ရသေ့ပျံဂူ

လတ်လောင်  (16.82276,97.58575) မှာတည်ရှိပါတယ် (လတ်/လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ)

ကျွန်တော်ရဲ့ ဘားအံခရီးစဉ်ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၀)  မှာဘားအံကိုရောက်ပြီး ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၁) မှာ ကျောက်ကလပ်တောင် ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၂) မှာ ဇွဲကပင်တောင် ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၃) မှာ ဆဒ္ဒန်ဂူ ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၄) မှာ ကော့ဂွန်း ကိုရောက်ခဲ့ပြီး နေ့လည်လောက်မှာ ထွက်ခဲ့ကြပါတယ်.. နာရီဝက်လောက် အကြာမှာတော့ မြင့်မားတဲ့ တောင်ကဘားယံ ကြီးအောက်က ရသေ့ပျံဂူကို ရောက်ရှိကြပါတယ်.. ဆဒ္ဒန်ဂူ နဲ့  ကော့ဂွန်းဂူ ကိုရောက်လာခဲ့ပြီးပြီမို့ ရသေ့ပျံဂူရောက်တဲ့ အခါမှာ တော့ နဲနဲလဲ ပြိုင်းနေတာကြောင့် စိတ်သိပ်မပါတော့ ပါဘူး

ရသေ့ပျံဂူက တောင် အပေါ်ဘက်ကို ထပ်တက်ရသေးတာ မို့လို့ တော်တော်လေးကြိုးစားပမ်းစား တက်လိုက်ရပြီး လျှာတောင် တော်တော် ထွက်သွားပါရဲ့.. ဂူပေါက်ကိုရောက်တဲ့ အခါမှာ တော့ ရင်ပြင် ကနေ တဆင့်မြင့်တဲ့ နေရာမှာ စေတီလေးတဆူတည်ထားတာ တွေ့ရပါတယ်. လှေခါးထစ် ၁၀ ထစ်လောက် ဆက်သွားရင် စေတီတော်လေးရဲ့ ရင်ပြင်ကို ရောက်ပါတယ်.

ရသေ့ပျံဂူတောင်

ရသေ့ပျံဂူ

ဂူအတက်က ကျောက်စာတိုင်

ဂူအတက်က ကျောက်စာတိုင်

.တက်လာတဲ့ ဘက်နဲ့ ဆန့်ကျင်ဘက် ရင်ပြင် နောက်တဘက်မှာ တော့ စေတီတော်တည်ထားတဲ့ ကုန်းအောက်ခြေကို မြင်ရပါတယ်.. စေတီတော်ရင်ပြင်ကို မတက်ဘဲ နဲ့လဲ အောက်ခြေက ပတ်သွားရင် ရောက်ပါတယ်.

 

ဂူအ၀င်

ဂူအ၀င်

စေတီတော်ရင်ပြင် အတက်လမ်းလေး

စေတီတော်ရင်ပြင် အတက်လမ်းလေး

စေတီတော်

စေတီတော်

 

 

တောင်ပေါ်ကမြင်ကွင်း

တောင်ပေါ်ကမြင်ကွင်း

ရသေ့ပျံဂူလမ်းကြောင်းမြေပုံ

ရသေ့ပျံဂူလမ်းကြောင်းမြေပုံ

 

အဲဒီမှာ နဲနဲပါးပါးရိုက်ပြီး ပြန်ကြပါတယ်.. ဗိုက်ကလဲ ဆာနေကြတာကြောင့် သိပ်မရိုက်ချင်တာရယ် 4GB ကတ်ကို ခြွေရိုက် နေရတာကြောင့် သိပ်ပြီး မရိုက်နိုင်ခဲ့ပါဘူး..  အပြန်မှာ တော့ နေ့လည်စာ ထမင်းကို ထမင်းဆိုင်လေး တစ်ဆိုင်မှာ ၀င်ကြိတ်လိုက်ကြပါတယ်.. ၀ိုင်းစားလိုက်ကြတာ ထမင်းဆိုင်လေးခမျာ ရှိသမျှ ထမင်းရော ဟင်းရော ပါပြောင်သွားရှာပါတယ်။

စားပြီးသောက်ပြီး မှာတော့ ထွက်လာလိုက်ကြတာ final destination  အဖြစ် (ရုပ်ရှင်မဟုတ်ဘူးနော်) ဘုရင့်ညီဂူကို ရောက်ခဲ့ကြပါတယ်. မနွယ်ပင် post မှာလည်းဖော် ပြထာြး့ပီးသားမို့လို့ သိပ်တော့ မပြတော့ပါဘူး။  ကရင်ပြည်နယ်ခရီးစဉ်ကြီးကလဲ ပြင်းလာတာကြောင့် ဘုရင်ညီဂူကို ဒီ post ထဲမှာပဲ ပေါင်းထည့်လိုက်ပါတယ်။

 ဘုရင်ညီဂူ

လတ်လောင်  (16.970411,97.493565) မှာတည်ရှိပါတယ်၊  ဂူတွေထမှာတော့ ဒီဂူက အဆင့်မြင့်ဆုံး၊ မရောက်ခင် မုဒ်ဦးရှိပြီး

ဘုရင်ညီဂူတောင်တန်း

ဘုရင်ညီဂူတောင်တန်း

မုဒ်ဦး

မုဒ်ဦး

လျှောက်လမ်း

လျှောက်လမ်း

မုဒ်ဦးက ၀င်လိုက်တာနဲ့ သစ်ပင် တန်းလေးရှိသည်။ သစ်ပင်တန်းလေး လွန်လိုက်ရင်တော့ နာမယ်ကျော် ရေပူစမ်းရှိသည်။ ရေချိုးနိုင်ပြီး ယောက်ကျား တစ်ကန်၊ မိန်းမ တစ်ကန် ဖြစ်သည်။

ရေပူကန် ယောက်ျားရေချိုးကန်

ရေပူကန် ယောက်ျားရေချိုးကန်၊ မိန်းမရေချိုးကန်ကတော့ ညှင်းညှင်း ပြဘူး

ရေကန်

ရေကန်။ ဘယ်ဘက်တွင် မိန်းမရေချိုးကန်

ကန်ကိုကျော်ပြီး မှ ဂူကို တက်သည့် လှေကားထစ်လေးများကိုရောင်သည်။ အပေါ်တက်သွားရင်တော့ ထုံးစံအတိုင်း

အတွင်းကစေတီ

အတွင်းကစေတီ

အတွင်း

အတွင်း

ဂူအတွင်းပိုင်းသို့ အ၀င်လမ်း

ဂူအတွင်းပိုင်းသို့ အ၀င်လမ်း

မြေပုံ

မြေပုံ

 

တော်ပီ ဂူအကြောင်းပဲရေးနေရတာပြင်းလာပြီ….

အဲဒီမှာ ဓာတ်သေရိုက် ပြန်ဆင်း ပြီးတော့ ပြန်လာ ရန်ကုန်ရောက် ဒါပဲဗျာ။။နောက်တင်မယ့် post ကတော့ ဖိုကြားဆင်စခန်းခရီးစဉ် ဖြစ်ပါတယ်.

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)