ချစ် တယ်ဆိုတာ ပြောဖို့ လွယ်ပါတယ် မောင်
တော ရောမြို့ပါ ချစ်တတ်ကြတယ် မဟုတ်ပါလားရှင်
နွယ် မြက်သစ်ပင် ဆေးဘက်ဝင်သတဲ့ ချစ်သစ္စာတွေ မြဲတဲ့အခါများ
ကို ညီထွဋ် ကတော့ အဲ့လို ဆိုခဲ့တာပဲရယ်
ကို ငှက်ကတော့ ချစ်ရဲ့လက်တွေနဲ့ ကမ္ဘာကိုထုဆစ်ပါသတဲ့
ဝင်း ၀င်း အခြေအနေကို တည်ဆောက်နိုင်ဖို့သာ လိုပါတယ်လေ
ကြည် ပဲပြုတ်
နဲ့ နံပြား ရရင် စားချင်တယ်
လို့ ဗိုလ်ချုပ်ရဲ့ စာလေး ဖတ်ဖူးတယ်မဟုတ်လား ..အော်..သူက
စ လို့ အညတရ လေးတွေအဆုံး ချစ်တတ်
ကြ တယ် မဟုတ်လားကွယ်
နောက် ပြီး အချစ်ဆိုတာ စစ်ပွဲတွေအားလုံး အဆုံးသတ်
ကြ ဖို့ သဘောဝတရားကြီးက ပေးထား
တာ ပါဗျာ တန်ဖိုးထားကြပါစို့ ..အမုန်းတွေ
ရပ် ပေးပါနော် .. အချစ်တွေ သာ တိုးပွား
ကြ ပါစို့ ရယ် … မောင့်ကို အဲ့ဒါတွေ ပြောချင်တာ
ပါ ကွယ် တကယ်ပါ မောင် ချစ်
တော့ လေ တသက်လုံး မောင့် တယောက်ဆို
တ ယောက် စွဲစွဲမြဲမြဲ ချစ်သွားချင်ပါတယ် တ
ကယ် ပြောတာ မောင်ရဲ့ ကျမ
တော့ လေသိလား မောင့်ကို သိပ်
ချစ် တာပဲ… သိလား ..
တော ကမိန်းကလေး မို့ အပျော်မကျန်ပါနဲ့ နော်
မောင် ..တောသူမို့ သဘောဖြူပြီးသားပါကွယ် ..မောင်
နဲ့ မခွဲနိုင်တာ အမှန်ပါ
ချစ် တိုင်းလည်း မညားမှာ စိုးရွံ့မိပါတယ်
တော နဲ့ မြို့ ဆိုတာ လူနေမှု စနစ် ကွာတယ်မဟုတ်လား တောမှာ က
ပင် ပင်ပန်းပန်း လုပ်ကိုင်စားသောက်ကြပေမယ့် တောသူတောင်သားတွေ
ဟာ စိတ်ရင်းသဘော ဖြူကြပါတယ် မောင်
ဘ ၀တိုက်ပွဲကို အတူတူ ဖြတ်သန်းချင်ပါတယ် ကွယ်
ရုတ် တရက် မောင်သာ ကျမ ဘ၀ထဲက ထွက်သွားမယ် ဆိုရင်ပေါ့မောင်ရယ်
ဘက် ဆိုတာ ပါလာပြီဆိုတော့ ၂ဘက် မိဘတွေ သဘောတူပါ့မလား
မောင် ဖြေပါအုံးကွယ် .. ကျမသိချင်လို့ပါ
တိမ် တွေ နေတဲ့အရပ်ကို မောင်နဲ့ တူတူ သွားချင်တယ်ကွယ်
တွေ ဝေနေလား မောင် ခွဲရမယ့်အရေး တွေးမိနေတာ
မို့ ညည ဆို အိပ်မပျော်ဘူးမောင်
ချစ် လို့ မ၀ဘူး မောင်ရယ်
တော က ကောင်မလေးရယ် ရူးလှချည်လား လို့ မပြောပါနဲ့ မောင့်အချစ်တွေက
နွယ် လို ရစ်ဖွဲ့ထားတာကိုး
ဟာ သမဟုတ်ဘူးမောင် စကားစကို မ
ဖြတ် လိုက်ပါနဲ့ဦး ကျမတို့ လမ်းသစ်
ဖောက် ရမှာပါ … အားလျော့လို့ မဖြစ်ဘူး
ချုပ် တီးထားတဲ့ စိတ်တွေဟာ မွန်းကျပ်မှု
ကြီး ကို
သာ ပေးစွမ်းနိုင်ပါတယ် မောင်
ဖြစ် သလို ဘ၀ကို ရုန်းကန် နေသူ
ပါ မောင်ရယ် … ထားခဲ့မှာတော့ စိုးမိ
တယ် တကယ် ပါ မောင်ရယ် …. နားလည်ပေးပါ
ကွယ်
ပုံ
မောင့်ရဲ့ ချစ်တော
မိဂီ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011