ရွာ (ကဗျာ)

CourageDecember 4, 20121min1091

ရွာ

ငါ့ဆီမှာ …
အိမ်ခြေတစ်ရာကျော် ရှိတယ်
မြေနီလှည်းလမ်း ရှိတယ်
အရိပ်ကောင်းတဲ့ သစ်ပင်တွေရှိတယ်
လှပတဲ့ ပန်းမံတွေရှိတယ်
လူတွေလည်း အများကြီးရှိတယ် ။
ငါ့အတွက် …
ရေတွင်းရေကန်တွေ ရှိတယ်
လျှပ်စစ်မီး ရှိတယ်
လယ်ကွင်းတွေ ရှိတယ်
စီးပွားရေးလုပ်ငန်းတွေ ရှိတယ်
တိုးတက်မှုတွေလည်း ရှိတယ် ။
သို့ပေသော်…ငါမှာ
အတွေးစိတ်ကူး မရှိဘူး
ချစ်စိတ်မုန်းစိတ် မရှိဘူး
လိုချင်တပ်မက်စိတ် မရှိဘူး
ဘာကြောင့်လည်းဆိုတော့
ငါသည် …
လူတွေ ပညက်ထားတဲ့
ပထဝီမြေပေါ်မှ ‘ရွာ’တစ်ရွာပေပဲ ။  ။

 

COURAGE

One comment

  • Mobile

    December 5, 2012 at 1:09 am

    အင်မတန် အနှစ်သာရှိတဲ့ ကဗျာတစ်ပုဒ်ဖြစ်တယ်လို့ သတ်မှတ်ပါတယ်ဗျာ . . . . .
    ကျနော်ရဲ့ လက်တန်းကဗျာလေးကိုလဲ ဆက်လတ်ခံစားအားပေးကြပါဦး။
    “သူကြီး”
    ငါသည်
    သူကြီးတစ်ယောက် ဖြစ်ပေတယ်
    ဒါပေမယ့်
    ငါ့အတွက် ရပ်မိရပ်ဖ ဆိုတာလဲမရှိဘူး
    ရာအိမ်မှူး ဆယ်အိမ်မှူးနဲ့ နှစ်လုံးပြုးလဲမရှိဘူး
    ရွာသူရွာသားဆိုတာလဲ မရှိပေဘူး
    ရွာဆိုတာလဲ မရှိပေဘူး
    ဘာဖြစ်လို့လဲဆိုတော့
    ငါသည် အိုးသူကြီး တစ်ယောက်ဖြစ်ပေတယ်။

Leave a Reply