မြန်မာနိုင်ငံ ပညာရေး အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်နေပါတယ်ဆိုတာ ကြားနေရတော့ ကြာပါပြီ။ ယခင်အစိုးရလက်ထက်ကတော့ ဆောက်လိုက်တဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ဘွဲ့ရတွေလဲ ပေါ မှပေါပါပဲ။ ဒါပေမဲ့..ဒါပေမဲ့ ပေါ့ခင်ဗျာ…

အမှား၊ အမှန် (True/False) ဖြေရမဲ့ မေးခွန်းအတွက် အဖြေကို အလွတ်ကျက်ပြီး ဖြေကြပါသတဲ့။ ဇီဝဗေဒကို သီချင်းလုပ်ရေးပြီး ကျက်ကြသတဲ့။ ဆရာသင်တာက (၅) ပုဒ်၊ စာမေးပွဲအတွက် ၃ ပုဒ်ဘဲကျက်။ ကျုရှင်သွားတက်။ ခုံနံပါတ်ပေး၊ လက်ဆောင်လေးနဲ့ သွားကန်တော့။ ပြောရရင်အများကြီးဆိုတော့ အင်္ဂလိပ်လို and so on and on and on လို့ပဲ ပြောလိုက်ပါရစေ…

သူငယ်တန်းကစလို့ တက္ကသိုလ်အထိ၊ ဒေါက်တာဘွဲ့ ယူသူများအထိ အမျိုးစုံ ဖြစ်နေတာတွေက အများပါပဲ။ သတိရလို့ တစ်ခုတော့ ပြောဦးမယ်ဗျာ။ မဟာဝိဇ္ဇာ ကျမ်းပြု ယင်းနဲ့ တက္ကသိုလ်မှာ နည်းပြ ပြန်လုပ်နေသူ တစ်ယောက် တက္ကသိုလ် စာကြည့်တိုက်ကို ဘယ်လို အသုံးချရမှန်း။ စာအုပ်ကို ဘယ်လို ရှာရမှန်း မသိတာ ကြုံခဲ့ဘူးပါတယ်။ ထားပါတော့….

အဲ အခုတော့ ပြောင်းနေပါပြီတဲ့။ ကြားရတာလေး ဖေါက်သည်ချဦးမယ်။

တက္ကသိုလ်မှာ စာသင်ခန်းတွေကို လူ ၈၀ ပဲ ထားရမတဲ့။ သင်ကြားမှု ထိရောက်အောင်တဲ့။ ကောင်းပါတယ်။ အဲ ဘာဖြစ်လဲဆိုတော့ သင်မဲ့ ဆရာ မလုံလောက်တော့ပါဘူး။ ဒီအတန်းတွေကို တာဝန်ချထားပေးရတာက သက်ဆိုင်ရာ ဌာနမှူး ပါမောက္ခများပါ။ မလောက်တော့ ဘယ်လိုလုပ်သလဲ ။ သူတို့ပြောတာက အခြင်းခြင်း အဆင်ပြေအောင် လုပ်ကြပေါ့တဲ့။

အထက်ကို ပြန်တင်မပြတော့ဘူးလား။ ကျွန်တော်တို့၊ ကျွန်မတို့ ဆရာအင်အား မလုံလောက်ပါဘူးလို့ ပြန်လည် တင်ပြတာ မရှိတော့ဘူးလား။

လစာကလဲ မလောက်မငှ။ ဒီတော့ အားလုံး ကျူရှင်ပြ။ ဦးဆောင်တာက ပါမောက္ခ။ ကျောင်းသားကလဲ ကျူရှင်တက်ရင် စာမေးပွဲအောင်မှာပါ။ အချိန်တန်ရင် ဘွဲ့ ရမှာပါ ဆိုတဲ့ အတွေးနဲ့ ။ အများစုကို ပြောတာပါ။ တကယ်စေတနာမှန်တဲ့ဆရာတွေရှိသလို တကယ် ကြိုးစားတဲ့ ကျောင်းသားတွေလဲ ရှိပါတယ်။

ကျူရှင်ပြလိုသူ ဆရာ၊ ဆရာမများနဲ့ အားကိုးသူ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေနေဆဲပါပဲ။

တိုင်းပြည်အနာဂတ်။ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုတာတွေ ……………….

About mgwalone

has written 39 post in this Website..