1. အမျိုးသမီးတွေနဲ့ မိန်းမ ကြောက်တဲ့သူတွေ လုံးဝမဖတ်ပါနဲ့…လူပျိုများ..((အထူးသဖြင့် မိန်းမယူခါနီး လူပျိုများ))သာ ဖတ်ကြပါရန်……………………………………………………………………………………………..ဒီနေ့တော့  မိတ်ဆွေများအတွက် မိန်းမ နိုင်နည်း နိသရည်း လေး နည်းနည်း ဝေမျှပေးချင်လို့ပါ…ကျွန်တော့်မှာ မိန်းမကြောက်တဲ့ သူငယ်ချင်းတွေ နည်းနည်းများတယ်…တချို့က ရှိုတိတ်လေးကြောက်တယ်..သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်လို့ ငါးမိနစ်မကြာဘူး..မိန်းမကဖုန်းဆက်ခေါ်ရော..ဘော်ဒါတွေရှေ့ဆိုတော့ မိန်းမခေါ်တာဆို ၀ိုင်းဟားနေမှာစိုးလို့…ဟုတ်ကဲ့ အမေ..လာပါပြီ အမေ ဆိုပြီး..အမေပဲခေါ်သလိုရောချပြီး ပြန်ပြေးတတ်တဲ့ သူလဲရှိတယ်….နောက်ပြီး..ငါ့မိန်းမက တကယ်တော်တာကွ…ငါ့မိန်းမ ရှာကျွေးနေလို့..နို့မို့ဆို ငါ ငတ်ပြီး ခွေးဖြစ်နေပြီ ဆိုပြီး မိန်းမကို ကြောက်ကြောက်နဲ့တအားအမွှန်းတင်တတ်တဲ့ ဘော်ဒါလဲရှိရဲ့…ငါက ကြောက်တာမဟုတ်ဘူး..ချစ်တာလို့ ရှက်ပြုံးလေးနဲ့ ပြောတတ်တဲ့ သူငယ်ချင်းတွေလဲ ရှိရဲ့…တကယ့် အစုံ အစုံပါဘဲ…အမှန်တကယ်တော့ လေပါတီမမြရင်ရဲ့ သီချင်းလို ..((.လင်က မယားကို နိုင်ရင် အလွန်ပဲ လာဘ်တွေတိတ်တတ်ပါသတဲ့..မယားက လင့်အပေါ် အနိုင်ယူပြန်ရင် ဂုဏ်လဲ နိမ့်တတ်ပါတယ်ရှင်…ငရဲ ကြီးတတ်ပါတယ်ရှင်..))..လို့ ဆိုထားသလို တဦးနဲ့တဦး ပြေပြေလည်လည်လေးဆိုရင်တော့ အကောင်းဆုံးပေါ့..ဒါပေမယ့် အဲ့ဒီလိုဖြစ်ဖို့ ဆိုတာကလဲ အရှားသား…သတိထားမိသလောက် မိန်းမတော်တော်များများ ယောက်ကျားယူပြီးပြီ ဆိုရင် အဲ့ဒီယောက်ကျားရဲ့ ရှိသမျှဟာ အကုန်ပိုင်တယ် လို့ ထင်တော့တာကိုး…၀ါသနာ..အချိန်..ငွေ…စိတ်ဝင်စားမှု…စသဖြင့်ပေါ့…အကုန်သူတို့ဆီမှာပဲ ရှိစေချင်တော့တာကိုး…အဲ့ဒါတကယ့်ပြသနာ…တော်တော်များများကတော့ ချစ်လို့ ယူထားတာပါ…အဲ..ယူပြီး မကြာပါဘူး..မိန်းမတွေကစပြီး..ယောက်ကျားနိုင်ဖို့ အကွက်ဆင်ကြရော…သူတို့ အလွယ်တကူ လုပ်နိုင်တဲ့ဟာ…ဥပမာ ပစ္စည်းလေး ယူခိုင်းတာမျိုး…ယောက်ကျားရေ..အ၀တ်ခြင်းလေးမ ပေးပါဦး…ဆိုတာမျိုးလေးတွေပေါ့…ရှာကြံခိုင်းတတ်ကြတယ်..သတိ..သတိ…လုံးဝမလုပ်ပေးပါနဲ့…နင်လဲ မနိုင်တာပဲ..နင့်ဘာသာနင် မ ပါ့လား…စိတ်ထဲ ပါပါ မပါပါ အဲ့လောက်ကလေးတော့ ပြန်ပြောပေးပါ…အဲ့ဒါဆို ပထမအဆင့် အောင်ပါပြီ…နောက်ပြီး ဒုတိယအချက်…ရှာလို့ရတဲ့ ပိုက်ဆံရဲ့ ၁၀%ပဲ မိန်းမကိုပေးပါ…၈၀% အပ်ရင် ၈၀% ကြောက်ရပြီး …၁၀၀%များအပ်လိုက် လို့ကတော့ သွားပြီပဲ…ကိုယ်က လိုလို့ ပြန်တောင်းသုံးရရင် သူက ငွေရှင် ..ကိုယ်က သူတောင်းစားပုံစံ ဖြစ်သွားတာကတော့ အသေအချာပါဘဲ…ဒုတိယအဆင့် အဲ့ဒီလို လုံးဝ မဖြစ်ပါစေနှင့်…အဲ့ဒီလိုများဖြစ်သွားပြီဆိုလို့ကတော့ နလံမထူ နထူမလံဖြစ်ပြီသာမှတ်လိုက်တော့ တဘ၀လုံး..တတိယအချက်…..နယ်ဆိုတော့ ဆိုင်ကယ်တွေ ဘာတွေများ အတူတူ စီးရင်..မိန်းမ ၈၀%က ခါးဖက်ပြီး စီးတတ်ကြတယ်…လုံးဝ ခါးဖက် မခံပါနဲ့….ခါးဖက်တာကို ယောက်ကျားတွေက ကြောက်လို့ အားကိုးလို့…ဒီလိုထင်တတ်ကြတယ်…မိန်းမဘက်က ကျတော့ ခါးဖက်တာကပြုတ်ကျမှာ ကြောက်လို့..အားကိုးလို့…ဒီသဘော လုံးဝ မဟုတ်ဘူး…ဒီယောက်ကျားက ငါပိုင် ပစ္စည်းပေါ့…နွားလှည်းကို ကြိုးဆွဲပြီး ကြိမ်တံကိုင်ထားတဲ့ပုံစံသာ ပြေးမြင်ကြည့်လိုက်တော့….အဲ့လို သဘောမျိုး မြို့ပတ်ကြွားတာ…ဘာလဲ …မယုံဘူးလား…မယုံရင် လမ်းမှာတွေ့တဲ့ စုံတွဲရဲ့ နောက်က ထိုင်တဲ့ မိန်းမမျက်နှာပေးကိုသတိထားကြည့်လိုက်…အဲတော့ တတိယအဆင့် ဆိုင်ကယ်စီးရင် ခါးအဖက်မခံပါနှင့်…နံပတ်လေး…အရင်လူပျိုတုန်းကနေထိုင်ခဲ့တဲ့ပုံစံကို အပျက်မခံပါနဲ့..ဥပမာ..သူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင် မနက်တိုင်းပုံမှန်ထိုင်တယ်ဆိုပါတော့…ယူပြီးကာစဆိုရင် မိန်းမနဲ့ကြည်နူးပြီး ဒီအကျင့်ကိုဖျက် တလလောက် မိန်းမနဲ့အတူတူတတွဲတွဲနေပြီး အဲ..တလလဲကျော်ရော… သူငယ်ချင်းတွေနဲ့ပြန်ထိုင်မယ်ဆိုလို့ကတော့ မိန်းမဆူဆောင့်..စိတ်ကောက်တာ သေချာပေါက်ခံရပြီသာ မှတ်ပေတော့…ဒါကြောင့် နံပတ်လေး ကိုယ့်မူရင်းနေထိုင်မှုပုံစံကို လုံးဝအပျက်မခံပါနဲ့…နံပတ် ၅ …ယူပြီး တလအတွင်း ဘာမဟုတ်တဲ့ အသေးအဖွဲလေးကို စိတ်ကောက်ချင်ယောင်ဆောင်ပါလိမ့်မယ်…လုံးဝ.မချော့ပါနဲ့…ဒုတိယအဆင့်..မျက်ရည်ကျပြပါလိမ့်မယ်..မျက်နှာလွဲနေပါ..တတိယအချက်  အမေ့အိမ်ပြန်မယ်ဆိုပြီး အကျပ်ကိုင်ပါလိမ့်မယ်…အေး..သဘောပဲ လို့ ရဲရဲကြီး ပြောချလိုက်ပါ..ဒါတွေအားလုံးဟာ တကယ် မဟုတ်ပါဘူး…နဖားကြိုးစစ်စစ်တွေပါ…လုံးဝ အထိုးမခံပါနဲ့..အထူးသတိပြုပါ…အချက်၅ချက် အောင်မြင်သွားရင်တော့  မဆိုးတော့ပါဘူး……ကဲ…စာလဲ နည်းနည်းတော့ ရှည်သွားပြီ…ခဏနားဦးလိုက်မယ်…တော်ကြာ ဖတ်ရင်းနဲ့ ပျင်းသွားကြမှာစိုးလို့…အမျိုးသမီးတွေနဲ့ မိန်းမ ကြောက်တဲ့သူတွေ တော်တော် ဒေါပွနေကြပြီလား…ပြောထားသားပဲ မဖတ်ပါနဲ့ဆို…(((ကျန်တဲ့ အဆင့် ၆၇၈၉…၁၀..တွေ ထပ်ရေးဦးမယ်နော်..စိတ်ဝင်စားတဲ့လူပျို များ စောင့်ဖတ်ကြပါရန်)))

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...