`မကွေးမြသလွန်စေတီတော် ဘုရားရင်ပြင်တော်တွင် ပြည်တွင်းစစ် ငြိမ်းချမ်းရေးဆုတောင်းပွဲကျင်းပ

winkyawaungFebruary 12, 20131min922
IMG_1254

`မကွေးမြသလွန်စေတီတော် ဘုရားရင်ပြင်တော်တွင် (ပထမ)အကြိမ် အဖြစ် NGO အဖွဲ့ပေါင်းစုံမှ
ပြည်တွင်းစစ် ငြိမ်းချမ်းရေးဆုတောင်းပွဲကျင်းပ´
DSCF3380

IMG_1254
ဖေဖော်ဝါရီ(၁၂) ရက်နေ့ ညနေ(၅)နာရီ မှ ည(၈)နာရီအချိန်အထိ မကွေးမြသလွန်စေတီတော် ရင်ပြင်တော်ပေါ် နှင့် မြသလွန်စေတီတော်ခြေတော်ရင်း သဲသောင်ပြင်တွင် မကွေးမြို့တွင်ရှိ NGO အဖွဲ့ပေါင်းစုံမှ လူထုများက မြန်မာပြည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် ပန်း နှင့် ဆီမီးများ ပူဇော်၍ ဆုတောင်းကြကြောင်း သတင်းရရှိသည်။
ထိုပွဲကို (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ ငြိမ်းချမ်းရေးဆုတောင်းပွဲ အဖြစ်ကျင်းပကြောင်း၊ ငြိမ်းချမ်းပါစေ မြန်မာမြေ စာတမ်းပါ တူညီဝတ်စုံ တီရှပ်များကို ဝတ်ဆင်ပြီး တိုင်းရင်းသား ညီအကိုမောင်နှမသားချင်းများ နှင့် ဆင်နွဲနေရသော ပြည်တွင်းစစ်များကို အမြန်ငြိမ်းချမ်းသာယာပါစေဟု ဆုမွန်ကောင်းများ တောင်းဆိုပူူဇော်ကြကြောင်း ၊ ဆုတောင်း ပူဇော်ရန်အတွက် စာတမ်း ကန်တော့်ချိုးအား မကွေးမြို့နယ် NLD ပါတီမှ ပြန်ကြားရေးမှူး ဦးမြင့်ဦး မှ NGO အဖွဲ့အဖြစ်ပါဝင်၍ ရွတ်ဆို တိုင်တည်ပေးသည် ဆို၏။ ထိုဆုတောင်းပွဲတွင် NGO အဖွဲ့အသီးသီး မှ ယနေ့ကျင်းပရသော ငြိမ်းချမ်းရေးဆုတောင်းပွဲ နှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုကြသည်။ ည (၇)နာရီခန့် တွင် မြသလွန်စေတီတော်၏ ခြေတော်ရင်းရှိ သဲသောင်ပြင်ပေါ်တွင် ဆီးမီးတိုင်များ ပူဇော်၍ ထပ်မံဆုတောင်း ပူဇော်ကြကြောင်း၊ ၎င်း ပူဇော်ပွဲသို့ NGO အဖွဲ့ပေါင်းစုံမှ လူထုအင်အား(၁၅၀)ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။

2 comments

  • winkyawaung

    February 12, 2013 at 11:57 pm

    ဓာတ်ပုံတွေ မတင်တာကြာလို့ လှပအောင် မတင်တတ်ဘူးဖြစ်နေပါတယ်။ အသံဖိုင်ကို ဘယ်လိုတင်ရလဲ ပြောပေးကြပါ။ လေးစားစွာဖြင့်

  • kai

    February 13, 2013 at 2:22 am

    ဓါတ်ပုံက အိုကေပါတယ်..
    ကြော်ငြာတွေရှုပ်ကုန်လို့.. အမြင်မလှတာပါ..

    အသံဖိုင်ကတော့.. http://www.mandalaytube.com မှာတင်မှရမယ်ဖြစ်ပါကြောင်း…
    ယူဆာ = mandalay
    ပါတ်စ့်ဝပ် = gazette

Leave a Reply