ဝမ်းသာစရာသတင်း

 

“ဒီမြှားက ဘယ် အရပ်ကလာတာလဲ၊ ဒီမြှားကို ဘယ်သူပစ်တာလဲ ၊ ဘယ်သူကပစ်ခိုင်းတာလဲ၊ဘယ်လိုမြှားအမျိုးအစားလဲ
ဆိုတာ လေ့လာသင့်ပေမဲ့ ပထမဦးစားပေးကတော့ အခု ဝေဒနာ ခံစားနေရသူများကို ဆေးကုဖို့လိုအပ်တာပါ။
ခုသတင်းလေး က အရမ်းဝမ်းသာဖို့ကောင်းပါတယ်။
ပြည်ဝင်ခွင့်ကိုလဲ လွယ်လွယ်ကူကူဖြစ်ပါစေ။”
 Special credit to Venus News Weekly
 
ဒဏ်ရာရ သံဃာတော်များကို နိုင်ငံလေးနိုင်ငံမှ အရေပြားဆရာဝန်များ လာရောက်ကုသပေးမည်
 
ကျော်ဇေယျာထွန်း
ရန်ကုန်၊ ဒီဇင်ဘာ ၅။
 
လက်ပံတောင်းတောင် အထွေထွေ သပိတ်စခန်းများအား အစိုးရက အကြမ်းဖက်ဖယ်ရှားစဉ် ဒဏ်ရာရခဲ့သော
 
သံဃာတော်များကို ထိုင်းနိုင်ငံ၊ ထိုင်ဝမ်၊ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အရေပြားအထူးကု ဆရာဝန်များ
 
လာရောက် ကုသပေးမည်ဖြစ်ကြောင်း အဆိုပါ ဆေးကုသမှု အစီအစဉ်ကို ဆောင်ရွက်ပေးနေသည့် အဖွဲ့
 
အစည်းများထံမှစုံစမ်းသိရှိရသည်။
 
အရေပြားအထူးကုဆရာဝန်ကြီးများသည် ရန်ကုန်မြို့သို့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပြီး
 
မန္တလေးမြို့သို့ ရရက်နေ့ မတိုင် ခင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ယခု ဆေးကုသမှု အစီအစဉ်ကို မုံရွာ ပွင့်လင်းလူ့
 
အဖွဲ့အစည်း၊ စိမ်းရောင်စို Activity(မန္တလေး)၊ ဘဝအလင်း(မန္တလေး) နှင့် ငြိမ်းချမ်းရေး ကွန် ယက် မှ ဒေါ်ခွန်ဂျာ
 
တို့က ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာ ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် စိမ်းရောင်စို Activity (မန္တလေး) အဖွဲ့
 
ဝင်များက ပြောကြားသည်။နိုင်ငံခြားမှ ဆရာဝန်များဆေးကုသနိုင်ရန် နေရာအတွက် မန္တလေးဆေးရုံနှင့်
 
သွားရောက် ညှိနှိုင်း မည် ဖြစ်ကြောင်း၊ ဆေးဝါးကုသမှုတွင် ကူညီပေးနိုင် ရန် ပြင်ပဆရာဝန်များကိုလည်း အကူ
 
အညီ တောင်း ခံထားပြီ ဖြစ်ကြောင်း၊ ကုသမှုကုန်ကျစရိတ်အတွက်ကို ဒေသခံ အဖွဲ့အစည်းများနှင့် မန္တလေးမှ
 
အဖွဲ့များ စုပေါင်းကာ အလှူငွေများ ကောက်ခံစုဆောင်းထားပြီးဖြစ်ကြောင်း မုံရွာပွင့်လင်းလူ့အဖွဲ့အစည်းမှ
 
ပြန်ကြားရေး တာဝန်ခံ ဦးသက်ဆွေအေး က ပြောကြားသည်။“နိုင်ငံတကာက ပညာရှင်တွေရဲ့ အကူအညီတွေ
 
လိုချင်ပါတယ်။ အခု ဒီလို ဒဏ်ရာရခဲ့တာနဲ့ ပတ်သက် ပြီးလည်း စစ်ဆေးမှုတွေ လုပ်နေတာရှိပါ တယ်”ဟု
 
၎င်းကဆက်လက်ပြောကြားသည်။“ဘယ်နှယောက် လာမလဲတော့ မသိသေးဘူး။ လေးနိုင်ငံကတော့ လာမယ်၊
 
မန္တလေးဆေးရုံမှာပဲ ကုသ ရမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့၊ သံဃာတွေ ကများတယ်၊ နေရာပြောင်းဖို့
 
ကမလွယ်ဘူး။ ကုသ မယ့်နေ ရာကို စီစဉ် နေတုန်းပဲ”ဟု စိမ်းရောင်စို Activity (မန္တလေး)မှ အမှုဆောင်အဖွဲ့ဝင်
 
ဦးနေသစ်က ပြောကြားသည်။

 

လက်ရှိအချိန်ထိ မန္တလေးဆေးရုံသို့ ရောက်ရှိနေသော သံဃာတော်များနှင့် လူပုဂ်္ဂိုလ်၏ ဒဏ်ရာများသည် ပိုမို

ဆိုးရွားလာကြောင်း၊ ဒဏ်ရာများမှာ ပိုကြီးလာပြီး အချို့မှာ အသားများပါ ပဲ့ကျကာ အတွင်းသို့ လှိုက် စား လာ

ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“မန္တလေးဆေးရုံက ဒဏ်ရာတွေ ပျောက်ဖို့အတွက် ဆေးတွေ ထိုးပေး တယ်လို့တော့ သိရတယ်၊ အသေး စိတ်

ဘာတွေ ကုပေးတယ်လို့တော့ မသိဘူး”ဟု ဦးနေသစ်က ဆက်လက်ပြောကြားသည်။

“ဒဏ်ရာတွေက မသက်သာဘူးဗျ။ အခု မဖြူဖြူဝင်းဆိုရင် ဒဏ်ရာက အရမ်းနာလာတော့ ဆေး ထိုးပေးဖို့ ပြော

တယ်၊ အခု မန္တလေးဆေးရုံကို ပို့လိုက်ရပြီ”ဟု မုံရွာမြို့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးသက်ဆွေအေးက ပြော သည်။

လက်ရှိတွင် မန္တလေးပြည်သူ့ ဆေးရုံတွင် လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှုမှ ဒဏ်ရာရရှိခဲ့သူ သံဃာ

နှင့် လူ စုစုပေါင်း ၇၂ ဦးခန့် ရှိနေပြီး အများစုမှာ သံဃာတော်များဖြစ်ကြောင်း သိရသည်။

===================================

Additional News

ဒဏ်ရာရ သံဃာများအား ထိုင်း အထူးကု ဆရာဝန်လာရောက်ကြည့်ရှု

 
 
ဟင်္သာနီ (မွန်မြေ) | စနေနေ့၊ ဒီဇင်ဘာလ ဝ၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၁ မိနစ်စံခလပူရီ (မဇ္ဈိမ)။ ။
 
မုံရွာဆေးရုံမှ မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ကုသနေရသည့် မီးလောင် ဒဏ်ရာ ပြင်း ထန်သည့်
 
သံဃာတော်များထံသို့ ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ထိုင်း အရေပြား အထူးကု
 
ဆရာဝန်ကြီး Dr. Suthat Duangdeeden က လာရောက် ကြည့်ရှုသွားခဲ့ကြောင်း ဒဏ်ရာရ
 
သံ ဃာတော်များ အား ကုသနိုင်ရေးအတွက် ကမကထ ပြုနေသည့် ဦးဆောင် သံဃာတပါး
 
ဖြစ်သူ ဦးသု (ခေါ်) ဦးဝိမလ က မိန့်ကြားသည်။ မန္တလေး ဆေးရုံရောက် ဒဏ်ရာရ သံဃာများအား
 
ထိုင်း အရေပြား အထူးကု ဆရာဝန် လာရောက် ကြည့်ရှု။
 (ဓါတ်ပုံ – shaeshae(century) )
 
“အခုလည်း ဆက်လက် ပြီးတော့ ကြည့်ရှုနေပါတယ်။ နောက်ပြီး ထိုင်းအရေပြား ဆရာဝန်က လိုအပ်မယ့်
ဆေးပစ္စည်းတွေ၊ ဆေးပိုင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းလေးတွေကို နည်းနည်း လှူဒါန်းတဲ့
 
အခမ်းအနားမျိုးလည်း လုပ်ပါတယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။ထိုသို့ လာရောက်ကြည့်ရှုခဲ့စဉ်အတွင်း မန္တလေး
 
ဆေးရုံအုပ်ကြီး ဒေါက်တာမောင်ဝင်း ကလည်း မိမိတို့အနေဖြင့်
ဆေးပိုင်းဆိုင်ရာ ဆွေးနွေးရာတွင် မိမိတို့အနေဖြင့် နိုင်ငံတကာ အဆင့်မီ ဆေးဝါးများဖြင့်လည်း အသုံးပြု
 
ကုသလျက် ရှိနေသည်ဟု ထိုင်းအရေပြား ဆရာဝန်နှင့် မန္တလေး ဆေးရုံအုပ်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်တွင်
 
ပြောကြားခဲ့ကြောင်း ဦးဝိမလ က မိန့်သည်။ထိုင်းအရေပြား အထူးကု ဆရာဝန်ကလည်း ဒဏ်ရာရ သံဃာတော်
 
အများစုမှာ လက်ရှိ၌ ကျန်းမာရေး အခြေအနေ တိုးတက်လျက်ရှိသည်ဟု မှတ်ချက်ပြုခဲ့ပြီး ရေရှည် ဆက်လက်
 
ကုသရဦးမည် ဖြစ်ကာ အဖျားရောဂါများ ဆက်လက်ခံစားရနိုင်မည်ဟု သတိပေးသွားသည်။ ဒဏ်ရာရသူ များစွာမှာ
 
လရှည် ကုရမည့် လူနာများ ဖြစ်ကြောင်း ထိုင်းဆရာဝန်ကြီးက ပြောဆိုသွားသည်။ဒဏ်ရာ ပြင်းထန်သည့် ဦးဇင်း
 
တစ်ပါး ဖြစ်သည့် ဦးတိက္ခဉာဏ အား ထိုင်းနိုင်ငံ၌ ဆေးဝါး သွားရောက် ကုရန် စီစဉ်လျက်ရှိပြီး
 
သံဃာ့မှတ်ပုံတင်မှာ မီးလောင်ကျွမ်းသွား၍ ယနေ့ မုံရွာသို့ဆင်း၍ သံဃာ့ မှတ်ပုံတင် အသစ်ပြန်လည်
ရရှိရန် ကြိုးစားနေကြောင်း သိရှိရသည်။ဦးတိက္ခဉာဏမှာ သက်တော် ၆၄ နှစ် ရှိပြီ ဖြစ်၍ ဆေးဝါး
 
သုံးဆောင်ရသည့် အရှိန်ကြောင့် နုံးချိလျက် ရှိကာ ဒဏ်ရာအခြေအနေမှာ နောက်ကျောဖြင့် အမြဲတစေ
 
အိပ်နေရသဖြင့် အနာများ ဆိုးဝါးလျက် ရှိသည်ဟု သိရှိရသည်။

ကိုယ်တော်ကြီးအတွက် နိုင်ငံကူး လက်မှတ် အမြန်ဆုံးရရှိရေးလည်း ကျန်းမာရေးနှင့် လူမှုရေး ဝန်ကြီးက

စီစဉ်ဆောင်ရွက်ပေးမည်ဟု ကတိပေးထားကြောင်း ဦးဝိမလ က မိန့်သည်။

ထိုသို့ နိုင်ငံခြားမှ ဆရာဝန်များ လာရောက် ကြည့်ရှုနိုင်ရန်အတွက် ပွင့်လင်းမုံရွာ လူ့အဖွဲ့အစည်း၊ ကချင်

ငြိမ်းချမ်းရေး ကွန်ယက်တို့မှ အဓိက ဝိုင်းဝန်း ဆက်သွယ်ပေးခဲ့ သည်ဟု ယနေ့ ထိုင်းဆရာဝန်ကြီးအား လိုက်လံပို့

ဆောင်ပေးခဲ့သူ ကိုဝင်းမင်းထွန်း က ပြောသည်။

“သူက ထိုင်းက ဆရာဝန် ကြီးပဲလေ။ ကုသဖို့ လာတာ မဟုတ်ဘူး။ လက်ရှိ ဒီမှာ ရှိနေတဲ့ သံဃာတွေရဲ့ အခြေအနေ

အားလုံးကို ကြည့်ရှုခွင့်တော့ ရတယ်။ ကြည့်ပြီးတော့ ဘယ်လို နေရမယ်။ ဘယ်လို ထိုင်ရမယ် အဲဒီလို

အကြံပေးပြီးပြောသွားတာ ရှိတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုင်းဆရာ ဝန်ကြီးသည် မန္တလေး ဆေးရုံမှ လက်ထောက် ဆရာဝန်မ တဦး၏ အကူအညီဖြင့် မေးရိုး ဆိုင်ရာနှင့်

တကိုယ်လုံး မီးလောင်ဒဏ်ရာ ရရှိထားသည့် သံဃာများအား အနီးကပ် ကြည့်ရှုသွားခဲ့ပြီး ဒဏ်ရာ ပြင်းထန်သည့်

လူနာများကို အထူး စိတ်ဝင်တစား ကြည့်ရှုသွားကာ ကျန်သံဃာများကိုလည်း ကြည့်ရှုသွားခဲ့သည်ဟု

ကိုဝင်းမင်းထွန်း က ဆိုသည်။

မန္တလေး ဆေးရုံ၌ လက်ပံတောင်း သပိတ်စခန်း ဖြိုခွင်းခံရမှုတွင် မီးလောင်ဒဏ်ရာ ရရှိသည့် သံဃာ ၂၃ ပါးနှင့်

လူပုဂ္ဂိုလ် ၄ ယောက် တက်ရောက်၍ ကုသနေရဆဲ ဖြစ်သည်ဟု ဆိုသည်။

ဆက်လက်၍လည်း ထိုင်ဝမ်နှင့် အာဖရိကတိုက်သား ဆရာဝန်ကြီးများ လာရောက် ကြည့်ရှူ့ရန် စီစဉ်လျက်ရှိသည်

ဟုလည်း သိရသည်။

 
 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသော သံဃာတော်များအား ပြည်ပမှ အထူးကုဆရာဝန်ကြီးများ လာရောက်ကြည့်ရှု PDF Print
Monday, 10 December 2012 00:58
AddThis Social Bookmark Button
10

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဒေါက်တာတင်မျိုးဝင်းနှင့် ဩစတြေးလျနိုင်ငံမှ ခွဲစိတ်ဆရာဝန်တစ်ဦး လာရောက်ကြည့်ရှုနေစဉ်

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော သံဃာတော်များ၏ ဒဏ်ရာရရှိမှု အခြေအနေများအား ပြည်ပမှ အထူးကုဆရာဝန်ကြီးများ လာရောက်လေ့လာ ကြည်ရှုခဲ့ကြောင်း သိရသည်။လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွဲမှုတွင် ဒဏ်ရာရရှိခဲ့သော သံဃာတော်များ၏ ကျန်းမာရေးအခြေအနေနှင့် မန္တလေးဆေးရုံကြီး၏ ကုသမှုအခြေအနေများကို ဒီဇင်ဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံမှ အရေပြား အထူးကုဆရာဝန်ကြီးတစ်ဦးမှ လာရောက်ကြည့်ရှုကာ ဆေးရုံအုပ်ကြီးနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ သံဃာတော်များအတွက် လိုအပ်သော ဆေးဝါးအချို့နှင့် ဝတ္ထုငွေလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

”ထိုင်းနိုင်ငံက အထူးကုဆရာဝန်ကြီးတစ်ဦး လာရောက်ပြီး ဆေးရုံအုပ်နဲ့ တွေ့ဆုံဆွေးနွေးတာမျိုး လုပ်သွားတာပါ။ သူတို့အနေနဲ့ သံဃာတော်တွေရဲ့ကျန်းမာရေး ကုသမှုအပိုင်းကို တာဝန်ယူ လုပ်ဆောင်ချင်တယ်လို့ သိရတယ်” ဟု ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီမှ ဆရာတော်တစ်ပါးက မိန့်ကြားပါသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ ညပိုင်းတွင်လည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ဖြင့် ဒေါက်တာတင်မျိုးဝင်းနှင့်အတူ ဩစတြေးလျနိုင်ငံမှ ခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးပါဝင်သော အဖွဲ့မှလည်း သံဃာတော်များ၏ ဒဏ်ရာရရှိမှုများနှင့် လက်ရှိကုသမှု အခြေအနေများကို လာရောက်မေးမြန်း စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

”စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ တာဝန်နဲ့ လာခဲ့တာပါ။ ဩစတြေးလျနိုင်ငံက ခွဲစိတ်အထူးကု ဆရာဝန်ကတော့ ဒဏ်ရာရရှိမှု အခြေအနေကို အကဲဖြတ်နိုင်အောင်အတွက် လေ့လာတဲ့အနေနဲ့ ကြည့်ရှုတာပါ။ နောက်ပြီး သံဃာတော်တွေရဲ့ကျန်းမာရေးအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင်လို့ အဓိကထားပြီး လာခဲ့တာပါ” ဟု ဒေါက်တာတင်မျိုးဝင်းက ပြောကြားပါသည်။

လက်ရှိအချိန်တွင် ဒဏ်ရာရရှိခဲ့သော သံဃာတော်များအား မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် ၆၂ လမ်းရှိ ကန်တော်နဒီဆေးရုံတို့တွင် ထားရှိကာ ကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

About thit min

thit min has written 94 post in this Website..