(၁) ကမ္ဘာကြီး ၂၃.၅ ဒီဂရီ စောင်းပြီး လည်နေတာကို ကျနော်တို.သိကြပါတယ် ။
တချိန်တခါကပေါ့ … ပြောရရင် ဟိုး လွန်ခဲ့တဲ့ နှစ် သန်းချီကြာတဲ့ အချိန်
တုန်းကပေါ့ …
ကမ္ဘာကြီး ၂၃.၅ ဒီဂရီ စောင်းနေရာကနေ
အနည်းငယ်တိမ်းစောင်းသွားခဲ့လို.*မိုးကုတ်မြို.
* က
ရေအောက် ရောက်သွားခဲ့ဖူးပါတယ်တဲ့…

(၂) အကယ်ရ်ျ ကမ္ဘာပေါ်ရှိ ရေခဲပြင်တွေ အားလုံး အရည်ပျော်သွားခဲ့လျင် ပင်လယ်ရေ
မျက်နှာပြင်ဟာ
အနည်းဆုံး* ၆၅ မီတာ (…ပေ)* လောက်မြင့်တက်လာမှာဖြစ်ပါတယ် ။ အာတိတ် နဲ့
အန္တာတိတ်ဒေသတွေမှာ
နေရာသစ်တွေ ပေါ်လာလိမ့်မယ် ။ ဒိန်းမတ်နိုင်ငံဟာ ရေအောက်ရောက်သွားပါမယ် ။
လန်ဒန် ၊ဒဗ္ဗလင် ၊ ပဲရစ် ၊ ရောမ ၊ ဟယ်စင်ကီး၊ ဗန်ကောက် စတဲ့ မြု.တော်ကြီးတွေ
ရေအောက်နစ်မြှုပ်
ပျောက်ကွယ်ကုန်ပါလိမ့်မယ် ။

(၃) ကမ္ဘာဦး အစကတည်းက ကမ္ဘာပေါ်မှာ ရှိခဲ့တဲ့ တိရိစ္ဆာန်မျိုးစိတ်ပေါင်း
၅၀၀,၀၀၀,၀၀၀* (သန်း ၅၀၀) ရဲ့ ၉၈% * ဟာ
မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပါတယ် ။ ( အင်း … ၅၀%
လောက်သာကျန်နေရင် ဦးဦး မှော်ဆရာတို. အင်္ဂါဂြိုဟ်ပေါ်
ပြောင်းနေရတော့မယ် ထင်တယ်နော် ။)

(၄) ဒါဝင် အပါအ၀င် မနုသဿဗေဒ ပညာရှင်တွေ အဆိုအရ ကမ္ဘာပေါ်မှာ လူသားတွေ
ရှင်သန်နေထိုင်လာကြတာ
*နှစ်ပေါင်း လေးသန်း*လောက်သာရှိသေးတယ်တဲ့ ခင်ဗျ ။

(၅) ယနေ.ထိတွေ.ရှိရတဲ့ သက်တမ်း အရင်ဆုံး ကျောက်ဆောင်ကျောက်ခဲတွေနဲ့
မိုးကျကျောက်တွေကို တွက်ချက်ခြင်းဖြင့်
ကမ္ဘာကြီး ဟာ လွန်ခဲ့တဲ့* နှစ်သန်းပေါင်း ၄၆၀၀ *လောက်ထဲက စတင်ဖြစ်ပေါ်
ခဲ့တယ်လို. သိပ္ပံပညာရှင်တွေက တွက်ချက်ကြပါတယ် ။
နောက်ထပ် *နှစ်သန်းပေါင်း တစ်ထောင်ကျော*် ထိ တည်ရှိနိုင်သေးတယ်လို.လည်း
တွက်ဆထားကြပါတယ် ။

(၆) ရက်ပေါင်း (၃၀) တစ်လ ကြာတယ်လို. ထင်နေတာ မှားပါတယ် ။
လ က ကမ္ဘာ က*ို ( ၂၇ ) ရက်* တစ်ပတ်ပတ်မိတာ ဖြစ်ပါတယ် ။

(၇) ကမ္ဘာအရပ်၇ပ်တွင် နေ.စဉ် *တစ်မိနစ်လျှင် လျှပ်စစ်မိုးကြိုး အကြိမ်ပေါင်း
1800 ခန်.* ဖြစ်ပေါ်လေ့ရှိပါတယ် ။

(၈) သံ လိုက်အိမ်မြောင်ရဲ့ လက်တံဟာ အမှန်တကယ်တော့ မြောက်ဝင်ရိုးစွန်းရဲ့
*အနောက်ဘက်
မိုင် ( ၁၅၀၀*) အကွာမှာရှိတဲ့
သံလိုက်စွန်းကို ညွန်ပြနေတာဖြစ်ပါတယ် ။

(၉) ကမ္ဘာ ပေါ်မှာ လူတွေ အစောဆုံး အခြေချ နေထိုင်ခဲ့တဲံ မြို.ဟာ *ပါကစ္စတန်
နိုင်ငံရှိ ဂျာရီကို မြို.*ပဲ ဖြစ်ပါတယ်တဲ့ …
အဲဒီမြို.မှာ* BC 5000* လောက်ထဲက လူတွေ အခြေချနေထိုင်လာခဲ့တာပါ ။
သမိုင်းမှာ နာမည်ကြီးတဲ့*ေ၈ျရုဆလင်မြို.*ကတော့ BC 2800 လောက်ကမှ လူတွေ
အခြေချခဲ့တာဖြစ်ပြီး ၊
*အေသင်မြို.*ကတော့ BC 1400 လောက်ကမှ လူတွေ စတင်နေထိုင်ခဲ့တာလို.ဆိုပါတယ်။
* ဗာရာဏသီမြို.*မှာတော့ BC 1000 လောက်တွင်မှ လူတွေ အခြေချ
နေထိုင်ခဲ့တာပါတဲ့ ခင်ဗျာ….

(၁၀) လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ခန်.က ဘော်နီယို ကျွန်းသူကျွန်းသားတွေဟာ
*လူ.ဦးခေါင်းခွံ
*တွေကို ငွေကြေးအဖြစ်အသုံးပြုခဲ့ကြပါတယ် ။
ကိုလံဘီယာ နဲ့ ဗင်နီဇွဲလား နိုင်ငံရှိ ပီယာရိုအာအင်ဒီယန်း
လူမျိုးများကတော့ သူတို.အခေါ် *”ကူရာရေး” ( Curare ) *ကို ဥစ္စာဓန
အဖြစ်အသုံးပြုခဲ့ကြပါတယ် ။ Curare ဆိုတာ ပြင်းထန်တဲ့ အဆိပ်တစ်မျိုးပါ …
ရှေးက နယူးဂီနီလူမျိုးတွေကတော့* ခွေးသွား*ကို တုတ်တံတွင် တပ်ဆင်ကာ
ငွေကြေးအဖြစ် အသုံးပြုခဲ့ကြပါတယ် ။

About cobra

oakar min maung has written 203 post in this Website..