အင်း … ခုတလော စာကလည်း ရေးချင် … သို့သော်

လူကလည်း အုံးနှောက်က လည်း running out of idea ဖြစ်နေလို့ ဘာရေးရကောင်းမှန်းမသိ

မားကတ္တင်း တူးမယ် ကြံတော့လည်း အီဗဲလ် မာကတ္တာပီပီ ၀ိုင်းဆဲချင်လောက်စရာတွေသာ

ထွက်ကျလာ ခုတလော ရေးသမျှ ဒီဇိုင်းကလည်း တခုမှ သုံးစားမရ …

ထှောက်ခ် …

အသီးနာနွန်းနွန့် …

ခက်စ်တယ်… ဒီဇိုင်းဆိုလို့ ပြောပါတယ်။

မုန့်ဟင်းခါးချက်ကွာ ဆိုလို့ မြောင်းမြမုန့်ဟင်းခါးလေး ချက်ထားပါတယ်။

ဟင် …ရွှေတောင်ခေါက်ဆွဲလောက်လည်း မပြစ်ဘူး…။ ဟာ .. ရခိုင်မုန့်တီလောက်လည်း

မစပ်ဘူး …။ ဟယ်… ကြာဇံချက်လောက်လည်း ပေါ့ပေါ့ပါးပါး မရှိဘူး …။ ၀င်မြည်းတဲ့လူတွေ

ပြောပါတယ်… သူတို့ ထားတဲ့ စံနဲ့ …ချက်ထားတဲ့မုန့်ဟင်းခါး ….။ များများဂျီးတော့ လွဲနေတယ်

ဆိုတဲ့ အနေအထားခည…

နောက်တခုက ဆယ်လစ်ဗျစ်တီများကို အင်တာဗျူးသလို ..ဟိုလေ .. ဘယ်လိုပြောရမလဲ

(ဟိုလေ.. ဘယ်လိုပြောရမလဲ ကို ရေလဲနဲ့သုံးတာ)

ဒီထက်ပိုပြီး နည်းနည်းလေး ပိုပြီး ကြည့်ကောင်းအောင်လေး လုပ်ပေးပါလား ဆိုတဲ့

အပျော့ဆွဲလေးတွေများဆို …မိဂီတို့ …အရည်ပျော်ကျတာ ခနခန ပေါ့ …

တကယ်တော့ ဒီဇိုင်နာတိုင်းက ကိုယ့် ဒီဇိုင်းကိုယ် ကိုယ်ပိုင် ပေတံနဲ့ အကောင်းဆုံးလို့

အပြည့်စုံဆုံးလို့ ထင်မှ လက်လွှတ်တတ်ကြတာပါဗျာ ….

ဒီလိုပဲ … ဆားပေါ့ပေါ့ စားတတ်တဲ့လူနဲ့ လေးလေးပင်ပင်ကြိုက်တတ်တဲ့လူကြားမှာ…

ဗြာများရလေရောပေါ့..

ထားပါလေ ..ပါဆင်နယ်ကိစ္စ …

ရေးချင်တာလေးက ဒီလိုပါ….

ကျနော်တို့ ကြည့်နေတဲ့ website တွေ …သုံးနေ ဖတ်နေတဲ့ word, powerpoint, excel

စတာတွေကို ကျနော်တို့ ပုံစံပြောင်း သိမ်းဆည်းဖို့ ကိစ္စရပ်ရယ်ပါ….။

 

Where?

ဟုတ်… ဒီကိစ္စရေးဖို့ အိုင်ဒီယာ ရခဲ့တာလေးက ကိုမာဃ နဲ့ အဘဖောတို့ရဲ့

ဟောသည့် ကွန်းမန့်လေးတွေကပါ။

Mr. MarGa says:
အဘရေ
ဦးမာဃတော့ အခုမှ အစက ပြန်ဖတ်တာ
အရင်က ကျော်ခဲ့တာများတယ် အဟီးးးးးးးးးး
အခုတော့
သေသေချာချာ တိတိကျကျ ပြန်ဖတ်နေပါတယ်
တစ်လက်စတည်း
အကုန်ပြီးရင်
ပီဒီအက်ဖ် လုပ်ပြီး တင်ပေးနိုင်မလားလို့
အဆင်ပြေရင် ပြောတာပါ
ဒီပို့စ်တွေက တော်တော် ဗဟုသုတ တိုးမှာ သေချာနေလို့
အကုန်လုံးက ပြန့်ကျဲနေသလို ဖြစ်နေလို့ပါ အပိုင်းခွဲထားတော့လေ

Foreign Resident says:
” အကုန်ပြီးရင် ပီဒီအက်ဖ် လုပ်ပြီး တင်ပေးနိုင်မလားလို့ ”
ဦးမာဃ ရယ် ။
အဘတောင် ၊ ဒီ Post နှင့် Comment တွေ အတွဲကြီးကို ၊
မ save တတ် ၊ PDF မ ပြောင်းတတ် လို့ ။
Save တတ် PDF ပြောင်းတတ်တဲ့ ရွာသူားတွေ ရှိရင် ကူကြပါအုန်း ။

 

 

How?

ကျနော်လက်ရှိသုံးနေတဲ့ Free download ပေးတဲ့ Software ဖြစ်ပါတယ်။

ဘာမှ ထွေထွေထူးထူး သိစရာ တတ်စရာမလိုပါဘူး … Website ဖြစ်စေ ..

office file တွေဖြစ်စေ PDF အနေနဲ့ သိမ်းဆည်းထားချင်တယ် ဆိုရင်

အတော်လေး အသုံးဝင်တဲ့ Software ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကတော့

Print လုပ်ခြင်းဖြစ်ပါတယ်။ အမှန်တကယ် စာရွက်တွေနဲ့ Print လုပ်ခြင်းမဟုတ်ဘဲ

Printer နေရာမှာ အဆိုပါ Software ကို ရွေးချယ်ပေးရုံနဲ့ Virtual Print အနေနဲ့

PDF filetype ကို ပြောင်းလဲပေးမှာ ဖြစ်ပါတယ်

ဘယ် မှာ သွားဒေါင်းရမလဲ ဆိုရင်တော့

http://www.dopdf.com/

မှာ ဖြစ်ပါတယ် …

 

သူ့ကို Install လုပ်ရုံ သက်သက်နဲ့တင် Browsers တွေမှာရော Office Software တွေမှာပါ

Virtual Printer တစ်လုံးအနေနဲ့ အလိုလျောက် တပ်ဆင်ပြီးသား ဖြစ်သွားမှာပါ…

ဒီနေရာမှာ စကားစပ်လို့ နည်းနည်းလောက် ပွားရရင်ဖြင့်

eBook လို့ ကျနော်တို့အလွယ်ခေါ်နေတဲ့ PDF တွေဟာ တကယ်တော့ eBook အမျိုးအစား

များစွာထဲက တစ်မျိုးဖြစ်ပါတယ် …သို့သော် သူဟာ industry standard လောက်နီးနီး

ဖြစ်နေလို့ eBook လို့ ပြောရင် သူ့ ကိုသာ အတွေ့ရများတာဖြစ်ပါတယ် …

ဥပမာ image လို့ ပြောလိုက်တာနဲ့ jpg ကို ပြေးမြင်ပြီး spreadsheet လို့ ဆိုလိုက်တာနဲ့

excel ကို ပြေးမြင်တတ်တာမျိုးပါ….

တခြား ကောင်းမွန်တဲ့ free pdf converter တွေလည်း အပုံအပင်ရှိနိုင်ပါတယ်…

ကျနော် ဒါကို သုံးဖြစ်နေတဲ့အကြောင်းပြချက်တွေကတော့ ..

Features

  • Predefined page size

A4, A3 စသည်ဖြင့် စာမျက်နှာ အရွယ်အစားကို ရွေးချယ်နိုင်ပါတယ်..

  • Custom page size

Standard Page size မဟုတ်ဘဲ မိမိ နှစ်သက်ရာ dimension နဲ့ PDF ပြုလုပ်နိုင်ပါတယ်..

 

  • Measurement units

လက်မလား စင်တီလား ရွေးနိုင်ပါတယ်…

 

  • Graphic resolution

ပိုစ့်မှာပါမယ့် ရုပ်ပုံအရည်အသွေးကို ရွေးချယ်နိုင်ပါတယ်…

(ဒါဟာ ကမ္ဘာကလက်ခံထားတဲ့ PDF Standard တွေအလိုက် … ပုံတွေကိုမကြီးလွန်းမသေးလွန်း

ဖိုင်ဆိုက်ကိုလည်း မလေးလံလွန်း ဖြစ်အောင် ထောက်ပံ့ပေးတဲ့အဓိကအချက်ပါ)

 

  • Graphic scale

ပုံရိပ်ရဲ့ အရွယ်အစားကို ချုံ့နိုင် ချဲ့နိုင်တဲ့ feature ဖြစ်ပါတယ်..

(အပေါ်က အချက်နဲ့ ဘာကွာသလဲပြောရရင် အပေါ်က feature က ပုံရိပ်ရဲ့ တလက်မ ပတ်လည်

အတွင်းပါဝင်ဖွဲ့စည်းတဲ့ အစက်အပြောက်အရေအတွက်ကို ဆိုလိုထားတာဖြစ်ပြီး ယခုFeature

ကတော့ ပုံရိပ်တခုလုံး ရဲ့ အရွယ်အစားကို ဆိုလိုတာဖြစ်ပါတယ်)

  • Page orientation

PDF ခုတ်တဲ့အခါမှာ landscape, portrait ရွေးခွင့် ပါ

 

  • Always use this folder

ဒါကလည်း နှစ်သက်စရာကောင်းတဲ့ feature တခုပါ … doPDF ဟာအမြဲတစေ

PDF မခုတ်ခင် ဘယ်folder ထဲမှာ save မလဲ မေးလေ့ရှိပါတယ်… အဲ့လို မေးခြင်းအားဖြင့်

သက်ဆိုင်ရာ file အစုအဝေးကို တနေရာထဲမှာ စုစည်းထားနိုင်ပါတယ်…

  • Embed font subsets

ဒီအချက်ကလည်း ကောင်းမွန်တဲ့ feature တခုပါပဲ … ဥပမာ ကျနော်တို့ ဂျာနယ်တစောင်ကို

စကင်ဖတ်မယ် jpg file တွေ ရလာမယ် … အဲ့ဒါတွေကို တဖိုင်တည်း စုချင်တဲ့အခါ

စုစည်းပြီး pdf ခုတ်မယ်..အဲ့သည့် PDF ပေါ်က စာတွေကို select လုပ်ယူလို့ မရတော့ပါဘူး

အားလုံးဟာ ပုံရိပ်အဖြစ် တသားတည်း ဖြစ်သွားလို့ပါပဲ …

ဒီFeature ကတော့ Word ကနေ PDF ခုတ်တဲ့အခါ PDF ဖြစ်သွားသည့်တိုင် စာသားတွေကို

Select လုပ်ချင်ရင် လုပ်လို့ ရအောင် ထောက်ပံ့ပေးထားတာပါ…

 

  • Open with PDF reader

ဒါကတော့ နှစ်သက်ရာ PDF Reader တခုခုနဲ့ ချက်ခြင်းတန်းဖွင့်နိုင်တဲ့ feature ဖြစ်ပါတယ်..

 

 

 

သူ့အလုပ်လုပ်ပုံကို ပုံတွေနဲ့ တင်ပေးလိုက်ပါတယ်ဗျို့…

free-pdf-converter

Printing Stage

 

 

Choose Folder

Choose Folder

 

Warning
တခုရှိတာက တော့ အခု အဘဖော ရဲ့ ပိုစ့် ကို Print မယ် ဆိုရင်ဖြင့်

စာကိုယ် နဲ့ comments တွေ ချည်းသက်သက် ထွက်လာမယ်မဟုတ်ပါဘူး။

ဆိုလိုသည်မှာ မန်းဂဇက် ဆိုတဲ့ website တခုလုံးရဲ့ အသွင်အပြင်အလုံးစုံကို

print လုပ်မှာ ဖြစ်လို့ အပေါ်က menu တွေ ဘေးက side bar တွေ

အောက်ဘက်က footer တွေ အကုန်လုံးကို ထည့်ပြီး print မှာ ဖြစ်ပါတယ်…

 

နောက်တချက်ကတော့ web page တပေ့ခ်ျ ကို ဖိုင်တစ်ဖိုင်စီ ဖြစ်သွားမှာဖြစ်ပါတယ်..

ပြောချင်တာက

တောလား-၁.pdf

တောလား-၂.pdf

တောလား-၃.pdf

 

စသည်ဖြင့်ပေါ့လေ…. ။

အဲ ..ပိုစ့် နဲ့ကောမန့်တွေရဲ့ အတိုအရှည်ကိုလိုက်လို့ file တစ်ဖိုင်ချင်းစီမှာ ပါဝင်တဲ့

A4 size စာရွက် အရေအတွက်တော့ ကွာမပေါ့ ….

သည်တော့ အဘဖော ခရီးစဉ် စ-ဆုံး ကို (ကောမန့်တွေမပါ)စုစည်းချင်တယ်ဆိုရင်တော့

(အဘမှာ Word file ရှိနေရင်တော့ မဆိုးလှ ..) စာတွေ အကုန်ကော်ပီကူး…

Microsoft Word ထဲ paste အဲ .. ကြားထဲက ပုံတွေကိုပါ ..ပြန်ဒေါင်းပြီး ထည့် …

အစ-အဆုံး ရပြီဆိုတော့မှ PDF ခုတ်တဲ့ နည်းပါ။

ခရီးစဉ်ဆုံးသွားရင် ရွာသူား တယောက်ယောက်ကများ ဗော်လန်ဒီယာ လုပ်ပေးရင်

အတော်ကြီး အမှတ်တရဖြစ်မယ့် အစီအစဉ်လို့ ဆိုချင်ပါရဲ့ဗျို့…..

 

ဆမ်ပယ် အနေနဲ့ ယခင်လရဲ့ အကောင်းဆုံး ပိုစ့် ဖြစ်တဲ့ ဦးကျောက်ခဲရဲ့

အာဝေနိက ချစ်ဒုက္ခ ကို ကျနော် Word ထဲပြောင်းထည့် စာလုံး ပြန်စီ စာပိုဒ်ပြန်ခွဲပြီး

မှတ်မှတ်ရရ PDF လုပ်ပြီး တင်ဆက်လိုက်ပါတယ် ခင်ဗျား ….

 

 

Arwainika
တော်သေးဘီ

ခင်တဲ့

ဂီ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011