1* ၀နည်းလေးကစပြီးပြောပြပေးပါမယ်နော် …

၁ . အခုလက်ရှိနာမည်ရနေတဲ့မင်းသမီးတစ်ယောက်ပိန်ပိန်လေးကနေ တော်တော်လေးပြည့်လာစေတဲ့နည်းလေးပါ …

နေ့တိုင်း မနက် ၁ ကြိမ် ၊ ည အိပ်ခါနီး ၁ ကြိမ် … ထောပတ်သီး ဇွန်းနဲ့ ၁ ဇွန်း + ပျားရည် ဇွန်း ၁ ဇွန်း

၁ လ ခွဲကြာတဲ့အခါသေချာပေါက်ထူးခြားလာပါလိမ့်မယ် …

 

2*ပိန်နည်းပေါ့နော် … အရင်နည်းတွေနဲ့မတူတဲ့ ကိုယ်တွေ့နည်းလေး … မပင်မပမ်းပဲနဲ့ပိန်သွားမှာနော် … ဟဲဟဲ … နောက်နေ့မှ ဆက်ရေးတော့မယ် :P  hehe

 

ပန်းသီး တစ်နေ့လုံး မနက်နေ့ည ဗိုက်ဆာတဲ့အချိန်တိုင်း … ပန်းသီးချည်းပဲ ၅ ရက်ဆက်တိုက်လောက်စားပါ … ၃ ရက်လောက်နေရင် စပြီးသိသာလာပါပြီ … ထမင်းပြန်စားရင်တော့ အရမ်းပြည့်ကားနေအောင်မစားပါနဲ့ … အစာအိမ်ကျယ်ပြီး ၂ ဆပိုဝလာမှာစိုးလို့ပါ … ပန်းသီးစားရတာရိုးရင်တော့ ဖရဲသီးလေးပြောင်းစားပေါ့ …

 

တလက်စာတည်း ပန်းသီးရဲ့ အာနိသင်လေးပါပြောချင်ပါတယ်

(၁)အရိုးများကို ခိုင်မာစေပြီး အရိုးနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း။

(၂)ပန်းနာရင်ကျပ် ရောဂါများကို သက်သာစေပြီး ဖြစ်ပွားမှုနှုန်းကို လျော့ကျ စေခြင်း။

(၃) အဆုတ်၊ ရင်သား၊ အူမကြီး၊ အသည်းတို့တွင် ဖြစ်ပွားနိုင်သော ကင်ဆာ ရောဂါကို တားဆီး ကာကွယ် ပေးခြင်း။

(၄) မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ အသက်ကြီးရင့်ချိန် အတိတ်မေ့ခြင်းစသည့် ဇရာ ရောဂါများ ဆောလျင်စွာ ဖြစ်ပွားခြင်းမှ ကာကွယ် တားဆီးပေးခြင်း။

(၅) ကိုလက်စထရောဓာတ်ကို လျော့ကျစေခြင်း။

(၆) ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ခြင်းနှင့် ဖြစ်ပွားမှုကို ကြိုတင်ကာကွယ် နိုင်ခြင်း။

(၇) ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပြီး အသားအရေ ကျစ်လစ် စေခြင်း စသည့် အကျိုးကျေးဇူး များရရှိနိုင်ပါတယ်။

(၈)အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း ပန်းသီးတွေထဲမှာ ပါဝင်တဲ့ သဘာဝ အမျှင်ဓာတ်ဟာ အူမကြီးထဲကို ရောက်ရှိတဲ့အခါ ကင်ဆာဆဲလ် ဖြစ်ပေါ်မှုကို တွန်းလှန်ပေးနိုင်တဲ့ ဓာတ်တွေ ထွက်ရှိစေပါတယ်။

(၉)  သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ပေးခြင်း နေ့စဉ် ပန်းသီးတစ်လုံးစားတဲ့ အရွယ်ရောက်သူတွေမှာ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း လျော့ကျမှု ရှိပါတယ်။

(၁၀) ပန်းသီးမှာ ကွာစီတင်လို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် ပါဝင်နေတာကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီးထိခိုက်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

 
နောက်တစ်ခု ဆေးကတော့ ဆရာဝန်ကိုယ်တိုင်ပေးထားတဲ့ဆေးလေးပါ … နာမည်က Oblit ( အို ဘီ လစ် ) ၁ ကဒ် ၄၀၀၀ … ၁၀ လုံးပါပါတယ် … အညွှန်းမှာတော့ ထမင်းစားပြီး နေ့ ၁ လုံး ၊ ည ၁ လုံးရေးထားပါတယ် … ဆရာဝန်ကတော့ မစားခင် ၁၅ မိနစ် ၃၀ မိနစ်အလိုမှာ ထမင်း၃ခါစား၃ခါ ၄ ခါစား၎စား သောက်လို့ရပါတယ်တဲ့ …..

Xenical ထက်ပိုကောင်းတယ်လို့ထင်တာပဲ … မမူးမဝေပဲ အစားမစားချင်တဲ့စိတ် ကတုန်ကရင်လည်းမဖြစ်စေပဲ ၀ိတ်မတတ်အောင်ထိန်းနိုင်မှာပါ … ၀က်သား ၁ ပိသာစားလည်းရတယ် …. မ၀လာဘူး ၀ိတ်မတတ်လာဘူးပေါ့ … အဆီတွေစားတာများလို့ ပိုတဲ့အဆီက အဆီပိုအဖြစ်စုနေတာလေ … ဒီဆေးက ပိုနေသမျှအဆီတွေကို စွန့်ထုတ်ပေးလိုက်တာပါပဲ …

 

ဘယ်သူတွေ ၀ပြီးလှလာလဲ … ဘယ်သူတွေပိန်ပြီးကြည့်ကောင်းလာလဲဆိုတာ စမ်းကြည့်သူတိုင်းတွေ့ရတော့မှာနော့် :)

 

 

About မမလေး

has written 129 post in this Website..