လေနောက်လိုက်တဲ့သစ်ရွက်လို

ငွေနောက်လည်းလိုက်ဖူးတယ်..

ကြွေကျသွားတဲ့သစ်ရွက်လို

စိတ်ဓာတ်တွေလည်း နွမ်းလျခဲ့ဖူးတယ်…

ပင်မြင့်ယံထက် ဖူးသစ်စ သစ်ရွက်လို

တစ်ချိန်က လတ်ဆတ်ခဲ့ဖူးတယ်..

အပင်မှာမမြဲသလို  မြေမှာလဲမခရတဲ့သစ်ရွက်လို

ဟိုမရောက်ဒီမရောက်နဲ့ 

လေလွင့်ဖူးသူလည်းဖြစ်ဖူးတယ်..

ပင်မြင့်ယံမှာမြဲ..

လေတိုက်တိုင်းမလွင့်..

မနွမ်းလျတတ်တဲ့ သစ်ရွက်လို လူ ဖြစ်ချင်တယ်…

About မောင်တင့် တယ်

မောင်တင့် တယ် has written 20 post in this Website..

စကားများသည်. သဘောကောင်းသည်. နည်းနည်းပေါသည်. သူများနားမလည်သောစာများရေးတတ်သည်. သူများနားမလည်သည်ကိုလည်း တလွဲတွေးထင်နားလည်တတ်သည်