ကီလိုမီတာ ၃၆၀၀၀ အမြင့် Geosychronous ပတ်လမ်းတွင် ပျံသန်းနေသော ဆက်သွယ်ရေး ဂြိုလ်တုများသည် အီလက်ထရောနစ်နှောက်ယှက်မှုစနစ် (Jamming) ဖြင့် ကြုံတွေ့နေရခြင်း ပိုမိုဖြစ်ပွားနေပါသည်။ စစ်ဘက်ပညာရှင်များအနေဖြင့် Frequency Hopping and DSSS ( Direct Sequence Spread Specturn) စနစ်များအား အသုံးပြု၍ အီလက်ထရောနစ်နှောက်ယှက်မှုအား တန်ပြန်တိုက်ခိုက်နေရပါသည်။ သို့သော် အရပ်ဘက်ဆုံး ဂြိုလ်တုများအနေဖြင့်မူ အဆိုပါ Anti-Jamming ပစ္စည်းများကို တပ်ဆင်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဂြိုလ်တုထိန်းချုပ်သူများအနေဖြင့် အဆိုပါပစ္စည်းများအား အသုံးပြုရန် လိုအပ်ချက်ဖြစ်လာပါသည်။ ထို့ပြင် အဆိုပါနှောက်ယှက်မှုကြောင့် အချက်အလက်အများအပြား မပေးပို့နိုင်ကြောင်းကိုလည်း တွေ့ရှိရပါသည်။ တဆက်တည်းမှာပင် နှောက်ယှက်သူများအနေဖြင့်လည်း ပိုမိုတိုးတက် နှောင့်ယှက်လာခဲ့ပါသည်။

ဥပမာအားဖြင့် ဆီးရီးယားနှင့်အီရန်တို့သည် သတင်းဌာနများအပေါ် အီလက်ထရောနစ်နှောက်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်ဟု ဘီဘီစီ၊ ပြင်သစ် ၂၄ နှင့် အမေရိကအသံတို့မှ စွပ်စွဲခဲ့ပါသည်။ ဥရောပဆက်သွယ်ရေးတာဝန်ရှိသူများအနေဖြင့် အီရန်တီဗွီလိုင်း ၁၉ နှင့် ရေဒီယိုလှိုင်းများကို ဂြိုလ်တုတွင် ဆက်လက်အသုံးပြုခွင့် မပေးတော့သောကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် နှောက်ယှက်တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်ယူဆကြပါသည်။ ဆီးရီးယားနှင့်အီရန်တို့မှ အဆိုပါတိုက်ခိုက်မှုအား ငြင်းဆန်နေသော်လည်း ၄င်းတို့နှစ်နိုင်ငံမှ ပြုလုပ်ခဲ့ကြောင်း ခိုင်လုံသော သက်သေများစွာရှိနေပါသည်။ အမေရိကန်အနေဖြင် လွန်ခဲ့သော ၁၀ နှစ်ကတည်းက jamming ပြုလုပ်ခြင်းကို တိကျစွာဖော်ထုတ်နိုင်သော ပစ္စည်းများနှင့် နည်းပညာများ သုံးစွဲနိုင်ခဲ့ပါသည်။

ထို့နောက်တွင် အာကာသဂြိုလ်တုများ၏ နှောက်ယှက်တိုက်ခိုက်မှုခံရခြင်းသည် များပြားလာခဲ့ပါသည်။ နှောက်ယှက်သူများအနေဖြင့် ဂြိုလ်တုဆက်သွယ်ရေးလိုင်းများ ရောထွေးသွားအောင် ပြုလုပ်ခြင်းဖြင့် နှောက်ယှက်ကြပါသည်။ ၄င်းကဲ့သို့ ဖြစ်စဉ်များကြောင့် GPS နှင့် ဆက်သွယ်ရေးစနစ်များသည် နှောက်ယှက်တိုက်ခိုက်ခြင်းခံနေရသည်ဟု လူများမှ ယုံကြည်လာကြပါသည်။ အဆိုပါဖြစ်ရပ်များတွင် လူတို့၏ အမှားများပါဝင်နေသည်ကိုလည်း တွေ့ရှိရပါသည်။

အထက်ပါအကြောင်းအရာများကြောင့် ဂြိုလ်တုများအား အီလက်ထရောနစ်နှောက်ယှက်တိုက်ခိုက်ခြင်းသည် လွယ်ကူကြောင်းသက်သေပြနေပြီး ဥပမာအနေဖြင့်လည်း များပြားစွာ တွေ့မြင်ရပါသည်။ အမေရိကန်လေတပ်အနေဖြင့် ဂြိုလ်တုများကို တိုက်ခိုက်ရန်နှင့် ကာကွယ်ရေးတို့တွင် ရှေ့ဆုံးမှ ဦးဆောင်သွားမည် ဖြစ်ပါသည်။

Satellite Hacks Proliferate

January 21, 2013: Communications satellites operating in 36,000 kilometer high stationary (geosynchronous) orbits are increasingly victims of jamming. There is a solution for military users, who can use existing anti-jamming technologies like frequency hopping and DSSS (Direct Sequence Spread Spectrum) on the sending and receiving end. But all users of civilian satellites cannot be equipped with these anti-jamming devices. The satellite operators can use this stuff for the control signals (going to and coming from the satellite) and that is increasingly becoming necessary. Note that jamming reduces the amount of data that can be sent, which is a serious, and expensive, cost for communications satellites.

Meanwhile, the jamming of civilian users grows, usually as part of a state censorship program. For example, late last year Syria and Iran were accused of jamming news service by BBC, France 24, Deutsche Welle, and the Voice of America, via radio and satellite, directed at Iran and Syria. This jamming was apparently in retaliation for European communications satellite operators refusing to continue carrying 19 Iranian TV and radio channels (as part of the growing embargo on Iran). Syria and Iran denied they were jamming but there is ample evidence that the jamming is coming from those two countries. Over the last decade the U.S. has developed equipment and techniques for locating the source of jamming with considerable accuracy.

Source:http://www.strategypage.com/htmw/htspace/articles/20130121.aspx

 

 

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)