အစ … ခုမှ အစ ရှိသေးတာ …။ ကံကောင်းမှာလား ကံဆိုးမှာလား မိညီမ ရယ်…

(အလဲ့ .. ခေါ်လို့ကောင်းသဟ …)

:harr:

 

သည်လိုဗျ … တလောက ဘစ်ဘရားသား လို့ ခေါ်တဲ့ IBM ကြီးက ထကြေငြာတယ်။

အနာဂါတ် ကွန်ပျူတာတွေဟာ အာရုံ၅ပါး ကို ခံစားသိရှိနိုင်မယ်တဲ့ …။

IBM Research ဆိုတာ တော်ရုံတန်ရုံ ဌာနတခု မဟုတ်လေတော့ တကမ္ဘာလုံး ခေါင်းထောင်ကြည့်ရတာ

မဆန်းဘူးပေါ့ဗျာ .. ဆိုတော့ ။ အထိအတွေ့ ၊ အသံ၊ အနံ့၊ အရသာ၊ အကြား စတဲ့ အာရုံ ငါးပါးကို

Computer တွေ ဘယ်လို ခံစားနားလည်နေကြပြီလဲ၊ ဘာတွေက ဘယ်လို လမ်းစတွေ တွေ့နေပြီလဲ ဆိုတာ

တူးဆွလိုက်ရပါတယ်ဗျို့ …။

 

IBM’s Five in Five

 

ibm_5_in_5-625x1000

 

IBM ရဲ့ ယခုနှစ်ကုန် ခန့်မှန်းချက် ဖြစ်ပါတယ်။ အနာဂါတ် computing ဟာ အာရုံခံ computing ဘက်ကို

သွားပါလိမ့်မယ်တဲ့ ။

နောင် လာမယ့် ၅နှစ်အတွင်း အာရုံငါးပါးကို ကွန်ပျူတာတွေ ခံစားသိရှိဖို့ ဖြစ်လာနိုင်တော့မှာပါတဲ့။

အနာဂါတ် ခရီးရှည်ကြီးအတွက် အခုအချိန်ဟာ ကနဦး အစ ဖြစ်တယ် လို့လည်း ဆိုထားပါတယ်။

လူသားတွေကိုယ်စား အာရုံ ငါးပါးကို ခံစား၊ တွေးခေါ် တုန့်ပြန်ဖို့ အတွက် ကနဦးခြေလှမ်းကို

စလှမ်းနေပြီ ဖြစ်ပါတယ်။

ကွန်ပြူတာတွေဟာ ပတ်ဝန်းကျင်ကို နားလည်ဖို့ သင်ယူဖို့ နဲ့ တုန့်ပြန်ဖို့ ဖြစ်လာနိုင်တော့မှာပါ။

 

ဥပမာအားဖြင့် … ကွန်ပျူတာတလုံးဟာ ရထားဥအော သံကို ကြားနိုင်မယ် သံလမ်း တုန်ခါမှုကို သိရှိမယ်

ဆိုရင် ယာဉ်တစီးစီး လာနေပြီဆိုတာကို ခံစားနားလည်နိုင်ပြီး ဒီနေရာကနေခွာဖို့ လုပ်ဆောင်ပေးနိုင်မှာပါ..။

 

The Five Senses

 

Touch:

us__en_us__predictions__touch_story_map__900x587

IBM ဟာ smartphones တွေ tablets ဟာ  haptics နည်းပညာကို သုံးပြီး စကားပြောစရာမလိုဘဲ

အရာဝတ္ထုတွေ ဘယ်လို အထိအတွေ့ရှိတယ်ဆိုတာ လူတွေအချင်းချင်း communicate လုပ်နိုင်လာစေဖို့

မျှော်လင့်ထားပါတယ်။

 

Haptic feedback ကို ယခုပင်လျင် နေရာအတော်များများမှာ အသုံးပြုနေကြပြီဖြစ်ပါတယ် ။

(၂၀၁၂မှာ physical keyboard က ခလုပ်တွေလို အဖုအထစ်တွေကို ထိတွေ့ခံစားနိုင်တဲ့ virtual keyboard-touchscreen တချို့ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်)ဒါပေမယ့် ဒါဟာ အခုမှ လုံးဝ အစပဲ ရှိပါသေးတယ်။

ဖိအား၊ လှိုင်းနဲ့ အခြားသော ထိတွေ့မှု ပုံစံမျိုးစုံ ဟာ အသစ်ပေါ်ထွန်းလာဖို့ ရှိပါသေးတယ်။

 

 

 

Sight:

 

us__en_us__predictions__sight_story_map__900x587

 

 

အမြင်အာရုံဟာလည်း ပိုမို တိုးတက် ထွန်းကားလာဖို့ ရှိနေပါတယ်။

 

Tags တွေကို အသုံးမပြုဘဲ ကွန်ပြူတာတွေဟာ ပုံရိပ်တွေကို ပိုမိုနားလည်ခံစားလာနိုင်မယ်လို့

IBM က ယုံကြည်ထားပါတယ်။  ကျနော် 6th sense မှာ တုန်းကရေးဖူးပါတယ် အနှီ MIT စမ်းသပ်ချက်က

စာအုပ်တစ်အုပ် ကို barcode ဖတ်ရုံနဲ့ amazon.com မှာရှိတဲ့ စာအုပ်ရဲ့ ရောင်းအား, review, ဈေးနှုန်း

စတာတွေကို သိရှိနားလည်နိုင်မှာဖြစ်ပြီး ဒီစာအုပ်ကို အကဲဖြတ်နိုင်မှာဖြစ်ပါတယ်။

http://myanmargazette.net/116036/business-economy

 

 

 

ယခုနှစ်ရဲ့ နောက်ထပ် ထင်ရှားတဲ့ ဥပမာကတော့ Google Glass ဖြစ်ပါတယ်။ ဆိုပါစို့ အနှီ မျက်မှန်နဲ့

စားသောက်ဆိုင် တဆိုင်ကိုကြည့်လိုက်တာနဲ့ (Geotagging အပါအ၀င် အခြားနည်းပညာတွေနဲ့)

ဆိုင်ရဲ့ ယနေ့ အထူးဟင်းလျာdiscount coupon, လူပြည့်နေ မပြည့်နေ customer review ဒါတွေအကုန်ကို

နတ်မျက်စိရသလို သိနိုင် ဆုံးဖြတ်နိုင်တော့မှာပါ။

 

google-glasses

 

ဆေးပညာဘက်ကိုကြည့်ရင်လည်း ဆရာဝန်တွေကို X-ray pictures တွေ magnetic resonance imaging

(MRI) machine ultrasound နဲ့ အခြားသော computerized tomography scansတွေ ဖတ်ရှုဖို့

ကူညီပေးနိုင်တော့မှာဖြစ်ပါတယ်။ ဆိုပါစို့ ECG ဆွဲတယ်ထား၊ ဒီလူနာရဲ့ နှလုံးခုန်သံဟာ ပုံမှန်ဟုတ်မဟုတ်

ဆိုတာကို ထွက်လာတဲ့ လှိုင်းတွေကို ဆရာဝန် အလွတ်ကျက်ထားတဲ့ ဦးနှောက်ထဲက ပုံမှန်လှိုင်းနဲ့

တိုက်ဆိုင်စစ်ဆေး အဖြေထုတ်ရပါတယ်။ ဒါက ရှေးကနည်းပါ။ နည်းနည်း ထပ်ကွန့်ချင်ရင်တော့

normal pattern ကို print ထားတဲ့ ဖလင်ပြားနဲ့ ထပ်ကြည့် ကပ်ကြည့်ရုံလောက်သာ တတ်နိုင်ခဲ့တာပါ။

နောက်ဆိုရင်တော့ အများကြီး ကွဲပြားခြားနားသွားမှာဖြစ်ပါတယ်။ ဥပမာ ဆွဲထားတဲ့ ECG ကိုကြည့်တာနဲ့

Normal နဲ့ ဘယ်နေရာမှာ ဘယ်လိုကွဲပြားနေတယ်။ ဘယ်လို ကွဲပြားခြင်းမျိုးဟာ ဘယ်လို ရောဂါကြောင့်

ဖြစ်နိုင်တယ် စတဲ့ information တွေကို ထုတ်ပေးနိုင်လာမှာဖြစ်ပါတယ်။

 

Hearing:

 

us__en_us__predictions__hearing_story_map__900x587

 

 

အသံဘက်မှာလည်း တိုးတက် ဖြစ်ပေါ်မှုတွေရှိနေပါတယ်။ ကွန်ပြူတာတွေ အသံကို ကြားနိုင်

နားလည်တုန့်ပြန်လာနိုင်ပါပြီ။ အကောင်းကြီးမဟုတ်သေးပမယ့် Apple ရဲ့ Siri ဟာ voice recognition

အတွက် အလွန် သိသာတဲ့ ဖြစ်ပေါ်တိုးတက်မှု တခုပါ။ နောက်ထပ် ဥပမာကတော့ ရှေးမဆွကပင်

Cellphone တွေကတဆင့် အိမ်မှာကျန်ခဲ့တဲ့ သော့ရဲ့ remote control ကတဆင့် ကားတံခါးဖွင့်ခိုင်းလို့

ရတဲ့ feature တို့ပါပဲ…။ ဒီနေရာမှာ ရှင်းပြရရင် remote control က ထုတ်လိုက်တဲ့ လူ့ အာရုံခံအင်္ဂါ

ဖြစ်တဲ့ နား နဲ့ မကြားနိုင်တဲ့ frequency မှာရှိတဲ့အသံကို ဖုန်းကနေ ဖမ်းယူသယ်ဆောင်ပေးပြီး ကားတံခါး

က sensor ကို ပို့ဆောင်ပေးနိုင်တာပါပဲ။

 

unlock-car-with-phone

 

ဒီအတွက် နောက်ထပ် ဥပမာကောင်းတခုရှိပါသေးတယ်။

 

http://www.mosquitone.net/what-is-the-mosquitone.html

 

1_home_slice_HM_ENG_02

 

Mosquitone လို့ ခေါ်ပါတယ်။ လူ့နားကနေ မကြားနိုင်တဲ့ frequency မှာရှိတဲ့ အသံ ဖြစ်ပါတယ်။

ဒါဟာ ခြင်က ကြားနိုင်တဲ့ range ထဲမှာရှိပါသတဲ့ ..။ ဆိုတော့ အဆိုပါ အသံကို ဖွင့်ထားရင်

(လူကတော့ မကြားရလို့ အနှောက်အယှက်မဖြစ်ပေမယ့်) ခြင်အတွက်တော့ နားအူစေပါသတဲ့..

သည်တော့ Computer ဟာ အငွေ့မထွက်တဲ့ မော်ဒန် ခြင်ဆေးခွေ ဖြစ်လာပါတော့တယ်။

ကုန်ကျစရိတ်နဲ့ ကျန်းမာရေး ရှုထောင့်တွေက ကြည့်ရင် သမားရိုးကျ ခြင်ဆေးခွေတွေထက်

အများကြီး ဂရင်းပိုဖြစ်လို့ အပ္ပလီတွေ ရှာပြီး ဒေါင်းကြပါကုန်…။

:harr:

ဟုတ်ပါတယ်…။ အသံညစ်ညမ်းမှုဟာ မြို့ပြလူနေမှု စနစ်အတွက် အလွန် စိတ်ပျက်စရာကောင်းတဲ့

အချက်တခုဖြစ်ပါတယ်။ သည်တော့ ကွန်ပြူတာတွေဟာ ယခုထက်ပိုပြီး အသံတွေကို ခံစားနားလည်

တုန့်ပြန်လာနိုင်မယ်ဆိုရင် မြို့ပြ အသံ ညစ်ညမ်းမှု အတွက် အတော်လေး အကျိုးပြုမှာပါ။

ဥပမာ သတိပေး အလမ်း တွေ၊ ကြော်ငြာတွေ အလှူခံတွေကို လူမကြားနိုင်မယ့် frequency နဲ့သာ

ထုတ်လွှတ်ပြီး လူတွေ ရဲ့ device တွေထဲကို လိုအပ်တဲ့ information အချက်အလက်သာ ရောက်ရှိစေခြင်း

နည်းနဲ့ ဖြစ်ပါတယ်။

 

 

Taste:

 

us__en_us__predictions__taste_story_map__900x587

 

 

virtual taste buds တွေပါမယ့် အနာဂါတ် ကွန်ပြူတာတွေဟာ (ရနံ့အပါအ၀င်) အရသာတွေကို

တွက်ချက် လာနိုင်မှာ ဖြစ်ပြီး စားဖိုမှူးတွေကို ပိုမိုတိကျကောင်းမွန်တဲ့ (လက်မှန်တဲ့) ဟင်းလျာတွေ

ချက်ပြုတ်လာနိုင်ဖို့ ကူညီပေးနိုင်တော့မှာပါ ။

ဒီ Systems တွေရဲ့ အလုပ်လုပ်ပုံကတော့ ဟင်းလျာတွေမှာပါဝင်ဖွဲ့စည်းမယ့် ဓါတုပစ္စည်းတွေ

ဘယ်လို ဓာတ်ပြုမယ် လူ့နှာခေါင်းနဲ့ လျှာကို ဘယ်လို သက်ရောက်မယ်ဆိုတာ ကို တွက်ချက်တဲ့နည်းနဲ့

လို့ ဆိုပါတယ်။ အစားအသောက်တွေရဲ့ အာဟာရတန်ဖိုး ကိုလည်း သိရှိနေမှာမို့ weight gain, weight loss

အပါအ၀င် healthy ပိုဖြစ်မယ့် အစားအသောက်တွေကို အရသာရှိရှိ ဘယ်လိုစားသင့်တယ် ဆိုတာကို

ညွှန်းဆိုပေးနိုင်မှာဖြစ်ပါတယ်။ (လူဝကြီးများ ၀မ်းမြောက်ဖွယ်)

 

Smell:

 

us__en_us__predictions__smell_story_map__900x587

 

 

နောက်ဆုံးမှာတော့ အနံ့အကြောင်းကို ပြောပြချင်ပါတယ်။ အနာဂါတ်ကွန်ပြူတာတွေဟာ

ဖျားနာနေတဲ့လူ ၊ အသည်း၊ ကျောက်ကပ်၊ ဆီးချိုနဲ့ တီဘီ ဝေဒနာ စတာတွေ ရှိမရှိကို အနံ့ခံပြီး

diagnose လုပ်ပေးလာနိုင်မယ် ဆိုပါတယ်။

 

ကားမောင်းစဉ် အရက်သောက်သုံးထားမှု ကို တိုင်းတာတဲ့ Breathalyzer နဲ့ လုပ်ဆောင်ပုံ

တူတူပဲဖြစ်ပါတယ်။ ကွန်ပြူတာတွေဟာ ရောဂါတွေက ထုတ်လွှတ်တဲ့ မော်လီကျူးအဆင့်

အနံ့တွေကို အာရုံခံနိုင်လာမယ်လို့ ဆိုထားပါတယ်။

 

အနာဂါတ်အတွက် IBM က ယုံကြည်နေတာကတော့ mobile devices တွေမှာ ဖြစ်ထွန်းလာမယ့်

အာရုံခံ စွန့်ဦးတီထွင်မှု၊ cloud computing နဲ့ social media တွေဟာ အကန့်သတ်မဲ့တဲ့ ဖြစ်နိုင်ခြေတွေကို

သယ်ဆောင် ပေးလာနိုင်မယ် လို့ပဲ ဖြစ်ပါတယ် ။

 

 

Ref:

http://www.ibm.com/smarterplanet/us/en/ibm_predictions_for_future/ideas/

http://readwrite.com/2012/12/18/ibms-cognitive-computing-plans-giving-smartphones-5-senses?utm_source=feedburner&utm_medium=feed&utm_campaign=Feed:+readwriteweb+(ReadWriteWeb)

http://en.wikipedia.org/wiki/Haptic_technology

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011