မျက်ရည်စက်ကသိတဲ့အချစ်”

zaylayJuly 18, 20101min670

“မျက်ရည်စက်ကသိတဲ့အချစ်”

ပြီးသွားတာတွေဟာ ပြန်မရပါဘူး။ အတိတ်တွေဟာလည်း တဖြည်းဖြည်း
ဓါတ်ပုံဟောင်းလို မှုန်ဝါးလာတယ်။

တစ်ချို့တွေကို ရင်ထဲကအတွင်းဆုံးနေရာမှာ သိမ်းထားလိုက်တယ်။ နက်နဲတဲ့
ဒဏ်ရာတွေဟာလည်း မနာကျင်တော့ဘူး။ ကော်ဖီတစ်ခွက်လိုပဲ။
ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတွေဟာ ပြီးသွားပါပြီ။ မျက်ရည်စက်လေး
ကော်ဖီခွက်ထဲကျသွားတယ်။

တစ်ချို့ကပြောတယ် “မျက်ရည်ကိုထိန်းချုပ်မရတော့ပဲ ကျလာတော့မယ်ဆိုရင်
မျက်စိကိုမပိတ်ပဲ လောကကြီးကိုကြည့်နေလိုက်ပါ
အားလုံးဟာတဖြည်းဖြည်းမှုန်ဝါးလာပြီး မျက်ရည်ကျသွားတဲ့အချိန်မှာတော့
ရင်ထဲမှာရှင်းလင်းသွားတယ်။

ချစ်တာကြာသွားရင် မထူးဆန်းတော့သလို နာကျင်တာကြာသွားရင် ဒဏ်ရာဖြစ်သွားတယ်။
မုန်းတာကြာသွားရင် ရင်တွေလေးလာမယ်။ ရိုးရှင်းတဲ့အချစ်ပဲဖြစ်ဖြစ်
အားလုံးကထာဝရပဲဖြစ်ချင်ကြတယ်။ ရိုးရှင်းတဲ့အချစ်ကို လူတိုင်းကမသိကြဘူး
ဘယ်လောက်ပျော်ဖို့ စိတ်လှုပ်ရှားဖို့ ကောင်းတယ်ဆိုတာကို……

စောင့်နေရတာကြာသွားပေမဲ့ အချိန်တွေကကုစားမယ်ဆိုပေမဲ့
ဒီစိတ်ကပြောင်းလဲသွားတာမဟုတ်ပါဘူး။ သူ့နေရာကနေ သူပုံမှန်လေး ရှိနေတာပါ။

လူတစ်ယောက်က တခြားတစ်ယောက်ကို အရမ်းချစ်မိပြီဆိုတာလည်း ပေးဆပ်ခြင်းအတွက်
သူပျော်နေပါတယ်။ ရယူပိုင်ဆိုင်မှုအတွက်ဆိုရင်တော့
သင်မြတ်နိုးမှာမဟုတ်ပါဘူး။ ရယူတာထက် စောင့်စားတာပိုမကောင်းဘူးလား။

အချစ်ဆိုတာ တစ်သက်တန့် အတွင်းဖြစ်ပွားတာပါ။ အချစ်ကဆန်းကြယ်တာမဟုတ်ပါဘူး။
အားလုံးကမသိလိုက်ခင်မှာ တွေ့ဆုံလိုက်တာပါ။ တွေ့ဆုံပြီး ခွဲခွါကြရတာပါပဲ။
သေကွဲကွဲတာနဲ့ ရှင်ကွဲကွဲတာပဲ ကွာတာပါ။

ဒီလောကမှာ လူနှစ်ယောက်မှာဖူးစာရှိနေရင် သူတို့တွေမတွေ့ခင်ကတည်းက
တစ်ဦးဆီကို တစ်ဦးက ဦးတည်ပြီးလာနေတာပါ။ ဘယ်လောက်ပဲမဖြစ်နိုင်ပါစေ။
ရောက်အောင်လာကြတယ်။ ဒါကိုလဲ ကျွန်မယုံပါတယ်။ ဆုံဆည်းကြတာခွဲဖို့ပါပဲ။
ဘယ်လောက်ပဲဝေးကွာနေပါစေ တစ်ယောက်ရဲ့ရင်ထဲမှာ တစ်ယောက်အမြဲရှိနေတယ်။
သင့်ရဲ့အချစ်ကခုချိန်မှာ အတိတ်အဖြစ်သာကျန်ခဲ့ရင် အတိတ်အတွက်ပါ။
သင့်ဘဝမှာရှိနေတယ်ဆိုရင်တော့ အဲဒီအချစ်ဟာ ထာဝရပါ။ ထာဝရထက်ပိုရင်ပိုနေမယ်။

တစ်ချို့အရာတွေကို အားလုံးဟာမေ့ရင်မေ့နေမယ်… ပြောရရင် နာကျင်မှုတွေပေါ့။
တမင်သက်သက်မေ့ထားတာလည်းဖြစ်ချင်ဖြစ်နေမယ်။

တစ်ချို့ကို မေ့လို့ရမယ် တစ်ချို့ကို အမှတ်တရအဖြစ် ရှိနေမယ် တချို့ကို
ကိုယ်တိုင်က ပေးဆပ်နေချင်မယ် တစ်ချို့ကိုတော့
သင်ဘာမှတတ်နိုင်မှာမဟုတ်ပါဘူး။

သင်ကသာမေ့နေလိမ့်မယ် မျက်ရည်ကတော့မေ့မှာမဟုတ်ပါဘူး။ နာကျင်စရာတွေကို
သင်ငိုချင်မှငိုလိမ့်မယ် မငိုတာလည်းကြာရင်ကြာနေလိမ့်မယ်
သူငယ်ချင်းတွေနဲ့ပျော်ရွှင်နေရတဲ့ အတွက် သင်ငိုနိုင်သေးမှာမဟုတ်ဘူး။
မျက်ရည်ကတော့ အချိန်တွေကုန်သွားလို့ မျက်ရည်စက်တွေကုန်ခမ်းမှာမဟုတ်ပါဘူး။
အားလုံးကို ကိုယ်တိုင်ကနိဂုံးချုပ်လိုက်တယ်ဆိုပေမဲ့ ……….. မျက်ရည်စက်တွေက
သက်သေပါ……………

မှန်

ခွေးတစ်ကောင်ဟာ မျက်စိလည်လမ်းမှားပြီး မှန်တွေအများကြီး ရှိတဲ့
အိမ်တစ်အိမ်ထဲကို ဝင်သွားမိတယ်။ ရုတ်တရက် ခွေးတွေအများကြီးထွက်ပေါ်လာတယ်။
ခွေးလန့်သွားပြီး မှန်တွေကို ကြည့်ပြီး မာန်တယ်။ မှန်ထဲက ခွေးတွေကလည်း
ဒေါသထွက်စွာနဲ့ ပြန်မာန်တယ်။ ခွေးကအရမ်းလန့်သွားတယ်
တစ်ကောင်တည်းဖြစ်နေတဲ့အတွက် အိမ်ကိုပတ်ပြေးတယ်။ ပြေးရင်းပြေးရင်းကနေ
အမောဆို့ပြီးသေသွားတယ်။

မှန်ကို စကြည့်ကတည်းက အမြီးလေးလှုပ်ပြလိုက်ရင် မှန်ထဲက ခွေးကလည်း
အပြင်ကခွေးလိုပဲ ခင်မင်ရင်းနှီးတဲ့ အမူအရာပြန်တုန့်ပြန်မှာပါ။

ရန်ဖြစ်တာ

နှစ်ယောက်တွေ့တဲ့အချိန်မှာ ဘာလို့ရန်ပဲဖြစ်နေတာလဲ….

ယောင်္ကျားလေးနဲ့မိန်းကလေးမတူဘူး…

မိန်းကလေးဘက်ကပြောပေးနေတာလဲမဟုတ်ပါဘူး….

ရန်ဖြစ်ရင်…. မိန်းကလေးတွေကကိုယ့်စိတ်ကိုတံခါးပိတ်လိုက်တယ်…

ရန်ဖြစ်ရင်…. ယောကျင်္ားလေးတွေအဲလိုမလုပ်သင့်ဘူးလို့ထင်တယ်….

ရန်ဖြစ်ရင်…. မိန်းကလေးကတော့ ငိုမှာပဲ….

မိန်းကလေးရဲ့စိတ်ထဲမှာ မေးခွန်းတွေအများကြီးရှိတယ်

မိန်းကလေးတွေအားလုံးက ယောင်္ကျားတွေ အရင်လာခေါ်တာကိုလိုချင်တယ်….

ဒီအချိန် ယောကျင်္ားလေးတွေရဲ့စိတ်ထဲမှာကောဘယ်လိုလဲ…

ရန်ဖြစ်ရင်…. ယောကျင်္ားလေးတွေစိတ်ရှုပ်တယ်….

ရန်ဖြစ်ရင်…. ငြိမ်နေလိုက်တယ်..ပိုရှုပ်သွားမှာဆိုးလို့….

ရန်ဖြစ်ရင်…. လူရှေ့သူရှေ့ဆိုမကြိုက်ဘူး….

ယောကျင်္ားလေးတွေက ငါမမှားရင်သွားခေါ်စရာမလိုဘူးလို့ထင်နေကြတယ်….

ချစ်သူတွေပဲ ငါမှားတယ် နင်မှားတယ် လုပ်နေမဲ့အစား Gentleman ပီပီ
အရင်စခေါ်လိုက်ရင်မကောင်းဘူးလား………..

ရန်ဖြစ်လိုက် မကျေနပ်တာပြောလိုက် ပြန်ခေါ်လိုက် အမှားတွေကို
အတူတူပြင်လိုက်ဆို ပိုနားလည်လာကြမယ်….

ဒီအချစ်ခရီးလမ်းကိုလည်း ပိုကြာရှည်စွာလျှောက်နိုင်လာမယ်လို့သင်မထင်ဘူးလား?

ကျောက်တုံးကြီး

တစ်ခါတုန်းက အိမ်တစ်အိမ်မှာ အပင်တွေစိုက်ထားတဲ့ခြံထဲမှာ
ကျောက်တုံးကြီးတစ်တုံးရှိတယ် အကျယ်အားဖြင့်ဆိုရင်တော့ ၄ဝ လက်မ
အမြင့်ကတော့ ၁ဝ လက်မပေါ့။ ခြံကိုလာတဲ့သူအားလုံး
ကျောက်တုံးကြီးကိုခလုတ်တိုက်ကြတယ်။

သားက “ဖေဖေ အဲဒီ ကျောက်တုံးကြီးကို ဖယ်လိုက်ရအောင်လား”

ဖေဖေက “ကျောက်တုံးကြီးကိုလား အဖိုးခေတ်ကတည်းက ဒီမှာထားထားတာ
အဲလောက်ကြီးတာ ဘယ်အချိန်ထိတူးနေရအုန်းမလဲ လမ်းလျှောက်တာ ဂရုစိုက်လိုက်ရင်
ပြီးရော မလား”

ဒီလိုနဲ့ သားက အဖေဖြစ်ချိန်ရောက်သွားတယ်။ ကျောက်တုံးကြီးကတော့ နေရာဟောင်းမှာပဲ။

ချွေးမက ကြည့်လို့မရတာနဲ့ “အဖေ ကျောက်တုံးကြီးကို လူခေါ်ပြီးဖယ်လိုက်ရအောင်လား”

အဖေက “ဖယ်လို့ရရင် အခုထိရှိနေအုန်းမလား”

ချွေးမက မကျေနပ် သူလဲနေတာလဲအကြိမ်ကြိမ်ရှိပြီလေ။

တစ်မနက်မှာ ရေတစ်ဗုံးနဲ့ ပေါက်တူးကို ချွေးမခြံထဲယူသွားပြီး ရေကို
ကျောက်တုံးကြီးရဲ့ ပတ်ပတ်လည်မှာ လောင်းလိုက်တယ်။

အနည်းငယ်ကြာတော့ ပေါက်တူးနဲ့ မြေကိုဆွလိုက်တယ်။

တူးထုတ်လိုက်တဲ့အချိန်မှာ တစ်နေကုန်မယ်ထင်ပေမဲ့ ထင်ထားသလောက် မကြီးဘူး
အပေါ်ယံ နဲ့ လူကိုလှည့်စားနေတာ။

ဒါနဲ့ ချွေးမ ကျောက်တုံးကြီးကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့တယ်။

ဒီပုံပြင်ပြောပြချင်တာကတော့ သင်ဆုံးဖြတ်ချက်ချနိုင်ရင် သင်လုပ်နိုင်မယ်
ဆိုတာပါပဲ သင်သာလျှင်သင့်ရဲ့ ပဲ့ကိုင်ရှင်ပါ။

သင့်ကိုနားလည်ပေးမဲ့သူတွေပါ…….

အိမ်ထောင်ရှိအမျိုးသားတစ်ယောက်က နောက်နေ့ သူငယ်ချင်းဟောင်းများနှင့်
မိတ်ဆုံစားပွဲသွားဖို့ ဘောင်းဘီအသစ်ကိုဝယ်လာခဲ့တယ်။
အိမ်ပြန်ရောက်မှဝတ်ကြည့်တော့ ၁ဝစင်တီမီတာလောက် ရှည်နေတယ်။

ဒါနဲ့ သူ့အမေကို ပြင်ပေးဖို့ပြောတယ်။ ဒါပေမဲ့ သူ့အမေက ပင်ပန်းတယ်
စောစောအနားယူမယ် ဆိုပြီးမပြင်ပေးဘူး။

သူ့ဇနီးထံပြင်ပေးရန်ပြောပြန်တယ်။ အိမ်အလုပ်အများကြီးလုပ်ရမယ်ဆိုပြီး
ပြောပြန်တယ်။

နောက်ဆုံး သူ့သမီးထံ ပြော်ပြန်တယ်။ party ပွဲသွားရန်ရှိကြောင်း
အကြောင်းပြပြန်တယ်။

အဲဒါနဲ့ သူလဲ ဘောင်းဘီဟောင်းပဲဝတ်တော့မယ် လို့ဆုံးဖြတ်လိုက်တယ်။

အဲဒီညမှာ သူ့အမေက “အော်..ငါ့သားလေး၊ မိဘကိုလုပ်ကျွေးရှာတယ်၊
သူ့ကိုဒါလေးတောင်မလုပ်ပေးလို့မဖြစ်ဘူး။ ”ဆိုပြီး ဘောင်းဘီကို
၁ဝစင်တီမီတာတိုပေးလိုက်တယ်။

သူ့ဇနီးကလည်း အိမ်အလုပ်ပြီးတော့ စိတ်မကောင်းဖြစ်ပြီး
“မိန်းကလေးအလုပ်မလို့လာလုပ်ခိုင်းတာကို ငါမလုပ်ပေးရကောင်းလား” ဆိုပြီး
ဘောင်းဘီကို၁ဝစင်တီမီတာ တိုပေးပြန်တယ်။

သူ့သမီးကလည်း party ကအပြန်မှာ သူ့အဖေအတွက်မလုပ်ပေးရလို့ဆိုပြီး
ဘောင်းဘီကိုပြင်ပေးပြန်တယ်။

နောက်နေ့ကျတော့ ဘောင်းဘီကိုဝတ်ကြည့်တော့ အရမ်းတိုနေရော…..

ဒါနဲ့ သူက….အားရပါးရရယ်ပြီး “ငါဒီဘောင်းဘီကို ဝတ်သွားမယ်။
သူငယ်ချင်းတွေကိုပြောမယ် ငါ့မှာ ငါ့အပေါ်ကောင်းတဲ့ အမေ၊ဇနီး၊သမီး
ရှိတယ်ဆိုတာကို”

မိတ်ဆုံစားပွဲမှာ့ သူ့သူငယ်ချင်းတွေက သူ့ရဲ့အိမ်ထောင်ရေးသာယာကြောင်းပြောတယ်။

ဒါကို သူ့အိမ်ပြန်ရောက်တော့ ပြောပြတော့ အမေ၊ဇနီး နဲ့
သမီးကအရမ်းကိုပီတိဖြစ်သွားကြတယ်။

သင်သာ အဲဒီအမျိုးသားနေရာမှာဆို သင်ဘယ်လိုတုံ့ပြန်မိမှာလဲ?
ဘောင်းဘီပျက်လို့ ဒေါသထွက်မှာလား၊ ရယ်နိုင်မှာလား။

လူတွေက အပြင်လူနဲ့ တွေ့တဲ့အချိန်မှာ သဘောထားကြီးကြပြီး
ကိုယ့်မိသားစုဝင်နဲ့ တွေ့တဲ့အချိန်မှာဆိုရင် နားလည်မှုမပေးပဲ
တယောက်ကိုတယောက်ထိခိုက်အောင်ပြောကြတယ်။

ဒါလေးကိုသင်သတိထားမိလား….. ကိုယ့်မိသားစုအပေါ် စိတ်ရှည်ပြီး humour
လေးတွေရှိရင်မကောင်းဘူးလားကွယ်။

မဟုတ်ရင် သင့်ဘယ်လိုလုပ်ပျော်ရွှင်စွာနေထိုင်နိုင်မှာလဲ။

အဖိုးမဖြတ်နိုင်တဲ့သူ

ဟောပြောပွဲတစ်ခုမှာ ဟောပြောသူတစ်ဦးကလက်ထဲမှာ ဒေါ်လာ ၂ဝ ကို ထောင်ပြပြီး
ပရိသတ် ၂၀ဝ ကို “ ဒီ ဒေါ်လာ ၂ဝ ကိုဘယ်သူလိုချင်လဲ” လူအတော်များများ
လိုချင်ကြောင်း လက်ထောင်ကြတယ်။ သူ ဒေါ်လာ ၂ဝ ကို လုံးချေလိုက်ပြီး
“ဘယ်သူယူမလဲ” လို့ထပ်မေးပြန်တယ်။ လက်ထောင်တဲ့သူကတော့ ရှိနေသေးတာပဲ။

“ဒါဆို ဒီလိုလုပ်လိုက်ရင်ကော” သူ ဒေါ်လာ ၂ဝကိုအောက်ပစ်ချလိုက်ပြီး
ခြေထောက်နဲ့ နင်းချေလိုက်တယ်။ ဒေါ်လာ ၂ဝ တွန့်ကြေပြီး ညစ်ပတ်သွားတယ်။

“ကယ် ဘယ်သူယူအုံးမလဲ” လက်ထောင်ကြသေးတယ်။

“သူငယ်ချင်းမိတ်ဆွေတို့ အရမ်းအနှစ်သာရရှိတဲ့အကြောင်းကိုပြောသွားတာ
သိလိုက်ကြလား။ ဘယ်လိုလုပ်လုပ် ဒေါ်လာ ၂ဝ က ဒေါ်လာ ၂ဝ ပဲ။
အားလုံးလိုချင်နေတာပါပဲ။ တန်ဖိုးမလျော့သွားပါဘူး။

လူ့ဘဝခရီးလမ်းမှာလဲ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကြောင့် ဒါမှမဟုတ်
ဆုံးဖြတ်ချက်တစ်ခုကြောင့် မှားယွင်းတာကို ကိုယ့်ဘာသာကို
လုံးဝအသုံးမကျဘူးလို့ ယူဆကြတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်

သင်ကသင်ပါပဲ။ ညစ်ပတ်နေတဲ့ အဝတ်တွေကိုဝတ်ထားပါစေ။

အားလုံးဟာ အဖိုးမဖြတ်နိုင်တဲ့သူတွေပါပဲ။