1 ညပိုင်း မီးရောင်စုံနဲ့ နန်းမြို့ရိုးအလှ

 

2 မြို့ရိုး ကျုံးနဲ့ တံတားရဲ့ ညအလှ

 

3 အရိပ်

4 မီးရောင်စုံဖြာဖြာ ကျုံးရေပြင် စိမ်းစိမ်း

5 အနောက်ဘက်ခြမ်းအလှ

 

6အရှေ့ဘက်ကျုံးအလှ

 

8ဒါကမှ လက်ဆော့တာအစစ်

 

9ဝေလီဝေလင်း ၀ိုးတို့ဝါးတား

10 မီးရောင်တွေနဲ့လင်းလက်နေတဲ့ ပြည်ကြီးမွန်

12 တစ်ဝက်တစ်ခြမ်း

 

13 မြောက်ဘက်ခြမ်းက မြင်ရတာပါ

14 အကျင့်မပျောက်သေးတဲ့ ကိုပေါက်လက်ဆောင်အမြင်ဒေါင့်စောင်းစောင်းလေး

15 အလင်းရောင်လာခါစ
နံနက်ခင်းလေးရဲ့ အောက်မှာတွေ့မြင်ရတဲ့ ပြည်ကြီးမွန်

 

16 ရောင်နီကြောင့်ပိုပြီးစိုလက်တောက်ပလာတဲ့ နံနက်ခင်း

 

18 အရောင်များ အရိပ်များ

19 နေရောင်အောက် က ပြည်ကြီးမွန်

20 ပြည်ကြီးမွန်ကလဲ ပြည်ကြီးမွန် မနက်ခင်းကလဲ မနက်ခင်း
ဒါပေမယ့် အပေါ်ကပုံနဲ့တော့ နည်းနည်းလေးကွာသလိုဘဲ ဘာကွာလဲတော့မသိဘူး

“ညတစ်လှည့် နံနက်ခင်းတစ်ခါ မီးရောင်စုံအလှဝေဖြာဖြာ

 

ပြီးခဲ့တဲ့သီတင်းကျွတ်ရက်လောက်က  စပြီး မန်းလေးနန်းမြို့ရိုးကို ညပိုင်းမှာမီးထွန်းထားတာကိုတွေ့ရပါတယ်။

အခါတိုင်းဆိုရင် တော့ မှောင်နဲ့ မဲမဲ။

မန်းလေးကဓါတ်ပုံဆရာများလဲ ဓါတ်ပုံရိုက်ပြီး တင်ကြပါတယ်။

လှလဲလှတာကိုး။

ကျနော်လဲ လက်ဆော့ချင်လိုက်တာမှ အလွန်။

ဒါပေမယ့် ညပိုင်းအပြင်မထွက်ဖြစ်တော့ မရိုက်ဖြစ်ပါဘူး။

ပြီးခဲ့တဲ့လဆန်းကတော့ သူငယ်ချင်းရဲ့ သမီးလေးမင်္ဂလာဆောင်ညစာစားပွဲကို သွားရင်း

ကျုံးနံဘေးရောက်တော့ မီးထွန်းထားတာကိုလဲမြင်ရော ဆိုင်ကယ်ကိုရပ်လို့ လက်ဆော့ပါတယ်။

စိတ်လဲအဆာပြေသွားပါတယ်။

 

 

နောက်နေ့မနက်လမ်းလျောက်တော့ ပြည်ကြီးမွန်ဘက်က လင်းလက်လို့နေပါတယ်။

အရင်ရက်များမှာဆိုရင် ဆောင်းမနက်ဆိုတော့ မှောင်မှောင်မဲမဲ။

အနားရောက်လာလေ အလင်းရောင်တွေကပိုလှလေပါဘဲ။

ထူးထူးခြားခြားမီးထွန်းထားတာကိုမေးကြည့်တော့ မင်္ဂလာဆောင်ရှိလို့ဆိုတာကို သိရပါတယ်။

အဲတော့ ထုံးစံအတိုင်းလက်ဆော့တော့ ကြည်နူးစရာ လှပတဲ့ ပုံလေးတွေကိုရလာခဲ့ပါတယ်။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(13-12-2012)

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1609 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။