မန်းလေးဂဇက်.အဖွဲ့ဝင်များဆုံစည်းပွဲမှ အမှတ်တရ ပုံများ

amatminJanuary 21, 20138min49786

 

ရွာ့တွေ့ဆုံပွဲတက်ခဲ့တာ ဘယ်သူ.ဘယ်ဝါ.ဘယ်လိုပုံတွေ ဆိုတာ မှန်းကြ.ကြည့်ကြစေဖို့ ပုံတွေကိုမနေ့တည်းကတင်ပေးချင်ပေမဲ့..
မနေ့ကပွဲကအပြန် တနေ့လုံးနီးပါးကန်တော်ကြီးထဲမှာ.အိမ်ပြန်လမ်း မမှတ်မိဘဲ
လမ်းပျောက်နေခဲ့တာကြောင့် ကနေ့မနက်မှ ရွာ့ ဓါတ်ပုံတွေ တင်ပေးနိုင်တာ ခွင့်လွှတ်ကြပါဗျို့.. 🙂

 

+++++++++++++++++++++++++

 

man1
ဒါတွေကတော့ ဆုတံဆိပ်များပေါ့ ခင်ဗျာ ….။
man2
တွေ့ဆုံပွဲ၊ ဆုပေးပွဲ ကျင်းပရာ နေရာလေး
man3
ရွာသူားများ အမှတ်တရပေါ့ ခင်ဗျာ
man4
အမှတ်တရ ရေးခြစ်ခဲ့တာတွေ …။ (ဆြာအုပ်လည်း တင်ထားသေးတယ်။)

+++++++++++++++++++++++++

DSC_4426 copy

DSC_4422 copy

DSC_4420 copy

DSC_4417 copy

DSC_4416 copy

DSC_4415 copy

DSC_4414 copy

DSC_4411 copy

DSC_4409 copy

DSC_4407 copy

DSC_4406 copy

DSC_4401 copy

DSC_4399 copy

DSC_4398 copy

DSC_4397 copy

DSC_4395 copy

DSC_4393 copy

DSC_4385 copy

DSC_4381 copy

DSC_4380 copy

DSC_4378 copy

DSC_4372 copy

DSC_4371 copy

DSC_4369 copy

+++++++++++++++++++++++++

86 comments

  • ခိုင်ဇာ

    January 21, 2013 at 11:24 am

    ဟုတ်ကဲ့။ မလာနိုင်လို့ လာနိုင်တဲ့သူတွေကို မနာလိုတဲ့ စိတ်လေးနောက်ကို ဝှက်ထားပြီး ပြောပါရစေ။
    ရွာသူ ရွာသားတွေက ချောပါ့ဗျာ။
    ပျော်နေကြမှန်းလည်းသိသာပါရဲ့။

    :hee:

  • Mon Kit

    January 21, 2013 at 11:37 am

    တစ်ယောက်ချင်း ကြည့်လို့ရလား?????
    ပုံက သေးလို့ ကြည့်ရတာ အားရဝူးးးးးးးးးးးးးးး………
    :hee:

    • ကထူးဆန်း

      January 21, 2013 at 12:07 pm

      ပုံပေါ်ထောက် ကလစ်လုပ် .. နောက်တစ်ခါ ထပ်လုပ်ရင် ပီပီပြင်ပြင်ပေါ်ပါတယ် Mon Kit ရေ.

  • မိုချို

    January 21, 2013 at 11:38 am

    ဆုတံဆိပ် ကြီးကိုတော့ ဧည့် ခန်း ထဲ မှာ ခန့် ခန့် ကြီး ချိတ်ထား အုံး မှာ။
    တခြား ပစ္စည်း တွေ ဆို ပေါ်တင်ကြီး ကြွားနေ ရ အုံး မယ် ။ ခုတော့ စာတန်းတွေ လိုဂိုတွေ ပါပြီးသား နာရီ ကြီး ဆိုတော့ ဧည့် ခန်း ထဲ ချိန်ထား လိုက် ရုံ နဲ့ ပြီးပြီ။ အကြံ ပေးတဲ့ သူ တော်တော် အိုင်ဒီယာ ကောင်းတယ်။

  • Novy

    January 21, 2013 at 11:45 am

    မန်းလေးဂဇက်အဖွဲ့ဝင်ဖြစ်ရတာ အရမ်းကို ဂုဏ်ယူမိပါတယ်ရှင်

    • surmi

      January 21, 2013 at 11:58 am

      နောက်နောင်လည်း ဗလာမပါကံစမ်းမဲဖေါက်ပြီး
      များများဂုဏ်ယူပါဦးဗျို ့……..

    • မိုချို

      January 21, 2013 at 3:12 pm

      မနိုရဲ့ ရွာအပေါ် ထားတဲ့ စေတနာ ကိုလည်း လေးစား မိတယ်။ ခရီးတွေ ထွက်တိုင်း မုန့် ကြွေး တာတွေ၊ ခုလည်း ဗလာမပါ ကံစမ်း မဲတဲ့ ။ ….ရန်ကုန်ရောက်မှ လူချင်းဆုံပြီး မုန့်လိုက် ကြွေး ခိုင်း မယ်။

      ….ဒေါ် မိုချို တို့ က အဲလို….။ ကိုယ်က ကြွေးမယ် မစဉ်းစား ဘူး ။ သူများ ဆီက စား ရဖို့ ပဲချောင်းနေတာ။

      အလကားနောက် တာ နော်။ အခု အတည် ဆုတောင်းပေးမယ်။ ရုပ်ချော သဘောကောင်းတဲ့ မနို တစ်ယောက် နောင် ကိုလည်း များများကြွေးနိုင်၊ ကံစမ်း မဲလက်ဆောင် တွေ များများ ပေးနိုင်ပါစေ…လို့ ။

  • ဦး ကျောက်ခဲ

    January 21, 2013 at 11:52 am

    တကယ်ဆို ဦးကျောက်က ခန့်ချောကြီးမှန်း…
    ရွာသားများနဲ့ ဓာတ်သေတွဲရိုက်မှသတိထားမိတယ်….
    ရွာသူလေးများ စာရင်းပေးကြပါ….
    :harr:

    • surmi

      January 21, 2013 at 12:06 pm

      ဦးကျောက်ရေ
      ရှေ ့ပြောနောက်ကြည် ့
      ပြေးပေါက်မှာမယ်နော်
      :hee:

  • ဦးဦးပါလေရာ

    January 21, 2013 at 12:00 pm

    အဲဒီ SEIKO နာရီတွေဟာ တော်ရုံနဲ့မပျက်ပဲ အကြာကြီးခံမယ့်ဟာတွေပါ…။
    ဆုရသူတွေ ဧည့်ခန်းမှာချိတ်ပြီး သားစဉ်မြေးဆက် အမုန်းသာကြွားပေတော့….

    :kwi:

  • ဆူး

    January 21, 2013 at 12:04 pm

    မနို ရဲ့ ဗလာမပါ ကံစမ်းမဲတွေကော ဒါ့ပုံ ရိုက်မထားဘူးလား
    သဂျီး လက်ဆောင်တွေ ကောပေါ့..

    • Novy

      January 21, 2013 at 12:44 pm

      ဟုတ်ပါ့တော် ဓာတ်ပုံရိုက်ဖို့မေ့သွားတယ်

  • ကထူးဆန်း

    January 21, 2013 at 12:05 pm

    ရွှေတိုက် ကို ခုန် မခု ပေးထားတော့ ပျောက်နေပြီ… :harr:

    • ဦး ကျောက်ခဲ

      January 21, 2013 at 12:09 pm

      ကိုရွှေတိုက်ကို ခုံခုပေးထားသော်လည်း….
      နောက်တစ်ခါဆို လှေခါးထောင်ပေးရမယ်….
      :harr:

  • ဆူး

    January 21, 2013 at 12:06 pm

    ထူးခြားတာ ပြောရအုန်းမယ်. ဒီပွဲ ကို တက်ရောက်လာတဲ့ အထဲမှာ လက်ခုပ်တီးပြီး အားပေးကြိုဆိုတာ တယောက်ပဲ ရှိတယ်။ အဲ့ဒါ ဘယ်သူလို့ ထင်လဲ..

    • ရွာသူ jujuma .

      January 21, 2013 at 12:43 pm

      ဆြာာာာာာာာာအုပ် … :kwi:

  • ဦးဦးပါလေရာ

    January 21, 2013 at 12:07 pm

    ဒုတိယပုံထဲက ကားက ဘယ်သူ့ကားလဲမသိဘူး…
    မဲထဲ ထည့်မဖေါက်လိုက်ရတာ နာတာပဲ…

    :harr:

    • ဆူး

      January 21, 2013 at 12:14 pm

      အဲ့ဒါ ထည့်ဖောက်လိုက်ရင် မေမေ ဆူ လိမ့်မယ်..

  • Thu Wai

    January 21, 2013 at 12:14 pm

    ဒုတိယတန်းမှာထိုင်နေတဲ့ အကျင်္ီ အပြာနဲ့ အသက်အငယ်ဆုံး မမ အချောဆုံး

    • padonmar

      January 21, 2013 at 10:00 pm

      ဟိ ဂယ်ကြောတာလားဟင်
      သေချာအောင် အပေါ်ကပုံ ပြန်တက်ကြည့်အုံးမှ။

  • နွယ်ပင်

    January 21, 2013 at 12:22 pm

    အပုဂျီးတို့များ ခုံခုထားတာတောင် ခေါင်းပဲ မြင်ရတယ် ခိခိ …. :kwi:

    • ဆူး

      January 21, 2013 at 12:37 pm

      အလှမ်းဝေးတဲ့ စားပွဲမှာ ထိုင်နေတဲ့ နွယ်ပင် ရဲ့ ထရိတ်မတ် ကောက်ကောက်လေးတွေ မတွေ့လို့.. အာဂ မြင်ပြီး နွယ်ပင် မပါဘူးလား ထင်မိတယ်.. နောက်မှ မိတ်ဆက်တော့ ထွက်လာမှပဲ တွေ့တော့တယ်။ ကောက်ကောက်လေးတွေ ဘာလို့ ဆန့် ကုန်တာလဲ.. အရင်လို ကောက်ကောက်လေးက ပိုလှတယ် ထင်မိတယ်။

      • နွယ်ပင်

        January 21, 2013 at 4:45 pm

        ဟိဟိ ဟုတ်တယ် အစ်မရယ် ကောက်ကောက်လေးတွေကို နွယ်ပင်လည်း ပိုသဘောကျတာ …
        ဒါပင်မယ့် သူတို့က စိတ်ကောင်ပီး ကောက်မရတော့ ဆန့်လိုက်ရတယ် ခိခိ နောက်
        (8) လနေမှ ပြန်ပြီး ကောက်တော့မယ်တဲ့ … :harr:

  • မင်းနန္ဓာ

    January 21, 2013 at 12:38 pm

    စိတ်ထဲက အရမ်းရင်းနှီးလို့ ထင်ပါရဲ့
    တွေ့ဆုံပွဲမှ ရွာသူားတွေကို
    မျက်မြင်တွေ့လိုက်ရတော့
    တွေ့ဖူး မြင်ဖူးထားတဲ့လူတွေလိုကို ဖြစ်နေတာ..

  • ဂန္ဓာရီ ဆြာအုပ်

    January 21, 2013 at 12:41 pm

    ဆြာမတ်ရေ.. အနော်ရိုက်ထားတဲ့ ပုံတွေကို email နဲ့ ပို့ထားပါတယ်.. ဒီpost မှာပဲ ထပ်တင်ပေးလိုက်ပါလား

  • kyeemite

    January 21, 2013 at 1:08 pm

    ဓါတ်ပုံကတော်တော်ကြည်လင်တာပဲ..ကိုမတ်ရ..သင့်ခရုပါဗျာ..
    :kwi:

  • ကိုရင်စည်သူ

    January 21, 2013 at 2:09 pm

    ကိုမတ်ရေ.. ဂရုဓါတ်ပုံစောင့်နေတာ..အတော်ပဲ..
    ရွာသားအင်အားက ပိုများသလိုပဲ..
    အကုန်လုံးစာပေပါရမီပါကြတဲ့ ရုပ်ခံတွေချည်းပါပဲ…
    ဒါနဲ့စကားအတင်းစပ်..
    ဂရင်းလေးက.. ဘူတုန်းဟင်.. ဟီးး 😳 :gee:

    • Crystalline

      January 21, 2013 at 2:23 pm

      အန်တီမမ :kwi:

      • ကိုရင်စည်သူ

        January 21, 2013 at 2:32 pm

        ကိုရင့်ဂျီးဒေါ်အန်တီမမကိုဒေါ့.. တိတာဘော့ဗျ..
        ဂရင်းလေးကိုချိတ်လေးနဲ့တွဲထားတဲ့သူလေးပြောဒါ.. :528:
        ကြည့်ရင်းနဲ့ ဂျစ်မိဒါမို့.. အရင်ဘဝက မောင်နှမများတော်ခဲ့ရားမတိ.. :kwi:
        ပြေးပီ… ဒတ်ဂလောက်…

        • padonmar

          January 21, 2013 at 9:35 pm

          ရေထဲကလေ ကရင်စည်ရယ် ၊သင်္ဘောပေါ်ကနေ မတွေ့ဖူးဘူးလား။

    • ကထူးဆန်း

      January 21, 2013 at 2:39 pm

      အလယ်မှာ ထိုင်နေတဲ့ ဂရင်းလေးလား .. အဲ့ဒါ အန်တီပဒုမ္မာ ညီအမ လေ ကိုရင်စည်သူရဲ့ ..
      :kwi: :kwi: :kwi:
      :

  • Crystalline

    January 21, 2013 at 2:18 pm

    ခါတိုင်းနှေးတယ်လို့တစ်ခါမှမထင်မိတဲ့ ကွန်နက်ရှင်က ဒီကနေ့ပုံတွေကြည့်ချင်ပါတယ်ဆိုမှ.. 🙁 နှေးလိုက်တာ လိပ်မှ လိပ်ဖိုးဖိုးလားမှတ်ရတယ်. မနေ့ညကတည်းက ပို့စ်လေးတွေတက်လာပြီလားစောင့်ကြည့်နေတာပါ.. မတက်လိုက်ရသူတွေကို ကိုယ်တိုင်တက်လိုက်ရသလိုမျိုးခံစားရအောင် ပို့စ်တင်ပေးတဲ့ အန်တီပဒုမာ၊ ဆြာအုပ်၊ ကိုအမတ်မင်း တို့ကို ကျေးဇူးအထူးတင်ပါတယ်ရှင့် ..
    တခြားဆိုဒ်တွေကို ဖွင့်တာချက်ချင်းတက်တယ်..ဒီ MG ပဲဖြစ်နေတာ.. :byae:
    ရွာသူအန်တီတွေ၊ မမတွေ၊ ညီမလေးတွေအကုန်ချောတယ်.. မမိုချိုအမေကအရမ်းခန် ့တယ်။ လုံမလေးနဲ ့ သူငယ်ချင်း …အမွှာလိုရုပ်ဆင်တယ်ဆိုတာက အစိမ်းလေးရယ် ခရမ်းလေးဝမ်းဆက်လေးရယ်လားမသိဘူး.. ကိုရီးယားမလေးတွေလိုချစ်စရာလေးတွေ.. မဝေနဲ့ အန်တီတစ်ယောက်ကြားကတစ်ယောက်လည်း ချစ်ချာလေး.. ဥရောပခရီးတင်တဲ့အဘကတော့ အမဲနဲ့တစ်ယောက်လားမသိ.. :kwi:

    • အရီးခင်လတ်

      January 22, 2013 at 3:59 am

      {{“မဝေနဲ့ အန်တီတစ်ယောက်ကြားကတစ်ယောက်လည်း ချစ်ချာလေး..”}}
      အဲလာ နိုဗွီ။ ဂျုနိုလေးရဲ့ အစ်မ။
      ကကြောင်မြင်ရင် ရောဂါသည်းပြန်ဦးမယ်။
      😆

      • Ma Ei

        January 22, 2013 at 9:31 am

        ဝေဝေနဲ့ နိုဗွီ ဘေးက အန်တီက အန်တီ မအိ…
        မဝေနဲ့ အန်တီတစ်ယောက်ကြားက မနိုဗွီ…
        တူမချောလေးများရဲ့ အန်တီပါ…

  • aung moethu

    January 21, 2013 at 2:40 pm

    ပျော်ရွှင်ကြည်နူးဖွယ်ရာနေ့လေးတစ်နေ့

  • kai

    January 21, 2013 at 3:27 pm

    နောက်ဆို.. ကကြီးလို့သံပြိုင်ဆိုခိုင်းပြီးမှ…
    ဓာတ်ပုံ..ဒါ့ပုံ.. ဓာတ်တို့ရဲ့ပုံ.. ရိုက်ရမယ်..
    ဟုတ်ပြီနော..
    က…ကြီးးးးးးးးးးးးးးးးးး

    ဘာရယ်မဟုတ်..
    သွားဆရာဝန်တွေများရှိခဲ့ရင်..ဆိုပြီး.. စစ်ဆေးနိုင်အောင် ကြော်ငြာဝင်ပေးတာ…။ :kwi:

    • padonmar

      January 21, 2013 at 9:53 pm

      ဆြာအုပ်ရဲ့ လမုကွန်ထိုးက ဖတ်ဖတ်ဖတ်ဆို ၆ချက်ရိုက်တယ် သဂျီးရဲ့။
      သူက ကြိုပြောထားတော့ သွားဖြဲပြီးနေတာကို အနောက်ကမိုက်ခဲတွေက စနေကြတယ်လေ။
      နောက်တစ်ခါဆို ကကြီးတော့ မအော်ဘူး။
      လက်သီးဆုပ် ညာလက်ဆန့်ပြီး ဒို့ ဂဇက် လို့ အော်မယ်။
      (သဂျီးဂဇက်မဟုတ်ဘူးလို့ပြောတာ၊)

    • MaMa

      January 22, 2013 at 4:51 pm

      ဆြာအုပ်ရဲ့ ဂန္ဓာရီဓာတ်သေက တစ်ပုံတည်း မဟုတ်ဘူး။
      သူ့ဓာတ်သေက ၆ချက်ရိုက်မှာဖြစ်ကြောင်း မရိုက်ခင်ကြိုတင်ပြီး ပြောထားလေတော့….
      ဒါဆို ၆ခါပြံးရမှာပေ့ါ ဆိုပြီး ရွာသားတစ်ယောက်က
      တစ်ပြုံး နှစ်ပြုံး သုံးပြုံး လေးပြုံး… ဆိုပြီး …
      တိုင်ပင် ပေးလို့ အားလုံးပဲ မပြုံးပဲ ဝါးလုံးကွဲ ရီနေကြရတာ။ :hee:

  • Tin Tin

    January 21, 2013 at 3:31 pm

    ပုံလေးတွေအတွက် ကျေးဇူးပါ ကိုမတ်ရေ…

  • panpan

    January 21, 2013 at 4:09 pm

    အူးမတ် အိမ်ပြန်လမ်းမမှတ်မိဘူးဆိုပီး ဘယ်တွေသွားပီး သောက်နေတာလဲဗျို့
    အူးမတ်ဒတ်ပုံ အနော့်လက်ထဲမှာချိတယ်နော် ငှဲငှဲငှဲငှဲငှဲ
    ဘယ်သူမှမသိအောင် တိုးတိုးတိတ်တိတ် ကြေညာရဦးမယ်… အဟဲဟဲ
    အဲ့ပုံကြီးပတ်ဘလစ်မလုပ်အောင် ညကြီးအချိန်မတော် အူးမတ်ကြီး ဖုန်းဆက်တားသတော့ ငိငိငိ
    :kwi:

    ကပေရေ့
    အဲ့အလယ်က နာရီအနီလေးက ကပေ့အတွက်လက်ဆောင်ဆုပဲဗျို့

  • အရီးခင်လတ်

    January 21, 2013 at 4:29 pm

    အားလုံး ချော လှ ကြပါတယ်။
    အဓိက အားလုံး စိတ်ဓာတ်တွေ က ချစ်ဖို့ကောင်းလို့ လို့ ထင်ပါတယ်။
    အားလုံးထဲ ဂျူနိုလေး က ချစ်ဖို့ အကောင်းဆုံး လို့ပြောရင် မမှားဘူး။
    သေချာတယ်။
    ချစ်မမ မဟုတ်တဲ့ အစိမ်းလေးက ရွာသူအသစ် ရေသူမလေးလား။ ထင်တာ။
    :hee:

  • Shwe Ei

    January 21, 2013 at 4:53 pm

    သများလဲ မပါဝူးးးးးးး :byae:

    အိုက်လို မှန်းသိ လေယာဉ်စင်းလုံးငှားပီးပျံလာတာပေါ့
    ကျလိ ကျလိ :harr:

  • အရီးခင်လတ်

    January 21, 2013 at 5:14 pm

    ရေး:::::::::::
    ပုံ အသစ်တွေ တွေ့ရပြီကွ။
    ကျေးကျေးပါ မောင်မတ် နဲ့ စာအုပ် ရေ။ :hee:

  • koyinmaung

    January 21, 2013 at 5:17 pm

    ရွာသူရွာသားတွေရဲ့စုပေါင်းအမှတ်တရဓါတ်ပုံလေး
    သိမ်းထားလိုက်ပြီဗျို့…..
    ကိုအမတ်မင်းရေ…
    ထပ်တင်ပါအုံး…စောင့်မျော်နေပါတယ်…
    ကိုယ်တိုင်မလာနိုင်တော့…
    လိုင်းပေါ်ကပဲ..အားပေးနေရပါတယ်….

  • ညလေး

    January 21, 2013 at 5:23 pm

    မသွားရတဲ. သူ အဖို..ရွာသူားတွေ ကိုညမြင်ချင်ဇောနဲ….
    ဖြောင့်ဖြူးလှတဲ. ကိုကို ကိုးနတ်ရှင် ကြောင့် အရှ.က ဆု နဲ. ရွေငါး ကို နာရီဝက် ထိုင်ကြည့်ရတဲ. အဖစ်…..
    စောင့်ရကျိုးနပ်ပါ တယ် ရှင်….တင်ပြပေးတဲ..အူးအူး အမတ်မင်းကိုလည်း ကျေးဇုူးတင်ပါတယ်ရှင်….အဟိ မှတ်တယ်ဆိုလို. …တစ်ယောက်နှစ်ယောက်ပဲရှိတာ….ဆြာအုပ်…ကိုတော့ အရင်ဆုံး တွေ.ရပါတယ်..
    ရွာသူမမ တွေကလဲ အချောတွေခြည်းးးးးးး…..

  • aye.kk

    January 21, 2013 at 5:48 pm

    ဓါတ်ပုံတွေကြည့်ပြီး၊အတူတူအပျော်တွေကူးစက်သွားပါတယ်။
    လာမယ့်နှစ်တွေမှာအတူတူနွဲပျော်နိုင်ဘို ့ဆုတောင်းမိရပါတယ်။။

  • ဦးဦးပါလေရာ

    January 21, 2013 at 6:05 pm

    ဓါတ်ပုံတွေကောင်းတယ်
    အရိပ်ထဲ လိုက်တင်မကောင်းလို့ နဲနဲ မှောင်နေတာ
    ဒါ့ပုံဆြာများကို ကျေးဇူးတင်ပါကြောင်း….

  • ရွှေ ကြည်

    January 21, 2013 at 6:16 pm

    အူးအမတ်မင်းရေ ကျေးဇူးတင်ပါတယ် ဒါပေမယ့် ထပ်တင်ပေးဦး ကြည့်ရတာအားမရသေးဘူး :mrgreen:
    ဘယ်သူတွေလည်းပြောပြရင်ပိုကောင်းမယ်နော် 😆

  • အလင်းဆက်

    January 21, 2013 at 6:46 pm

    သားသားကတော့..
    သေချာ ကြည့်လေ….
    အင်းးးးး

    အင်းပေါ့နော်။
    အဟိ အဟိ ။
    ခွိ ခွိ 🙂

  • အလင်းဆက်

    January 21, 2013 at 6:53 pm

    ကျွန်တော်…
    တွေ ့ဆုံပွဲမှာ..
    ပုံတွေ.အားရပါးရ ရိုက်မယ်.လို ့..
    အားခဲပြီး…
    ကင်မရာလေး ဆွဲ ထွက်လာခဲ့ပေမယ့်..
    ကံတရား များကြောက်စရာ ကောင်းလောက်အောင်ပါပဲ ။

    တွေ ့ဆုံပွဲ..ထဲ အလာ..ဆိုင်ထဲ မရောက်ခင်မှာကိုပဲ…
    ကင်မရာလေးက…
    ဘာ ခလုပ်မှ နှိပ်မရတောေ့လာက်အောင်..
    ကြောင်သွားပါတယ် ။
    ဘာကို နှိပ်နှိပ်..ဘာမှ အလုပ်မလုပ်တော့တာ..လေ။

    အဲဒါနဲ ့ပဲ.. စိတ်ညစ်နေတာ ။
    သူများ ရိုက်တဲ ့ပုံတွေပဲ..
    အခု…ဟိုတစ်စ ဒီ တစ်စ လိုက် သိမ်းနေရတယ် ။

    လေးလေး ပီချို နဲ ့
    အခု ပုံလေးတွေ.ရိုက်ပေးကြတဲ ့..
    တင်ပြပေးကြတဲ ့ ကို M လုလင် တို ့..
    ကို အမတ်တို ့..
    အဘဖောတို ့..
    ဆြာအုပ်တိ ု့..
    ကိုရွာစားတို ့.ကို..
    ကျေးဇူးတင်မိပါကြောင်း….

    ကျွန်တော့် ကင်မရာ ဘယ်လောက်.. အကျင့်ယုတ်သလဲ..ဆို…
    အ်ိမ်ရောက်လို ့.. စိတ်ပျက်ပျက်နဲ ့ ပြန်ဖွင့်ကြည့်တော့…..
    အကောင်း အတိုင်းပဲ. ။

    :buu

  • အရီး လေး

    January 21, 2013 at 9:36 pm

    ပုံလေးတွေကြည့်ရင်း ပျော်ရွှင်ရပါသည်

    နာမည်လေး တွေကို tag လုပ်ပေးရင် ပိုုကောင်းမလားလို့

  • လမ်းပျောက်တယ် ဟုတ်လား..
    အင်းးးးး…တိနေဒယ်..တိနေဒယ်…. :mrgreen:
    ပုံတွေကို ကူးသွားပါတယ်လို့..

  • မရောက်ဖြစ်တာ နာတယ်လို့ နောင်တရမိပါရဲ့။
    ပုံတွေကြည့်ရင်းအပျော်တွေကူးစက်လာသလိုပါဘဲ
    အပြင်မှာသာဆို ဘယ်လောက်ပျော်လို်က်မလဲနော်

  • padonmar

    January 21, 2013 at 11:23 pm

    ရွာသူတွေထဲ တင်တင့်ကိုပါ အော်မေ့ဂိုဏ်းထဲထည့်ရေရရင် အပျိုလေးအပျိုကြီး 14 ယောက်ပါ။
    ဂိုဏ်းကိုသစ္စာဖောက်ထားတာက မိုချို့အမေအပါအဝင် 7 ယောက်ပါ။
    ……………
    ဗလာမပါ ကံစမ်းမဲ အစီအစဉ်လေးကိုတော့ အလှူရှင် မနိုဗွီကိုယ်တိုင် ရေးပေးဖို့ တောင်းဆိုချင်ပါတယ်။
    လက်ရာစုံ မြည်းစမ်းစေချင်လို့ပါ။
    …………..
    သူကြီးရဲ့ လက်ဆောင်တွေ မဲဖောက်တဲ့ အကြောင်းလေးကိုလည်း မဲပေါက်တဲ့သူတွေထဲက ရေးပေးစေချင်ပါတယ်။
    (မဲမပေါက်လိုက်ရတော့ စိတ်မပါဘူးအေ၊နည်းနည်းညစ်တွန်းတွန်းလိုက်မယ်၊)
    ……………..

    ဆုပေးပွဲမှာ ဒူးနာလို့ လူတွဲနဲ့လာရတဲ့ မိုချို့အမေကို ဆေးစွမ်းကောင်းနဲ့ ကုပေးလိုက်ပါတယ်။
    အဲဒါကတော့ ခဏခဏထပြီး မိတ်၂ခါ ဆက်ခိုင်းလိုက်၊ကျေးဇူး၂ခါ တင်ခိုင်းလိုက်၊ဆု ၂ခါ ယူခိုင်းလိုက်နဲ့
    ဒူးနာတယ်ဆိုတာ အိတ်ဆယ်ဆိုက်လုပ်ပေးရတယ်လို့ လက်တွေ့သင်ပေးလိုက်ပါတယ်။
    (ခွင့်လွှတ်ပါ အန်တီ၊မပြောလည်းခွင့်လွှတ်မှာပါ၊သိပြီးသား။သားကိုတောင် ဂဇက်မှာစာရေးခိုင်းတော့မယ်တဲ့၊အန်တီကိုယ်တိုင်လည်း မန့်တော့မယ်တဲ့ )

    • မိုချို

      January 22, 2013 at 7:46 am

      အပြင်မှာ မတွေ့ ဖူး ကြပဲ လေ ထဲ ကနေခင်နေကြတဲ့ အရွယ်စုံ စာရေးဖော်ရေးဘက် တွေ အချင်းချင်း ရင်းရင်း နှီးနှီး ပျော် ပျော်ရွှင် ရွှင် ဆုံ ကြတာ ကို အမေက သဘောကျ မဆုံး ဖြစ်နေတယ်…အန်တီရေ။

    • ဆူး

      January 22, 2013 at 10:31 am

      အန်တီ အော့မေ့ ဂိုဏ်း ကို သစ္စာဖောက်တယ် မဖြစ်ရအောင် သမီး ကို ဂိုဏ်းချုပ် ခန့်ပါ.. ဟိဟိ.. ရုပ်ရှင်ထဲမှာတော့ ဂိုဏ်းချုပ် က ယောကျား ယူလို့ ရတယ်.. :hee

    • Novy

      January 22, 2013 at 11:42 am

      ရေးပါ့မယ် မမပဒုမ္မာရေ..
      စာစီနေလို့

    • Tin Tin

      January 24, 2013 at 4:59 pm

      အန်တီရေ ကျမကို သတိတရနဲ့ဂိုဏ်းထဲဝင်ခွင့်ပေးတဲ့အတွက် ဝမ်းသာပြီး အများကြီးကျေးဇူးတင်ပါတယ်..
      ကျမက ရွာထဲမှာစာအမြဲဖတ်ဖြစ် နေတော့ အားလုံးကို ခင်မင်နေပြီးတွေ့ချင်လို့ မဖြစ်မနေလာခဲ့တာပါ…
      ဒါပေမယ့်လည်း တစ်ယောက်နဲ့တယောက် သေချာမသိကြတော့ ကိုယ့်ကိုကိုယ်အားတင်းပြီးလာခဲ့ရတာ…
      တွေ့ဆုံပွဲလည်းရောက်ရော အားလုံးက အပြန်အလှန်မိတ်ဆက်ကြ၊ တစ်ဆင့်စီပြောပြကြနဲ့ အရမ်ရင်းနှီးကြတဲ့ မိတ်ဆွေဟောင်းတွေလိုဘဲ အရမ်းကို ဝမ်းသာကြည်နူးခဲ့ရပါတယ်…
      နောက်များမှာလည်း ထပ်ပြီးပျော်ပျော်ပါးပါး ဆုံတွေ့ကြပါမယ်လို့….

  • ဟိုက်စ်ရှာလပါးးးး
    ဒါမှ နာဒို့ ဂဇက်ကွ …
    (ဘဂျီး ဂဇက် ဟုတ်ဘူးးး Credit to တီတီ ) :mrgreen:

    ရှိုးပွဲကတောင် အရှုံးပေးရလောက်တယ် ….
    မိုက်ဒလယ်ကွာ … ဘိုပြောရမှန်းတောင် သိဒေါ့ဝူးးး
    အားလုံး အားလုံးဂ သူ့စတိုင်နဲ့သူ အလန်းဒွေချည်းဘဲ …

    စကားမစပ် … ဒီထဲ ကျုပ်ဒေါ့ ပါဝူးးး

  • ဆူး

    January 22, 2013 at 10:33 am

    မနေ့က မိုက်ကိုင်တဲ့ ပုံတွေ မပါသေးဘူး..
    ဒီနေ့ ပြန်ကြည့်တော့ လူကြီးတွေ မိုက်တွေ ကိုင်ထားကြတယ်.. အသံမပါတော့ ရုပ်ချည်းပဲ ကြည့်လိုက်ရင် သီချင်းဆိုနေကြသလိုပဲနော်..

  • panpan

    January 22, 2013 at 11:05 am

    အဲ့ထဲမှာ သများအချောဇုံး…………လို့ မပြောပါဘူး :mrgreen:
    မှန်တာပြောတိုင်းလည်း ကောင်းတာမဟုတ်လေ အဟိ :harr:

  • ရွာသူ jujuma .

    January 22, 2013 at 11:05 am

    ပုံလေးတွေကြည့်ခွင့်ရတဲ့အတွက် … ကျေးဇူးပါဗျို့ ..

  • စောဦး

    January 22, 2013 at 5:00 pm

    ရွာသူတွေက လှတယ်
    ရွာသားတွေလဲ ချောတယ် ဟဲဟဲ..:P
    ဒါတ်ပုံတွေ ကြည်.ရလို. ကျေးကျေးစူးပါ….

Leave a Reply