နှလုံးသားထဲ ကြွက်ဝင်နေတယ် မကြည်ပြာ …

မခြစ်မိလို့ သေသွားတဲ့လူမရှိဘူး ခြစ်မိလို့ အစင်းထင်သွားတဲ့လူပဲရှိတယ် ..ကဲကဲ … ကိုရဲ သွားမယ်…

အဲ့သည့်လိုပြောပြီးသကာလ ဘောက်ဆတ်ဆတ် ထထွက်သွား သူကတော့

ပိုစ့် မော်ဒန် သိုင်းလောကရဲ့ သိုင်းအကျော်အမော် တစ်ယောက်ဖြစ်သူ

သံမဏိကျောက်သင်ပုန်း ကိုရဲပေပါ ဖြစ်သည်(စည် နဲ့ ပေပါ ဘာကွာတာလိုက်လို့..အာဟိ..)

သူ့အကြောင်း မိတ်ဆက်ပေအံ့ သူသည်

သာမန်အားဖြင့် သဘက်ကလေး ပုခုံးပေါ်တင်ကာ အနေအေးလှသော်လည်း သူစိတ်တိုလျင် အလွန်ကြောက်ဖွယ်ကောင်းလှသည် ။

သူ၏ လက်နှက်မှာ အောစု တံဆိပ်တပ် သံမဏိ ကျောက်သင်ပုန်းပင်ဖြစ်သည်။ မုန်တိုင်းဆင်သကဲ့သို့ ကျောက်သင်ပုန်းသံ

တ၀ှီးဝှီးပေးပြီး တိုက်ခိုက်တတ်သူဖြစ်သည်။ သူ၏ သိုင်းပညာမှာ ပြင်းထန်သလို ယနေ့ခေတ်တွင် တတ်မြောက်သူ အလွန်ရှားပါး

သွားပြီဖြစ်သည့် ရှေးပဝေဏသီ က စိန့်တိုင်းမှ ပေသီးချပ် ဆွဲကိုင်တိုက်ခိုက်သော နည်းစနစ် ကို တခေတ်ဆန်းထားခြင်းပင်ဖြစ်သည်။

အချိန်အတော်ကြာ စိန့်တိုင်းတွင် နေထိုင်ခဲ့သူဖြစ်သောကြောင့် မြေပြန့်သိုင်းသမားတို့ ခုခံရန် ခက်ခဲသော ကျောက်သင်ပုန်းသိုင်း ကို

တဖက်ကမ်းခတ်သူတည်း။

ယခုလည်း လွမ်းရေးထက် ၀မ်းရေး ခက်သောကြောင့် စိနတိုင်းသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခဲ့ခြင်းဖြစ်ပြီး … ယခု ဆင်းန်းမှာကား

ငယ်ကျွမ်းဆွေကို နှုတ်ဆက်ခန်း ပင်ဖြစ်သည်။

ချာကနဲ လှည့်ထွက်သွားသော ကိုရဲပေပါ  နောက်သို လိုက်ရန် မကြည်ပြာ ခြေလှမ်းပြင်လိုက်သည်။

 

ဗျိ …။ ဟိုက် …။

ကားဂိတ်ရှေ့ပလက်ဖောင်း ပေါ် .. မနက်စောစောစီးစီး ဘယ်ခွေးလေခွေးလွင့် ချေးပါသွားသည်မသိ။ မကြည်ပြာတယောက်

တည့်တည့်ကြီး ဗျိကနဲ နင်းမိတော့သည်။ စောစောကတော့ ဗိုက်တာမင်ကျူ .အဲ့လေ… အလွမ်းသယ် နေရလို့ ဒီအနံ့ကို သတိမထားမိ…

ခုတော့ … ခက်ပြီ …မတတ်နိုင် မကြည်ပြာတယောက် ဖိနပ်ကို ပလက်ဖောင်းဇောင်းနှင့် …အံကျိတ်ပီး ပွတ်လေတော့ သတည်း…။

ကိုရဲပေပါရဲ့ ကျောပြင်ကတော့ ဝေး၍ ဝေး၍။

 

 

ဟင်င်င်င်…။

 

သည်မြင်ကွင်း ကိုမြင်သွားသူက အစောက ကားဂိတ် ထိုင်ခုံပေါ် ပုဆိုးခြုံကာ ကွေးကွေးလေး အိပ်ပျော်နေသူ ကိုကမ်းမနီး ဖြစ်၏။

ညက များသွားသည်ထင့် ..ကားမရှိတော့၍ ကားဂိတ်တွင် ထိုးအိပ်ရခြင်းတည်း။ ခု သည်မနက် နိုးမယ့်နိုးတော့ …

ဘယ်ကမှန်းမသိသည့် မိန်းမတစ်ယောက် သူ့ကို တိုက်ခိုက်ရန် ပြင်ဆင်နေတာ တွေ့ရလေသည်။ ..

ယိစ်..

ကိုကမ်းမနီး ချက်ခြင်း ပုဆိုးကွင်းသိုင်းကာ သိုင်းကွက်ထုတ်သည်။ ထို့နောက် အောက်ပါ အဓိပ္ပါယ်ရသော အင်္ဂလိပ် စကားကို ဌာန်နှင့် မာန် နှင့်

ရွတ်ဖတ်လိုက်လေ၏။

 

မှိုင်းညို့  ညဥ့်ရိပ်၊ လူခြေတိတ်၌

ရေဆိပ် အနား၊ ရွာတံခါးမှ

ဂုတ်ကျား ကျယ်လောင်၊ ဆီးကြို ဟောင်သော်

ဖိုးမောင်လာပြီ ဆိုကြသည်။

 

ဟုတ်သည် …သူကလည်း ပိုစ့်မော်ဒန် သိုင်းလောကရဲ့ အထင်ကရ တစ်ယောက်ဖြစ်သော .. ဆံရှည်ကိုယ်တော်

ကမ်းမနီး ဖြစ်သည်။ ပိုစ့်မော်ဒန် သိုင်းလောကတွင် သူ၏ အထင်ရှားဆုံးအရာမှာ ဆံပင်ဖြစ်သည်။ သို့သော် စံပါယ် ဟုခေါ်သော

ကောင်မလေးတယောက် (သူ့အခေါ် ခေး) ကို ကြွေပြီးသကာလ ဗင်းဆင့်ဗင်ဂိုးထုံး နှလုံးမူကာ ..စံပါယ်နဲ့ နီးရဖို့ဆို

အလွန် နာမည်ကျော်သော မိမိ၏ ဆံ ပင် ကိုပင် ပယ် ၀ံ့သည်ဟု ကြွေးကျော် ကတုံးရိတ် ခဲ့သူဖြစ်၏။

သို့သော် ကောင်မလေးနှင့် မနီးဘဲ ကတုံးတလုံး သာ အဖတ်တင် ရှာလေသည်။ ဆံပင်ရှည်များနှင့် တိုက်ခိုက်ခြင်း

ပညာရပ်လည်း ဆုံးရှုံးသွားသော်လည်း အရည်အချင်း အလွန်မြင့်မားသော သိုင်းပညာရှင်ပီပီ ပါးစပ်မှ လင်္ကာ ရွတ်ရင်း

အနှုတ်အသိမ်းမြန်စွာ တိုက်ခိုက်တတ်သူဖြစ်၏ ။

တကယ်တော့ မကြည်ပြာ မာန်သွင်းပြီး ဖိနပ်ကို ပလက်ဖောင်းနဲ့သုတ်နေပုံကိုကြည့်ကာ ကိုကမ်းမနီး တယောက် အထင်လွဲခြင်းသာ ။

ထင်လည်း ထင်ချင်စရာပါပေ။မကြည်ပြာ၏ သွင်ပြင်က စပိန်နွားရိုင်းသတ်ပွဲမှ ခွေ့ကာနီး နွားရိုင်း နှာမှုတ်ပီး

ခြေဆောင့်နေတာနဲ့ကို တူတော့သကိုး…။

 

ဟား…ဟား…ဟား….ဟား…..

 

ဒီမြင်ကွင်းကို အစအဆုံးမြင်နေပြီး အားပါးတရ အော်ဟစ်ရယ်မောလိုက်သူမှာ

နောက်ထပ် ပိုစ့်မော်ဒန် သိုင်းအကျော်အမော် တစ်ယောက်ဖြစ်သူ ချယ်လို-ဒစ်စကိုတိုက်

ဖြစ်၏….။ သူက မကြည်ပြာ ကိုရော ကိုကမ်းမနီးကိုပါ သိကျွမ်းသူ ဖြစ်ပြီး

ယခု ဂွတီးဂွကျအခြေအနေကို အစအဆုံး မြင်တွေ့လျက် ဟက်ဟက်ပက်ပက်

ရီမော မိခြင်းတည်းးး.။ သူ့အကြောင်းကို မိတ်ဆက်ပေအံ့။

အများစု သိသည်မှာ သူသည် ချယ်လို တူရိယာကို

ကျင်လည်စွာ တီးခတ် နေလေ့ရှိသူ တူရိယာ သမား ဖြစ်သည်။ တကယ်တော့ သူသည် ချယ်လို သမားမဟုတ်။

ကြီးမားတုတ်ခိုင်သောသူ၏ ခန္ဒာကိုယ်နှင့် လိုက်ဖက်အောင် ဂီတာကို extra-large size ပြုလုပ်ထားခြင်းပင်ဖြစ်သည်။

ပိုစ့်မော်ဒန် သိုင်းလောကတွင် ဗျပ်စောင်းများ မရှိတော့သည့်တိုင် အဆိုပါ ဗျပ်စောင်း သိုင်းပညာများ၏ အမွေကို ချယ်လို

တဖြစ်လဲ ဂီတာဖြင့် ဆက်ခံထားခြင်းဖြစ်ပေသည်။

တကယ်တော့ သူသည် ရှေးဟောင်း ဗျပ်စောင်းသိုင်းပညာကို လွန်စွာ ကံစပ်သောကြောင့် တတ်ကျွမ်းခဲ့ခြင်း တည်း။

ဖြစ်ပုံက ဤသို့။သူတို့မြို့သို့ ကျူးကျော်လာသူ စိန့်တိုင်းသား များကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပြီးသကာလ

စိန့်တိုင်းသားတစ်ဦး၏ နေအိမ် မြေအောက် အံဝှက် အတွင်းမှ ဗျပ်စောင်း သိုင်းကျမ်းကို မြို့သူားများ ရှာဖွေတွေ့ရှိခဲ့ခြင်းတည်း။

သာမာန် မြို့သူားများမှာတော့ ဂီတပါရမီ သိုင်းပါရမီ နည်းပါးရကား မည်သူမျှ လေ့ကျင့် သင်ယူခြင်းငှာ မစွမ်းသာသည့်

အတွက် မြို့ မျက်နှာဖုံး လည်းဖြစ် ဗန်တို ဗန်ရှည် လှံရေးဓါးရေးလည်း

ကျင်လည်လှသော ဂစ်တာသမား လူထွားကြီး ဒစ်စကိုတိုက် ၏ လက် သို့ ၀ကွက် အပ်လိုက်ကြသည် ဟု ဆိုကြလေသည်။

အတိတ် ပါရမီ ကြောင့်လား မပြောတတ် ယခု ၅နှစ်အတွင်း တွင်ပင် ဒစ်စကို တိုက်၏ ပိုစ့်မော်ဒန်

ဗျပ်စောင်းသိုင်းကွက် ၁၈ကွက် ကို အဆုံးတိုင် အံတု နိုင်သူ အလွန်ရှားလေသည်။

(စာလေးမည်စိုးသဖြင့် အရေးမပါသော အကြောင်းအရာများ ကျော်ချလိုက်ပါသည်)

စာရင်းချုပ်သော် ဒစ်စကိုတိုက်၏ ကောင်းမှုဖြင့် ကိုကမ်းမနီးနှင့် မကြည်ပြာတို့ ၂ယောက်

သိကျွမ်း ခင်မင်ခွင့်ရကာ ထိုမနက် ဘရိတ်ဖတ်စ် မုန့်ဟင်းခါးဆိုင်ထိုင်ဖြစ်ကျရင်း

ဟင်းရည်သောက် မောင်နှမများပင် တော်လိုက်ကြလေတော့သည်။

 

ဤတွင် ပိုစ့်မော်ဒန် သိုင်းလောက အကြောင်း နည်းနည်း ရှင်းအံ့။

ရှေးပုံပေသဏီက သိုင်းလောကနှင့် များစွာ ကွာခြားပေသည်။
ရှေးအန်းတိတ် သိုင်းလောက သိုင်းသမားများသည် တနေကုန် တနေခမ်း သိုင်းချရင်း

ဘယ်က ဘယ်လိုရမှန်းမသိသော ပိုက်ဆံများဖြင့် သုံးစွဲသွားလာကြပေသည်။

ပိုစ့်မော်ဒန် သိုင်းလောကတွင်ကား ထိုသို့ မဖြစ်နိုင်ချေ။ တစ်ကိုယ်ရေ စားဝတ်နေရေး

အတွက်အလုပ်တစ်ခုတော့ လုပ်ကိုင်ကြရလေသည်။ သိုင်းပညာမှာ ဒုတိယ ဦးစားပေး
ဖြစ်သည်။ အန်းတိတ်ခေတ်က မထင်လျင်မထင်သလို ထ ဆော်ကြသော်လည်း

ပိုစ့်မော်ဒန် ခေတ်တွင်ကား စည်းကမ်း စည်းမျဉ်း ဥပဒေ စသည်တို့ များပြားလွန်းရကား.

တရားတဘောင်လို ကိစ္စရပ်မျိုးလည်း များမြောင်စွာ ရှိသေးသမို့ .. အသားလွတ် တိုက်ခိုက်ကြတာမျိုး

မရှိသလောက်ပင်။ သွေးထွက်သံယို ကိစ္စများကိုလည်း တတ်နိုင်သမျှ ရှောင်ရှားကြပေ၏။
ရှေးက သွေးသောက်ညီအစ်ကို မောင်နှမ ဖွဲ့ကြသည့်အစား ယခုတော့ နီးစပ်ရာ

အရည်တမျိုးမျိုး(ဟင်းရည်၊ အရက် စသည် တခုခု) အစားထိုး သောက်ကာ

ညီအစ်ကို မောင်နှမ ဖွဲ့ကြလေသည်။

 

 

ဆက်ပါမည်။

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011