“၀ုန်းကနဲ ကြားလိုက်တယ် ..”
ခပ်ပြင်းပြင်း သံစဉ်တစ်ခု ပေါက်ကွဲသွားသလား
နားနှစ်ဖက်ကို ခဏလောက် ကန်းကြည့်မိတယ်
ပေါက်ကွဲသံစဉ်က တုန်ခါနေဆဲပဲ
သေချာစမ်းစစ်မိမှ
သြော် ရင်ဘတ်ထဲက မြည်နေတာပါလား
နောင်တ ဆိုတာ မရှိခဲ့တဲ့ ငါ
နှောင်းတ တစ်ခုကို လက်ဝယ်ပိုက်လို့
ရီဝေေ၀ အကြည့်တစ်စုံက
မျက်ဝန်းတွေ မှိတ်လို့ထားလည်း ၀ဲလည်ခတ်နေတယ်
ခေါက်ရိုးကျိုးနေတဲ့ မှင်ရောင် ပျက်ပြယ်လု စာရွက်အဟောင်းကြားက
ပါ့စ်ပို့စ် ပုံလေးက အရင်လို အသက်ဝင်နေဆဲပဲ
ပြောင်းလဲနေတဲ့ လောကကြီးရဲ့ စီးမျောနေတဲ့ ရေစီးထဲက
ငါအမှီမလိုက်နိုင်တော့တဲ့ ပြောင်းလဲမှုတွေထဲမှာ
နင် တစ်ယောက်လည်း ကူးခတ်သွားမယ်ဆိုတာ ငါ မတွေးထားမိခဲ့ဘူး
မှန်ထဲက ပုံရိပ်တစ်ခုကို ပြန်ကြည့်မိတယ်
ငါ မဟုတ်တဲ့ လူတစ်ယောက်ကို တွေ့မိတယ် .
သေချာတယ် …… နင် သိခဲ့ဖူးတဲ့ ငါ လည်း မဟုတ်တော့ဘူး
တကယ်တော့ ငါကိုယ်တိုင်လည်း ရေစီးထဲမှာ လိုက်ပါနေတာပါလား
ဒါပေမယ့် ….. ငါတို့က ဆန့်ကျင်ဘက် ဦးတည်ရာတွေမှာ …

About မနှင်းဖြူ မှန်မှန်ပြော

Hnin Thae Phyu has written 32 post in this Website..