သံပုရာသီးကို မတူညီတဲ့ သတ္တု နှစ်မျိုးနဲ့ DC (Direct Current) လျှပ်စစ်ထုတ်လို့ ရတယ်လို့ သိရပါတယ်။ အဲ့ဒီသတ္တုနှစ်မျိုးကတော့ သွတ်နဲ့ ကြေးနီတို့ဘဲဖြစ်ပါတယ်။
သံပုရာသီးကို အနည်းငယ်အပေါက်ဖောက်ပြီး တဖက်ကနေ သွတ်ရည်စိမ်ထားတဲ့ သံမဏိ သွတ်ချောင်းနဲ့ တဖက်ကတော့
ကြေးနီပဲနိ ပြား ကို ပုံမှာပါတဲ့အတိုင်း ထည့်ရမှာဖြစ်ပြီး
အဲ့ဒီသွတ်ချောင်းနဲ့ ပဲနိပြားဟာ လုံးဝထိနေလို့မရပါဘူး။

သွတ်ချောင်းကို ဘက်ထရီရဲ့ အမ (-) မှာထားပြီး ပဲနိ ကြေးပြားကိုတော့ အဖို (+) မှာထားရမှာဖြစ်ပါတယ်။ အဲ့ဒီလိုထားပြီး မီတာနဲ့ တိုင်းတာကြည့်တဲ့အခါ သံပုရာသီးတစ်လုံးမှာ မီတာမှာ ဝ..၉၀၆ ဗို့ အားပြနေတာတွေ့ရပါလိမ့်မယ်။
အရည်ရွမ်းတဲ့ သံပုရာသီးဆိုပိုကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဗို့အားလောက်နဲ့တော့
မီလုံးတစ်လုံးလင်းဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး။

သံပုရာသီး
နှစ်လုံးကို ပုံမှာပြထားတဲ့ အတိုင်း တန်းဆက်လိုက်ရင်တော့ ၁.ရ၈၈ ဗို့အားရရှိလာမည်။ ဓါတ်ခဲ
တစ်လုံး ဗို့အားမှာ ၁.၅ ဗို့ဖြစ်ပါတယ်။ ဒီလိုအားနဲ့လည်း မီးလုံးလင်းလာဖို့ မလုံလောက်သေးပါဘူး။

လေးလုံးဆက်လိုက်ရင်တော ၃.၅ ဗို့ရလာမည်။ အဲဒါဆိုရင်တော့ အလုပ်ဖြစ်လာပြီး နှစ်ထောင့်တိုးဓါတ်မီး အားလောက်တော့ လင်းမှာပေါ့။ LED မီးလုံးနဲ့ ထွန်းမယ်ဆိုရင်တော့ ဗို့အားလျှော့ ချဖို့ဆားကစ်တစ်ခု ပြုလုပ်ရပါလိမ့်မယ်။ဘာလို့လဲ ဆိုရင် ၂ ဗို့ထက်ကျော်ရင် LED မီးလုံးကျွမ်းသွားပါလိမ့်မယ်။

ဒီ သီအိုရီကို အခြေခံပြီး ကိုယ်ဥာဏ်ရှိသလို မီးအားကို လိုတိုးပိုလျှော့ လုပ်နိုင်ပါတယ်။ အားလုံး မီးမှောင်ခြင်း ဒုက္ခမှ ကင်းဝေးနိုင်ကြပါစေဗျာ။ ဖတ်ပြီးရင် လျှောက်မပြောရဘူးနော်။ သိုသိုသိပ်သိပ်နေ အိမ်ရှေ့ သံပုရာပင် ၅ ပင် စိုက်ခိုင်းနေအုံးမယ်။

ဘယ်ကဘယ်လိုရလို့ နတ်သားမေးလ်ဆီ ပို့လိုက်တာလေးပါ။ သေဖော်ညှိတာပါ။ တော်ကြာတော်ကြာ ပေါ့နော်။ပြောရဲပါဘူး ကြောက်လို့။
ပုံ တင် လို့ မရ တာ တော် တော် ဆိုး တယ်

About moesatrain

Soe Lwin Htoo has written 48 post in this Website..

အိုင် က GTC တတ် နေ တဲ့ ကျောင်း သား လေး ပေါ့ 