အင်း..ပြောကြတာလည်းစုံနေပြီ မို့ ဘာပြောရမှန်းတောင်သိတော့ဘူး
    ဒါပေမဲ့ပြောအုံးမယ်…အရေးကြီးတာ…မိန်းကလေးတွေအတွက်ပါ။
    ချစ်တဲ့သူနောက်ကောက်ကောက်ပါအောင်လိုက်သွားတာအပြစ်မဟုတ်ပါ
    သို့သော် မိဘသဘောမတူတဲ့ကြားက လိုက်သွားမှာမို့ ရှေ့ရေးသေချာအောင်စဉ်းစားထားဖို့လိုပါကြောင်း။
    ယူပြီးမှ မိဘပြန်အားကိုးရမယ်ဆိုရင်လည်းမနိတ်လှပါကြောင်း…နှစ်ဦးသဘောတူပြုချင်ရာပြုကြပီးမှ
    အချိန်တန် တစ်ဖက်ဖက်မိဘများကိုအားကိုးတကြီးပြန်အပူကပ်ရမှ ရှက်စရာဖြစ်ပါကြောင်း။
    အထက်မှာလူတော်တော်များများထောက်ပြကြသလို
    ကိုယ်ကမိန်းကလေးဖြစ်လို့ တစ်စုံတစ်ခုကြောင့်
    ယူပြီးမှကွဲပြဲကြရတာ..ဒါမှမဟုတ် လင်ဆိုးမယားတဖါးဖါးဖြစ်နေရမှာတွေကိုလေးလေးနက်နက်စဉ်းစား
    သင့်ပါကြောင်း…
    ကြီးမိုက်လည်းကိုယ်ကြိုက်တာကိုယ်လုပ်ခဲ့သူဖြစ်ပါကြောင်း
    ဒါကြောင့် မလုပ်ခင် ကိုယ့်ခြေပေါ်ကိုယ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင်
    အချိန်ယူကြိုးစားခဲ့ရပါကြောင်း…ဒါကြောင့်အိမ်ထောင်ပြုနောက်ကျ၍
    ကလေးများမှာ မြေးအရွယ်တွေဖြစ်နေပါကြောင်း…
    အတူသွားလာနေရင်း မကြာခဏ “ခင်ဗျားမြေးလေးကချစ်စရာလေးနော်”
    ဟုမကြာခဏအပြောခံရပါကြောင်း….သို့သော် ကြီးမိုက် ဒီနေ့ထိ နှစ်ဘက်မိဘ
    များကိုဒုက္ခမပေးဖူးပါကြောင်း….ထင်ရာမြင်ရာမန့်သွားပါဂျောင်း
    အပျိုဂျီး ဒေါ်အီးဒုံးခင်ဗျားးးးးးးးးး
    :hee: :harr:

  • shwe pont

    October 11, 2012 at 11:54 am

    အိတုံရေ
    ဒါမျိုးတွေက မြန်မာရုပ်ရှင်ဇာတ်လမ်းတွေထဲမတော့ ဒီလိုပြကြတယ်မဟုတ်လား
    မိဘဒွေ သဘောတူပြီး ဂုဏ်ရှိလှပါတယ်ဆိုတဲ့ဟော်တယ်ကြီးမှာ မင်္ဂလာဆောင်ပေးမယ်ဆိုတဲ့ ဟို .. လူကြီး လူကောင်းယောင်ဆောင် ခရိုနီ နှာဘူးကြီးကိုယူမလား (အရင်တုန်းကတော့ စိုင်းအောင်တင့်လို သရုပ်ဆောင် မျိုးကိုသုံးတတ်ကြပါတယ်)
    ဒါမှမဟုတ်
    ကိုယ့်ကိုယ်ချစ်တဲ့ ရိုးသား ကြိုးစား ရုပ်ချော ရွှေမင်းသားလေးကိုယူမလား
    ဒီလိုအခါမျိုးတွင်မတော့ ပရိတ်သတ် အများတို ့သည် မင်းသမီးနှင့်မင်းသား ခိုးရာလိုက်ပြေးခြင်းကို ထပ်တူ ညီစွာ ရင်ခုန်ရင်း အားပေးကြလေတော့သတည်း။ 😀 ဟီးဟီး။ (ခိုးရာလိုက်တယ်ဆိုတော့ ရုတ်တရက် မြန်မာဇာတ်လမ်းတွေထဲကဟာကို သွားသတိရမိလို ့)

    • အရီးခင်လတ်

      October 11, 2012 at 3:20 pm

      ဟုတ်ပ ရွှေတုတ် ရေ။
      အရင်က ရုပ်ရှင်ထဲ မှာ မိဘ သဘောကျပြီး မင်းသမီး က ကြည့်မရ သူဆို သဘောင်္သီး များ ပါဗျား။
      ဒီခေတ် လက်တွေ့မှာတော့ မပြောတော့ဘူး။ မပြောတော့ဘူး။ 😆

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 11, 2012 at 12:17 pm

    ပြောရရင်တော့ အစဉ်အလာဆိုတာကို ဘယ်သူက ဖန်တီးခဲ့တယ်မသိတဲ့အတွက်ဒီလိုဖြစ်ခဲ့ကြတာပါ
    ဒါ့ကြောင့် အမျိုးသမီးများလည်း ခေတ်ကြီးကို ဗျောင်းဗျန်လှန်ဘို့အတွက်
    လင်ခိုးကြပါခင်ဗျား
    ကျနော်တို့ကလည်း နှစ်ပေါင်းများစွာ အသိမ်ငယ်ခံခဲ့ကြရရှာတဲ့ အမျိုးသမီးများကို ငှဲ့ညှာတဲ့အနေနဲ့
    မိန်းမခိုးရာလိုက်ခြင်းဖြင့် သမိုင်းဒဏ်ရာကြီးကို ခြေဖျက်ပေးပါရစေလားခင်ညာ

    • etone

      October 11, 2012 at 1:00 pm

      အဘပု ….. ကျောက်ပျဉ်ရွက်ပြီး .. အိမ်မှာသာ ထိုင်နေ .. ခိုးချင်တဲ့ မိန်းမ .. လာခိုးလိမ့်မယ် … ။
      ဒါပေသိ .. အ ိမ်မှာ ငှက်ပျောပင်လေးတော့ စိုက်ထားလိုက်ဦး …… ခွိခွိ :kwi:

  • char too lan

    October 11, 2012 at 12:19 pm

    တကယ်တမ်း စဉ်းစားကြည့်လျှင် ၊ မိမိကိုယ်တိုင် တည်ထောင်ထားတဲ့ ကိုယ့်ရဲ့ မိသားစုကို ဘယ်သူကမှ အပြိုကွဲ မခံချင်ကြပါဘူး ။ ဒါပေမယ့် တချို့ပြသနာလေးတွေ ၊ ညှိမရတာလေးတွေများလို့ အဖုထစ်တွေဖြစ်လာမယ်ဆိုလျှင် နှစ်ဦးနှစ်ဖက်စလုံး ကြိတ်မှိတ်ပေါင်းသင်းနေရလို့ ၊ စိတ်ဒုက္ခရောက်နေမယ့် အစား ၊ လွတ်လွတ်လပ်လပ် ကာယကံရှင်ဆန္ဒနဲ့ လမ်းခွဲ သင့်တန်ခွဲ့ပေါ့လေ ။ ဆိုလိုတာက ပြန်ညှိလို့ မရတဲ့ နောက်ဆုံး အခြေနေကို ပြောတာပါ ။ သားသမီးတွေ ရှိနေခဲ့ပြီဆိုလျှင်တော့ ထောက်ပံ့ဖို့ ကိစ္စပါ ဆက်နွယ်လာပြန်ပြီပေါ့ ။ ပါးစပ်က ဂုဏ်သိက္ခာ ၊ အရှက်တရား လို့ တစာစာအော်ရင်း ၊ စိတ်ထောင်းကိုယ်ကြေဘဝနဲ့ မျောလိုက်သွားရမယ်ဆိုလျှင် လူဖြစ်ရတာ မတန်သလိုပါပဲ ။ ဖြစ်သင့်တာ ၊ လုပ်သင့်တာကို ၊ လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ အချိန် ထလုပ်လိုက်တာ အကောင်းဆုံးပဲလို့ မြင်မိပါတယ် ။
    =================
    အဲ့ဒီလိုခံယူထားခဲ့ဖူးလို့ အဲ့ဒါလေးသဘောကျတယ်
    လက်မတစ်ချောင်း ထောင်သွားပါတယ်ဗျာ…..

  • မိုချို

    October 11, 2012 at 2:17 pm

    အပေါ်မှာလည်း မန့် ထား ကြတာ စုံပြီးဆိုတော့ သီချင်းလေးတွေ ပဲ ရေးပေး လိုက်တော့ မယ်။

    မ။ ။သွေ မဖယ် ရွှေ နွယ်ရိုး ရယ် မျှော်ကိုး ကာ လှဖုန်း သက်လယ် လိုက်ခဲ့ တော့ မယ်။
    ကျား။ ။ရွှေစံပယ် မေရယ်တစ်မိုးဝယ် ထက်ကောင်း ကင် ဘုံဖျား ထိဝယ် ခိုး ပါ့ မယ်။
    မ။ ။ပုဆိုး ပိုက် ကာ စောင်ပိုက် ကာ သက်တား ပျို တကယ် ခုပင် လိုက် မယ်။
    ကျား။ ။ချစ်ချစ် သက်လယ် မြသွေး ရယ် ဟေဝန် မြိုင်လယ် ဖြတ်ကုူး ရပေမယ်။
    မ။ ။ပျို ချစ်သူနဲ့ မောင်မယ် နှစ်ကိုယ် တောင်ရွှေ မြင့် မိုရ် ခြတောင်ပို့ ထင်တယ်။

    ဒါက အဖိုး တို့ ခေတ် က တက္ကသိုလ် လှ ရေးခဲ့တဲ့ ရွှေ နွယ်ရိုး သီချင်း အခု ဗညား ဟန် နဲ့ စိုး စန္ဒာထွန်း ပြန် ဆို ထားတယ်။

    ရွှေ လရောင် အိမ်ခေါင် မို ပေါ် ကျ ကြယ်လေးတွေ အပြိုင်ဆိုင် ပွင့် တဲ့ ည
    ခြံဝန်း အပြင် မြေနီ လမ်းပေါ် က တောင် မရိုးတွေ လေဟုန် စီးတဲ့ ည
    လူကြီးတွေ နှစ် ခြိုက် စွာ အိပ်မောကျ မောင်ခေါ်ရာ မင်း လိုက်မယ် ဆိုတဲ့ ည
    ငွေ နှင်း မှုန်သုန်သုန် ဖြူးတဲ့ ည လက်ကလေး ကို ပိုင်ပိုင် ဆွဲ ခေါ် စ
    မောင်နဲ့ အတူ ရင် ဆိုင် ရ မဲ့ ဘဝ

    ဒါ က နိုင် မြန်မာ ရေး ပြီး မြန်မာပြည် သိန်း တန် ဆိုခဲ့ တဲ့ မောင်ခေါ် ရာ ဆိုတဲ့ သီ ချင်း

    အဲဒီ သီ ချင်းလေးတွေ နားထောင် မိတိုုင်း အိမ် က လူကြီး နဲ့ ပြော မိ ကြတာ က ရှင် နဲ့ ကျုပ် နဲ့ ကို အိမ် အမေ က သဘော မတူ ပဲ ချုုပ်ခြယ် ခဲ့ ရင် ဒီ သီချင်းတွေ ထဲ ကအတိုင်း ပို ပြီး ရင်ခုန်စရာ ကောင်း မယ် လို့ ….ဟွန်း …..ခုတော့ ပျင်းခြောက်ခြောက် ကြီး..

    အဲ … စိတ်ကူး ရရင် အပေါ် က ရွှေ အိ ပြောခဲ့ သလို ခိုး ရာ လိုက် တာနဲ့ လစ်ဗင်း တူ ဂဲ သား ကို စကား နပန်း လုပ် ဖို့ အတွက် သံ ခမောက် ပြင် လိုက် အုံး မယ်။

  • အရီးခင်လတ်

    October 11, 2012 at 3:14 pm

    တုန် ရေ

    ခိုးရာ လိုက်တာကို ရှူဒေါင့်မျိုးစုံက ဝေဖန်ထားတာ အတော်အားရစရာပါ။

    ဒီတော့ အရီးလဲ ခေတ် ၃ ခေတ် အကြောင်း ပြန်စဉ်းစားကြည့်တယ်။

    အမေ တို့ ခေတ် တုန်းက မိန်းကလေးဆို အင်မတန် စည်းကမ်း တင်းကြပ်ခံရတယ်။
    တစ်ချို့များ ဒေါ်ကြီး၊ ဒေါ်လေး စတဲ့ မိန်းမကြီးတွေ မပါဘဲ တောင် အပြင်မထွက်ရဆိုဘဲ။
    သူတို့ မှာ ကျောင်းလဲ တော်ရုံ တက်ခွင့်မရ။
    ဒီတော့ ကာလသားများမှာ သူတို့ ကြိုက်တဲ့ မိန်းကလေးကို အတော်ခက်ခက်ခဲခဲ ပိုးပန်းရမယ်ထင်ရဲ့။
    မိန်းကလေး အနေနဲ့ကလဲ တော်ရုံ ကောင်လေး က သူ့နားလာနိုင်မှာ မဟုတ်တော့ သူ့ကို ခက်ခက်ခဲခဲ ကြားက ချဉ်းကပ်လာသူဟာ သူ့ရဲ့ ဟီးရိုးဖြစ်ဖို့ အတော်လွယ်သွားမယ်။
    အဖွားတို့ အချိန်က အတော်ရှေးကျတဲ့ အတွေးအခေါ်တွေ အပြည့်မို့ အချိန်စောင့်ခိုင်းတာ၊ ပိုက်ဆံစုခိုင်းတာ က စပြီး
    မိဘ သဘောမတူခဲ့တာများ ရှိရင် အကျဉ်းအကြပ် တွေ ကြားထဲ ကကို သူ့ဟီးရိုး နောက် ကို လိုက်ဖို့ သတ္တိ ရှိနေတော့မှာ။
    အဲဒီ အချိန်က ခိုးရာလိုက်ဖို့မပြောနဲ့ လူချင်းတွေ့ဖို့တောင် အတော်ခက်သမို့ တွေ့ရချိန် အခွင့်ရခိုက်လေးမှာ ခိုးရာလိုက် ကြရတာ သဘာဝ ကျပါတယ်။
    ညကို ခိုးမယ် ဆိုရင်တော့ လူဆိုးတွေ နဲ့ မောင်တိုင်ပင် ရမှာပေါ့။
    ဒါပေမဲ့ အဲဒီလို လိုက်ပြေးတာ အတော်ရှားမယ်ထင်ပါရဲ့။

    ကိုယ့်ခေတ်ကျတော့ အမေ တို့လောက် မကြပ်တော့ဘူး။
    တော်ရုံ ဂေါက်လူကြီး တွေ ကလွဲ ရင် နဲနဲပါးပါး ချောင်လာပြီ။
    ကောင်လေး သူငယ်ချင်းဆိုတာ ကျောင်းမှာ ရှောင်မရတော့ဘူး။
    ဒီက နေ သမီးရီးစားဖြစ်တာ အပုံ။
    တော်ရုံ ကိုလဲ မိဘ တွေ က ခွင့်ပြု ထားတော့ သူ့အချိန်ကျ ယူလိုက်တာဘဲပေါ့။
    ခိုးပြေးတာတွေ ကတော့ သူဌေး အသိုင်းအဝိုင်း နဲ့ နဲနဲ နွမ်းပါး တဲ့ အသိုင်းအဝိုင်းတွေ့ လို့ ဂဂျီဂဂျောင် ကျပြီး တစ်ခြားတစ်ယောက် နဲ့ အတင်းပေးစားမယ် ဘာညာ ဆိုရင် လိုက်ပြေးကြတာ များတယ်။
    အဲလို လိုက်သွားဖို့ လဲ ဒီလောက် ကြပ်မနေဘူး။
    ကျောင်းကနေ ဒိုးသွားကြတော့ အင်မတန်လွယ်ပေါ့။
    ဘာလူဆိုးမှ မလို ဘူး။
    တစ်ချို့ လဲ လွန်လွန်ကျူးကျူး ဖြစ်သွား ချိန် မိဘ ကို မပြောရဲဘဲ ခိုးပြေးသွားတာ လဲ ရှိတတ်ပါတယ်။
    တစ်ချို့ လဲ အိမ်ပြန်နောက်ကျ လောက် မိဘ ဆူမှာ စိုးလို့ မပြန်ရဲ ဘဲ ခိုးပြေးသွားတာ လဲ ရှိတတ်ပါတယ်။

    ဒီခေတ် ကို လေ့လာရရင်တော့ ပြောရမှာ မလွယ်ဘူး။
    တစ်ခြားသူတွေတော့ မသိဘူး။
    အရီး သူငယ်ချင်းတစ်ချို့ ရဲ့ ကလေး တွေဆို ရုပ်ဝတ္တု နောက် ကို အရမ်းလိုက်ပြီး ပိုက်ဆံ ကို အရမ်းမက် ကြသလိုဘဲ။
    လက်ရှိ အခြေအနေ ဈေးကွက် မှာက မြင်မြင်သမျှ လိုချင်နေတော့ ရှေးတုန်းက လို ထမင်းရည်ပူ သောက်ပြီး ကြယ်မြင် လမြင် တဲကုတ်ထဲ မှာ ဘဝ ကို တည်ဆောက်ချင်သူ တွေ ရှိပါတော့မလားတောင် တွေးမိတယ်။
    သမီးရီးစား တွေ့ချင်ရင် လဲ အထိန်းအကွပ် မဲ့ တွေ့နိုင်လာတယ်။
    နောက်ကျ ပြန်ဖို့ အတွက် အကြောင်းမျိုးစုံ ပြလို့ ရပါ့။
    မိဘ ဆိုတာ ကလဲ ရှေးမိဘ များ လို နင့်သား ငါ့သမီး ပေးစား မယ် လို့ မရှိတော့။
    ငါတို့ ပေးစားတာ မှ မယူရင် အမွေဖြတ် မယ် ဘာညာ လဲ ခြိမ်းခြောက် လို့ မရ။
    ဒီ ခေတ် မြန်မာပြည်က ကလေးတွေ ဟာ မိဘ တွေကို ရောင်းစား မသွားလျင် ကံကောင်း လို့တောင် စဉ်းစားမိတယ်။
    ဒီတော့ မိဘ ကို ကြောက်လို့တော့ ကြိုးစားပမ်းစား ခိုးပြေးစရာ မလိုတော့ တဲ့ အခါပါ။

    ဒီဇာတ်လမ်း မှာ သူတို့ ဘာလို့ ခိုးရာလိုက်ခဲ့တာလဲ ဆိုတာ ကို ဘဲ မေးချင်မိတယ်။
    မိဘတွေ က သဘောမတူဘဲ သူတို့ က တစ်ခြား ပေးစားချင်သူ ရှိလို့လား။
    အချိန်မရောက်သေးဘဲ ငယ်နေလို့လား။
    ဒါမှ မဟုတ် ကိုယ်ဝန်များ ရှိသွားလို့လား။

    ဘာဘဲ ဖြစ်ဖြစ် ကလေး တွေ ခိုးရာလိုက်တိုင်း အရီးတော့ မိဘ များ ကို ဘဲ ထောက်ပြချင်ပါတယ်။
    သူတို့ နဲ့ ကလေး ကြားမှာ ပွင့်ပွင့်လင်းလင်း နားလည်မှု မရှိတဲ့ အခါမို့ပါ။
    ကလေး ကို အိမ်ထောင်ရေး အတွက် ကောင်းမွန်စွာ ပညာ မပေးနိုင်လို့ လို့လဲ ထင်ပါတယ်။
    ခိုးရာလိုက်တာ ပြသနာ မဟုတ်ပေမဲ့ မိဘ နဲ့ သားသမီးကြားမှာ ပြသနာ ရှိရင် ဒီလိုဖြစ်တာ ရာနှုန်းများတတ်ပါတယ်။

    ဒီတော့ မိဘများ ကို့သားသမီး ကို ခိုးရာ မလိုက်စေချင်ပါက ကိုယ့်တာဝန်ကိုယ်သိဖို့ဘဲ တိုက်တွန်းလိုပါတယ်။
    နောက်ဆုံးတော့ သားသမီး မကောင်း မိဘခေါင်း လို့ ဘဲ တပ်ပြီး ကိုယ့်အပြစ်လို့သာမြင်သင့်ပါတယ်။
    သူတို့ ခိုးပြေးတာ ကို ရှက်မဲ့အစား ကိုယ်မဆုံးမ တတ်တာ ကို ရှက်ရမှာပါ။
    နောက်ပြီး ရှေ့ဆက်ရမဲ့ ခရီး မပြီးသေးပါ။
    အမွေဖြတ်တာ ဘာညာ ထက် လွန်ပြီးတဲ့ အမှုထက် အနာဂါတ် အတွက် ကောင်းအောင် ဘယ်လို ပံ့ပိုးပေးမလဲ သာစဉ်းစားပေးသင့်ပါကြောင်း။

    ပြောသာပြောရ ကိုယ့်မလဲ ကလေး နဲ့ အီးးးးးးးးးးးးးးးးးးးး
    ဒါကြောင့်ပြောတာ အပူမရှာ ကြပါနဲ့ လို့ :harr:

  • Naing You

    October 11, 2012 at 4:27 pm

    မိုက်တယ်ဗျာ………..”မိန်းမ တန်ဖိုးကျတယ်တဲ ့ …….. ။ တန် ………. ဖိုးးးးးးးးးး …….. တန်ဖိုးတဲ့လား ။ အဟားးးး စကားလုံး ကြီးကြီးတွေအောက် ၊ အသက်ရှု မှားလောက်ပါတယ် ။ လူတစ်ယောက်ရဲ ့ တန်ဖိုး … အဲ အထူးသဖြင့် မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကို ဘယ်လိုများ ပိုင်းဖြတ်ကြသလဲတော့မသိဘူး ။ ကျွန်မကတော့ တန်ဖိုးဆိုတာ သတ်မှတ်သူ(တန်ဖိုးဖြတ်သူ) ရဲ့ အပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ် ။ ရှမ်းကြိုက်လျှင် နွားချောသလိုပေါ့ ။ အိမ်မှာငုတ်တုတ်ထိုင်ပြီး ဆင်မယဉ်သာ လမ်လျှောက်နိုင်မှ တန်ဖိုးရှိတယ်လို့ မမှတ်ယူပါဘူး ။ အိမ်တွင်းပုန်းလုပ်မှ၊အိမ်မှုကိစ္စတာဝန်ကြေမှ တန်းဖိုးရှိတယ် ဆိုတယ်အယူကိုလည်း လက်မခံပါဘူး ။ ဘီးဆံပတ်နဲ့ ထိုင်မသိမ်းဝတ် လမ်းထွက်မှ အဖိုးတန်တယ်မထင်ပါဘူး ။ လူတိုင်းမှာ ကိုယ်စီ တန်ဖိုးလေးတွေ ရှိကြစမြဲပါ ။ မခိုးမဝှက်၊ မပုတ်မယုတ်ပဲ ၊ လိမ္မာသိတတ်၊ အကင်းပါးပြီး ၊ ကာလ ဒေသနဲ့ လိုက်လို့ ဝတ်စားတတ်၊ ပြောဆိုတတ်ရုံနဲ့ အဖိုးတန်တာပဲလို့ ကျွန်မတော့မှတ်ယူပါတယ် ။ ” အဲဒီစာကြောင်းလေးကတော်တော်မိုက်တယ်…..

  • ရဲစည်

    October 11, 2012 at 5:25 pm

    အမှန်တကယ်ဆိုရင်
    ချစ်သုဝေလေးရယ်
    မိုးယုံစံလေးရယ်
    ဘော်ဘီဆော်ဆာလေးရယ်
    နေခြည်လင်းလဲ့လေးရယ်
    တခါတည်း တစ်ကြိမ်ထဲ အပြိုင်ခိုးပြေးချင်ပါဒယ်…. ။
    အဲ့လာ အပြစ်လား..ဟင်င်င်င်င်င်င်င် :mrgreen:

  • ဖိုးထောင်

    October 11, 2012 at 5:47 pm

    ခိုးပြေးမှဖြစ်မယ် ဆိုရင်လည်း အနော်ခိုးပြေးပေးပါ့မယ် လာတောင်းမှဖြစ်မယ်ဆိုရင်လည်း အနော်လာတောင်းပါ့မယ် မကောင်းခြောက်လ ကောင်းခြောက်လ ယောက္ခမ ထမင်းဟင်းစားပြီး နေပေးပါ့မယ် သဘောတူသူများ ဆက်သွယ်နိုင်ပါတယ်
    အကယ်၍ရွာထဲက အပျိုလေးတွေပျောက်နေရင်လည်း အနော်ပုန်းနေပါ့မယ်(စောတင်မောင်လို) ညွှတ်ညွှတ်ညွှတ်

  • Bu Gyi

    October 11, 2012 at 6:58 pm

    အားလုံးဆွေးနွေးသွားတာ ကောင်းပါတယ်……ဗဟုသုတအများကြီးရတယ် ကျေးဇူး..

  • weiwei

    October 11, 2012 at 8:16 pm

    ခိုးရာလိုက်တာ အပြစ်လား အပြစ်မဟုတ်ဘူးလားလို့ တစ်ခါမှ မစဉ်းစားမိဘူး ..

    မေမေသဘောမတူတဲ့လူတစ်ယောက်ကို ချစ်သူတော်မိတုန်းက ရူးရူးမိုက်မို်က်နဲ့သာ ခိုးရာလိုက်သွားမိရင် အခု ဘယ်လိုဘဝအခြေအနေဖြစ်နေမလဲလို့တော့ တွေးမိသွားတယ် .. :harr:

  • အဟမ်း .. ဟမ်း ..
    ကျုပ်လည်း နည်းနည်း ကွဲလွဲချင်ဘာဒယ် …
    ကျုပ် ကွဲလွဲချင်ဒဲ့ အကျောင်းဂဒေါ့ဖြင့် …
    “တန်ဖိုး” ဆိုတာကိုပါပဲ …

    ရှင်းအောင် ပြောရရင် ..
    မအိတုံဂျီး ပြောတဲ့ “တန်ဖိုး” ကို ကျုပ်အနေနဲ့ “တိုးဖန်” လို့ ဆိုချင်ပါလယ် ..
    ဒါဘာဘဲ .. ငွဲ .. ငွဲ …
    :kwi:

  • အလင်းဆက်

    October 11, 2012 at 8:38 pm

    အခုတော့ မဖတ်အားသေးလို ့…
    စတစ် ထဲ.. ထည့်ထားလိုက်ပြီ ။
    အေးဆေး..မှ ပြန်ဖတ်မယ်နော်…..မမအိ….
    🙂

Leave a Reply