ဦးမာဃရဲ့ ထူးပုံ (21.12.2012)

ဒီနေ့ ကမ္ဘာတော့ မပျက်ဘူး

ဦးမာဃ သားတော်မောင်တော့ သော့တစ်ချောင်း ဖျက်ပစ်လိုက်သဗျာ

ကမ္ဘာပျက်မယ်လို့ နာမည်ကြီးလွန်းတော့ တစ်ခုခုတော့ ဖြစ်မယ်လို့ ထင်သားဗျ

ရင်ထဲမလဲ တထိတ်ထိတ်နဲ့ပေါ့ဗျာ

နတ်တို့ရဲ့ ဒိဗ္ဗစက္ကုနဲ့ မပျက်ဘူးဆိုတာတော့ သိတာပေါ့ဗျာ ဒါပေမယ့် တစ်ခုခုတော့ ဖြစ်မယ်လို့ ထင်သား

အဲဒါနဲ့ တစ်နေ့လုံး ဘာဖြစ်မလဲ သိချင်စိတ်နဲ့ စောင့်ကြည့်နေတာ ဘာမှမဖြစ်ဘူးဗျ

အဲ ပြဿနာက ဒီညနေမှ ရောက်လာတာ

ညနေရောက်ပြီဆိုတော့ ဦးမာဃလဲ ရုံးကိစ္စတွေပြီးလို့ ဝေဇယန္တာမှာ အေးအေးဆေးဆေး နှပ်နေတာပေါ့ဗျာ

အဲဒီအချိန် ဖုန်းဝင်လာသဗျ

ဘယ်သူရှိရမလဲ ဗျာ တစ်ဦးတည်းသော သားတော်မောင်ပေါ့

ဟုတ်ပါတယ်ဗျာ အရင်တစ်ခါပြောထားတဲ့ စာမေးပွဲ ကျတော်မူသော ဦးမာဃရဲ့ ရှုမငြီးစရာ သားရတနာပါ။

ဘယ်တွေသွား၊ ဘယ်လိုတွေ ဆော့လာသလဲ မသိပါဘူးဗျာ

ဦးမာဃ ကျောင်းသွားကျောင်းပြန် သုံးဖို့ပေးထားတဲ့ စီးတော်ယာဉ်သော့ကို ပျောက်လာသတဲ့

ကဲ စဉ်းစားကြည့်ပါဗျာ

ဒီ သော့ကလေး တစ်ချောင်းတောင် ကောင်းကောင်း မထိန်းသိမ်းနိုင်တဲ့ အကောင်လေ

နောင် ဦးမာဃ နေရာမှာ ဆက်ခံပြီး နတ်ပြည်တစ်ပြည်လုံးကို ဘယ်လိုများ အုပ်ချုပ်မလဲဗျ

အင်းးးးးးးးးးးးးး တွေးရင်းနဲ့ ရင်လေးသဗျာ

ဒါနဲ့ပဲ သားတော်မောင်ကို သေချာမေးကြည့်တော့ အဲဒီ မျောက်ကောင်က ဟိုသွားဒီသွား သွားရင်းနဲ့ ကျပျောက်ခဲ့ပါသတဲ့

အဲဒါကြောင့် ဦးမာဃ စီးတော်ယာဉ်ကို ပြင်ဆင်ဖို့ ရှာပါသေးသတဲ့

သို့သော်လည်းပေါ့လေ ကံဆိုးစွာနဲ့ နတ်ပြည် သမ္မတကြီးရဲ့ စီးတော်ယာဉ် ဖြစ်တာကြောင့် ပြင်နိုင်မယ့်သူကလဲ မရှိဘူးတဲ့ဗျ

ဖြစ်ပုံတွေများ ပြောပါတယ်ဗျာ

အဲဒါကြောင့် သူ့ကို အခေါ်တော် လွှတ်ပေးဖို့ နေရာမေးလိုက်ရတယ်

မေးပြီးတော့မှ အနား အဆင်သင့်ရှိနေတဲ့ ရထားထိန်း မာတလိကိုပဲ သွားကြိုခိုင်းလိုက်ရတယ်။

ကံကောင်းတာတစ်ခုက ဦးမာဃ အထဲမှာ သော့ အပိုတစ်ချောင်း ရှိတာကိုးဗျ

အဲဒါနဲ့ပဲ မာတလိကို အပိုရှိတဲ့သော့ကို ပေးပြီး လွှတ်လိုက်တာပေါ့

လွှတ်သာလွှတ်ရတာ အဲဒီကောင်ကလဲ ဒီဆို ဟိုသွားတတ်တဲ့ကောင်ဗျ

လူကလဲ ခြောက်မျက်နှာဆိုတော့ သိတဲ့အတိုင်းပဲ ဟိုဝေ့လိုက် ဒီဝေ့လိုက် နတ်သမီး ချောတာတွေ့ရင် ငမ်းလိုက် နဲ့ဆိုတော့ သိပ်တော့ စိတ်က ချတာမဟုတ်ဘူး

အဲဒါကြောင့် နောက်ကနေ နတ်မျက်စိနဲ့ တောက်လျှောက် လိုက်ကြည့်နေရတာ။

အဲဒီလို လိုက်ကြည့်မှပဲ သားတော်မောင်ကို ပို ဒေါသထွက်သွားရသဗျ

ကြည့်လေဗျာ

ဦးမာဃ နတ်မျက်စိနဲ့ ကြည့်ထားပေလို့သာပေါ့၊ သားတော်မောင် ပြောတဲ့နေရာက တလွဲရယ်

သူရှိတာက တစ်နေရာ၊ လာခေါ်ခိုင်းတာက တစ်နေရာလေ

အဲဒါကြောင့် ပြောပါတယ် စိတ်ညစ်ရပါတယ် လို့

ဒါနဲ့ပဲ ဟို ခြောက်မျက်နှာကောင် မာတလိကို လမ်းပြောင်းခိုင်းလိုက်ရတယ်။

မဟုတ်လို့ကတော့လား လွဲလိုက်မယ့်ဖြစ်ခြင်း

အဲဒါနဲ့ပဲ ဟိုရောက်တော့ သော့ပိုပေးပြီး နှစ်ကောင်သား ပြန်လာကြတာပေါ့

ရောက်လာတော့ ဦးမာဃလဲ ဘာမပြောညာမပြောနဲ့ နှစ်ချက်ဆင့် နားရင်းအုပ်လိုက်တယ်(သားတော်မောင်ကို)

ဟုတ်တယ်လေ တစ်နေ့ နတ်ပြည်ကို အုပ်ချုပ်ရမယ့်သူက ဒါလေးတောင် မစောင့်ရှောက်နိုင်တာကို

ဒီသားတစ်ကောင်နဲ့တော့ ခက်သားကလား

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

နောင်ရေးတွေးပြီး ရင်လေးသဗျာ

နမော်နမဲ့နဲ့ ဘာမှ အသုံးမကျဘူးရယ်

အဲဒီကောင်ကို ပြုပြင်ဖို့ရာ ဦးမာဃကို အကြံဉာဏ်လေး ပေးကြပါဦး ရွာသူားတို့ရေ

ဦးမာဃတော့ နည်းလမ်းစုံ သုံးပြီးပြီ။

ကဲ စာဖတ်သူတွေလဲ မျက်စိညောင်းလောက်ပြီ :hee:

ဦးမာဃလဲ ရင်ဖွင့်ပြီးပြီ :hee:

အဲဒါ ဦးမာဃရဲ့ ကမ္ဘာပျက်မယ်ဆိုတဲ့နေ့မှာ ကြုံရတာလေးပါပဲ

ဘာရယ်မဟုတ်ပါဘူး ရွာထဲကို ပြောပြချင်လို့

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

About Mr. MarGa

Mr. MarGa has written 85 post in this Website..

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ သီဟသူရ အောင်ဆန်းသူရိယ ဦးမာဃ CJ # 9292010